Sunday, July 3, 2011

ကျန်းမားရေးလိုက်စားသူများအတွက်

by Kaung Myat Min on Tuesday, May 31, 2011 at 7:25pm
 
အိပ်ရေးမဝသူများ ကိုယ်အလေးချိန်တိုးနိုင်

အိပ်ရေးဝဝ အိပ်စက်မှု မရှိခြင်းသည် ကိုယ်အလေးချိန် တိုးစေနိုင်ကြောင်း ဆွီဒင်မှ သုတေသီများက ဖော်ထုတ်တွေ့ရှိခဲ့သည်။
အက်ဆာလား တက္ကသိုလ်မှ ဒေါက်တာ ခရစ်စတီယန် ဘင်နဒစ် ဦးဆောင်သော ပညာရှင်များက နေ့စဉ်ပုံမှန် အိပ်ရေးဝဝ မအိပ်ခြင်းနှင့် အိပ်ချိန်မမှန်ခြင်းတို့သည် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များအတွက် စွမ်းအင်သုံးစွဲမှုကို လျော့ကျစေသလို ဆာလောင်မှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။
ခန္ဓာကိုယ်အတွင်း စွမ်းအင်သုံးစွဲမှု ကျဆင်းသွားခြင်းကြောင့် ကယ်လိုရီ လောင်ကျွမ်းမှု နည်းပါးသွားရာ ကိုယ်အလေးချိန် တိုးပွားလာစေခြင်းဖြစ်သည်။ ယခု တွေ့ရှိမှုကို အမေရိကန် ဆေးဖက်ဆိုင်ရာ အာဟာရ ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။ အမေရိကန်တွင် လူဦးရေ သန်း ၅၀ နှင့် ၇၀ ကြားသည် အိပ်ရေးမဝခြင်း၊ ပုံမှန်အိပ်ချိန် မသတ်မှတ်ထားခြင်း စသည်တို့ ကြုံနေကြောင်း သိရသည်။


ယခင်က သုတေသန ရလဒ်များက အိပ်ရေးမဝခြင်းသည် ဆာလောင်မွတ်သိပ်မှုကို ပိုမိုဖြစ်ပေါ်စေကြောင်း ဖော်ထုတ်တွေ့ရှိပြီးဖြစ်သည်။ လေ့လာမှုများက အိပ်ရေးဝဝ အိပ်စက်ထားခြင်း မရှိသူများသည် နောက်တစ်နေ့မနက် နိုးထချိန်တွင် အသက်ရှူခြင်း၊ အစာချေခြင်းစသည့် ဇီဝလုပ်ငန်းစဉ်များအတွက် စွမ်းအင်သုံးစွဲမှုမှာ အိပ်ရေးဝသူများထက် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကျဆင်းနေတတ်ကြောင်း ဖော်ပြခဲ့သည်။
သု တေသီများက အိပ်ရေးမဝခြင်းသည် သွေးအတွင်း သကြားဓာတ် ပိုမိုများပြားအောင် လှုံ့ဆော်တတ်ပြီး ဟိုမုန်းမညီမျှမှုများကိုပါ ဖြစ်ပေါ်စေတတ်သောကြောင့် ကိုယ်အလေးချိန် တိုးမှုများ ဖြစ်လာစေတတ်ကြောင်း ပြောကြားသွားသည်။


လူ့သက်တမ်းကို သွေးစစ်၍ ဟောကိန်းထုတ်နိုင်မည်
 
အမေရိကန်ဒေါ်လာ (၇၀၀)မျှ ကုန်ကျမည့် သွေးစစ်ဆေးမှုတစ်ခုကို ဗြိတိန်တွင် ယခုနှစ် နှောင်းပိုင်းမှ စတင်သွားမည်ဖြစ်



