Sunday, July 17, 2011

လေလှိုင်းကြားမှာ ပျောက်ကွယ်ခဲ့သော ချစ်သူ

by Way Min Way Min on Sunday, July 17, 2011 at 6:17pm
နံနက်ခင်းဧ။်အလှပတရားတို. ထွန်းတောက်ချိန်…ကျေးငှက်လေးများဧ။် အိပ်တန်းမှ နိုးထသံ နှင့်အတူ ရောထွေးလျှက်ပါလာသည်က နေ.စဉ်နှင့်အမျှ တိုးတက်ထွန်းကားနေသော ထိုင်းနိုင်ငံ အတွင်းရှိမော်တော်ကား အင်ဂျင်သံများနှင့်အတူ ပန်းရံတန်းလျားလေးလဲ နိုးထ အသက်ဝင်ခဲ့ပါပြီ။
ဒီတန်းလျားလေးအတွင်းတွင် မြန်မာ ရွှေ.ပြောင်းအလုပ်သမား တစ်ယောက်ဖြစ်တဲ့ မင်းကို တစ်ယောက်လဲ နံနက်ခင်းများရဲ.ဗာရိဟ များဖြစ်သော ထမင်းချက် ဟင်းချက် နံနက်စာ ကော်ဖီတစ်ခွက် သောက်ပြီး ယာစင်း ခေါ် ပွတ်ချွန်း ဆေးလိပ်ကလေးဖြင့် မိမိ လက်ကိုင်တယ်လီဖုန်းမှ နာရီလေးကိုကြည့်ကာ တစ်ခုခုကု စဉ်းစားနေဟန်တူသည်။ အချိန်ကား ထိုင်းစံတော်ချိန် နံနက် ၆း၃၀ ခန်. ၊ ဒီအချိန်ဆိုလျှင် မင်းကိုရဲ.ချစ်သူ ကောင်မလေး မြတ်နိုး တစ်ယောက် အိပ်ယာမှ နိုးလောက်ပြီပေါ့ …အတွေးကလေးနှင့် မိမိဧ။် တယ်လီဖုန်းလေးဖြင့် ချစ်သူထံပါးသို. ခေါ်ဆိုလျှက်ရှိပြီး သူဧ။်မျက်ဝန်းတွင်လဲ အပျော်များနှင့် ပြည့်လျှံလျှက်ရှိပေသည်။

မင်းကို ဆိုတာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ မြို.ငယ်လေးတစ်မြို.မှ အမေဖြစ်သူ ကွယ်လွန်ပြီးနောက် မိမိဧ။်မိသားစု စားဝတ်နေရေးအတွက် အရဲစွန်.ကာ ကော့သောင်းမြို.သို. လာရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို. လူပွဲစားများဧ။် ကြေငြာကောင်းခြင်းကြောင့် ထိုင်းနိုင်ငံသို. လူပွဲစားများတဆင့် ရေလမ်းခရီးဖြင့် သေကံမရောက်သက်မပျောက် ရောက်ရှိအလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ လူငယ်ဖြစ်သည့်အားလျှော်စွာ မြန်မာနိုင်ငံတွင် စိတ်ဖြင့်မကူးခဲ့ဖူးသော လက်ကိုင်ဖုန်းလေးတစ်ခုကို ရရှိသောလုပ်အားခလေးဖြင့် ခြစ်ကုတ်ပြီးဝယ်ယူထားပြီး မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ် ပြုလုပ်ရန် အချိန်မှီ ထိုင်းရဲများဧ။်အခြေအနေကို သိရန်အတွက် အဓိက ရည်ရွယ်ထားခြင်းသာ။ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် လက်ကိုင်ဖုန်းများကို မဖြစ်မနေ ၀ယ်ယူတတ်ကြသည် ၀ယ်ယူရသည့်အကြောင်းရင်းကလဲရှိနေတာကြောင့်လဲဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းသို. တရားမ၀င် ၀င်ရောက်လာပြီး အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်) မရှိပါပဲ လုပ်ကိုင်နေရသည့်အတွက် အဖမ်းအဆီးသတင်းများ အချိန်နှင့်တပြေးညီ သိရှိရန် အကူအညီတောင်းရန် စသော အကြောင်းများကြောင့် ပင်ဖြစ်သည်။ သို.