Friday, June 10, 2011

သမိုင်းထဲက ဗမာ ၆+၇+၈+၉+၁၀

by De Nay on Friday, June 10, 2011 at 1:36am
 
 အပိုင်း (၆)
အုတ်ကျစ်ကျော်အေးမန္တလေးနှင့်သိမှတ်စရာအချက်များ
  • ၁၈၅၃ စက်တင်ဘာလ (၁၁) ရက်နေ့ – အမရပူရ မင်းနေပြည်တော်မှ မပြောင်းသင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေး ဆုံးဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေးသွင်းပါတယ်။
  • ၁၈၅၆ အောက်တိုဘာ (၃၀) ရက်နေ့ - မြို့သစ် တည်မဲ့နေရာကို မင်းကိုယ်တိုင် သွားရောက် ကြည့်ရှုပါတယ်။
  • ၁၈၅၆ အောက်တိုဘာ (၃၁) ရက်နေ့ - မြို့ သစ်နေရာရဲ့ အသေးစိတ် town plan ကို ရေးသား တင်သွင်း စေပါတယ်။
  • ၁၈၅၇ ဇန်န၀ါရီ (၁၃) ရက်နေ့ - မန္တလေးမြို့တော်သစ် တည်စေ- အမိန့်တော်ကို ချမှတ်ပါတယ်။
  • ၁၈၅၇ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ ၁၈၅၉ ဇူလိုင်လ (၁၆) ရက်နေ့ ထိ- မြို့ တော်သစ်တည်ဆောက်ရန်ပြင်ဆင်မှုများ ဆောင်ရွက်ပါတယ်။
  • ၁၈၅၉ ဧပြီ (၂ဂ) ရက်နေ့ - မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တန်ခူးလပြည့်ကျော် (၁၀) ရက်နေ့ မှာ မန္တလေး ရတနာပုဏ် မြို့တော်သစ်ကို တည်ဆောက်ပြီးစီးလို့ အုတ်ကျစ်ကျော်အေး မန္တလေးလို့ မှတ်သားရ လွယ်အောင် ကင်ပွန်း တပ်ခဲ့ပါတယ်။


ဒီလောက် ရဟန်းရှင်လူ ပြည်သူအပေါင်း ကန့်ကွက် နေကြတဲ့အထဲက ဘာပြု လို့များ မြို့တော်သစ်ကို ဒီလောက် တည်ချင် ရတာလဲ? အကြောင်းရင်း အတိအကျကို သိချင်ရင်တော့ မင်းတုန်းမင်းကို သူရှိတဲ့နေရာ လိုက်မေးမှပဲ သိလိမ့်မယ်။ ဖြစ်နိုင်ဖွယ်များကို သုံးသပ်ကြရာမှာတော့-
  1. ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို နေပြည်တော် ဖြစ်တဲ့ အမရပူရကနေ ခံတိုက်ပြီး ရှုံးနိမ့် ခဲ့တယ်။
  2. စစ်ရှုံးတဲ့ပုဂံမင်း နန်းကျပြီး ဘုရင်သစ် အဖြစ် မင်းတုန်းမင်း နန်းတက် ခဲ့တယ်။ (အမှန်တော့ နန်းကျတာက စစ်ရှုံးတာနဲ့ သိပ်မဆိုင်ပါ။ စစ်ရှုံးပြီး ဂယောက်ဂယက် ဖြစ်နေတာကို အခွင့်ကောင်း ယူပြီး ပုန်ကန် ထောင်လွှားနိုင်လို့ မင်းတုန်းက နန်းရ တာ ဖြစ်တယ်)
  3. အသစ်တက်တဲ့ မင်းဟာ စစ်ရှုံးထားလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အသရေညှိုးနေတဲ့ နေပြည်တော်မှာ ဘယ်နေချင် ပါ့မလဲ။
  4. အလောင်းဘုရား လက်ထက်ကစလို့ ဘုရင်တစ်ပါး နန်းတက်တိုင်း မြို့သစ်တည် နန်းမြို့ပြောင်းတဲ့ အစဉ်အလာကြီးက လည်း ရှိခဲ့တယ်။ (ရွှေဘို၊ အင်းဝ၊ အမရပူရ လှည့်ပါတ် ပြောင်းနေကြတယ်)