သွေးစစ်ဆေးမှု တစ်ခုဖြင့် လူတစ်ဦး၏ သက်တမ်းကို ဟောကိန်းထုတ်နိုင်တော့မည်ဟု သိရသည်။ အမေရိကန်ဒေါ်လာ (၇၀၀)မျှ ကုန်ကျမည့် သွေးစစ်ဆေးမှုတစ်ခုကို ဗြိတိန်တွင် ယခုနှစ် နှောင်းပိုင်းမှ စတင်သွားမည်ဖြစ်သည်။ သွေးအတွင်းရှိ ဓာတ်ပစ္စည်းများ ပြောင်းလဲမှု၊ ပျက်စီးမှုစသည့် နှုန်းထားများကို တွက်ချက်ပြီးနောက် လူတစ်ဦး ဆက်လက် အသက်ရှင်ခွင့်ရမည့် သက်တမ်းကို အနီးစပ်ဆုံး မှန်းဆပေးနိုင်မည်ဟု ပညာရှင်များကဆိုသည်။ သို့သော် မတော်တဆမှုများကဲ့သို့ အခြားသော အကြောင်းခြင်းရာများနှင့် သေဆုံးသွားနိုင်သော အခြေအနေမျိုးအတွက်မူ အကျုံးမ၀င်ချေ။ ယခုစစ်ဆေးမှုသည် အိုမင်းမှုသက်တမ်းနှင့် ဆက်စပ်နေသည့် အစီအစဉ်မကျသော ပြောင်းလဲမှုများ၊ နှလုံးနှင့် ဆက်စပ်သည့် ရောဂါများ၊ အယ်လ်ဇိုင်းမားနှင့် ကင်ဆာရောဂါများအတွက် ဟောကိန်းထုတ်ပေးနိုင်မည်ဖြစ်သည်။ ခရိုမိုဇုန်းများ သက်တမ်းတိုတောင်းမှုသည် လူတစ်ဦး၏ သက်တမ်းကိုလည်း တူညီသော သက်ရောက်မှု ဖြစ်လာစေသည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ လေ့လာမှုတွင် ပါဝင်ခဲ့သည့် စပိန်အမျိုးသား ကင်ဆာသုတေသန စင်တာမှ ဒေါက်တာမာရီယာ ဘလက်စကိုက “ခုစစ်ဆေးမှုအသစ်က အရမ်းရှင်းလင်းတိကျပါတယ်။ ကျွန်မတို့ဟာ သေးငယ်လှတဲ့ အပြောင်းအလဲလေးတွေကို တိတိကျကျ ထောက်လှမ်းပြီး လူတစ်ယောက်ရဲ့ သက်တမ်းနဲ့ တိုက်ရိုက်အချိုးကျမှုကို ဟောကိန်းထုတ်လာနိုင်မှာပါ။ ခရိုမိုဇုန်းတွေ သက်တမ်းတိုတိုနဲ့ ပျက်စီးလေ့ရှိတဲ့ လူတွေဟာ အသက်ရှည်ရှည် မနေရဘဲ ရောဂါဘယတွေ မြန်မြန်ဖြစ်ပြီး သေဆုံးရတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “လူတစ်ယောက်ရဲ့ အသက်ရှည်မှုကို မှန်းဆနိုင်တာဟာ တစ်ဖက်ကကြည့်ရင် ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲဖို့ လိုနေပြီလားဆိုတာ သိနိုင်တယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ခြင်းကြောင့် ခရိုမိုဇုန်းတွေ သက်တမ်းရှည်လာသလို ကျန်းမာပျော်ရွှင်တဲ့ ဘ၀မှာ သက်တမ်းရှည်ရှည် နေခွင့်ရဖို့ မျှော်လင့်နိုင်မှာပါ”ဟု ဟားဗက်ဆေးကျောင်းမှ ဆေးပညာ နိုဘယ်လ်ဆုရှင် တစ်ဦးဖြစ်သော ကာရိုးလ်ဂရီဒါက ထောက်ပြပြောဆိုသွားသည်။


သုက်လွှတ်စောမှု ကုသသည့် ကမ္ဘာ့ပထမဆုံးဆေး


Priligyသည် သုက်လွှတ်စောမှုကို ကုစားပေးရန် ထုတ်လုပ်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဆေးဝါးဖြစ်လာသည်။
စင်္ကာပူတွင် စတင်ဖြန့်ဝေပြီးနောက် တစ်လအကြာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အဆိုပါ ဆေးဝါးကို စတင်တင်ပို့ရောင်းချနေပြီဖြစ်သည်။ အမေရိကန် အခြေစိုက် Janssenမှ ထုတ်ဝေသော အဆိုပါ ဆေးဝါးသည် ဝယ်လိုအားမြင့်မားပြီး ဈေးကွက်အတွင်း မျက်နှာပန်းလှသည့် ဆေးတစ်ခု ဖြစ်လာသည်။ Janssenသည် Johnson & Johnson၏ ကုမ္ပဏီခွဲတစ်ခုလည်းဖြစ်သည်။
ကုမ္ပဏီက Priligyဆေးပြား မည်သည့်အရေအတွက်ထိ ရောင်းချထားကြောင်းကိုမူ အတိအလင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသည်။ ယင်းဆေးတစ်ပြားကို လိင်မဆက်ဆံမီ တစ်နာရီမှ သုံးနာရီအတွင်း သောက်ထားခြင်းဖြင့် လိင်တံထောင်မတ်မှုကို ရှိရင်းစွဲထက် အချိန် ၃ ဆမျှပိုကြာနေစေမည်ဟု သိရသည်။
သို့ သော် တစ်နေ့လျင် ဆေးတစ်ပြားထက် ပိုမသုံးရန်လည်း ကုမ္ပဏီက ညွှန်ကြားထားသည်။ ဆေးသုံးလုံးပါ အဆိုပါဆေးတစ်ထုပ်ကို စင်္ကာပူဒေါ်လာ ၈၀ မှ ၉၀ ကြားဖြင့် ရောင်းချနေရာ ဆေးတစ်လုံးလျင် စင်္ကာပူ ဒေါ်လာ ၃၀ ဝန်းကျင်မျှ ကျသင့်သည့် သဘောဖြစ်သည်။
သုက်လွှတ် စောခြင်းသည် ကာမဆက်ဆံမှုတွင် အမျိုးသားများ ကြုံရလေ့ရှိသည့် အခက်အခဲတစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလက စင်္ကာပူ အမျိုးသား ၂၄၀ ကို ကောက်ခံခဲ့သော စစ်တမ်းအရ အမျိုးသား ၃ ဦးလျင် ၁ ဦးသည် ထိုကိစ္စကြောင့် စိတ်ပျက်စရာများ ဖြစ်ရလေ့ရှိကြောင်း သိရှိခဲ့ရသည်။


