Tuesday, July 19, 2011

"အတိတ်ဇာတ်လမ်းတစ်ပုဒ်(သို့) တကယ်လို့များ....?"

created the doc: "အတိတ်ဇာတ်လမ်းတစ်ပုဒ်(သို့) တကယ်လို့များ....?"
Cloud Cuckoo Land created the doc:
             ကမ္ဘာပေါ်တွင် သက်ရှိများဖြစ်ပေါ်လာမှုတွင်အချို့သောမျိုးစိတ်ဖြစ်သည့် ဒိုင်နိုဆောသတ္တ၀ါကြီးများမှာ
တချိန်တုန်းဆီက  ရှင်သန်   ကျက်စားခဲ့ကြကြောင်းကို ယင်းတို့၏ကျောက်ဖြစ်ရုပ်ကြွင်းများကသက်သေခံလျက်
ရှိနေပေသည်။ ကျောက်ဖြစ်  ရုပ်ကြွင်းများ၏  သက်တမ်းမှာ   လွန်ခဲ့သော   နှစ်သန်း (၁၂၀) က ဟုဆိုကြသည်။
သို့ဆိုလျှင် ဤသတ္တ၀ါကြီးများ အဘယ်ကြောင့် ကမ္ဘာမြေပေါ်တွင် မျိုးသုန်းပျောက်ကွယ်ကုန်ကြသနည်း....



၁၉၇၀ပြည့်နှစ်တွင်ဖြစ်သည်။  ဘူမိဗေဒပညာရှင်   ဝေါလ်တာအဲလ်ဗာရက်ဇ်ဆိုသူ   ခေါင်းဆောင်သောအဖွဲ့  မှအီတလီနိုင်ငံ ဂူပီရိုအရပ်တွင်ကျောက်လွှာများကို တူးဖော်လေ့လာရာမှ လွန်ခဲ့သောနှစ် ၆၃သန်းအကြာက အနည်ကျခဲ့သောကျောက်လွှာများကြားတွင် တွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစများနှင့် ယင်းအလွှာမြေအချို့မှာမြေသားများ၏ ထူးခြားမှုများကို တွေ့ရှိသတိထားမိခဲ့ကြပြီး   ယင်းမြေသား   နမူနာများကို    ရူပဗေဒပညာရှင်   လူးစစ်အယ်လဗာရက်ဇ်နျူကလိယပ်  ဓာတုပညာရှင်များဖြစ်ကြသော   ဟယ်လင်မိချယ်  နှင့် ဖရန့်ခ်အာဆာရို တို့၏    စမ်းသပ်ချက်များအရ အီရီဒီယမ်(Iridium)ဒြပ်စင်များ   အဆမတန်  များပြားနေကြောင်းတွေ့ရှိခဲ့ကြသည်။    မြေကမ္ဘာတွင်မူ    ယင်းဒြပ်စင်ပါဝင်မှု   နည်းပါးလှသော်လည်း   ဂြိုဟ်ပဲ့များ၊ ကြယ်တံခွန်များတွင်မူ   ယင်းဒြပ်စင်ပါဝင်မှု  များပြားလှသည်။
ထို့ကြောင့်ပင်  ကေတီနယ်ကြားရှိ   နက်မှောင်သော မြေသားများသည် ဥက္ကာပျံများ၊ဂြိုဟ်ပဲ့များ၊ ကြယ်တံခွန်များ၏
အမှုန်အမွှားများကျရောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။   ထို့ကြောင့်ပင်   လွန်ခဲ့သော နှစ်ပေါင်း(၆၅)သန်းက
အလွန်ကြီးမားသော   ဂြိုဟ်ပဲ့ကြီးတစ်ခုသည်   ကမ္ဘာမြေပေါ်သို့   ကျရောက်ခဲ့မှုကြောင့်     ယင်းသတ္တ၀ါကြီးများ
ပျောက်ကွယ်သွားကြသည်ဟု  ဆိုကြသည်။....