  5. သာသနာတော်ဟာ ပု၊ ပ၊ စ၊ ဝ၊ မ၊ တ၊ က၊ က၊ င ဆိုတဲ့ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ တကောင်း၊ ကောင်းတုံ၊ ကောင်းစင်၊ ငဆောင်ချမ်း စသည်ဖြင့် ဧရာဝတီ မြစ်ရိုး တလျှောက် မြောက်ကနေ တောင်ကို တဖြည်းဖြည်း ရွှေ့ပြီး ကိုးနေရာ ထွန်းကားမယ် ဆိုတဲ့ ရှေးသိုက်စာ အရ အင်းဝ ပြီးရင် မန္တလေးပဲ ဆိုပြီး မန္တလေးရူး,ရူးနေတဲ့ ရောဂါ ကုန်းဘောင်နှောင်းဆက် ဘုရင်တွေ ဆီမှာ ရှိတယ်။ ဘိုးတော်ဘုရား ခေါ် ဘုရင်ဦးဝိုင်း ကလည်း အမရပူရ မြို့သစ်ကို တည်ပြီး အဲဒါမန္တလေး ဆိုပြီး လုပ်ခဲ့တာပဲ။ မင်းတုန်းက သူ့လက်ထက်မှာ ဘုန်းလက်ရုံး ပြချင်တော့ အမရပူရနဲ့ မနီးမဝေး တောင်ပူစာနဲ့ မြစ်ချောင်း အင်း အိုင် ပေါပြီး စိမ်းလန်း စိုပြေတဲ့ နေရာကို ထပ်ပြီးမန္တလေး လုပ်ချင်တဲ့ သဘောနဲ့ မရ,ရအောင် တည်တယ်။
  6. သာသနာ ၂၄၀၀ ရောက်ရင် (၁၂၁၈ ခုနှစ် သို့ မဟုတ် ခရစ်နှစ် ၁၈၅၆) အင်္ဂါနံ မင်းက မြို့သစ် တည်မယ်။ ဒီအခါ သာသနာတော်ဟာ မကြုံစဖူး ထူးကဲစွာ စည်ပင် ပြန့်ပွားပြီး မင်းဆက် ၄၇ ဆက် ကြာအောင် မြို့သက် ရှည်မယ် ဆိုတဲ့ တဘောင် ပေါ်ပေါက် လာတယ်။ (တကယ်တော့ တဘောင်ဆိုတာ တက်လာတဲ့ မင်းအပေါ် မူတည်ပြီး အခြေအနေကြည့် မြှောက်ပင့် ရေးထားတဲ့ ဘုန်းတော်ဖွဲ့ စာတစ်မျိုး မဟုတ်လား)၊ ဒီတဘောင်ကြောင့် သူ နန်းစတက်တဲ့ ၁၈၅၃ ခုနှစ်က စလို့ မြို့သစ် တည်ချင်လွန်းလို့ မင်းတုန်းဟာ ထွန့်ထွန့် လူးနေပါတယ်။

ဒီလို မြို့သစ်တည်တဲ့ မင်းအပေါ် ပြည်သူလူထုက ဘယ်လို မြင်ကြသလဲ? လူသိများတဲ့ ပါးစပ်ရာဇ၀င် တစ်ခုကို ကြည့်တဲ့အခါ- မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား မျက်နှာတော်ဖွင့်ပွဲကို ၁၈၆၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ကျင်းပတော့ ဇာတ်ပွဲတွေ အများကြီးနဲ့ အကြီးအကျယ် ၀ှဲချီးကျင်းပ ဆိုပဲ။ ဘုရားပွဲကို လူတစ်ယောက် လှည်းနဲ့ ပွဲလာကြည့်တုန်း အိမ်ရှေ့စံ ကနောင်က သာမာန်အဝတ်နဲ့ ထွက်လာပြီး လှည်းကြုံ လိုက်စီး သတဲ့။ လှည်းပေါ် ရောက်တော့ “ဘယ်နှယ့်၊ ဘကြီး၊ ပျော် ရဲ့လား” လို့ စကား စသတဲ့။ “ပျော်သယ်လို့ ဘယ်ဟုတ် ပါ့မလဲကွယ်၊ ပွဲ ဆိုတော့လည်း ကြည့်ချင် သာပ၊ မြို့ဆောက်ရ၊ ကျုံးတူးရ၊ မြေသယ်ရ၊ မြောင်းသွယ်ရ၊ ကျောက်သယ်ရနဲ့ ငတို့မှာ နားရတယ် မရှိပါဘူး” လို့ ပြန်ဖြေတော့ “ဒီမင်းက မြို့သစ် တည်ချင်လို့ ပါဗျ။ နောက်မင်း လာရင် သက်သာ မှာပါ” (နောက်မင်းက သူလေ) လို့ ကနောင်က ဆွယ်ပြောလေး ပြောတဲ့အခါ လှည်းဆရာကြီးက ဒေါထပြီး “မထင်ပါနဲ့ မောင်ရယ်၊ ဒီခွေးမျိုးတွေ ဒီလိုပဲ နေမှာပဲ” လို့ တုတ်လိုက်သတဲ့။ တကယ်မဟုတ်ပဲ ပါးစပ်ပြော ဆိုဦးတော့၊ အဲဒီခေတ် လူတွေရဲ့ ဒုက္ခကြောင့် ငြည်းတွားရာက ပေါ်ပေါက်ခဲ့တဲ့ ပဲ့တင်သံလို့ ယူဆ နိုင်ပါတယ်။
ဘုရင်ကို ဒီလိုပြောတာကို ဘုရင်ဖြစ်တော့မယ့် ကနောင်က အပြုံးမပျက် ခံခဲ့တာ ကတော့ အံ့သြစရာ ———
ကိုးကား
  1. သန်းထွန်း၊ ဒေါက်တာ၊ ပါးစပ်ရာဇ၀င်