နှင့် မိတ်ဆွေများ မှ တဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို.ရှိ မြတ်နိုး ဆိုသူ ကောင်မလေးဖြင့် လူချင်းမမြင်ဖူးပဲ လေလှိုင်းကြားမှ ဖုန်းလေးဖြင့် ချစ်သူဘ၀ ရောက်ရှိနေရခြင်းလဲ ဖြစ်သည်။ နံနက်တိုင်း ဖုန်းဆက်နေကျ ညစဉ် ဖုန်းဆက်နေကြ ဖြစ်သောကြောင့် အချိန် မှန် ဖုန်းဆက် စကားပြောနေရခြင်းကိုက မင်းကို တစ်ယောက် ပင်ပန်းသမျှတွေ ပျောက်ကွယ်ရသည်မဟုတ်ပါလား။

ကြားရပါပြီ…..မြတ်နိုးဧ။် အသံ ကြည်ကြည်လေး ကိုကို မနက်စာစားပြီးပြီလားတဲ့…..မင်းကိုတစ်ယောက် ဒီအသံလေးကိုပဲစွဲမက်နေရသည်မဟုတ်ပါလား….ပျော်လိုက်သည့်ဖြစ်ချင်း စကားတွေ ဆက်တိုက်ပြောနေရင်း အချိန်ဆိုတာကလဲ တိုးတောင်းလိုက်သည့်ဖြစ်ရပ် အလုပ်ဆင်းဖို. သံချောင်းခေါက်လေပြီ။ မင်းကိုတစ်ယောက်လဲ ဖုန်းကလေး ထဲမှ ချစ်သူအား ရက်ရက်ရောရော KISS တွေပေးရင်း နှမျောတသစွာ ဖုန်းကလေးချရန် ချစ်သူကိုပြောလေ တော့ မထင်မှတ်သည့်စကားလေးတစ်ခွန်းကို ချစ်သူထံမှ ကြားလိုက်ရချေပြီ ။ ကိုကို နဲ. မြတ်နိုး ဒီည မိုးလင်းပေါက် စကားပြောကြမယ်နော်..တဲ့…မင်းကိုတစ်ယောက် အလုပ်လုပ်နေရင်းပင် စဉ်းစားနေပေပြီ..ဘာအကြောင်း ဘာအတွက်ပါလိမ့် အင်းလေ ဘာပဲဖြစ်ဖြစ် ချစ်သူနှင့်စကားပြောနေရရင်ကိုက မိမိရဲ. ရင်နှစ်မြွှာ ခုန်ပေါက် ပျော်ရွှင်နေရတာလဲ မင်းကို နှစ်သက်မိနေသည်မဟုတ်ပါလား။

အလုပ်လုပ်ရင်း မင်းကိုတွေးမိတာတော့ ယနေ.အဖို. နေ.တာ ရှည်လျားလွန်းလှ သည်ဟုသာ၊ သို.နှင့် အချိန်တွေ တအိအိ ကုန်ဆုံး လို. အလုပ်သိမ်းချိန်လဲ ရောက်ပါပြီ…အလုပ်ခွင်မှ နေ၍ သွက်လက်သောခြေလှမ်းများဖြင့် အခန်းသို.ပြန်လာခဲ့လေပြီ..ရေချိုး ထမင်းဟင်းချက် ဖုန်း ထဲသို. ဖုန်းကဒ်ဝယ်ထည့် ပြီး ညအတွက် ကြိုတင်ပြင်ဆင်လေပြီ…။ မင်းကိုနှင့် မြတ်နိုးမှာ ချစ်သက် ကြာလှသည်ဟုမဆိုသာသော်လည်း ၆ လ အတွင်းလေးမှာပင် အရမ်းချစ်ခဲ့ကြသော လေလှိုင်းကြားမှ ချစ်သူနှစ်ယောက်ပင်ဖြစ်ပေသည်။
မျှော်လင့်ထားသော အချိန်သို. ရောက်လာပေပြီ..ဆန္ဒ စောနေသော မင်းကိုတစ်ယောက်
ဖုန်း. ခေါ်လေပြီ….ချစ်သူကလဲ အသင့်စောင့်နေသလိုပင် မကြာသောအချိန် လေးအတွင်းမှာပင် ဆက်သွယ်လို.ရပေပြီ။..”မြတ်နိုး ကိုကို တို.စကားပြောလို.ရပြီမဟုတ်လားဟင် “ ဆိုသည့် မင်းကို အသံလေးကို မြတ်နိုးတစ်ယောက် ဂရုဏာ သက်သွားသည်လားမသိပါချေ ..” ရပါပြီ ကိုကို ..ဒီည မြတ်နိုးဘ၀ အကြောင်းတွေ ကို ကိုကို.ကို အားလုံးအမှန်အတိုင်း ဖွင့်ပြောဖို. ရည်ရွယ်ထားပါတယ် ကိုကို…ဘာကြောင့်လဲဆိုတော့ မြတ်နိုး ကိုကို ကို တကယ် ရင်နဲ.မမျှအောင်ချစ်ခဲ့လို.ပါပဲ….မြတ်နိုးကြောင့် ကိုကို. ရဲ. ဘ၀ ကိုလဲ မညစ်နွမ်းစေချင်ဘူးလေ..ပြီးတော့ ကိုကို. လဲ မညာရက်ဘူး” ဆိုတဲ့ မြတ်နိုးရဲ. တိုးညှင်း လှသည့်အသံလေးများတွင် ငိုသံလေးစွက်နေသည်ကို မင်းကိုတစ်ယောက် ခံစားမိလေပြီ ..။

