ဖန်တီးခြင်း၏ အနုပညာ
ဂျူး
မေမေအခုရေးနေသည့်စာကို သား အခု မဖတ်နိုင်သေးတာ မေမေသိပါသည်။ သားသည် အခုမှ အသက်သုံးနှစ်ပြည့်ခါစ လူကလေးမဟုတ်လား။ သို့သော် သားစာဖတ်နိုင်သည့်အရွယ်အထိ မေမေ မစောင့်နိုင်လောက်အောင် မေမေ့ အတွေးတွေက လောကြီးနေသည် သား။ သား ဘယ်လိုကြီးပြင်းလာမှာလဲ၊ သားသည် ဘယ်နေရာတွင် ထူးချွန်ထက်မြက်ပြီး ဘယ်နေရာတွင် ညံ့ဖျင်းမည်လဲ။ သား၏အနာဂတ်ကို အခုပဲ မြင်ချင်လွန်းလို့ မေမေ စိတ်လှုပ်ရှားစွာ ရင်ခုန်လှပါပြီ။
သားကလေးသုံးနှစ်အရွယ်မှာ သားနှင့်ပတ်သက်သည့် အနာဂတ်ကို မေမေ အဆုံးအစမရှိ ကျယ်လွင့်စွာ စိတ်ကူးကြည့်နိုင်သည်။ သားကပုံသဏ္ဌာန်မပေါ်လာသေးသည့် ရွှံ့စေးတုံးကလေး တစ်တုံးကိုး။
သားက ရထားတွေကိုချစ်သည်။ သံလမ်းပါသည့် ကစားစရာရထားလေးကို တမေ့မမော ဆော့ကစားနေတတ်သော သားသည် ရန်ကုန်နှင့် မန္တလေးပြေးဆွဲသည့် ရထားကြီးတွေကို စီးရသည့်အခါ လက်ခုပ်လက်ဝါးတီး၍ ခုန်ဆွခုန်ဆွ ကျေနပ် ကြည်နူးနေတတ်သည် မဟုတ်လား။ သားသည် တစ်ချိန်ချိန်မှာ ရထားကြီးတစ်စင်းကိုမောင်းနှင်မည့်သူ ဖြစ်လာမလား၊ သို့မဟုတ် ရထားတွေကိုပိုင်ဆိုင်သောသူ ဖြစ်လာမလား၊ ဒါက သား၏ စိတ်အားသန်မှုနှင့် ဖန်တီးတီထွင်စွမ်းရည်ပေါ်မှာ မူတည်လိမ့်မည်။
သားနှင့်ပတ်သက်သည့် မေမေ့မျှော်လင့်ချက်တွေက တခြားမိခင်တွေ၏ မျှော်လင့်ချက်တွေနှင့် တူချင်မှ တူပါလိမ့်မည်။ မေမေက သားကိုဆရာဝန်ဖြစ်ဖို့၊ အင်ဂျင်နီယာဖြစ်ဖို့၊ စစ်ဗိုလ်ဖြစ်ဖို့၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့၊ အနုပညာရှင်ဖြစ်ဖို့၊ ကျောင်းဆရာဖြစ်ဖို့ စသည်စသည် တိကျစွာသတ်မှတ်ပြီး မျှော်လင့်မထားပါ။ မေမေမျှော်လင့်သည်က တစ်ခုတည်း၊ သား စိတ်ဝင်စားစွာရွေးချယ်လိုက်သော ပညာရပ်တစ်ခုမှာ သားသည်ဖန်တီးတီထွင်နိုင်သည့် အရည်အချင်းဖြင့် ထူးချွန်စွာ အောင်မြင်နိုင်ဖို့၊ အဲဒါမေမေ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည် သားရယ်။
