Tuesday, July 19, 2011

"အချစ်စတင်ဖြစ်ပေါ်လာပုံနဲ့ မင်္ဂလာဆောင်ခဲပေါက်တဲ့ ဓလေ့"


Cloud Cuckoo Land created the doc:
အနာဂါမ်မဖြစ်မချင်း အချစ်နဲ့ မကင်းဟု ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်...
လောကတွင်ရှိရှိသမျှသော လူသားအားလုံး အချစ်နဲ့မကင်းနိုင်ကြပါ...
အချစ်ထက်အရေးကြီးသော အရာများလည်းလောကမှာ အများကြီးရှိနေသေးသည်ကအမှန်ပင်ဖြစ်သည်...
လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားကြီးမားတဲ့ အရာများထဲမှာအချစ်လည်း တခုအပါအ၀င်ဖြစ်တယ်ဆိုတာကို ငြင်းနိုင်မယ့်သူရှိနိုင်ပါမလဲ...


အင်အားကြီးမားစွာ လူတွေကိုချုပ်ကိုင်မောင်းနှင်နိုင်သောထိုအချစ်ကိုဘယ်ကစတင်ဖြစ်ပေါ်လာသလဲ ဆိုတာ အကျယ်သိသူရှိလို ယေဘုယျအားဖြင့် အကျဉ်းလောက်သာသိတဲ့သူတွေများပါတယ်...

အများစုကတော့ ''ဗြဟ္မာတွေမြေသွေးစားလို့'' အချစ်စတင်ဖြစ်ပေါ်လာတယ်လို့ပဲသိကြတာပါ...


ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ချစ်သူတွေပေါင်းစည်းကြတဲ့ မင်္ဂလာအခမ်းအနားပြီးတဲ့နောက် သူငယ်ချင်းတွေက ခဲဖိုးဆိုပြီးတောင်းကြပါတယ်...

အချစ်စတင်ဖြစ်ပေါ်လာပုံနဲ့ မင်္ဂလာဆောင်ခဲပေါက်ကြတဲ့ဓလေ့လေးကို သိသလောက် ဖတ်ဖူးထားသမျှလေးတွေကို

အကျယ်မသိကြတဲ့သူငယ်ချင်းတွေအတွက် မျှဝေလိုက်ပါတယ်...


လူသားအစ


ကမ္ဘာကြီးပျက်ပြီးတော့ ကမ္ဘာအသစ်တခု ပြန်တည်တဲ့အခါ အရင်ရောက်လာသူတွေကတော့ ဗြဟ္မာတွေပါ...

ဗြဟ္မာပြည်ကနေစုတေပြီးတော့ လူ့ပြည်မှာ ဥပပတ္တိပဋိသန္ဓေစိတ်နဲ့ လူဖြစ်လာကြပါတယ်...

အဲ့ဒီလိုလူဖြစ်လာတဲ့အချိန်မှာ ယောက်င်္ကျား မိန်းမဆိုတဲ့ သဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး...

အဲ့ဒီမှာ တခုသတိထားရမှာက ဗြဟ္မာတွေ လူပြည်ကိုဆင်းလာတာမဟုတ်ပါဘူး...

ဗြဟ္မာပြည်ကနေစုတေပြီး လူ့ပြည်မှာလူလာဖြစ်ကြတာပါ...တချို့တွေက ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာပြည်ကဆင်းလာတယ်လို့ ပြောနေကြလို့ပါ...

ဗြဟ္မာပြည်ကနေစုတေစဆိုတော့ ပီတိလေးတွေနဲ့ပဲနေနေကြပါသတဲ့...

ဘာမှမစားကြသေးပါဘူး...ကမ္ဘာပျက်တုန်းက မိုးရွာထားပြီး တဖြေးဖြေးနဲ့ ရေတွေခန်းခြောက်သွားတာဆိုတော့ မြေရဲ့အထက်မှာ အပေါ်ယံမြေဆီတွေ ကျန်ခဲ့ပါတယ်...

အဲ့ဒီမြေဆီလွှာတွေက နို့ရည်အထက်မှာတက်နေတဲ့ မလိုင်လိုချိုဆိမ့်တဲ့ အနံအရသာရှိတယ်လို့ဆိုပါတယ်...

ဗြဟ္မာပြည်ကစုတေလာတဲ့သူတွေထဲက တယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးတွေကို ဘယ်လိုအရသာရှိမလည်းဆိုပြီး လက်နဲ့တို့ပြီးတော့ လျှက်ကြည့်လိုက်ပါတယ်...စားကောင်းတယ်ဆိုပြီးဆက်စားပါတယ်...ကျန်တဲ့လူတွေကလည်း သူစားသလိုလိုက်စားကြတယ်...ဒီတော့ရသတဏှာဝင်လာပြီး

ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်သွားကြတယ်...