မင်းကို ဧ။် နှလုံးသား တို.သည် မွန်းကြပ်လာလေပြီ..ချစ်သူ တစ်ယောက် မည်ကဲ့သို.သော ဘ၀ ပါလဲ..ဘာတွေများအခက်အခဲ ကြုံနေရပါသလဲ စိုးရိမ်စိတ် တို.ဖြင့် ဆို.နင့်နေလေပြီ….။ “ ပြောလေ မြတ်နိုး …ကိုကို နားထောင်နေပါမယ်..ကိုကိုလဲ မြတ်နိုးကို မြတ်နိုးအချစ်ထက် မလျော့တဲ့အချစ်နဲ. ချစ်ခဲ့တာပါ ..မြတ်နိုး ဘာပဲဖြစ်နေဖြစ်နေ ကိုကို ရင်ဆိုင်ဖို. ၀န်မလေးသလို..ဘယ်တော့အခါမှ လဲ…မြတ်နိုးကို စွန်.ပစ်သွားမှာ မဟုတ်ပါဘူး မြတ်နိုးရယ်…” ဆိုသည့် မင်းကို ဧ။် အသံက တုန်ရီ မောဟိုက် နေလင့်ကစား ရင်ထဲမှလာသော စကားများဖြစ်ကြောင်းကို မြတ်နိုးတစ်ယောက် ယုံကြည်မိနေသည်။
“ မြတ်နိုးယုံပါတယ် ကိုကို ရယ်…မြတ်နိုးဘ၀ အကြောင်းက ဒီလိုပါ …မြတ်နိုးကလေ ……………..” ပြောလို.မဆုံးခင် ထိုင်းဘာသာစကားဖြင့် အမျိုးသားတစ်ယောက်အသံကြားလိုက်ရချေပြီ ….. “ဟေ့အနိုး နင်ဘာလုပ်နေတာလဲ ဧည့်သည် တစ်ယောက် ရှိနေတယ်..သွားလေ “ ဆိုတဲ့ အသံ ကိုကြားလိုက်ရရင်ပဲ မင်းကိုတစ်ယောက် မျက်လုံးများပျာဝေသွားချေပြီ…မျက်ဝန်းအတွင်းမှ မျက်ရည်ဥလေးများပင် စို.လာချေပြီ..။

မြတ်နိုးရဲ.အသံကို တဆက်တည်း ထပ်ကြားပြန်ရလေပြီ ..” ထောင်ကဲ ..ကျမ ဒီည အလုပ်မလုပ်ပရစေနဲ. ဒီညတော့ ကျမ ကို နားခွင့်ပေးပါ ..” ဆိုသည့် တောင်းပန်တိုလျှိုသံ လေးကြားလိုက်ခြင်းပင် ..မင်းကိုဧ။်ရင်ထဲမှ ဒေါသများ ဆူပွက်လာချေပြီ ..သို.သော် မည်သို. ကူညီနိုင်ပါမည်လဲ..မြတ်နိုးနေသည်က မဲဆောက် မြို. မင်းကို နေသည်က ထိုင်းတောင်ပိုင်း ကဘီ မြို. ပြီးတော့ မိမိကိုယ်တိုင်ပင် ရဲအဖမ်းမခံရအောင် ပြေးတခါပုန်းတစ်လှည့်ဖြင့် နေရသည် မဟုတ်ပ်ါလား။ နောက်ထပ်ထပ်ကြားရသည်ကတော့ “ အနိုး မရဘူး နင် ခဏတော့ သွားလိုက် မသွားလို.မရဘူး ကြားလား နားလည်လား” ဆိုသည့် မာကျော ခက်ထန်သည့် ထိုင်း လူမျိုးရဲ. အသံ ကို မင်းကို တစ်ယောက် အံကြိတ်ပြီး ဆူပွက်နေသော ဒေါသများ ချစ်သူတစ်ယောက် ကို သူတစိမ်းတစ်ယောက် ဒီလို……….ဆိုတော့ မင်းကို တစ်ယောက် ဆောက်တည်ရာမရ…ဖြစ်နေရသည်မှာ မျက်ရည်များပင် စို.လာချေပြီ။ထိုအချိန်တွင်မှာပင် မြတ်နိုးရဲ. တောင်းပန် တိုလျှိုသံလေးကိုကြားရပြန်ချေပြီ..” ကိုကို …မြတ်နိုးကို နားလည် ပေးပါနော်..နောက် နာရီဝက် ကြာရင် မြတ်နိုး ဖုန်းခေါ်လိုက်မယ်နော်” ဆိုသည့်တိုးလျ သည့်အသံ …မင်းကို တစ်ယောက် ဂရုဏာသက်စွာပင် ချစ်သူကို အံကြိတ်ကာ “ ဒါဆို ကိုကို စောင့်နေမယ်နော်…” ဆိုသည့်စကားကိုပင် ကြိုးစားအားယူလျှက် ပြောခဲ့ရပေသည်။