အဲသည်တစ်ခုတည်းသော မေမေ့မျှော်လင့်ချက် ပြည့်ဝဖို့ အခုကတည်းက မေမေကြိုတင်ပြင်ဆင်ရတော့မည်။ မေမေ့မှာ အရည်အချင်းတွေ လိုအပ်နေသေးသည်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် ထူးချွန်သော ဖန်တီးရှင်ပုဂ္ဂိုလ် ဂျီးနီးယပ်စ် ဖြစ်လာဖို့ သူ့ပတ်ဝန်းကျင်က ဝိုင်းဝန်းမတင်ပေး၍ မရနိုင်သော်လည်း ထူးချွန်မည့်ကလေးတစ်ယောက်ကို အရည်အသွေးတွေ ပျက်စီးသွားအောင်တော့ သူ့ပတ်ဝန်းကျင်က ဆွဲချပစ်နိုင်သည်ဟု မေမေနားလည်ထားသောကြောင့်ဖြစ်သည်။ သားမှာ ဖန်တီးတီထွင်နိုင်စွမ်းရှိလျှင် ထိုအရည်အသွေးကို မေမေ ဆွဲချဖျက်ဆီးမပစ်မိဖို့ အရေးကြီးပါသည်။
ဒါကြောင့် မေမေ့မှာ ဟောသည် အရည်အချင်းတွေနှင့် ပြည့်မီအောင် မေမေ ကြိုးစားရလိမ့်မည်။
(၁) ကလေးတစ်ယောက်လို တွေးတတ်သည့်အကျင့် ရှိရမည်။
ကလေးတစ်ယောက်မှာ ဖန်တီးစိတ်နှင့် စိတ်ကူးဖြန့်ကျက်သည့် အရည်အသွေးတွေ ရှိသည်။ မေမေသိပါသည်။ ကလေးတစ်ယောက်၏ ဖန်တီးကြံဆစွမ်းရည်ကို အားပေးတတ်ဖို့ဆိုလျှင် မေမေ့မှာ ကလေးတစ်ယောက်၏ စိတ်ကူးကြံဆမှုမျိုး ရှိဖို့လိုသည်။
တစ်ခါတုန်းက ပန်းချီအကျော်အမော်တစ်ယောက် ဖြစ်လာနိုင်ဖွယ်ရှိသည့်ကလေးတစ်ယောက် လူကြီးမိဘတို့၏ မသိနားမလည်မှုကြောင့် လေယာဉ်ပိုင်းလော့ ဖြစ်သွားရဖူးသတဲ့။ အဲသည်လူကတော့ ကွယ်လွန်သူ ပြင်သစ်ဆရာကြီး အန်တွမ်း ဒီ စန်းတက်ဇူပေရီပါပဲ။ သူရေးခဲ့သော 'မင်းသားလေး' အကြောင်း မေမေ သားကို ပုံပြောပြဖူးပါသည်။ အဲသည် စာအုပ်ထဲမှာ သူ ငယ်စဉ်က ရေးဆွဲခဲ့သည့် ပန်းချီရုပ်ပုံတစ်ခုအကြောင်း ပြောထားသည် မဟုတ်လား။ သူရေးဆွဲသည်က ဆင်တစ်ကောင်လုံးကို မျိုထားသည့် မြွေကြီး၏ပုံ၊ သို့သော် မြွေ၏ ပြင်ပပုံသဏ္ဌာန်ကိုပဲ ပုံဖော်ရေးဆွဲထားသဖြင့် လူကြီးတွေကို 'ဒါကြောက်စရာကောင်းလား' မေးသည့်အခါ 'ဒါ ဦးထုပ်တစ်လုံးပဲ၊ ဦးထုပ်ကို ဘာကြောင့် ကြောက်ရမှာလဲ' လို့သာ ပြန်ဖြေကြသတဲ့။ ထိုအခါ လူကြီးတွေ အသေအချာမြင်တတ်ဖို့ မြွေ၏ အတွင်ပိုင်းကိုပါ ဖောက်ထွင်းရေးဆွဲပြရပြန်သတဲ့။ အဲသည်အခါကျမှ ဆင်ကို မျိုထားသော မြွေကို လူကြီးတွေ မြင်တတ်သွားပါသတဲ့။ သို့သော် လူကြီးတွေက သူ့ကို အဲလိုပုံမျိုးမဆွဲဖို့၊ ပထဝီ၊ သမိုင်း၊ သင်္ချာဘာသာကိုပဲ ပို၍ စူးစိုက်လေ့လာဖို့ တိုက်တွန်းဖျောင်းဖျကြပါသတဲ့။ အဲသည်လိုနှင့် Antoine de Saint Exupery ဟူသော လူတစ်ယောက်သည် ပန်းချီအကျော်အမော် ဖြစ်မလာဘဲ လေယာဉ်ပိုင်းလော့ ဖြစ်လာခဲ့လေသတဲ့။ သူက ဟာသစွက်ပြီး ရေးထားပါသည်။