Nail Abnormalities



ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများဟာ လက်ချောင်း ခြေချောင်းများ အတွက် အကာအကွယ် တစ်ခုဖြစ်သလို အလှတစ်ပါး လို့ လည်း ယူဆပြီး အလှဆင် တတ်ကြ ပါတယ် ... ကျန်းမာရေး ရှုထောင့် ဖက်မှာတော့ ရောဂါပိုး ခိုအောင်းရာ နေရာ ဖြစ်သလို အချို့ သော ရောဂါများ ရဲ့ရောဂါ လက္ခဏာ ပြသရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ... လက်သည်း ခြေသည်းများ ရဲ့ ပုံမှန် မဟုတ်တဲ့ ချို့ယွင်းချက် လက္ခဏာ များ ကို ကြည့်၍ ခန္ဓာကိုယ်တွင်း ဖြစ်နေသော ရောဂါ အကြောင်း ကို ခန့်မှန်း နိုင်ပါတယ် ... လက်သည်း ဟာ ၃လမှာ ၁ စင်တီမီတာနှုန်း ရှည်ထွက်ပြီး ခြေသည်း ကတော့ ၃ဆနှေး ပါတယ် ... ဒါ့ကြောင့် ခြေသည်း ပိုးဝင်လို့ အားလုံး ပျက်စီး သွားရင် အကောင်း ပကတိ ဖြစ်ဖို့ (၁၈)လ ကြာပါတယ် ... ခြေသည်း လက်သည်း ရှည်ထွက်နှုန်း ကိုသိထားခြင်းဖြင့် ခြေသည်း လက်သည်း ပေါ်က ချို့ယွင်းချက် တစ်ခုရဲ့ အချိန် ကာလကို ခန့်မှန်း နိုင်ပါတယ် ... အချို့ ရောဂါများ ကို မြန်မာ ဘာသာ ပြန်ဆိုရန် ခက်ခဲပေမယ့် အတတ်နိုင်ဆုံး ပြန်ဆို ထားတာ ကြောင့် ကွဲပြားမှု အနည်းငယ် ရှိပါက နားလည် ပေးစေလိုပါတယ် ...






လက်သည်းရင်းခုံးလာခြင်း(Clubbing)

လက်သည်း ရင်းခုံးခြင်း ဟာ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်းခွံ အောက်ခြေမှ တစ်ရှူးများ ထူထဲလာပြီး လက်သည်း ခွံရင်းမှ ထောင့်ချိုး ပျောက်သွားခြင်းကို ခေါ်ပါတယ် ... အလွယ်တကူ စမ်းသပ်နည်း ကတော့ (ပုံပါ အတိုင်း) လက် တစ်ဖက်စီ မှ လက်ချောင်းများအား လက်သည်းချင်း ကပ်၍ ထားပါက လက်သည်း ရင်းကြားတွင် ပုံမှန် တွေ့ရသော စိန်ပုံ သဏ္ဍန် ကွက်လပ် (diamond shape space) ပျောက်နေ ပါက လက်သည်း ရင်းခုံးခြင်း ဖြစ်ပေါ် နေပါတယ် ("Schamroth Sign") ........ ............ .......... .......... ............
လက်သည်း ရင်းခုံးခြင်း ဖြစ်ရတဲ့ အကြောင်းတွေ ကတော့
  • အသည်းခြောက် ရောဂါ(Cirrhosis of Liver)
  • အဆုတ်တွင်း ကင်ဆာ ရောဂါများ(Pulmonary malignancies)
  • အဆုတ် ပြည်တည်နာ နှင့် အဆုတ်တွင်း ပြည်ဝင် ရောဂါများ(Lung abscess & empyema)
  • ပန်းနာနှင့် အခြား နာတာရှည် အဆုတ် ပြွန်ပိတ် ရောဂါများ(COPD)
  • မွေးရာပါ နှလုံးရောဂါများ(Congenital heart diseases)
  • နှလုံး အတွင်းမြှေး ရောင်းရမ်းနာ (Endocarditis) တို့ ဖြစ်ပါတယ် ..




လက်သည်းခွက်ခြင်း(Koilonychia)
  • သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia)
  • မွေးရာပါ ဗီဇ ချို့ယွင်းမှု ကြောင့် သံဓါတ် စုပ်ယူမှု များသော ရောဂါ (Haemochromatosis)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ (Raynaud's disease)




လက်သည်း ကန့်လန့်ဖြတ် လိုင်းပေါ်ခြင်း (Beau's Lines): လက်သည်း ရှည်ထွက်ခြင်း ကို အဟန့်အတား ဖြစ်စေသော အပြင်းအထန် နေမကောင်းပါက လက်သည်းပေါ်မှာ ကန့်လန့်ဖြတ် လိုင်းပေါ် လာပါတယ် ... အောက်ပါ ရောဂါများဟာ ကန့်လန့်ဖြတ်လိုင်း ပေါ်လာ နိုင်ပါတယ်..
  • အကြီးအကျယ် ခန္ဓာကိုယ် နေမကောင်း ဖြစ်ခြင်း(Severe systemic illness)
  • လက်ဖျား ခြေဖျား သွေးလျှောက် နည်းသော ရောဂါ(Raynaud's disease)





:လက်သည်း
  • သိုင်းရွိုက် ဟော်မုန်း အထွက် လွန်ကဲသော ရောဂါ (Thyrotoxicosis)
  • ဆိုရီရေးဆစ် အရေပြား ရောဂါ (Psoriasis)
  • ထိခိုက်ဒဏ်ရာ ... တို့ကြောင့် ဖြစ်နိုင်ပါတယ်



လက်သည်း အောက်သွေး ယိုစီးကြောင်း ပေါ်ခြင်း (Splinter haemorrhage)
  • ရောဂါပိုးဝင် နှလုံး အတွင်းမြှေး ရောင်ခြင်း (Infective Endocarditis)
  • ထိခိုက် ဒဏ်ရာ ကြောင့် သွေးယိုစီးခြင်း (Minor trauma)




လက်သည်း ဖြူခြင်း (leukonychia)
  • သွေးတွင်း အယ်လ်ဗျူမင် လျော့နည်း သော ရောဂါ (Hypoalbuminaemia)
  • သာမန် ထိခိုက် ဒဏ်ရာကြောင့် လက်သည်းတွင်း လေခိုခြင်း (air trapped in nail plate) ဖြစ်နိုင် ပါတယ်
လက်သည်း ဖြူခြင်းသည် ကုသရန်၊ စိုးရိမ်ရန် မလိုသော လက္ခဏာ ဖြစ်ပါတယ်..