  2. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့်ရာဇ၀င်
  3. သိန်း၊ ဆရာ၊ မှော်ဘီ၊ အရူးလွယ်အိတ်
အပိုင်း (၇)
ဒို့ဗမာ ရွှေနှုတ်တော်ထွက်နိုင်ငံခြားသားအမည်များ
  1. Father Paulo Abbona- ဒေါင်ပေါက်လူ ဘုရင်ဂျီဘုန်းကြီး၊ မင်းတုန်းမင်းလက်ထက်ခရစ်ယာန်သာသနာပြု
  2. Father Domingo Tarolly- ဒေါင်ဒမိန်ကူ ဘုရင်ဂျီဘုန်းကြီး
  3. John Laird Mair Lawrence- ဇံလယ်မင်းလာရင်း အိန္ဒိယဘုရင်ခံချုပ်

  1. Thomas Spear- သာမစပြစ်ရာ အင်္ဂလိပ်ကုန်သည်
  2. Major Arthur Purnes Phayre- မေဇာအာရတာပါရ၀ီဘွေရာ အင်္ဂလိပ်အရေးပိုင်
  3. Edward- ဧတွက်
  4. Marquislord Dalhousie- မာရ်ကွီသလပ်ဒါလဦးသီး အိန္ဒိယဘုရင်ခံချုပ်
  5. Russia- ရွတ် နိုင်ငံ
  6. Turkey- ရွံ နိုင်ငံ
  7. Capt. Newmarch- ညိုမတ်၊ ယန္တယားစက်ဗိုလ်
  8. Lt. Rolland- လက်တင်လှော်တံ
  9. Capt. Young Husband- ဗိုလ်ရောင်အစပင်၊ ဂေါ်ရာဗိုလ်
  10. Dr. Douglas- ဒါကလာ ဆရာဝန်
  11. Rev. H.W. Clofton- ကလော်တင်၊ အင်္ဂလိပ်ကျမ်းစာဆရာ
  12. Horace Albert Brown- သရက်ပြောင်း၊ သရက်အရေးပိုင်အင်္ဂလိပ်
  13. David Brown- တနင်္သာရီပြောင်း၊ တနင်္သာရီအရေးပိုင်
  14. Major Henry Burney- မယ်ဇယ်ဘော်ရနီ
  15. Richard Southwall Bourke Mayo- ရစ်ချတ်ဆေစံစ၀ယ် အလယ်မေးရိုး စိုင်ကောင်းမေးရိုးအာရုံနတ်၊ အိန္ဒိယဘုရင်ခံချုပ်၊ ၁၈၇၂ ခုနှစ်ဖေဖေါ်ဝါရီ (ဂ) ရက်မှာအကျဉ်းသားတစ်ယောက်သတ်လို့ အက်ဒမန်ကျွန်းမှာသေတယ်၊ ၀မ်းသာတဲ့ကဗျာရေးလို့ အချုပ်တန်းဆရာဖေအချုပ်ခံရတယ်။
  16. Lord Napier of Merchistoun- မာယာချစ်စတုံးအာရုံနီပြီရာ၊ အိန္ဒိယဘုရင်ခံချုပ်၊ အထက်ကမေးရိုးရဲ့ နေရာဆက် ခံသူ
  17. William Ewart Gladstone- ၀ီလျှံစူဝက်ဂါလက်စတုံ၊ အင်္ဂလိပ်နန်းရင်းဝန်
  18. Andrino- အိန္ဒြိနော၊ အီတာလျှံကိုယ်စားလှယ်
  19. Albert Racchia- အာရတိုက်ရိုက်ကျား၊ မင်းတုန်းမင်းထံ ၁၈၇၂ မှာအခစားဝင်တဲ့အီတာလျှံသံအရာရှိ
ကိုးကား
  1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့်ရာဇ၀င်
အပိုင်း (၈)
အင်ကြင်း ကြာအုံ ရတနာပုံဏ် ၏ အရေးကြီး ရက်စွဲများ သမိုင်း
  • ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
  • ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
  • ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
  • ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်
  •  