သားက မေမေ့အား ဆင်ကိုမျိုထားသည့် မြွေတစ်ကောင်ပုံကို ပြင်ပသဏ္ဌာန်ဖြင့်ရေးဆွဲပြီးလာပြခဲ့လျှင် အဲဒါကို ဦးထုပ်အဖြစ် မေမေမြင်သွားမိမှာကို စိုးရိမ်သည်။ ဆင်ကိုမျိုထားသည့် မြွေကြီးပဲဟု မြင်တတ်ပြီး ထိုပုံကြောင့် မေမေ ကြောက်သွားချင်ပါသည်။ အဲသည်လို ဖောက်ထွင်းသိမြင်ဖို့ဆိုလျှင် မေမေသည် သားတွေးသလို တွေးတတ်မှ ဖြစ်မည်။
မေမေတို့လူကြီးတွေသည် အသက်ကြီးလာသည့်အခါ ပညာတွေတတ်လာသည်။ အတွေ့အကြုံဗဟုသုတတွေ များလာသည်။ တားမြစ်ချုပ်တည်းမှုတွေ များလာသည်။ အဲသည်အခါမှာ မေမေတို့၏ စပ်စုစိတ် စူးစမ်းကြံဆစိတ်တွေ ဆုံးရှုံးသွားတော့သည်။ အလုံးစုံကိုသိသူတွေ ဖြစ်လာပါရဲ့။ သို့သော် ကျရှုံးမှာကြောက်သဖြင့် စိတ်ကူးအသစ်တွေနှင့် ဝေးရလေသည်။ သား အရွယ်ရောက်သည့်အခါ မေမေတို့လို သားမှာ အဲသည် အရည်အချင်းတွေ မဆုံးရှုံးစေချင်ပါ။ အဲသည် စပ်စုစိတ်၊ စူးစမ်းကြံဆစိတ်တွေသည် ထူးချွန်သောဖန်တီးစိတ်ကူးရှင်ဖြစ်ဖို့ အရေးကြီးသော လိုအပ်မှုတွေ ဖြစ်သည်သား။
ကလေးတစ်ယောက်လိုတွေးလျှင် လွတ်လပ်သည်။ အလိုအလျှောက် သဘာဝတုန့်ပြန်မှု ရှိသည်။ အကြောက်အလန့် ကင်းမဲ့သည်။ ဝေဖန်ခံရမှာကို မကြောက်၊ အဲသည်အခါမှာ စိတ်ကူးသစ်တွေကို ဖန်တီးနိုင်လိမ့်မည်။ ဒါမှလည်း စိတ်ကူးသစ်တွေ ဖန်တီးသော သားကို မေမေက အားပေးနိုင်ပါလိမ့်မည်။
(၂) မေးခွန်းတွေကို သားမေးတဲ့အခါ မေမေ စိတ်ရှည်ရှည်ဆွေးနွေးနိုင်ကျင့်ရှိရမည်။
ကလေးတစ်ယောက်ကို မေးခွန်းတွေ မေးတတ်အောင်သင်ပေးစရာ မလိုပါ။ ကလေးတွေက မေးခွန်းမေးသည့် အလေ့အထ ရှိပြီးသားပါ။ ထိုအလေ့အထကို ပျောက်သွားအောင် တားမြစ်ပိတ်ပင်လိုက်သူက လူကြီးတွေသာ ဖြစ်သည်။
ကောင်းကင်ကြီးက ဘာကြောင့် ပြာနေတာလဲ။
ကလေးတစ်ယောက်၏အဲသည်မေးခွန်းမျိုးကို အတိအကျ မဖြေနိုင်သော၊ စိတ်ရှုပ်ထွေးနေသော လူကြီးသည် ကလေးကို ဟန့်တာပိတ်ပင်လိုက်မှာ အမှန်ပဲ။ ထိုအခါ ကလေးအနေနှင့် မေးခွန်းမေးခြင်းမှာ မသင့်တော်သောကိစ္စတစ်ခုအဖြစ် လက်ခံပြီး တွန့်ဆုတ်သွားမှာပဲ။