နှစ်ရောင်ချယ် လက်သည်း (Half and Half nails)



အခုရေးသား တင်ပြ ပေးတာ ကတော့ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်း ခြေသည်းပေါ်မှာ ထင်ဟပ် လာသော လက္ခဏာ များကိုဘဲ အဓိက ရေးသား ထားတာ ဖြစ်ပါတယ် ... အခြား လက်သည်း ခြေသည်း တိုက်ရိုက် ပိုးဝင်နာ၊ မှိုစွဲနာ များလည်း အများအပြား ရှိပါတယ် ... စာဖတ်သူများ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ ...


လှပကျန်းမာသက်ရှည်လိုသူတိုင်း ချမှတ်ထားသင့်သော သန္နိဋ္ဌာန် ကိုးရပ်

အလှအပ၊ ကျန်းမာရေးနဲ့ အသက်ရှည်ရှည် နေနိုင်ရေးတွေဟာ ဒွန်တွဲနေပါတယ်။ ဘဝမှာ လှပ ကျန်းမာပြီး အသက်ရှည်ရှည် နေရနိုင်ဖို့ ဆိုရင် မဖြစ်မနေ လိုက်နာမယ် ဆိုပြီး အောက်ပါအချက်တွေကို သန္နိဋ္ဌာန် ချမှတ်ကာ လိုက်နာပေးသင့်ပါတယ်။
၁) စားသောက်သော အတိုင်းအတာကို ထိန်းချုပ်ခြင်း
သင်ရဲ့ ကိုယ်လုံးကိုယ်ထည်ကို ကျန်းမာရေးနဲ့ အညီ ထိန်းနိုင်ဖို့ ကြိုးစားနေပါသလား။ သင်စားတဲ့ ထမင်းပန်းကန်ကို ဂရုစိုက်လိုက်ပါ။ လေ့လာမှုတွေ အရ ထမင်းပန်းကန်ကို သေးငယ်တာ ရွေးချယ်လိုက်တာက အစားအစာကို အလွန်အကျွံ မစားဖြစ်တော့တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျအောင် ကူညီနိုင်တယ်လို့ သိရပါတယ်။
၂) တက်တက်ကြွကြွ နေထိုင်ခြင်း
သဘာဝအတိုင်း သွယ်လျသူတွေရဲ့ အလေ့အထ တစ်ရပ်က တက်တက်ကြွကြွ နေထိုင်တတ်တာပါပဲ။ နေ့စဉ် မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်အောင် လုပ်ဆောင်ပါတယ်။ အဲဒီလို လေ့ကျင့်ခန်း လုပ်တာကြောင့် ရရှိလာနိုင်တဲ့ အခွင့်အရေးကတော့ အမြဲ ကျန်းမာစိုပြေနေတာပဲ ဖြစ်ပါတယ်။
၃) ဆိုဒီယမ်ကို လျှော့စားခြင်း
လေ့လာမှုများစွာအရ အမေရိကန်လူမျိုး အများစုဟာ သတ်မှတ်ထားတဲ့ ဆိုဒီယမ် ပမာဏထက် နှစ်ဆနီးပါး စားသုံးလေ့ရှိကြောင်း သိရပါတယ်။ ဆားကို တစ်နေ့မှာ လက်ဖက်စားဇွန်း တစ်ဇွန်းလောက်ပဲ စားသင့်ပေမယ့် အဲဒီထက် ပိုစားတာကြောင့် လေပွတာအပြင် သွေးတိုးလာနိုင်ပါတယ်။ ဆိုဒီယမ်နည်းတဲ့ အစားအသောက်တွေက နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေကာ သွေးဖိအားကို လျော့နည်းစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
၎) အင်တီအောက်ဆီးဒင့်ကို များများ မှီဝဲခြင်း
ခန္ဓာကိုယ်ဟာ အစာတွေကို ချေဖျက်လိုက်တဲ့အခါ ဖရီးရယ်ဒီကယ် ဆိုတဲ့ မော်လီကျူးတွေကို ထုတ်ပါတယ်။ စီးကရက်မီးခိုးနဲ့ တခြား ဓာတ်ရောင်ခြည်တွေဟာလည်း ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကို ထွက်စေပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ဖရီးရယ်ဒီကယ်တွေရဲ့ ထိခိုက်မှုကြောင့် ကူးစက်ပိုးဝင်တဲ့ အခြေအနေ၊ ကင်ဆာရောဂါ၊ ရောင်ရမ်းမှုနဲ့ နှလုံးရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်နိုင်တာကြောင့် ကျန်းမာဖို့အတွက် အင်တီအောက်ဆီးဒင့်က အရေးပါနေပါတယ်။ ပန်းသီး၊ သလဲသီး၊ ဆီး(ဇီး)သီးစတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်နေပါတယ်။
၅) ဆေးလိပ်ကို လုံးဝရှောင်ခြင်း
ဆေးလိပ်သောက်သူတွေ အနေနဲ့ ဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားရတာ ခက်ခဲပေမယ့် ဆေးလိပ်ပြတ်ရင် ရမယ့် အကျိုးကျေးဇူးတွေ ကတော့ အများကြီးပါ။
၆) သွားကြားပွတ်ကြိုးကို သုံးခြင်း
သွားနဲ့ခံတွင်း ကျန်းမာရေးကို အလေးမထားရင် သင့်ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကြောင့် ပြင်းထန် ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားကျန်းမာစေဖို့ လုပ်သင့်တဲ့ အကျင့်တစ်ခုက သွားကြားထဲက ဘက်တီးရီးယားတွေနဲ့ သွားချေးတွေ ကင်းအောင် သွားကြားပွတ်ကြိုးကို သုံးပေးတာပဲ ဖြစ်ပါတယ်။
၇) နေရောင်ကာခရမ် လိမ်းခြင်း
နေရောင်ခြည်ဒဏ်ဟာ လူတိုင်းကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားကင်ဆာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ  ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ငယ်ငယ်ကတည်းက ခံခဲ့ရတာကြောင့် အသက် ၅၀ ကျော်လာတဲ့အခါမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများလာကြောင်း သိရပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အညိုရောင် အစက်အပြောက်တွေကို ဖြစ်စေပြီး ပါးရေတွန့်တာ၊ အရေးကြောင်းထင်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးအုံ့နေတဲ့ နေ့ရက်တွေမှာတောင် နေရောင်ကာ ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။
၈) သန်စွမ်းအောင် လေ့ကျင့်ခြင်း
တစ်နေ့တည်းမှာ ၁၀ မိနစ်လောက် အလေးမတာလို သန်စွမ်းအောင် လေ့ကျင့်ခန်း လုပ်တာက စွမ်းအင်တိုးစေပြီး အရိုးတွေ သန်စွမ်းကာ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ အလေးမ,မနိုင်ရင်လည်း ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်ရင် အဆင်ပြေပါတယ်။
၉) ကိုယ့်ကိုယ်ကိုယ် အကောင်းကိုသာ မျှော်လင့်ခြင်း
မိမိကိုယ်ကိုယ် အကောင်းတွေကိုပဲ မျှော်လင့်ထားတာဟာ စိတ်ရော ကိုယ်ကိုပါ ကျန်းမာအောင် အထောက်အပံ့ ပေးနေပါတယ်။ ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေ ကြုံတွေ့နေရရင် တရားထိုင်ပြီး စိတ်တည်ငြိမ် အေးချမ်းအောင် ကြိုးစားသင့်ပါတယ်။    
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)      


