Saturday, June 4, 2011

အကြွင်း

by De Nay on Saturday, June 4, 2011 at 8:33pm
ဖြစ်နိုင်ရင်တော့
ကောင်းကင်တစ်ခုစာ ရိတ်သိမ်းချင်တာပေါ့
ဒါပေမယ့်
ဘယ်သူက သီး ပွင့် ပေးပါ့မလဲ
မျှော်လင့်ခွင့်ကို လွှတ်ချလိုက်ရတယ်။

သစ္စာကို တစ်ခက်ထဲ ပွင့်ခဲ့သူပါ
ကဗျာတွေထဲမှာပဲ ချစ်ရဲခဲ့သူ
အဲဒီလိုလူ……………လူမိုက်။


နွေဆန်လိုက် ဆောင်းဆန်လိုက် အတွေးတွေကိုလည်း
အေးချမ်းစွာရုတ်သိမ်း ပေးလိုက်ပါတယ်
နောက်ဘ၀မှာ
လက်ဦးတွေ.ခွင့်ကိုသာ ပေးသနားပါ။

နှလုံးသားကို တိတ်တိတ် ပြန်ထုတ်ကြည့်တော့
“ သေရာပါ အကြည့်လေး ”
အဲဒါပဲ ကျန်တယ်။ ။
" အကြွင်း "

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...