'ဘာကြောင့်လဲ' ဆိုသောမေးခွန်းသည် ကလေးတွေဆီမှာ အမြဲရှိသည်။ ကလေးတွေက အရာရာကို ညီတူညီမျှ အလေးအနက်ထာေးသာကြောင့် ဖြစ်သည်။
ဒီအပင်က ဆူးတွေ ရှိပြီးတော့ ဟိုအပင်က ဘာဖြစ်လို့ ဆူးမရှိတာလဲ။ သား မေးလာလိမ့်မည်။ အဲသည်အခါ မေမေ မဖြေတတ်ပေမဲ့ တတ်စွမ်းသမျှ ရုက္ခဗေဒလောကသဘာဝဖြင့် ဖန်တီးအားထုတ်ကာ မေမေ ဖြေရတော့မည်။
နေပူကျဲကျဲမှာ အိမ်အပြင်ကို မထွက်ရဘူး......ဟု မေမေ တားမြစ်သည့်အခါ သားက “ဘာကြောင့်လဲ၊ ဘာဖြစ်လို့ မထွက်ရမှာလဲ၊ ထွက်ရင် ဘာဖြစ်မလဲ” ဟု ပြန်မေးလာခဲ့လျှင် မေမေ စိတ်မတိုမိမှ ဖြစ်မည်။ “ဘာကြောင့်” ဟူသော မေးခွန်းကိုသားမေးတိုင်း အဲသည်မေးခွန်းအတွက် မေမေ့မှာ အဖြေ အဆင်သင့်ရှိရမည်။ သားမေးတိုင်း မေမေဖြေနိုင်မှ သားက ဆက်မေးဖို့သတ္တိရှိလိမ့်မည်။ သား မေးခွန်းတွေမေးတတ်မှ ပြဿနာတစ်ခုကို ဘက်ပေါင်းစုံမှ သား ဆင်ခြင်ဖြေရှင်းနိုင်လိမ့်မည်။
တစ်ခါတုန်းက မေမေစာအုပ်တွေ စီထပ်နေသည့်အခါ သား၏ မမက မေမေ့အနားမှာကူညီပြီး စာအုပ်တွေ သယ်ပေးနေခဲ့သည်။ အဲသည်တုန်းက သားသည် မေမေ့ဘဝထဲသို့ ရောက်မလာသေး။ မေမေ့ဆီမှာ၊ မေမေ့အိမ်မှာ၊ မေမေ့သားအဖြစ်ဝင်လာဖို့ ခပ်လှမ်းလှမ်းမှ အကဲခတ်နေဆဲကာလ ဖြစ်လိမ့်မည်။ သား မမက အသက် ၄- ၅ နှစ်အရွယ်ပေါ့။ သား မမက စာအုပ်တွေကို အမြင့်ကြီးထပ်စေချင်သည်။ မေမေက နှစ်ပုံ သုံးပုံခွဲလျက် ခပ်နိမ့်နိမ့်သာ ထပ်သည်။ သား မမက မေမေ့ကို မေးခဲ့သည်။
“မေမေ.....အမြင့်ကြီး ဘာလို့မထပ်တာလဲ”
“ဘာလို့မထပ်သလဲဆိုတော့ ပြိုကျမှာမို့ပေါ့”လို့ မေမေ ဖြေခဲ့သည်။ သူများအပြောကို လွယ်လွယ်နှင့်လက်မခံချင်သော သား မမက မျက်မှောင်ကြုတ်သည် သား။ သည်တော့ မေမေက သမီးစိတ်ကြိုက်အမြင့်ကြီး ထပ်ပေးလိုက်သည်။ အဲသည်အခါ စာအုပ်ပုံက ပြိုကျသွားလေသည်။ ထိုအခါမှ သမီးက လက်ခံသွားတော့သည်။
ဘာကြောင့် ဟူသောအမေးကို လက်တွေ့ရှင်းပြနိုင်သည့်အခါတွေ ရှိသည်။ လက်တွေ့ရှင်းပြလို့မဖြစ်ဘဲ စကားနှင့်သာ ရှင်းပြနိုင်သောကိစ္စတွေလည်း ရှိပါသည်။ လက်တွေ့ရှင်းပြလို့ရသည့်ကိစ္စတွေမှာ လက်တွေ့ရှင်းပြထားမှ လက်တွေ့မပြနိုင်သည့်ကိစ္စတို့တွင် မေမေတို့၏အဖြေကို သားတို့ ကျေနပ်လိမ့်မည်။ အဲသည်လို ကျေနပ်မှလည်း နောက်ထပ်ဆက်၍ မေးခွန်းတွေမေးဖို့ စိတ်အားထက်သန်လိမ့်မည်။