အတိတ်ကဇာတ်လမ်း.......
              လွန်ခဲ့သော နှစ်သန်းပေါင်း(၆၅)သန်းမှ နေ့တစ်နေ့တွင်ဖြစ်ပါသည်။
ထိုစဉ်က နေရာဒေသတို့၏အမည်များယခုကဲ့သို့မပေါ်ပေါက်

သေးသော်လည်း   နေရာမှာ မြောက်အမေရိကတိုက်
အရှေ့ဘက်ကမ်းခြေတွင် ဦးချိုသဏ္ဍန်ဖြစ်ပေါ်နေသော   ယူကတန်ခေါ်ဒေသတွင်ဖြစ်သည်။ ယင်းနေရာဒေသသည်ကား
စိမ်းလန်းစိုပြည်ကာ အစာရေစာလည်း ပေါများလှသည်ဖြစ်ရာ

ကမ္ဘာဦးစ လူသားများ၊   တိရိစ္ဆာန်များ  အေးချမ်းစွာ
အစာရေစာများ ရှာဖွေစားသောက် နေထိုင်ခဲ့ကြသည်။  
သို့သော်....   သူတို့၏     ကံကြမ္မာအား   ဆုံးဖြတ်ပေးမည့် အရာဝတ္ထုကြီးကား အင်္ဂါဂြိုဟ်နှင့်ကြာသပတေးဂြိုဟ်အကြား