  • ၁၈၅၇ ဖေဖေါ်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆- မြို့ တော်သစ် တည်ဆောက် ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့  မြို့သစ် တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီ နှစ်ပိုင်း တွေကို အင်္ဂါသားတွေ ကပ်ဆိုက် တဲ့နှစ် တွေလို့ ခေါ်ခဲ့ ကြတယ်။
  • ၁၈၅၉ ဧပြီ ၂၈- ရတနာပုဏ် မန္တလေး နေပြည်တော် ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူး လပြည့် ကျော် ၁၀ ရက်- အုတ်ကျစ် ကျော်အေး မန္တလေး
  • ၁၈၆၁ ဧပြီ ၈- မီးလောင် (၁) မှန်နန်း တော်ကြမ်း ကိုဆေးလိပ် မီးက စပြီးလောင် လို့ မင်းတုန်း မင်း ယာယီ စံနန်း ပြောင်း၊ ၁၈၆၁ အောက်တိုဘာ ၄ မှ ရွှေနန်း တော်ပြန်တက်။
  • ၁၈၆၁ ဇူလိုင် ၃၁- မီးလောင် (၂) တရုတ်တန်း ငရွှေလှ အိမ်မှ စတင် လောင်ကျွမ်း
  • ၁၈၆၃ မတ် ၂၃- မန္တလေး တောင်အနီး မှာနန်းမြေ ဘုံသာ အမည်နဲ့ စံနန်း တစ်ဆောင် ဆောက်ပြီး မင်းတုန်း မင်းထွက် နေပြန်တယ်။ မီးသင့် မှာကြောက် နေပုံ ရတယ်။
  • ၁၈၆၄ စက်တင်ဘာ ၆- ဟာလေ ဒီဘိုလုပ် ကုမ္ပဏီ ကစကြာ ယာဉ်မွန် မီးသင်္ဘော ဆက်သ။
  • ၁၈၆၅ နိုဝင်ဘာ ၁၁- အသစ် တည်ပြီးတဲ့ဒင်္ဂါး စက်က ဒေါင်းဒင်္ဂါး စတင် သွန်းလုပ်
  • ၁၈၆၆ ဧပြီ ၁၅- မီးလောင် (၃)- အနောက် ပြင်ကစ။
  • ၁၈၆၆ ဇူလိုင် ၃၁- မီးလောင် (၄)- မြို့ တော် အရှေ့ မြောက် တွင်မိုးကြိုး လောင်မီး ကျခြင်း။
  • ၁၈၆၆ သြဂုတ် ၂- မြင်းကွန်း၊ မြင်းခုံတိုင် အရေး တော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင် မင်းသားကြီး သေဆုံး။
  • ၁၈၆၇ ဧပြီ ၂၃- မီးလောင် (၅)- စွယ်တော် ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။
  • ၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂- ပဉ္စမ သင်္ဂါ ယနာ တင်ပွဲကြီး။
  • ၁၈၇၂ ဖေဖေါ်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂- မြန်မာ သံအဖွဲ့ ကိုကင်းဝန် မင်းကြီး ဦးဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမ သွား
  • ၁၈၇၂ ဧပြီ ၁၈- မီးလောင် (၆)- မိုးကြိုး လောင်မီး ကျ
  • ၁၈၇၅ ဧပြီ ၁၁- ရတနာပုဏ် နေပြည်တော် သတင်းစာ စထွက်။ “ငါမကောင်း လျှင်ငါ့ အကြောင်း၊ ငါ့မိဖုရား မကောင်း လျှင်သူ့ အကြောင်း မထောက် မညှာ ရေးလေ” ဟုမင်းတုန်း မင်းက ခွင့်ပြု ခဲ့တယ် လို့ အဆို ရှိပေမဲ့ ဘယ်သူမှ သူ့ အကြောင်း မကောင်း မရေး ၀ံ့ကြပါ။
  • ၁၈၇၈ စက်တင်ဘာ ၁၉- မင်းတုန်းမင်း အပြင်း အထန် မကျန်းမာ၊ အံ့သြ ဖွယ်ရာ သီပေါ မင်းသား အိမ်ရှေ့  စံဖြစ်
  • ၁၈၇၈ အောက်တိုဘာ ၁- မင်းတုန်းမင်း နတ်ရွာစံ။ အောက်တိုဘာ (၇) သင်္ဂြိုလ်
  • ၁၈၇၉ ဖေဖေါ်ဝါရီ ၁၃ မှ ၁၈- နန်းမလုနိုင်အောင် ဖမ်းဆီး ထားသော မင်းညီ မင်းသား များကို သုတ်သင် ပွဲကြီး ကျင်းပ။