မင်းကိုတစ်ယောက် အချိန်တွေ ကုန်စေချင်လွန်းလှပေပြီ ၊ စောင့်စားရသည့် နာရီဝက် မီးနစ် (၃၀) အချိန်လေးသည် ငရဲသက်အလား ၇ှည်လျားလှပေသည်။ စောင့်စားစဉ်မှာပင် ၄၅ မီးနစ် ခန်.ကြာခဲ့လေပြီ ချစ်သူထံမှ ဖုန်းခေါ်တာလဲမကြားရသည့်အတွက် ပိုပို ဆောက်တည်ရာမရ ဖြစ်လျှက် နေလေပြီ။ မကြာပါချေ ဖုန်းသံလေးမြည်လာချေပြီ မင်းကိုတစ်ယောက် ကမန်းကတမ်း ကိုင်လိုက်ပြီး “မြတ်နိုး …..ကိုကို…စောင့်နေတယ်နော်…” ချစ်သူအားမငယ်စေရန် အားပေးရချေပြီ။ “ ကျေးဇူးတင်ပါတယ် ကိုကို….ခုလောက်ဆို မြတ်နိုးရဲ. ဘ၀ကို ကိုကို ရိပ်မိလောက်ပါပြီ….ဒါပေမဲ့ ကိုကိုရယ် မြတ်နိုးကို လှည့်စားတယ် လို.မထင်ပါနဲ.နော်..ကိုကို မြတ်နိုးကိုထားခဲ့ပါ …မြတ်နိုးကို မေ့လိုက်ပါလားဟင်….” ဆိုသည့်အသံက မင်းကိုဧ။် နှလုံးသားကို ကြမ်းတမ်းစွာလှုပ်ကိုင်နေလေပြီ…..။” မြတ်နိုးရယ် ကိုကို ကလေ ဒီလို သိရတော့ ပိုလို.တောင် ဂရုဏာ သက်ရပါသေးတယ်…..ကိုကို မြတ်နိုးကို ဘယ်တော့မှ မစွန်.လွှတ်သလို…မုန်းမေ့ဖို.ဆိုတာလဲ မဖြစ်နိုင်ပါဘူး..ကိုကို. ကို ယုံပါ မြတ်နိုးရယ်..ဘာပဲဖြစ်ဖြစ် မြတ်နိုးရဲ.ဘ၀ကို ပြောပြပါ ကိုကို နားထောင်မယ် နော်..အားမငယ်နဲ. ကိုကိုအမြဲ မြတ်နိုးဘက်က ရှိနေမယ်နော်….” ဆိုသည့် မင်းကို စကားကလဲ မြတ်နိုးအတွက် အားဆေး တစ်ခွက်ပင်….။ မင်းကို ကိုယ်တိုင်ကလဲ ချစ်သူကို အရင်ကထက်ပိုပြီး သနားကြင်နာခြင်း မျိုးဖြင့် အမှန်တကယ် ရင်ထဲမှ အတိုင်းပြောလိုက်ခြင်းသာဖြစ်ပေသည်။

မြတ်နိုးကလဲ သူဧ။်ဘ၀အကြောင်းကို မိမိချစ်ခင် ယုံကြည်ရသူမင်းကို အား ရှက်ရွံခြင်း အားငယ်ခြင်း သိမ်ငယ်ခြင်း စသော အသံလေးများဖြင့် ……

“ ဒါဆို မြတ်နိုး ပြောပြမယ်နော် …မြတ်နိုးက ငယ်စဉ်ကတည်းက ကံမကောင်းခဲ့သူပါ ကိုကိုရယ်…….မြတ်နိုးက ကျိုက်ထီးရိုးဘုရား အနီးအနားမှာရှိတဲ့ စခန်း ရွာလေးတစ်ရွာ နေပါတယ်..မြတ်နိုးအသက် ၁၅ နှစ်သမီးအရွယ်လောက်မှာ အဖေက တစ်နယ်တစ်ကျေးမှာ အလုပ်သွားလုပ်ပြီး . နောက်မိန်းမ ယူသွားခဲ့တယ်လေ….” “ ဒီလိုနဲ. မြတ်နိုးတို. မိသားစုအရေးကိစ္စ အတွက် စားဝတ်နေရေး မဖူ လုံလာတော့ဘူးလေ ..အမေကလဲ နောက်အိမ်ထောင်ပြုသွားတယ်…အမေ.ရဲ. နောက်အိမ်ထောင်က အရက်သမားလေ..မူးလာရင်အမေ့ကိုအမြဲရိုက်တာ..