သည်တော့ မေမေ သားတို့မေးသမျှ မေးခွန်းတွေကို စိတ်ရှည်ရှည်ဖြေရင်း အားပေးချင်ပါသည်။
(၃) အဆပွားယူတဲ့ အတွေးအခေါ် (Reproductive Thinking) ထက် ထုတ်လုပ်ဖန်တီးနိုင်တဲ့ အတွေးအခေါ် (Productive Thinking) ကို ပိုပြီး လိုအပ်ကြောင်း သားကို အသိပေးပြောပြရမည်။
မေမေတို့ သာမန်လူတွေသည် အဆပွားယူသော အတွေးကိုသာ တွေးတတ်လေ့ရှိကြသည်။ သဘောကတော့ အတိတ်ကကြုံတွေ့ခဲ့တဲ့ ဆင်တူရိုးမှားပြဿနာတွေအပေါ်မှာ အခြေခံပြီး တွေးတောခြင်းဖြစ်သည်။ အရင်တုန်းက ကြုံခဲ့သည့် ပြဿနာကို မေမေတို့သင်ထားသည့်ပညာ၊ တွေ့မြင်ထားသည့်ဗဟုသုတတွေသုံးပြီး ဖြေရှင်းခဲ့ပုံများကို ပြန်လည်မှီငြမ်းပြီး အဲသည် ထုံးတမ်းစဉ်လာအတိုင်း နောက်ထပ်အဆပွား တွေးခေါ်ဖြေရှင်းနည်း ဖြစ်သည်။ အဲသည် တွေးခေါ်ဖြေရှင်းနည်းကို မမှန်ဘူးဟု မေမေမဆိုလိုပါ။ သို့သော် အသစ်အသစ်သော နည်းလမ်းစိတ်ကူးတွေ ကိုမရနိုင်။ ရပြီးသားကိုပဲ ရလိမ့်မည်။ အဲသည်နည်းနှင့် မေမေတို့ အားလုံး သာမန်လူတွေ ဖြစ်ခဲ့ကြရသည်။
ထူးချွန်ထက်မြက်သည့်ပုဂ္ဂိုလ်တွေကတော့ မေမေတို့နှင့် မတူ။ သူတို့က ထုတ်လုပ်သည့်အတွေးကိုသာ တွေးကြသည်။ ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ သူတို့စဉ်းစားပုံက
“ဒီပြဿနာကို နည်းလမ်းဘယ်နှစ်မျိုးနဲ့ ငါ ချဉ်းကပ် စဉ်းစားနိုင်မလဲ”
“ငါမြင်ထားတဲ့နည်းကို နောက်ထပ်ဘယ်လိုပြန်တွေး ကြည့်နိုင်ဦးမလဲ”
“ဒီပြဿနာကို ငါ မတူညီတဲ့နည်းတွေ ဘယ်နှစ်မျိုးလောက်နဲ့ ဖြေရှင်းကြည့်နိုင်မလဲ” အဲသည်လို စဉ်းစားတွေးခေါ်ပါသည်။
မေမေတို့ကတော့ “အရင်တုန်းက ဘယ်သူကတော့ ဒီ ပြဿနာမျိုးကို ဘယ်လိုကိုင်တွယ်ခဲ့ဖူးတယ်” ဆိုသည့် အတိတ်အတွေ့အကြုံ သင်ခန်းစာမှပွားယူသည့် အတွေးကိုသာ တွေးတတ်သည်။
သားကို မေမေက Productive Thinking သာ တွေးစေချင်သည်။ အဲသည်နည်းဖြင့်သာ သားသည် ပြဿနာကို နည်းလမ်းပေါင်းစုံမှ တွေးဖို့ စိတ်ရှည်လိမ့်မည်။ နီးစပ်သည့်အဖြေတစ်ခု ရသွားသည့်အခါ အခြားအဖြေတစ်ခုအတွက် ဒုက္ခမခံလိုတော့သည့် စိတ်ကျေနပ်မှုမျိုးလည်း သားမှာ လွယ်လွယ် မဖြစ်ပေါ်စေလိုပါ။
