Wednesday, June 15, 2011

"မင်းကို ကိုယ် ဘာလို့ချစ်တာလဲဆိုတော့...

created the doc: "မင်းကို ကိုယ် ဘာလို့ချစ်တာလဲဆိုတော့... - သဲအောင်"
Cloud Cuckoo Land created the doc: -
သဲအောင်
ချစ်သူအဖြစ် ကမ်းလှမ်းခံရတဲ့အချိန်မှာဖြစ်စေ၊ ချစ်သူတွေ ဖြစ်သွားကြတဲ့ အချိန်မှာဖြစ်စေ၊ အများဆုံးမေးတတ်ကြတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ အဲဒီမေးခွန်းလေးဟာ မေးမြန်းသူက လွယ်ပေမယ့် ဖြေဆိုရတဲ့သူအဖို့ အတော်ခက်တဲ့ မေးခွန်း အမျိုးအစားပါ။

အဲဒီ မေးခွန်းက သူက သူမကို၊ သူမက သူ့ကို ဘာဖြစ်လို့ ချစ်တာလဲဆိုတဲ့ မေးခွန်းကလေးပါပဲ။
ချစ်သူအဖြစ် ကမ်းလှမ်းခံရတဲ့အချိန်မှာဖြစ်စေ၊ ချစ်သူတွေ ဖြစ်သွားကြတဲ့ အချိန်မှာဖြစ်စေ၊ အများဆုံးမေးတတ်ကြတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ အဲဒီမေးခွန်းလေးဟာ မေးမြန်းသူက လွယ်ပေမယ့် ဖြေဆိုရတဲ့သူအဖို့ အတော်ခက်တဲ့ မေးခွန်း အမျိုးအစားပါ။


အဲဒီ မေးခွန်းက သူက သူမကို၊ သူမက သူ့ကို ဘာဖြစ်လို့ ချစ်တာလဲဆိုတဲ့ မေးခွန်းကလေးပါပဲ။
အဲဒီမေးခွန်းကလေးဟာ ချစ်သူမဖြစ်မီကာလမှာရော၊ ချစ်သူဖြစ်ပြီး ကာလတွေမှာပါ အမြဲမဟုတ်တောင် တစ်ခါတစ်ရံတော့ ကိုယ့်ချစ်သူကို မေးဖူးကြပါလိမ့်မယ်။

ကိုယ့်ချစ်သူက မေးလာတဲ့ အဲဒီမေးခွန်းကလေးကိ ဖြေဆိုဖို့ ခက်နေသူအတွက် အမေရိကန်နိုင်ငံ ဘာတီမိုးမြို့က အချက်အလက် ကောက်ယူရေးအဖွဲ့က စုဆောင်းထားတဲ့၊ အဲဒီမေးခွန်းမေးရင် အများစုက ပြန်ဖြေကြတဲ့ အဖြေတွေ ရေးပေးလိုက်ပါတယ်။

မိတ်ဆွေတို့အတွက် တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ အသုံးဝင်မယ်လို့ ယူဆလို့ပါ။