တစ်နေ.တော့ ပထွေးက အမေ့ကို ရိုက်နေတာ မကြည့်ရက်တော့ မြတ်နိုးလဲ ၀င်ပြီး အမေ့ဘက်ကနေရိုက်တာပေါ့ ပထွေးက သူ.ကိုရိုက်ရမလားဆိုပြီး…မြတ်နိုးကို အိမ်ခန်းထဲက မှန်ဘောင်နဲ. ရိုက်လိုက်တာ ..မြတ်နိုး နဖူးစပ်မှာ ကွဲသွားတယ်လေ..ခုထိအမာရွတ်ရှိနေပါသေးတယ်ကိုကိုရယ်…ဒီလိုနဲ. မြတ်နိုးလဲ ကြောက်ပြီး သူငယ်ချင်း ကောင်မလေးရဲ. အိမ်ကိုပြေးတာပေါ့ ..သူငယ်ချင်းကောင်မလေးက ..ကောင်းကောင်းမွန်မွန် ပဲ မြတ်နိုးကို ဆေးထည့်ပေးတယ်..ပြီးတော့ သူနဲ. လောလောဆယ်အတူနေဖို.ပြောတာပေါ့ …မြတ်နိုးလဲ နေစရာမရှိစားစရာမရှိဖြစ်နေတော့ သူငယ်ချင်းအိမ်မှာပဲ ကပ်နေတာပေါ့ ..သူငယ်ချင်းမှာက အမေမရှိတော့ဘူးလေ..အဖေတစ်ခုသမီးတစ်ခုပေါ့ …တစ်နေ.တော့ မြတ်နိုး ရေချိုးနေပြီးအိမ်ပေါ်ပြန်အတက်မှာ သူငယ်ချင်းရဲ.အဖေက အတင်းချုပ်ကိုင်ပြီး မြတ်နိုး ဘ၀ကို ဖျက်ဆီးတော့တာပါပဲကိုကိုရယ်…..နောက်ပြီးတော့ သူက ပြောတယ်လေ..မြတ်နိုးကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းပါမယ်ပေါ့ ..မြတ်နိုးကတော့ သူ.ကိုမယူဘူးလို.ငြင်းတာပေါ့..မြတ်နိုးလဲ ..ရှက်လဲရှက်တယ် ကြောက်လဲကြောက်တယ် လေ..ဘယ်သူ.ကိုမှလဲ အားကိုးစရာမရှိတော့ဘူး
..သူငယ်ချင်းကိုလဲ မပြောပြရဲဘူး ..အဲဒါနဲ.ပဲ …..အဲဒီနေရာနဲ.ဝေးတဲ့အရပ်ကို ပြေးမယ်ဆိုပြီး ကြံနေတာပေါ့ …တစ်နေ.တော့ ရွာထဲက အမကြီးတစ်ယောက်နဲ.တွေ.တယ် ..သူကပြောတယ်လေ ထိုင်းမှာအလုပ်ကောင်းတယ် လုပ်မလားပေါ့…မြတ်နိုးလဲ ..ကြံရာမရဖြစ်နေတော့ ထိုင်းမှာသွားပြီး စက်ချုပ်မယ်ပေါ့ ..ဆိုပြီး လိုက်သွားတယ်..ထိုင်းရောက်တော့မှ မြတ်နိုးသိလိုက်ရတာက မဲဆောက် ကားဂိတ်နားက စားသောက်ဆိုင်ကို အရောင်းခံလိုက်ရတယ်ဆိုတာကိုပါပဲ….အဲဒီမှာလဲလေ အသက် ၁၃ နှစ် အရွယ် လေးတွေတောင်ရှိတယ် ကိုကို…ကိုယ့်ဒုက္ခထက် သူတို.ကိုမြင်တော့ ပြောရင်းဆိုရင်း မြတ်နိုးထက် ဆိုးတဲ့သူတွေဖြစ်တော့လဲ မြတ်နိုးဒုက္ခက မပြောပလောက်တော့ဘူးကိုကိုရယ်…မြတ်နိုးတို.ဆိုင်မှာ မြန်မာလူမျိုးတွေလဲ လာတတ်ကြပါတယ်..ပျော်ပါးဖို.အတွက်ပေါ့ …သူတို.တွေကလဲ ကူညီဖို.ပြောဖို.နေနေသာသာ ကိုယ့်ကိုအချောင် နှိုက်ချင်နေကြတာများပါတယ်ကိုကိုရယ်…အဲလိုအခြေအနေမှာ မြတ်နိုး ဒီဘ၀ကို မရောက်ချင်ပဲရောက်ခဲ့ရတာ…မလုပ်ချင်ပဲလုပ်ခဲ့ရတာ..ခန္ဒာကိုယ်ကိုရောင်းပြီးရလာတာကိုလဲ ငါးပုံ တစ်ပုံလောက်သာ ရတာပါ ကိုကိုရယ်…တစ်ချို.ဆိုရင် နိုင်ငံခြားသားတွေ လာကြတယ်..သူတို.က ပါကင် ဆိုတာ ကို ဈေးကြီးပေးပြီး ခေါ်သွားတာလေ….မြတ်နိုးအသိကောင်မလေးဆိုရင် ..