အိုင်းစတိုင်းဟူသော သိပ္ပံပညာရှင် ထူးချွန်ပုဂ္ဂိုလ်ကြီးအကြောင်း မေမေသားကို ပြောပြရဦးမည်။ တစ်ခါတုန်းက အိုင်းစတိုင်းကို လူတစ်ယောက်က မေးခဲ့ဖူးသတဲ့သား။
“သာမန်လူတစ်ယောက်နဲ့ ဆရာကြီးနဲ့ ဘာတွေ ကွာခြားလို့လဲ”
အဲသည်တော့ အိုင်းစတိုင်းက ဟောသည်လို ပြန်ဖြေခဲ့သတဲ့။
“သာမန်လူတစ်ယောက်ကို ကောက်ရိုးပုံထဲမှာ အပ် တစ်ချောင်းရှာခိုင်းကြည့်ခဲ့ရင် သူ ရှာဖွေပါလိမ့်မယ်၊ ဒါပေမဲ့ အပ် တစ်ချောင်း တွေ့ပြီးဆိုတာနဲ့ သူ အရှာရပ်ပစ်လိုက်လိမ့်မယ်။ ကျွန်တော်ကတော့ အပ်တစ်ချောင်းတွေ့ပြီးပေမဲ့ ကောက်ရိုးပုံတစ်ခုလုံး မွှေနှောက်ဆုတ်ဖြဲပြီးတော့ နောက်ထပ်တွေ့နိုင်သမျှ အပ်အားလုံးကို ဆက်ရှာနေမှာပဲ၊ အဲဒီလို ကွာခြားပါတယ်”
ရစ်ချတ်ဖိုင်းမင်း (Richard Feynman) ဆိုတဲ့ အမေရိကန် ရူပဗေဒပညာရှင်တစ်ယောက်က စာသင်ကျောင်းတွေမှာ ဆပွားတွေးခေါ်ခြင်းအကျင့်ကို မသင်ပေးဘဲ ထုတ်လုပ်တွေးခေါ်ခြင်းအကျင့်ကို သင်ပေးဖို့ အဆိုပြုခဲ့သည်။
ဥပမာ ၂၉ ဂဏန်းကို ၃ ဂဏန်းနှင့်ပေါင်းရမဲ့ ပုစ္ဆာတစ်ပုဒ်ဆိုပါစို့။ ၂၉+၃ ရဲ့ အဖြေကို တွက်တတ်ဖို့က သူတို့ဆီက တတိယတန်းဆင့်ထက် ငယ်ရွယ်သူ ကျောင်းသားတွေနှင့် မသင့်တော်ဘူးဆိုပေမဲ့ ပထမတန်းဆင့် ကလေးတစ်ယောက်ဟာ ဤပုစ္ဆာကို တွေးတောခြင်းအားဖြင့် ဖြေရှင်းနိုင်မှာပါပဲ တဲ့။ ၃၀၊ ၃၁၊ ၃၂ ရယ်လို့ စဉ်းစားအဖြေရနိုင်ပါသတဲ့။ နည်း အမျိုးမျိုးနဲ့ ရှာကြည့် အမှားတွေကိုဖယ်ရင်း အမှန်တွေကို ရနိုင်မှာပေါ့ သား။
(၄) အတိတ်အတွေ့အကြုံမှ လွတ်ကင်းစွာ တွေးတောနိုင်ဖို့ သားကို မေမေ လေ့ကျင့်ပေးရမည်။
ထုတ်လုပ်သည့် Productive Thinking ကို မသုံးဘဲ နမူနာရှိပြီးသားထဲကနေ ဆပွားတွေးယူသော Re-productive Thinking ကိုချည်း မေမေတို့က အသုံးပြုနေသည့်အတွက် မေမေတို့၏ အတွေးနယ်ပယ်များ တင်းကျပ်ကျဉ်းမြောင်းကုန်ပါသည်။ အတိတ်ကကြုံခဲ့ဖူးသည့် ပြဿနာနှင့် အပေါ်ယံမှာဆင်တူပြီး အတွင်းအနှစ်မှာ လုံးဝကွဲပြားသော ပြဿနာသစ်ကိုကြုံရသည့်အခါ မေမေတို့၏ ဖြေရှင်းနည်းတွေ မှားကုန်တော့သည်။ ဘာကြောင့်လဲဆိုတော့ မေမေတို့တွေးသည့် Re-productive Thinking သည် မူလအစစ်အမှန်ကို တူးဆွ တွေးခေါ်ခြင်း မဟုတ်ဘဲ ရှိပြီးသားကို ပုံတူပွားသည့်အတွေး ဖြစ်နေသောကြောင့်ပါပဲ။