အဲ့ဒီအချိန်မှာ အချစ်မဖြစ်ပေါ်သေးပါဘူး...

သူတို့ရဲ့ သန္တာန်မှာ ရသတဏှာပဲဝင်သေးတာပါ...ဗြဟ္မာတွေက မြေဆီတွေစားကြတာမဟုတ်ပါဘူး...

ဗြဟ္မာပြည်ကနေ လူပြည်ကိုစုတေလာကြတဲ့ လူသားတွေဖြစ်နေကြတဲ့ သူတွေကစားတာပါ....

ဒီလိုမြေဆီတွေစားရင်းစားရင်းကုန်သွားတော့ ကံအားလျှောစွာ သလေးဆန်တွေပေါ်ပေါက်လာပါတယ်...

သလေးဆန်တွေဟာ အိုးခွက်ထဲကိုထည့် မီးကျောက်ပေါ်တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး တမင်းကျက်တဲ့အခါ အလိုလိုမီးငြိမ်းသွားပါတယ်...မြေဆီတွေစားတုန်းကတော့ စားသမျှအဆီတွေဟာ

အသားတွေဖြစ်ပြီး အဖက်နဲ့အကာတချို့ပဲ ကျန်တယ်လိုဆိုပါတယ်...

အဲ့ဒီအဖက်အကာတွေကိုလည်း ၀မ်းမီးကတောက်လောင်လိုက်တဲ့အတွက် ကုန်ခမ်းသွားတယ်...

ဒါကြောင့်ကျင်ကြီးကျင်ငယ်ဆိုတာကသလေးဆန်စားပြီးမှ ကျင်ကြီး ကျင်ငယ်ဆိုတာ ဖြစ်လာပြီး ကျင်ကြီး ကျင်ငယ်ထွက်ရာ အပေါက်တွေလည်းဖြစ်လာပြီး ယောင်္ကျားမိန်းမဆိုတဲ့

ပုံသဏ္ဍာန်တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတယ်...

ဗြဟ္မာပြည်မိန်းမဖြစ်ခဲ့သူက က္ကုတ္ထိသဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူကတော့ ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်...
မင်္ဂလာဆောင်ခဲပေါက်တဲ့စလေ့
နားနဲ့မနား ဖ၀ါးနဲ့နာ လို့ပြောပါရစေနော်...တယောက်နဲ့တယောက် အင်္ဂါတွေမတူကြလို့ တယောက်အင်္ဂါတယောက်ကြည့်ပြီး                                                                                                                                                                            
 ကာမစိတ်တွေဝင်လာကြတယ်...စိတ်ကိုမချုပ်တည်းနိုင်တော့ပဲ ကာမကိစ္စကို ပြုကြတယ်...

ဒီတော့ကျန်တဲ့သူတွေက မပြုကောင်းတာကို ပြုရပါ့မလားဆိုပြီး[ဂဲ]ခဲနဲ့ဝိုင်းပေါက်ကြတယ်...

ကာမကိစ္စပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများသီးခြားတည်ထောင်ကြရင်

အိမ်ထောင်ပြုခြင်း အိမ်ရာများခွဲ၍တည်ထောင်ခြင်းများစတင် ဖြစ်ပေါ်လာပါတယ်...

အခုကျွန်တော်တို့ မြန်မာလူမျိုးတွေ မင်္ဂလာဆောင်တွေမှာ ခဲပေါက်ကြတဲ့ဓလေ့ဟာ ကမ္ဘာဦးအစကတည်းက အချစ်နဲ့အတူ စတင်ပေါ်ပေါက်လာခဲ့တာပါသတဲ့ခင်ဗျာ...

မှတ်ချက် ။ ။

ကျမ်းကိုး ။ ။ ထေယျပါဠိတော် မြန်မာပြန် အဂ္ဂညသုတ်နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဠိကာ အခြေပြုပဠာန်းတရားတော်စာအုပ်မှအကျင်းမျှသာတင်ပြလိုက်ပါသည် အကျယ်သိလိုပါက၄င်းစာအုပ်တွင်ရှာဖွေဖတ်ရှုနိုင်ပါကြောင်း..

                                                                                                                                                အားလုံးကိုကျေးဇူးတင်လျှက်..........
                                                                                                                                                                      ချစ်ကောင်း(နတ်သျှင်နောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...