ကျန်းမာရေးနှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ယုံတမ်းစကားတချို့

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်
ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။

၂။ လက်ဆစ်ချိုးခြင်းဟာ အဆစ်ရောင်ရမ်းနာ ဖြစ်စေနိုင်တယ်
လက်အဆစ်ချိုးခြင်းဟာ စိတ်အနှာက်အယှက်ဖြစ်စေရုံမျှမက လက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ရမ်းနာ (arthritis) ကိုတော့ မဖြစ်စေနိုင်ပါဘူး။ လေ့လာချက်တွေအရ လက်ဆစ်ချိုးလေ့ရှိသူတွေဟာ မရှိသူတွေထက်စာရင် အဆစ်ရောင်ရမ်းနာ ပိုဖြစ်တာကိုမတွေ့ရပါဘူး။ ဒါပေမဲ့ လက်ဆစ်ချိုးခြင်းဟာ လက်တွေကို ရောင်စေနိုင်သလို လက်ရဲ့ ဆုပ်ကိုင်မှုအားကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၃။ မျိုချမိတဲ့ပီကေ အစာကျေဖို့ ခုနစ်နှစ်တောင်ကြာတယ်
ဒါဟာလည်း ယုံတမ်းစကားသက်သက်ပါပဲ။ ပီကေကို ယောင်ပြီးမျိုချမိတဲ့အခါ အဲဒီပီကေကို အစာချေဖျက်ဖို့ ခုနစ်နှစ်မကြာပါဘူး။ သေးငယ်တဲ့ အရာတစ်ခုစာ သင့် အစာခြေလမ်းကြောင်းတစ်လျှေက် တရွေ့ရွ့နဲ့ ပုံမှန်သွားနေမှာပါ။