အပျိုတောင်မဖြစ်သေးပါဘူးကိုကို…ဆိုင်ရှင်က အဲဒီအင်္ဂလိပ်ကြီး ဆီ ထည့်လိုက်တယ်…သူနဲ.တစ်ခေါက်လိုက်ရင် နင့်အကြွေးကျေပြီးတဲ့ …ကောင်မလေးခမျာ ပြန်လာတော့ လမ်းမလျှောက်နိုင်တော့ပဲ..ဆေးကြိတ်ကုလိုက်ရတာ တလ လောက်ရှိမယ်..စားစရိတ် ..နေစရိတ်တွေ ဆေးစရိတ်တွေ အကြွေးပြန်တင်တော့လဲ..ဒီဆိုင်မှာပဲ ဒီအလုပ်တွေပဲ ဆက်လုပ်ရပြန်တာပဲလေ…ဒီလိုနဲ. သံသရာလည်နေတာပါကိုကိုရယ်…မြတ်နိုးကတော့ ခုဆို ကိုယ့်ကိုယ်ကိုတောင်မယုံကြည်တော့ဘူးကိုကို…သွေးစစ်ချင်တယ်..ဒါပေမဲ့ကြောက်လဲကြောက်နေတယ်…ရိုးရိုးသားသားလုပ်စားချင်ပေမဲ့ ဒီမှာက မြတ်နိုး ဘာဆိုတာသိနေကြတော့ အားလုံးက အထင်သေးတဲ့မျက်လုံးတွေနဲ.ပဲရင်ဆိုင်ရတယ်လေ…ဒီဘ၀ထဲကရုန်းထွက်ဖို. ခွန်းအားပေးခဲ့တာကတော့ ကိုကို ပါပဲ ကိုကိုရယ်…” ဆိုပြီး နွမ်းလျှစွာ ပြောလာခဲ့ပေပြီ..မင်းကိုတစ်ယောက် ငြိမ်သက်စွာနားထောင်နေသော်လည်း ရင်ထဲတွင်တော့ ဘလောင်းဆူနေပေပြီ..သနားခြင်းဂရုဏာသက်ခြင်း..၀မ်းနည်းခြင်း ဒေါသထွက်ခြင်းစသော ခံစားမှု.များဖြစ်နေသော်လဲ မိမိဧ။် ချစ်သူ မြတ်နိုးကို စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ ………….” မြတ်နိုး ဒီဘ၀ထဲက ရုန်းထွက်ပါနော်..ကိုကို မြတ်နိုးကို ခွင့်လွှတ်ပါတယ်…ပိုလို.လဲချစ်တယ်..ဖြစ်ခဲ့တဲ့အကြောင်းအရာတွေက ကို.ကို. အချစ်တွေကို အနှောင့်အယှက် ဖြစ် စေမှာမဟုတ်ပါဘူး မြတ်နိုးလေးရယ်…” ဆိုတော့ …..မြတ်နိုးက “ ဒါပေမဲ့ ကိုကို ရယ်..မြတ်နိုး သွေးစစ်မယ်….သွေးစစ်ပြီးမှ ကိုကို. ဆီ လာခဲ့မယ်..တကယ်လို.များ…” ဆိုပြီး မြတ်နိုးဧ။် အသံ တိမ် ၀င်သွားခဲ့လေပြီ……မင်းကို မှာ တော့ ဆုံးဖြတ်ချက် ခိုင်မာစွာ ချလေပြီ…..” မြတ်နိုး တကယ်လို. သွေးစစ်ခဲ့လို. အေ ပိုးတွေ.ခဲ့ရင်တောင် ကိုကို. ဆီပဲလာခဲ့ပါ..ကိုကိုတတ်နိုင်သလောက် မြတ်နိုးရဲ. ဆန္ဒ ကိုဖြည့်ဆည်းပေးပါရစေ…မြတ်နိုးကို ကိုကို.အနားမှာပဲ နေစေချင်ပါတယ် မြတ်နိုးရယ်…..ရိုးရိုးသားသား အတူတူနေရ ရင်တောင် ကိုကို ကျေနပ်နေမှာပါ…ဘာပဲဖြစ်ဖြစ် ကိုကို.ဆီကို လာခဲ့ပါ မြတ်နိုးရယ်”… ဆိုပြီး ရင်ထဲမှ ဆန္ဒအမှန်ကို ထုတ်ဖော်ပြောဆိုခဲ့ပေပြီ…….။
သို.နှင့် မြတ်နိုး တစ်ယောက်လဲ ဆိုးရွားလှသည့်ဘ၀အတွင်းမှ ရုန်းထွက်ရန် ဆုံဖြတ်ကာ မဲဆောက် ဆေးရုံသို. သွားကာ ..သွေးစစ်လေပြီ……ရရှိလာသည့်အဖြေကာ ၀မ်းသာဖွယ်ရာပင်…ကာလသားရောဂါပိုး မျှသာ..ထိုရောဂါပိုးမှာလဲ ဆေးကုသရသောသောရောဂါဖြစ်သော ကြောင့် စိတ်ညစ်စရာမလိုပေ။ မည်သို.ဆိုစေ ချစ်သူနှစ်ယောက် ဆုံဆည်ရန် ..ကိုယ်စီ အတွေးများဖြင့် ပျော်လျှက်ရှိသည်မှာတော့အမှန်သာဖြစ်ပါသည်။