တည်ရှိနေသော  ဂြိုဟ်ပဲ့ခါးပတ်(Asteriodbelt) အတွင်းတည်ရှိနေခဲ့ပါသည်။ ယင်းအရာဝတ္ထုသည် ဂြိုဟ်ပဲ့ကြီးတစ်လုံးဖြစ်ပြီး  အရွယ်အစားအားဖြင့် ကမ္ဘာပေါ်မှ အမြင့်ဆုံးတောင်ဖြစ်သော ဧ၀ရတ်တောင်ခန့်ပင်ရှိနေသည်။
(နောက်ပိုင်းတွက်ချက်မှုများအရ ယင်းဂြိုဟ်ပဲ့ကြီးသည် တန်ပေါင်း ၂.၆ ကုဋေခန့်ရှိသည်ဟု ခန့်မှန်းသည်)
             ကမ္ဘာဦးသတ္တ၀ါတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်နေ့သို့ ဆိုက်ရောက်လာခဲ့တော့သည်။
ဂြိုဟ်အချင်းချင်းတိုက်မိရာမှ ယင်းတိုက်မိသည့်အရှိန်ကြောင့် လွင့်စင်လာသော ဂြိုဟ်ပဲ့ကြီးသည် ကမ္ဘာ့ဆွဲငင်အားစက်ကွင်းအတွင်းသို့
ဝင်ရောက်သည်နှင့်တပြိုင်နက် မြေကမ္ဘာကလည်း ကြီးမားသောဆွဲငင်အားဖြင့် ဆွဲငင်တော့သည်။ ထိုအခါတွင်ကား
ယင်းဂြိုဟ်ပဲ့ကြီးသည် ပိုမိုအရှိန်ရလာကာ ကမ္ဘာမြေဆီသို့   ဒုံးပျံတစ်စင်းအလား ၀င်ရောက်လာခဲ့တော့သည်။
တွက်ချက်မှုများအရ ဂြိုဟ်ပဲ့ကြီးသည် တစ်နာရီလျှင်   မိုင်လေးသောင်နှုန်းဖြင့် ၀င်ရောက်လာခဲ့သည်ဆိုသည်။
ထို့နောက်တွင် ကမ္ဘာမြေမျက်နှာပင်ပြင်နှင့် ထိတွေ့ကာ အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခုမှာဒိုင်းနမိုက်တန်ချိန်
သန်းတစ်ရာပေါက်ကွဲအားနှင့်ညီမျှ၍ နျူကလီးယားဗုံးအဆ(၂၀၀)ပြင်းထန်သောအင်အားဖြင့် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အလွန်ပြင်းထန်သော အပူလှိုင်းတို့သည် အသံအလျင်ထက် လျင်မြန်စွာ ဘက်ပေါင်းစုံသို့
ပျံ့လွင့်သွားတော့သည်။ ပေါက်ကွဲမှုကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုများ  ဖြစ်ပေါ်ကာ ပ်ြငးထန်သော ငလျင်များလည်း
လှုပ်ခတ်တော့သည်။ သ်ု့အတွက် မက္ကဆီကို ပင်လယ်ကွေ့အတွင်း  ကြီးမားလှသော ဆူနာမီလူသတ်လှိုင်းတို့ဖြစ်ပေါ်လာခြင်းနှင့်အတူ
မီးတောင်ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လာတော့သည်။  လေထုထဲတွင်လည်း အလွန်ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းများဖြစ်ပေါ်လာပြီး
မီးတောက်မီးလျှံများမှာလည်းလွင့်စဉ် ထွက်ကုန်ကာ မိုင်ရာပေါင်းများစွာ မီးလောင်ပြင်ကြီးကို ဖြစ်စေခဲ့တော့သည်။
ထို့ကြောင့် မိုင်သုံးရာပတ်လည်အတွင်းရှိရှိသမျှ  အရာဝတ္ထုတို့သည် ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
ထိုဖြစ်ပေါ်မှုများကြောင့် ဖန်မှုန့်အကြွင်းအကျန်များ  မီးတောင်ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့်
အခိုးအငွေ့များသည် ကမ္ဘာတစ်ဝန်း လပေါင်းအတော်ကြာအောင် ဖုံးအုပ်ထားရှိသည့်အတွက် နေရောင်နှင့်အပူချိန်ကို
ကာကွယ်ထားသကဲ့သို့ဖြစ်လာသောကြောင့်  ကမ္ဘာမြေသည် မှောင်နှင့်မည်းမည်းရှိနေခဲ့သည်။ လပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ
အကျိုးဆက်အနေဖြင့်  အစာရေစာရှားပါးမှုများဖြစ်လာကာ ရှေးဟောင်းသတ္တ၀ါကြီးများ သေကျေပျက်စီးကြရတော့သည်။
တွက်ချက်မှုများအရ   ၁၅%ခန့်သာ ယင်းအဖြစ်ဆိုးကြီးမှ လွတ်ကင်းခဲ့ရသည်ဆိုသည်။
                 အထောက်အထားအဖြစ် ကမ္ဘာပေါ်တွင် ကျောက်ဖြစ်ရုပ်ကြွင်းများသာတွေ့ရှိရပြီး အကောင်အထည်အနေနှင့် တစ်ကောင်
တစ်မြီးမှ မတွေ့ရှိနိုင်တော့သော ကမ္ဘာဦးသတ္တ၀ါကြီးတို့၏ ရုပ်ကြွင်းများက သက်သေခံနေပေတော့သည်။
ယင်းအယူအဆအားသိပ္ပံပညာရှင်အများစု လက်ခံထားသောအယူအဆလဲဖြစ်ပေသည်။
အထက်ဖော်ပြပါဖြစ်စဉ်တို့သည် ထူးခြားဆန်းပြားလွန်းသည်ဟုထင်စရာအကြောင်းရှိသော်လည်း စကြာဝဠာအတွင်း
ဖြစ်နိုင်သည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။ ဂြိုဟ်ပဲ့အချင်းချင်းတိုက်ခိုက်မှု၊ ဂြိုဟ်နှင့်ကမ္ဘာတိုက်ခိုက်မှု၊ ကြယ်တံခွန်နှင့်
ကမ္ဘာတိုက်ခိုက်မှုတို့သည် ဖြစ်ကောင်းဖြစ်နိုင်သည့် ဖြစ်စဉ်များဖြစ်သည်။ ယခုမျက်မှောက်ကာလမှာပင် ဂျူပီတာဂြိုဟ်ကြီးအား
ကြယ်တံခွန်ကြီးတစ်ခုဝင်တိုက်မိသောဖြစ်စဉ်ကို နက္ခတ်တ္တပညာရှင်များ မှတ်တမ်းတင်နိုင်ခဲ့ကြပါပြီ။ ထို့အတွက် မထူးဆန်းသော
ဖြစ်စဉ်ဟုပင်ဆိုချင်ပါသည်။

တကယ်လို့များ ...... အထက်ပါကမ္ဘာဦးသတ္တ၀ါများ ပျောက်ကွယ်သွားသည့်ဖြစ်စဉ်ကဲ့သို့ အလွန်ကြီးမားသည့် ဂြိုဟ်ပဲ့ကြီး
(သို့မဟုတ်) ဥက္ကပျံကြီး ကမ္ဘာမြေကြီးနှင့် နောက်တစ်ကြိမ် ၀င်ရောက်တိုက်မိခဲ့သည်ဆိုလျှင်.....................



ref:http://www.bbc.co.uk/sn/prehistoric-life/dinosaure/
http://www.firstscience.com/home/articles/orgins/death-of-the-dinos....
ko swe (panoyarmr)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...