  • ၁၈၇၉ ဖေဖေါ်ဝါရီ ၂၅- မီးလောင် (၇)၊ အနောက် ပြင်မှစ၊ အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း၊ ရွှေရေးဆောင် ကျောင်းတိုက် နဲ့မဟာ မုနိ အနောက် စောင်းတန်း ပါပြာကျ။
  • ၁၈၈၀ မတ် ၁၄- အိမ်နိမ့် စံနေ ရသော ပုဂံ မင်းနတ်ရွာစံ။
  • ၁၈၈၀ မတ် ၁၇- သီပေါ မင်း၏ သားကြီး ကျောက်ပေါက် ၍သေ။
  • ၁၈၈၀ မေ ၂၃- သီပေါ မင်းဘိသိက် ခံ၍ တရားဝင် မင်းအဖြစ် သို့ ရောက်။
  • ၁၈၈၁ ဇွန် ၁- သီပေါ မင်း၏ မယ်တော်သေ။
  • ၁၈၈၃ ဖေဖေါ်ဝါရီ ၁၈- မီးလောင် (၈) နန်းမြို့  တော်တောင် ဗြဲတိုက် သံဆင့် ငမြစ် အိမ်က စတင် လောင်ကျွမ်း
  • ၁၈၈၃ မတ် ၂၅- မီးလောင် (၉)၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၃- မီးလောင် (၁၀)၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၅- မီးလောင် (၁၁)၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၁၆- မီးလောင် (၁၂)၊ အကြီးအကျယ်
  • ၁၈၈၃ သြဂုတ် ၁၈- ယော အတွင်းဝန် ဦးဖိုးလှိုင် ကွယ်လွန်။
  • ၁၈၈၄ ဖေဖေါ်ဝါရီ ၂၈- မီးလောင် (၁၃) တောင်ပြင် လင်းဇင်း တန်း
  • ၁၈၈၄ မတ် ၂၃- မီးလောင် (၁၄) အရှေ့ ပြင်
  • ၁၈၈၄ မတ် ၂၄- သီပေါမင်း ၏သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယ နဲ့  စတုတ္တ သမီးတော် များသေဆုံး။
  • ၁၈၈၄ ဧပြီ ၁- မီးလောင် (၁၅) မလွန် ဈေးရပ်
  • ၁၈၈၅ ဧပြီ ၅- မီးလောင် (၁၆) အနောက် ပြင်မှစ၊ တစ်မီး မငြိမ်း မှီနောက် တစ်မီး အစုစု မီးခုနှစ် ကြိမ်တိုင် အောင် တစ်ရက်တည်းလောင်
  • ၁၈၈၅ ဧပြီ ၈- မီးလောင် (၁၇) ရွာဟိုင်း ဈေးမှ စတင် လောင်ကျွမ်း၊ မဟာ မုနိ ဘုရားကြီး ပါလောင် သွားတယ် (ရခိုင် ကပင့် လာတာ နှစ်တစ်ရာ ပြည့်တဲ့ နေ့မှာ မီးသင့် ခံရ ရှာတယ်) ဘုရား ကြီးမီး သင့်ရာ မှအရည် ပျော်စီး ကြလာ သောရွှေချိန် ၅၄၅၀ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေး သနားတယ်။
  • ၁၈၈၄ ဧပြီ ၁၄- မီးလောင် (၁၈) နန်းမြို့  အနောင် တောင်ထောင့်
  • ၁၈၈၄ မေ ၁၉- မီးလောင် (၁၉) ဘုန်းတော်တိုး အစု တောင်ဘက်
  • ၁၈၈၄ မေ ၂၅- မီးလောင် (၂၀)- ချမ်းအေး သာစံ တရုတ်တန်း မြောက်စွန်း
  • ၁၈၈၄ ဇူလိုင် ၅- အသစ် ပြန်လည် တည်ဆောက် ပြီး မဟာ မုနိ ဘုရားကြီး မျက်နှာ တော်ဖွင့်
  • ၁၈၈၄ စက်တင်ဘာ ၂၁- မြို့ တော် သန်းခေါင် စာရင်း ကောက်ခံ။ လူတစ်သိန်း နေထိုင်သည်။
  • ၁၈၈၅ သြဂုတ် ၁၂- ဘုံဘေ ဘားမား ကုမ္ပဏီ သစ်ခိုးမှု၊ ဒဏ်ငွေ ၂၃ သိန်း ချမှတ်။
  • ၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈- ဒီဂယက် ကြောင့်တတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်။ စစ်ရှုံး
  • ၁၈၈၅ နိုဝင်ဘာ ၂၉- သီပေါမင်း မိသားစု ပါတော်မူ
  • ၁၈၉၈- မန္တလေး မီးသတ် ဌာန ထောင်