  1. ငါ မင်းနဲ့ အတူရှိနေချိန်တွေမှာ ငါ့ရဲ့ ဘ၀အဓိပ္ပါယ်ကို ပိုမိုလေးနက်လာစေနိုင်တယ်။
  2. မင်းရဲ့ ချစ်ခြင်းမေတ္တာအပေါ် ထားတဲ့ သဘောထားကို မီးရောင်မှိန်မှိန်ရယ်၊ ညင်သာတဲ့ တေးသံလေးရယ်၊ ပြီးတော့ တို့နှစ်ယောက်တည်း တစ်နေရာမှာ ရှိနေသလိုမျိုး ကိုယ်ခံစားရလို့ပါကွယ်။
  3. မင်းကို ချစ်မိတဲ့အကြောင်းရင်းက မင်းဟာ ငါ့ကို ခံစားချက်တွေ ပိုတိုးတိုးလာအောင် ဖန်တီးနိုင်တဲ့လူ ဖြစ်လို့ပါ။ ငါက အဲဒီလိုမျိုး ဟိုးအရင်က တစ်ခါမျှ မခံစားဖူးလို့ပါ။
  4. မင်း ငါ့အပေါ်ထားတဲ့ ယုံကြည်စိတ်ချမှုဟာ ငါ့ချစ်ခြင်းရဲ့ ရှင်သန်တက်ကြွမှုကို အမြဲတောက်ပနေစေလို့ပါ။
  5. မင်းသာ ငါနဲ့အတူ ရှိမယ်ဆိုရင် ငါတို့ဘ၀ကို တခြားသူတွေ အံ့သြသွားအောင် တည်ဆောက်နိုင်ပါတယ်ကွယ်။ ဒါကြောင့် မင်းကို ငါ ချစ်မိတာပါ။
  6. ငါတို့နှစ်ယောက်ဟာ ဘ၀ခရီးကို ဖြတ်သန်းတဲ့နေရာမှာ လိုက်ဖက်အညီဆုံး စုံတွဲလေးမို့လို့ပါ အချစ်ကလေး။
  7. မင်းဟာ ငါ့ကို နူးညံ့လှပတဲ့ အချစ်တွေ ပေးအပ်ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ထားမိလို့ပါကွယ်။
  8. မင်းရဲ့အချစ်ဟာ ငါ့ကို အကောင်းဆုံး အေးချမ်းတည်ငြိမ်မှုကို ပေးအပ်နိုင်လို့ပါ။
  9. မင်းကို ဘာဖြစ်လို့ ချစ်တာလဲဆိုတော့ မင်းဟာ ငါ့အပေါ် ဘယ်တော့မှ အရှုံးမပေးဘူး၊ ဒါပေမယ့် ဘယ်တော့မှလည်း မင်းအနားက ဝေးကွာသွားအောင် မလုပ်ဘူး။
  10. မင်းမှာ ခိုင်မာမြဲမြံလွန်းတဲ့ ရိုးသားဖြူစင်ခြင်း ရှိလို့ပါ။
  11. ငါ မင်းကို ချစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ငါ လက်လှမ်းမမီတဲ့ အကောင်းဆုံးအရာတွေ ငါ့ဆီ သယ်ဆောင်လာပေးလို့ပါ။
  12. မင်းရဲ့ ကြီးမားပြင်းထန်တဲ့ စိတ်ထက်သန်မှု တခြားသူအပေါ် အကြင်နာထားနိုင်မှုတွေကို လေးစားတန်ဖိုးထားမိလို့ ချစ်မိတာပါကွယ်။
  13. အချိန်တိုင်း မင်းကို မြင်ယောင်နေမိတယ်။ ငါ့နှလုံးသားကတောင် နှလုံးခုန်ဖို့ မေ့နေတဲ့အထိပါပဲ။
  14. မင်းဟာ ငါ့နှလုံးသားတံခါးကို ဖွင့်နိုင်တဲ့ သော့လေးတစ်ချောင်း ပိုင်ရှင်ဖြစ်လို့ပါ။ အဲဒီလိုလူမျိုးဟာ မင်းတစ်ယောက်တည်း ရှိလို့ပါကွယ်။
  15. ငါကြားချင်တဲ့စကားမျိုးကို မင်း အမြဲပြောတတ်တယ်။ ဥပမာ ငါဟာ မင်းဘ၀အတွက် မရှိမဖြစ်ပါဆိုတဲ့ စကားလိုမျိုးပေါ့။