သို.သော် မဲဆောက်မှ ဘန်ကောက် သို. တဆင့် ဘန်ကောက်မှ ထိုင်းတောင်ပိုင်း ကဘီ သို. တဆင့်လာရန် မှာ လွယ်ကူသည်တော့မဟုတ်ပေ…။ ပွဲစားခ အဖြစ် ဘတ်ငွေ ၁၀၀၀၀ ကျော်ခန်.ပေးပြီး တောလမ်းမှ တဆင့် လူ အယောက် ၁၀၀ ကျော်ခန်. စုစည်းကာ ပွဲစားများက ဘန်ကောက်သို. ခြေကျင်တစ်လှည့် ကားတစ်လှည့်ဖြင့် ပို.ဆောင်ပေးခြင်းဖြစ်ပါသည်။ အခန်.မသင့်လျှင် တောတွင်း၌ပင် အသက်အန္တရာယ်ကြုံနိုင်သလို..ထိုင်းစစ်တပ် ထိုင်းရဲ များ ဒါးပြ များ စသော ရန်အမျိုးမျိုးကလဲ ရှိသေးသည်. ။ သို.သော် ချစ်သူနှစ်ဦးဆုံဆည်းဖို.အတွက် မြတ်နိုး အရဲစွန်.ပြီး သွားရောက်မည်သာဖြစ်သည်။
အဘယ်ကြောင့် မင်းကို မဲဆောက်သို.မသွားရပါသနည်းဟူမူကား..မြတ်နိုး ကိုယ်တိုင် မလာစေချင်သည်က တစ်ကြောင်း မဲဆောက်တွင်ရရှိမည့် လုပ်အားခမှာလဲ မဖြစ်လောက်ပေ..နှစ်ယောက် အတူနေရန် ဖြစ်နိုင်မည်မဟုတ် ..ထို.အပြင် မြတ်နိုး ဧ။် အတွင်းသိ အစင်းသိ များကလဲများပြားလှချေသည်။ ထို.ကြောင့်သာ မင်းကိုတစ်ယောက် မသွားရောက်ရခြင်းသာဖြစ်သည်။

ခုတော့ အားလုံး ချိတ်ဆက်ပြီးလေပြီ …ပွဲစားများနှင့် ချိတ်ဆက် ကာ ခရီးထွက်ဖို.ပင်ပြင်ဆင်နေလေပြီ…မြ၀တီမှ ၀င်လာသူ လူ ၆၀ ခန်.နှင့်အတူ မဲဆောက်မှ ၄၀ကျော်ခန်. စုစုပေါင်း ၁၀၀ ကျော်သော လူအုပ်နှင့်အတူ တောတွင်းလမ်းမှတဆင့် ခရီးစတင်ထွက်ခွာလေပြီ…။ မင်းကိုတစ်ယောက်မှာတော့ ချစ်သူ ရောက်လာမည့်ရက်ကိုသာ ရင်ခုန်စွာ စောင့်မျှော်နေလေပြီ ။ အတွေးများစွာကို တွေးနေခိုက် မင်းကိုဧ။် တယ်လီဖုန်းလေမှ တဆင့် ချစ်သူ ဆက်သွယ်လာခဲ့လေပြီ.. ဖုန်းထဲတွင် လူအများ ဧ။် ညီးငြူသံ ..ဆေးတောင်းသံ တို.ဖြင့် ကြားနေရသည်။ “ ကိုကို မြတ်နိုး ခြေထောက်အရမ်းနာတာပဲ..သိလား ..ခုတောင် ဆေးလိမ်းထားရတယ်..လမ်းလျှောက်ရတာ အဝေးကြီးပဲ ..တောတွေ တောင်တွေချည်းပဲ..ဖုန်း လိုင်တောင် ဒီရောက်မှ မိလို. ဆက်လိုက်ရတယ်…” ဆိုပြီး တတွတ်တွတ် ပြောနေခိုက် ဆူညံသော အသံဗလံများကို ကြားလိုက်ရချေပြီ….”ပြေးကြဟေ့…ပြေးကြ ….မြန်မြန်ပြးကြ “ ဆိုသည့်အသံများကြားလိုက်ပြီး မြတ်နိုးဖုန်းလေးမှာလဲ ပိတ်ကျသွားလေပြီ …..ဘာတွေဖြစ်ကုန်ပြီလဲ…မင်းကိုစိတ်တွေ ဂယောင်ချောက်ချားဖြစ်ကုန်လေပြီ…စိုးရိမ်စိတ်တွေကြီးထွားလာချေပြီ……ဘာမှလဲ မတတ်နိုင်..ကံကိုသာ စောင့်မျှော်ရပေတော့မည်။