၎။ မျက်နှာမသစ်ခြင်းနဲ့ အစာတချို့ စားသုံးခြင်းဟာ ဝက်ခြံပေါက်စေနိုင်ပါတယ်
သင်ဘာစားသလဲ၊ မျက်နှာကို ဘယ်လောက်ကြာမှ တစ်ခါသစ်သလဲဆိုတာနဲ့ မျက်နှာပေါ်မှာ အဖုအပိမ့်နဲ့ ဝက်ခြံတွေပေါက်တာ ဆိုင်တယ်လို့ အများစုက ထင်ထားကြပါတယ်။ တကယ်တော့ ဝက်ခြံဟာ ဟော်မုန်းထွက်ရှိမှုနဲ့ အဆီဂလင်းတွေပေါ် ဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ထွက်ရှိတာပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှာ ဒီဖြစ်စဉ်ဟာ မြင့်တတ်တဲ့အတွက် ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေမှာ ဝက်ခြံတွေ အထွက်များတာဖြစ်ပါတယ်။ စားတဲ့အစာနဲ့ ဝက်ခြံထွက်ရှိမှု ဘာမှသိပ်မဆိုင်ဘူးဆိုပေမဲ့ တချို့ အစာတွေကြောင့် သင့်မှာ ဝက်ခြံထွက်တယ်လို့ ယူဆပါက အဲဒီအစာတွေကို ရှောင်ရှားခြင်းဖြင့် အန္တရာယ်မရှိနိုင်တဲ့အတွက် ရှောင်လိုကရှောင်နိုင်ပါတယ်။ မျက်နှာအသစ်နည်းခြင်းကြောင့် ဝက်ခြံထွက်ရှိတာ မဟုတ်တဲ့ အပြင် မျက်နှာ မကြာခဏသစ်လွန်းနေရင်တောင် ဝက်ခြံပိုထွက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါ ပြောင်ရှင်းသွားကာ မျက်နှာပေါ်ရှိ သဘာဝအဆီတွေကို အစားထိုးဖို့အတွက် ခန္ဓာကိုယ်မှ အဆီပိုထုတ်ရတဲ့အတွက် ဖြစ်ပါတယ်။

၅။ နှာချေလိုက်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်တယ်
နောက်ထပ် ကြားဖူးနားဝရှိတာကတော့ နှာချေလိုက်တဲ့အခါ နှလုံးအခုန် တစ်ချက်ရပ်သွားတယ် ဆိုတာပါဘဲ။ ဒါလည်းအဓိပ္ပါယ်မရှိပါဘူး။ နှာချေလိုက်တဲ့အခါ ရင်ခေါင်းထဲဖြစ်ပေါ်လာတဲ့ ဖိအားဟာ အသက်ရှုသွင်းစဉ် မြင့်တတ်သွားကာ အသက်ရှုထုတ်စဉ် လျော့နည်းသွားတဲ့အတွက် နှလုံးခုန်နှုန်း အနည်းငယ် ပြောင်းသွားပေမဲ့ လုံးဝနှလုံးခုန် ရပ်သွားတာတော့ မဟုတ်ပါဘူး။

၆။ ကြို့ထိုးတာ ပျောက်အောင်ကုသနိုင်တယ်
ဘာကြောင့် ကြို့ထိုးသလဲဆိုတာ ဘယ်သူမှ သေချာမသိပေမဲ့ တချို့ အစားအသောက်နဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ဝမ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေဟာ အလိုလိုနေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်ပါတယ်။ လူအများစုဟာ ကြို့ထိုးပျောက်အောင် နှာခေါင်းပိတ်ကာ ရေမော့သောက်ခြင်း၊ ကြောက်လန့်အောင် ခြောက်လန့်ခြင်းစတဲ့ နှစ်သက်ရာနည်းလမ်းတွေကို အသုံးပြုတတ်ကြပေမဲ့ တကယ်တမ်းကျတော့ ကြို့ထိုးခြင်းကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ နာရီနဲ့ ချိန်ပြီးကြာတဲ့ ကာလရှည်ကြို့ထိုးခြင်းအတွက် ဆေးတွေရှိပေမဲ့ အကျိုးအာနိသင်စွမ်း မစွမ်းငြင်းခုံနေကြဆဲပါပဲ။ ပုံမှန်ကြို့ထိုးခြင်းဟာ လုံးဝအန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် အလိုလို ပျောက်သွားတတ်ပါတယ်။

၇။ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိ
ဒီစကား ဘယ်ကနေပေါ်လာမှန်းမသိပေမဲ့ ကျွန်မတို့လူသားတွေဟာ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို အသုံးပြုလေ့ရှိပါတယ်။ လေ့လာချက်အရ အိပ်ပျော်နေစဉ်မှာတောင် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေတာ တွေ့ရပါတယ်။

၈။ မနက်စာမစားလို့ရတယ် မဟုတ်ပါဘူး။
မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာပါ။ လေ့လာချက်တွေအရ မနက်ပိုင်းမှာ အစာတစ်ခုခုစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပြီး မနက်စာမစားပါက နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာမစားခြင်းဖြင့် ဇိဝရုပ်ဖြစ်ပျက်မှုနှုန်းကိုလည်း နှေးကွေးစေကာ သရေစာတွေ စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ ဗိုက်ကိုကြည့်ပြီး ရင်သွေးလေးရဲ့ လိင်အမျိုးအစားခန့်မှန်းနိုင်
ကိုယ်ဝန်ဗိုက်ပေါ်ကို ဖောင်းပြီးချွန်ထွက်နေရင် မွေးလာမယ့်ရင်သွေးလေးက သားသားလေး၊ ဝမ်းဗိုက်ကလုံးနေရင် မီးမီးလေးလို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်အနေအထားကို ကြည့်ပြီး မွေးလာမယ့်ရင်သွေးလေးကို ခန့်မှန်းလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ပုံစံနဲ့ ရင်သွေးရဲ့ လိင်အမျိုးအစား ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ Ultrasound ရိုက်ကြည့်မှသာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။

Posted by လင်းလက်ကြယ်စင်

Influenza (Flu) ...(တုပ်ကွေးဖျားနာ ဖြစ်ပြီဆိုရင်)