  16. မင်းက ငါ့ကို အချစ်စစ်ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်အမှန်ကို သင်ကြားပေးနိုင်စွမ်း ရှိလို့ပါ။
  17. မင်းဟာ ငါ့ရဲ့ အိပ်မက်တစ်ခုအတွက် ရည်ညွှန်းရာပါပဲ။
  18. ငါဟာ ငါ့ဘ၀ထဲက အချိန်အများကြီး ရခဲ့ပါတယ်။ အဲဒီအချိန်တွေ အကုန်လုံးကို မင်းနဲ့အတူ ကုန်ဆုံးချင်လို့ပါကွယ်။
  19. မင်းရဲ့မျက်လုံးကနေတစ်ဆင့် မင်းရဲ့ ဖြူစင်တဲ့ နှလုံးသားကို ငါ မြင်နိုင်လို့ပါ အချစ်ရယ်။
  20. မင်းရဲ့အချစ်ဟာ ငါ့အတွက် ဘာအခက်အခဲတွေနဲ့ကြုံကြုံ စိတ်ဓာတ်မကျအောင် ဖန်တီးနိုင်တယ်။
  21. မင်းရဲ့အသံလေး ကြားမိလိုက်ကတည်းက ချစ်မိသွားတာပါ။
  22. မင်းရဲ့အချစ်က ပျောက်ဆုံးနေတဲ့ ငါ ဘယ်သူလဲဆိုတာကို ပြန်ရှာတွေ့အောင် ကူညီနိုင်ခဲ့ပါတယ်။
  23. ငါလိုချင်တဲ့ ကမ္ဘာဟာ မင်းလက်ထဲမှာပါ။
  24. ငါဟာ မင်းနဲ့အတူ နံနက်ခင်းတိုင်း အတူနိုးထချင်တယ်။ အဲဒီလို နိုးထခြင်းဟာ ငါ့ရဲ့ နေ့တိုင်းကို ပိုမိုကောင်းမွန် လာစေလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။
  25. ငါ အမှားအယွင်းတွေ လုပ်ကိုင်မိတဲ့အချိန်တိုင်းမှာ မင်းရဲ့ နားလည်ခွင့်လွှတ်နိုင်စွမ်းကို ချစ်မိလို့ပါ အချစ်ရယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေဟာ လူပေါင်း တစ်သောင်းငါးထောင်ကို မေးမြန်းပြီး သုတေသနလုပ်ထားတဲ့ အချက်တွေပါ။ အဲဒီအထဲက အချက်အလက် တစ်ခုတလေဟာ မိတ်ဆွေတို့ရဲ့ ချစ်သူဘ၀ကို အနည်းအကျဉ်းအားဖြင့် အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်လည်း ကျွန်တော့်ချစ်သူကမေးတဲ့ သူ့ကို ဘာဖြစ်လို့ ချစ်တာလဲ ဆိုတဲ့မေးခွန်းကို ဖြေဆိုခဲ့ဖူးပါတယ်။

ကျွန်တော်ကတော့ ကြံရာမရလို့ ခပ်ရိုးရိုးကြီး ဟောဒီလို ဖြေလိုက်တာပါပဲ။

"ချစ်ချင်လို့ကို ချစ်တာပါ" လို့လေ....။

ချစ်မိတယ်ဆိုတာ အကြောင်းပြချက် လိုမှမလိုတာလို့ ကျွန်တော် ယူဆလို့ပါ။

တကယ်လို့ မိတ်ဆွေလည်း ကျွန်တော့်လို ယူဆမယ်ဆိုရင်ဖြင့် ချစ်ချင်လို့ ချစ်တာပါလို့ ဖြေလို့ရပါသေးတယ်။

ဒါပေမယ့် အဲဒီအဖြေကြောင့် ကျွန်တော့်ချစ်သူ အဲဒီနေ့က စိတ်ကောက်သွားလို့ မနည်းလိုက်ချော့လိုက်ရတာကိုတော့ မိတ်ဆွေတို့ကို ကျွန်တော် ပြောမပြပါရစေနဲ့ဗျာ....။

YOUTH မဂ္ဂဇင်း၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...