  • ၁၉၀၃ သြဂုတ် ၁၈- မင်းတုန်းမင်း နဲ့ ကနောင် မင်းသားကြီး တို့ ရဲ့  လက်စွဲ သမားတော် ပညာ သိဒ္ဓိ ကျော်ခေါင် ခေါ် ဦးခဲသေ။
  • ၁၉၀၈ ဇွန် ၃၀- ကင်းဝန် မင်းကြီးအနိစ္စရောက်။
  • ၁၉၁၆ ဒီဇင်ဘာ ၁၆- သီပေါ ဘုရင် အိန္ဒိယ မှာ နတ်ရွာစံ
  • ၁၉၂၅ နိုဝင်ဘာ ၂၄- သီပေါရဲ့  မိဖုယားစုဖုရားလတ် ရန်ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင် မင်းဆက် နိဌိတံ။
ကိုးကား
  1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇ၀င်
  2. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
အပိုင်း (၉)
ပါးစပ်ရာဇ၀င်
ပါးစပ် ရာဇ၀င် ခေါ်တဲ့ နှုတ်ပြော သမိုင်းကြောင်း တစ်ခုကို လေ့လာ ကြတဲ့ အခါမှာ-
  • နောက်ကြောင်းပြန်ခြင်း (Narrative)
  • ပုဂ္ဂိုလ်ထူးတစ်ဦးဦး၏အတ္တုပတ္တိ ကိုပြောပြခြင်း (Legend)
  • စိတ်ဝင် စားဖွယ် အဖြစ် အပျက် ကိုတင်ပြခြင်း (Anecdote)
  • စကားပုံ နှိုင်းခြင်း (Proverb) နဲ့
  • သမိုင်းလင်္ကာရွတ်ခြင်း (Historical Lay) ဆိုပြီး ကွဲပြား ခြားနားပါတယ်။
အများ အားဖြင့် ပါးစပ် ရာဇ၀င် တွေဟာ နောက်ကြောင်း ပြန်ခြင်း ကများ ပါတယ်။ နောက်ကြောင်း ပြန်တဲ့ အခါ မှာလည်း-
  • ကိုယ်တိုင် ပါဝင် ပုံကို ပြောတာလား (First hand)
  • မျက်မြင် တွေ့ရှိ တာလား (Eye witness)
  • တစ်ဆင့်စကားလား (Hearsay) ဆိုပြီး ခွဲခြား နိုင်ပါ သေးတယ်။ ဘယ်ဟာ ကပို ယုံနိုင် စရာ ရှိသလဲ ဆိုတာတော့ မိမိ ဥာဏ်နဲ့ စဉ်းစား ဆုံးဖြတ် ရပါ လိမ့်မယ်။ ကိုယ်တွေ့ ကယုံ ဖို့အကောင်းဆုံး ဆိုပါတော့။
ကိုယ်တိုင် ပါဝင် ပုံကို ပြန်ပြော တယ်ဆို ဦးတော့။ ပုဂံ ရွှေစည်းခုံ ဘုရားက မွန်ကျောက်စာ မှာထိလိုင်မင်း ကိုယ်တိုင် ရေးထိုး ခဲ့တဲ့-
  • “ငါ့အဖေ ကနေနတ်မျိုး၊ ငါ့အမေ ကဥသျှစ် သီးမှာ သံသ န္ဓေဇ တည်ပြီး မွေးလာ တဲ့အမျိုး၊ ငါကိုယ်တိုင် ကဗိသနိုး နတ်မင်းကြီး လူဝင်စားကွ”၊ ဒီလို ပြောခဲ့ တာကို ကိုယ်တိုင် ပါဝင် ပုံမို့ လို့ယုံကြ ဆိုရင် တော့သိပ်ဥာဏ် နည်းလွန်း ရာရောက် သွားပါလိမ့်မယ်။ ဒီစကားမျိုး ကိုခုခေတ် ရုပ်ရှင် မင်းသားကြီး ကျော်ဟိန်း လဲမကြာ ခဏ ပြောတတ် တယ်။ “ငါက သထုံ မနုဟာ မင်းရဲ့  သားတော်ကြီး” ဆိုလား၊ လူဝင်စား ဆိုလား ပြောလိုပြော။ လက်ပြ ပုလိပ် လို လက်ဖ၀ါး ကြီးကာ ထားတဲ့ ဘုရား ဆင်းတု ကြီးထု ပြီးအသိ၊ သတိ ဘုရား လို့အမည် ကင်ပွန်း တပ်လိုတပ် အမျိုး မျိုးနဲ့ မရိုး ရအောင် self advertisement လုပ်ပါတယ်။ Promotion အကြီး အကျယ် လုပ်ပါတယ်။ ရှေးဘုရင် လက်ထက် ကဆင်းသက် လာတဲ့ ကိုယ့်ကိုယ်ကို ကြော်ငြာ နည်းပေါ့။
နှုတ်ပြော ကိုစစ်ဆေး တော့မယ့် အခါ
  • ဒီစကား ဟာပုဂ္ဂိုလ် စွဲတစ်ခုခု ကိုအလိုရှိ လို့တမင် ပြောခဲ့တာလား?