ရာသီ အကူးအပြောင်း လေးတွေနဲ့ ကြုံတဲ့အခါ အသက်အရွယ်မရွေး တုပ်ကွေးဖျားနာ ဆိုတဲ့ (Flu ) ကိုဖြစ်ဖူး တတ်ကြပါတယ်။ အေးတဲ့ရာသီဥတုမှာ သာမန်အအေးမိပြီး နှာစေးချောင်းဆိုး ဖြစ်ရာ ကနေ တုပ်ကွေးကို ဆက်ဖြစ်တတ်ကြပါတယ်။

တုပ်ကွေးဆိုတဲ့ Flu ဟာ Influenza virus & Parainfluenza virus ပိုးတွေကြောင့် ဖြစ်ပွားရခြင်း ပါ။၎င်း ဗိုင်းရပ်စ်ပိုးဟာ လူတယောက်နဲ့ တယောက်ကို အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက် စေပါတယ်။

Flu ဖြစ်ပြီဆိုရင်
• အဖျားကြီးပြီး ကိုယ်ပူမယ်။
• တကိုယ်လုံး ညောင်းညာကိုက်ခဲနေမယ်။
• သလိပ်မထွက်ဘဲ ချောင်း အခြောက်ဆိုးမယ်။
• နှာချေမယ်၊ နှာရည်ယိုမယ်။
• ချမ်းတုန်တာဖြစ်မယ်။
• လည်ပင်းနာမယ်။ အစရှိတာလေးတွေကို ခံစားရတတ်ပါတယ်။

ဘယ်လိုသက်သာ အောင်လုပ်ရမလဲ

တုပ်ကွေးဟာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားတာဖြစ်တဲ့ အတွက် ဘက်တီးရီးယား ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးများက တုပ်ကွေးဗိုင်းရပ်စ်ကို မနှိမ်နင်း နိုင်ပါဘူး။ သို့ပေမယ့် ခံစားရတဲ့ ဝေဒနာ သက်သာအောင် အခြားအကူဆေးများကို မှီဝဲနိုင်ပါတယ်။ အကိုက် အခဲကိုလဲ သက်သာစေပြီး အဖျားကိုပါကျစေတဲ့ analgesics အုပ်စုဝင် ဆေးများနှင့် ချောင်းဆိုး ပျောက်ဆေး အချို့ကို ဆေးညွှန်းနဲ့ အညီမှီဝဲနိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားက အဓိကပါ။ ကိုယ်ခံအား ကောင်းမှသာ ဗိုင်းရပ်စ်ကို မြန်မြန်တိုက်ထုတ် နိုင်မှာပါ။

မြန်မြန်ပျောက်အောင် ဒါလေးတွေ လုပ်ကြည့်မယ်

(၁) အိမ်မှာ ပြည့်ပြည့်၀၀ အနားယူပါ။ Flu ဗိုင်းရပ်စ်ဟာ လူတယောက်နဲ့ တယောက် ကူးလွယ်
တာမို့ အိမ်မှာ အနားယူခြင်းက ကိုယ့်အတွက် ကိုယ်ခံအားလဲ ကောင်းစေသလို သူတပါး ကိုလဲ ထပ်မပြန့်ပွားစေတာမို့ ဖြစ်နိုင်လျင် အိမ်မှာ အနားယူပေးပါ။

(၂) အရည်များများ သောက်ပေးပါ။ ရေ၊ အသီးဖျော်ရည် နှင့် စွပ်ပြုတ်တခုခုကို မကြာခဏ သောက်ပေးပါ။ အရည်များက ချွဲကိုပျော်စေတဲ့အပြင် သင်ဖျားနေတဲ့အခါ ကိုယ်တွင်း ရေဓါတ် ခန်းခြောက်တတ် စေတာမို့ ဖြစ်နိုင်လျင် အရည်များများ သောက်ပေးဖို့ လိုပါတယ်။

(၃) လည်ပင်းနာ သက်သာအောင် ရေနွေးနွေးထဲမှာ ဆားအနည်းငယ်ထဲ့ပြီး ဆားရေငုံခြင်း ( Gargle) ကို တနေ့ ၂ ကြိမ်ထက်မနည်း လုပ်ပေးနိုင်ပါတယ်။ လည်ပင်းနာပျောက်အောင် ငုံဆေးပြားများ ( Lozenges) များကိုလဲ ငုံပေးနိုင်ပါတယ်။

(၄) တုပ်ကွေးကြောင့် ချောင်းဆိုးနေချိန်မှာ ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ရှိတဲ့ ပတ်ဝန်းကျင်ကို ကြိုးစားပြီး ရှောင်ပေးပါ။ ဗိုင်းရပ်စ်ပိုး ကြောင့် လည်ချောင်းယားယံပြီး ချောင်းဆိုးနေ ချိန်မှာ ဆေးလိပ်ငွေ့တွေက သင့်ကို ချောင်းပိုဆိုးစေပါလိမ့်မယ်။

(၅) အချမ်းပြေအောင် ဆိုပြီး အရက်သောက်ဖို့လဲ မစဉ်းစားစေချင်ပါဘူး။ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကိုယ်ခံအား ကောင်းဖို့လိုနေချိန်မှာ အရက်ကြောင့် ရောဂါနောက်တမျိုး မတိုးပါစေနဲ့။

ဘယ်အချိန်မှာ အရေးကြီးပြီလဲ

တုပ်ကွေးဟာ အချိန်ကာလ သိပ်မကြာဘဲ ပြန်လည်ပျောက်ကင်း သွားတတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ အနေနဲ့ ဒါလေးတွေ ဖြစ်ပြီဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့ ကုသမှု အသေအချာ ခံယူပါ။