မင်းကို တစ်ယောက် မကြာမကြာ ဖုန်းဆက်သော်လည်း ခေါ်ဆိုလို.မရပေ …သို.နှင့် ညအချိန်ရောက်ခဲ့လေပြီ…မင်းကိုတစ်ယောက်ကတော့ ရလိုရငြား မြတ်နိုး ဖုန်း နံပါတ်လေးကို နှိပ်ကာ ခေါ်ဆိုနေလေပြီ..။ မထင်မှတ်ပဲ မြတ်နိုးဖုန်းလေး မှာ ခေါ်ဆိုလို.ရချေပြီ …..မင်းကိုတစ်ယောက်မှာ ထခန်မိမတတ် ၀မ်းသားသွားခဲ့လေပြီ သို.သော်..မထင်မှတ်ထားသည့်အသံက ယောကျာ်းအသံ စကားက ထိုင်းစကား ပြောပုံက မာကျောကျော….” ဘယ်သူလဲကွ ပြောစမ်း “ မင်းကို တစ်ယောက် ဘာမှပြောချိန်မရ ဖုန်းကို ပိတ်လိုက်လေပြီ….အထပ်ထပ်အခါခါ ခေါ်ဆိုသော်လညိး ခေါ်ဆိုလို.မရတော့ပေ…..။
မင်းကိုတစ်ယောက်မှာ ..မည်သို. မည်ပုံ ဆက်သွယ်ရမည်ကိုလဲ မသိတော့ ပွဲစားဆိုတာကလဲ မဲဆောက်က ပွဲစား မင်းကိုနှင့်မသိသလို အဆက်အသွယ်လဲမရှိ ဒီလိုဖြစ်မယ်လို.လဲ ကြိုတင်မတွေးမိ ဘာဖြစ်လို.ဖြစ်မှန်းလဲမသိ သေချာသည်ကတော့ ထိုင်း စစ်တပ် (သို.) ဒါမြ အဖွဲ.နှင့် တွေ . ကာ အဖမ်းအဆီးခ့ရခြင်းဖြစ်မည်ဟု မင်းကို တွေးမိကာ…ထိုင်ကာငိုင်မိနေလေပြီ…..
ထိုစဉ်ကတည်းက ယနေ.အချိန်ထိတိုင် မြတ်နိုးဧ။် ဆက်သွယ်လာမှု.ကို စောင့်မျှော်နေသော မင်းကိုတစ်ယောက်မှာတော့ တစ်နေ. ချစ်သူ.အသံကြားရနိုးကြားရနိုးနှင့်သာ ..မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားခြင်းတော့ မဟုတ်တန်ရာ…သက်ရှိထင်ရှာမှ ရှိပါသေးရဲ.လား ။ အဖမ်းခံရပြီး မြန်မာနိုင်ငံသို. ပို.ဆောင်လိုက်လေပြီလား ဟုသာ မင်းကိုတစ်ယောက် တွေးထင်နေမိလေသည်။စိတ်ထဲတွင်တော့ ကျေကွဲခြင်း ၊၀မ်းနည်းခြင်း ၊ဒေါသထွက်ခြင်းတို.ဖြင့် ပြည့်နှက်နေလေပြီ ။ မည်သို.ဆိုစေ တစ်နေ. မြတ်နိုး သက်ရှိထင်ရှာရှိခဲ့သော် မင်းကိုဧ။် ဖုန်းနံပါတ်လေးကို မှတ်မိနေမှာ မလွဲပါချေ ..ထိုနေ.ကိုသာ မင်းကို တစ်ယောက် စောင့်စားရင်း လေလှိုင်းကြားမှ ပျောက်ဆုံးသွားသောချစ်သူ တစ်ယောက်ကို တန်ဖိုးထားကာ စောင့်မျှော်ခြင်းကတော့ ယနေ.ထက်တိုင်ပင်ဖြစ်ပါသည်။ ထို.အတူ မင်းကို ဧ။် ရင်တွင်းမှ ဆန္ဒလေး များကတော့ မြန်မာပြည်သူပြည်သားတိုင်း တပါးပြည် သို. တရားမ၀င် မလာရောက်ကြစေရန်၊ လူကုန်ကူးမှု.များ အမြန်ချုပ်ငြိမ်းပါစေ ၊ ပြည်တွင်း၌ ဆင်းရဲခြင်းကင်းပြီး နိုင့်ထက်စီးနင်းပြုခြင်းမှ ကင်းဝေးစေကြောင်း ၊ ချစ်သူတိုင်း ပေါင်းဆည်းနိုင်ပါစေကြောင်း ဆုတောင်းနေသံကတော့ မင်းကို တစ်ယောက် နှလုံးသွေးနှင့် ရင်းခဲ့ ပြီး ရရှိသည့် လိုအင်ဆန္ဒ များပင်ဖြစ်ပါသည်။

( ၂၀၀၇ ခုနှစ်သြဂုတ် လ တွင် အမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်လေး အား ရေးသားတင်ပြအပ်ပါတယ် ။ ပြည့်စုံစွာပြောပြသော ကို မင်းကိုအား ကျေးဇူးအထူးတင်ရှိပါသည်)
မင်းလွမ်းနောင် (ပန်းတနော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...