  • ဒီလို သတင်း တစ်ခု ကိုပျံ့ နှံ့ အောင်လုပ် တဲ့အခါ မိမိ အရည် အသွေး ကိုအရှိ အတိုင်း ထက်ပိုပြီး ကြားရ တဲ့သူ အပေါင်း ကြောက်ရွံ့  ရိုသေ အထင် ကြီးစေ ချင်လို့ ပြောခဲ့ တာလား?
  • မိမိ အရည် အသွေး ကိုအရှိ အတိုင်း အမှန် သိရအောင် ဂုဏ်သတင်း ကိုထိန်းသိမ်း တဲ့သဘောလား- ရှာဖွေ ကြည့်ရှု ပြီးမှ လက်ခံတယ်၊ လက်မခံဖူး ဆုံးဖြတ် ရပါမယ်။
ပြောတိုင်း ယုံရင် တော့ပုတ်သင်ညို အဆင့်မှာပဲ တစ်သက်လုံး နေကြ ရပါ လိမ့်မယ်။
ကိုးကား
  1. သန်းထွန်း၊ ဒေါက်တာ၊ ပါးစပ်ရာဇ၀င်
အပိုင်း (၁၀)
ဘုရင်ညံ့ သုံးပါး (ပထမပိုင်း)
မြန်မာ့ ပဒေသရာဇ် သမိုင်း မှာရွံ စရာ ကောင်းတဲ့ ဘုရင်ညံ့ သုံးပါး ဟာခေတ် သုံးခေတ် မှာပေါ်ခဲ့ ဘူးတယ် လို့အဆို ရှိပါ တယ်။ ဒီဘုရင်ညံ့ တွေရဲ့  လက်ထက် မှာတိုင်းပြည် ပျက်လေ့ ရှိတယ် လို့လည်း ပြောကြ ပါတယ်။ သူတို့ကတော့-
  1. ပုဂံခေတ် နရသီဟ ပတေ့မင်း
  2. အင်းဝခေတ် ဟံသာ ၀တီ ပါမင်း နဲ့
  3. ကုန်းဘောင်ခေတ် သီပေါမင်း- တို့ပါတဲ့။ အဟုတ် တကယ် ညံ့၊ မညံ့ကိုတော့ တစ်ဦး စီကို အကဲခတ် ကြည့်ကြ ရမှာပါ။

နရသီဟ ပတေ့
သူက လေးမည်ရ မင်း ဖြစ်ပါတယ်။ နရသီဟ ပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွှာဘ ဆိုတဲ့အမည် လေးမျိုး နဲ့ရာဇ၀င် မှာလူသိ များတယ်။ “စလေငခွေး၊ မင်းခွေးချေး၊ လူရေး ပျက်တော့သည်” လို့ပက်ပက် စက်စက် အပြောခံ ရတဲ့ မင်းဖြစ်ပါတယ်။ သူညံ့ ပုံတွေ ကိုတန်းစီ ပြောရင် မပေါ်လွင်မှာ စိုးလို့ category ခွဲပြီး တင်ပြ ပါ့မယ်။
(က) ၀ါနုခြင်း
မြန်မာ ရာဇ၀င် မှာသြဇာ ရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော်၊ မျိုးတော် တစ်ပါးပါး ကသူ့သြဇာ ခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါး ကိုနန်းတင် တော့မယ် ဆိုရင် ငယ်ရွယ် နုနယ်သူ မင်းသား ငယ်များ ကိုစိတ်ကြိုက် ရွေးချယ် တင်မြှောက် လေ့ရှိ ပါတယ်။ ပုဂံ ခေတ်နေ ၀င်ချိန် မှာတန်ခိုး ထွားတဲ့ အမတ်ကြီး ရာဇ သင်္ကြန် က၀ါရင့် မင်းသားကြီး သီဟသူ ကိုဘုရင် အဖြစ် မထောက် ခံပဲ အသက် ၁၉ နှစ်သာ ရှိသေး တဲ့သူ့ ကိုထောက်ခံ ရာက မင်းခွေးချေး တစ်ယောက် ရာဇ ပုလ္လင် ပေါ်ရောက် လာတယ်။
(ခ) လေယူရာတိမ်း၍ကြိုးဆွဲရာကသူ
ဘုရင် လည်းဖြစ် ကရော၊ ဘုန်းကြီး ၀တ်နေတဲ့ သူ့ဦးလေး ကိုလူထွက် ခိုင်းပြီး သိမ္မစည်း ဆိုတဲ့ ဘွဲ့ နဲ့ အမတ်ကြီး ခန့်တယ်။ ဖုန်းကြီး လူထွက် သိမ္မစည်း ဟာတဖြည်းဖြည်း ဘုန်းကြီး လာလိုက် တာနောက်ဆုံး သူတွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ သင်္ကြန် ကို မင်းခွေးချေးက စည်းစိမ် ရုပ်သိမ်းပြီး ဒလ ကိုနယ်နှင် ခဲ့ပါလေရော။