• ကိုယ်အပူချိန်သည် 102 ဒီဂရီဖာရင်ဟိုက် ထက်များလာခြင်းနှင့် ၁၀ ရက်ထက် ပိုကြာပြီး အဖျား ရက်ရှည်လာခြင်း

• အသက်ရှုမ၀ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ကလေး များတွင် အသက်ရှုမြန်လာခြင်း၊ အသက်ရှုရာတွင် တရွှီးရွှီးမြည်လာခြင်း၊

• ရင်ဘတ်အောင့်ခြင်း နှင့် အရမ်း အော့အန်ခြင်း

• ကလေး ငယ်များတွင် အစားလဲ မ၀င်တော့ဘဲ ကလေး သည် အရမ်းမှိန်းလာခြင်း

• သတိလစ်ပြီး တက် ချင်သလိုဖြစ်လာခြင်း ၊ စတာလေးတွေ ဖြစ်ပြီ ဆိုရင်တော့ ကုသမှု ခံယူဖို့ အရေးကြီးပါပြီ။

ကာကွယ်ဆေးလဲ ထိုးထားနိုင်တယ်

တုပ်ကွေးရောဂါကို တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးပြီးလဲ ကာကွယ်နိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူများ ၊ ဆီးချိုရောဂါ ရှိသူများ၊ အသည်းရောဂါရှိသူများ စသူတို့၊ နာတာရှည် ကျန်းမာရေး ပြသာနာ ရှိသူများနှင့် ကိုယ်ခံအားကျဆင်း နေသူများတို့မှာ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ရန် ကာကွယ်ဆေးကို မှန်မှန် ထိုးထားသင့်ပါတယ်။

အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ပြီး ဒီဇင်ဘာဆောင်းမှာ ကျန်းကျန်း မာမာနဲ့ ပျော်ရွှင်နိုင်ကျပါစေနော်။

Ref: Public Health

ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ
 
၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေတဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၂) ကျောရိုး၏ ကွေးညွတ်မှု
ှုကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေအောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ နာကျင်စေနိုင်ပါတယ်။

၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား

မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက်ကို ရောက်ပြီး တင်းမထားရပါဘူး။ ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက် နှစ်ဖက်စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။

၎) နံရံကပ်ကာ စစ်ဆေးနည်း

မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့ နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့ အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်းလျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။

၅) မှန်ကန်သော ထိုင်နည်း အနေအထား  

ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊ မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့်သက်သာနဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။

၆) ပခုံး၏ မှန်ကန်သော အနေအထား

ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ မဖြစ်ပါစေနဲ့။

၇) တုံ့ပြန်မှုကို စစ်ဆေးပါ

သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင် မှန်ရှေ့မှာ မတ်မတ်ရပ်ပြီး သင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။

၈) အကျိုးကျေးဇူး

မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်းနေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

ကြယ်စင်



နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ

(၁) သင့်ရဲ့နှလုံးဟာ အံ့သြဖွယ် စွမ်းအားရုံ Power house တစ်ခု ဖြစ်ပါတယ်။ တစ်မိနစ်မှာ သွေးပမာဏ (၅)ဂါလန်၊ (၆)ဂါလန်ခန့်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ညှစ်ထုတ်ပေးနေပါတယ်။

(၂) သွေးကြောနံရံများမှာ ကော်လက်စထရော၊ အဆီဓာတ်တွေ၊ ထုံးဓာတ် (Calcium) တွေစုပုံပြီး အဖတ်တွေ ဖြစ်လာရင် နှလုံးသွေးကြောကျဉ်းရောဂါ စဖြစ်လာတော့တာပါပဲ။

(၃) နှလုံးကိုထောက်ပံ့တဲ့ သွေးကြောတွေမှာ ဖြစ်ပေါ်လာပြီး သွေးကြောပိတ်ဆို့မှု ဖြစ်လာရင်၊ Heart attack လို့ခေါ်တဲ့ နှလုံးနံရံ ပုပ်သွားတာ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။

(၄) နှလုံးသွေးကြောကျဉ်းရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ ယောက်ျား/မိန်းမ သေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

(၅) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပေါ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်း ကော်လက်စထရော အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါရှိခြင်း နဲ့ အ၀လွန်ခြင်း တို့ ဖြစ်ပါတယ်။

(၆) နောက်ထပ် အကြောင်းအချက်တွေကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း (ဥပမာ- အဆီဓာတ်၊ အငန်ဓာတ် များတဲ့ အစာတွေ)၊ စိတ်ဖိစီးမှု များခြင်း နဲ့ ကိုယ်ရည်ကိုယ်သွေး ပုံစံ (အေ) ရှိခြင်း (စိတ်လှုပ်ရှား တက်ကြွမှု များတာ) တို့ ဖြစ်ပါတယ်။

(၇) နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ကြောက်စရာကောင်းတဲ့ အချက်တစ်ခုကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်ပါတယ်။

(၈) နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတွေကတော့ ရင်ဘတ်အလယ်တည့်တည့်မှ အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မေးရိုး နာကျင်ခြင်း၊ နောက်ကြောအောင့်ခြင်း နဲ့ နှလုံးတုန်ခြင်း တို့ ဖြစ်ပါတယ်။

(၉) တစ်ခြား လက္ခ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...