(ဂ) ဘဏ္ဍာရေးအခြေအနေ
တစ်ပြည်လုံး မှာရှိတဲ့ စိုက်ပျိုးမြေ ဧကများစွာ ကိုဘုရင် ကရော၊ မင်းညီ မင်းသား တွေကရော၊ သူဌေး သူကြွယ် တွေ ကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေ အဖြစ် ပေးလှူ ကြတယ်။ သာဓု ခေါ်မလို့ စဉ်းစား နေတုန်း သာသနာ့မြေ ဟာ အခွန်လွတ် တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာ အတွက် အခွန် မရတော့၊ ဒါကြောင့် budget negative balance ပြလာတယ်။
(ဃ) အခြားဌာန တို့မှ အကောက် အခွန် များတိုးမြှင့်ခြင်း
ကြံရာ မရ တဲ့အခါ ကျတော့ ပြည်သူပြည်သား တွေထံက အခွန် အကောက် တွေရသလောက် တိုးမြှင့် ကောက်ခံတယ်။ သက်လူမျိုး တို့နေထိုင်ရာ မစ္ဆဂီရိ အရပ် မှာထုံးစံ ထက်အများကြီး ပိုပြီး အခွန်တော် ကောက်လို့ ပုန်ကန် ထကြွ မှုစတင် လာတယ်။ ပုဂံ ကိုလာပြီး ရောင်းဝယ် ဖောက်ကား တဲ့တရုတ် ကုန်သည် တွေရဲ့ လားဝန်တင် ပစ္စည်း တွေကို အခွန် မတရား ကောက်လို့ စကားများ ရန်ဖြစ် ကြတယ်။
(င) မိုးလွန်မှထွန်ချ
တရုတ်က ၀င်တိုက် လို့စစ်ရှုံး ပြီးထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ် ထွက်ပြေး ပါတယ်။ သူ့ အမှား တွေကို မိဖုရား စောက ပြောဆို ဆုံးမ ဖျောင်းဖျ တော့နောင်တ ရခဲ့ ရှာတယ်။ ဒါပေမဲ့ အချိန် သိပ်နှောင်း ခဲ့ပြီ။
(စ) လမ်းဆုံး
ထွက်ပြေး တိမ်းရှောင် လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကိုအရောက် သားတော် ကအဆိပ် ပါတဲ့ စားပွဲတော် ကိုဆက်သတယ်။ အဆိပ် ပါမှန်း သိသိ ကြီးနဲ့ စားရရှာတယ်။ “ငါသည် နောင်ဘ၀ များ၌ သားယောင်္ကျား ဖခင် မဖြစ် ပါရ စေနှင့်” လို့မျက်ရည် လည်ရွဲ ဆုတောင်း သွားပြီး ဘုန်းကြီး စဉ်အခါ ကဟင်းခွက် သုံးရာနဲ့ နေ့စဉ် ပွဲတော် တည်တယ် လို့ နာမည်ကြီး ခဲ့တဲ့ နာရ သီဟ ပတေ့ ဟာအစား ကြောင့်ပဲ နတ်ရွာ စံခဲ့ ရရှာပါတယ်။ သူနဲ့ အတူ ပုဂံ ခေတ်ကို လည်း တစ်ခါတည်း စုတေ စေခဲ့ တယ်လေ။
ကိုးကား
  1. ဦးတင်၊ ပုဂံဝန်ထောက်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းများ၊ ဒုတိယတွဲ
  2. ညိုမြ၊ ကုန်းဘောင်ရှာပုံတော်

  1 comment:

  1. Here is the source of these articles (http://www.hiriautatpa.com/category/history/thats-our-bamar/). Please credit to the original author Juan (http://www.hiriautatpa.com/author/juan/). Actually, we don't allow to copy our properties but thanks for sharing anyway.

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...