နမူနာအားဖြင့် မေမေကြားဖူးသော ဆွစ်(စ်)နာရီကုမ္ပဏီ အဖြစ်အပျက်ကို ပြောပြချင်သည်။
၁၉၆၈ ခုနှစ်တွင် နာရီထုတ်လုပ်စက်ရုံလုပ်ငန်းကို ပြီးခဲ့သည့်ရာစုနှစ်ပေါင်းများစွာကအတိုင်း ဆွစ်(စ်)က လွှမ်းမိုး ချုပ်ကိုင်ထားသည်။ အဲသည်အချိန်မှာ အီလက်ထရွန်းနစ်ဖြင့် နာရီရွေ့လျားဖို့ ဆွစ်(စ်)ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ တီထွင်ဖော်ထုတ်ခဲ့သည်။ သို့သော် တီထွင်မှုအသစ်ကို ထိုနှစ်တွင် ကမ္ဘာ့နာရီကွန်ဂရက်(စ်)မှာ တင်ပြလိုက်သည့်အခါ ဆွစ်(စ်)ထုတ်လုပ်သူတိုင်းက ပယ်ချခဲ့ကြသတဲ့။ စက်ရုံမှာ သူတို့ကြုံတွေ့ရပြီးသောအတိတ်ဖြစ်ရပ်တွေအရ အနာဂတ်မှာ အောင်မြင်မှာ မဟုတ်ဘူး....ဆိုသောဆုံးဖြတ်ချက်နှင့်ပေါ့။ သို့သော်ဂျပန် ဆီကိုကုမ္ပဏီကတော့ အဲဒီတီထွင်မှုကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ဆက်လက်ကြိုးစားသွားလိုက်သည့်အခါ ကမ္ဘာ့နာရီဈေးကွက်တစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲပေးလိုက်သူအဖြစ် အောင်မြင်သွားလေသတဲ့။
သား သတိထားရမည်။
အရင်က သားတွေးခဲ့ဖူးသည့် နည်းတွေအတိုင်း သား အမြဲတွေးနေမည်ဆိုပါက ကိုယ်ရပြီးသားအရာတွေကိုပဲ အမြဲတမ်း ရနေလိမ့်မည်သား။ ဖန်တီးတီထွင်ဥာဏ် ဆိုသည်မှာ အသိပညာဥာဏ်ရည်နှင့် မတူပါ။ သားမရဖူးသေးသည့်အရာကို ပိုင်ဆိုင်ရရှိဖို့ဆိုလျှင် သားမတွေးဖူးသော အတွေးသစ်တွေကို တွေးတောကြံဆနေဖို့ လိုလိမ့်မည်။
(၅) အစဉ်အလာစည်းမျဉ်းတွေကို ချိုးဖောက်ရဲဖို့ သားကို တွန်းအားပေးရလိမ့်မည်။
အသစ်တစ်ခုဖန်တီးခြင်းဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။
ဥပမာ သားက ကျောင်းသားကလေးတစ်ယောက် ဖြစ်သည် ဆိုပါတော့။ အများတကာ ကျောင်းသားတွေက မျဉ်း၏အပြင်မှာ အရောင်ခြယ်နေကြချိန်တွင် သားသည် စူးစမ်းစိတ်ဖြင့် မျဉ်း၏အပြင်မှာ အရောင်ခြည်လျှင် ပုံက ဘာပုံရသွားမလဲ ဟူသော အတွေးဖြင့် အပြင်မှာ အရောင်ခြည်ကြည့်ရဲရလိမ့်မည်။ အဲသည်လို အရောင်ခြည်မိသည့်အတွက် ဆရာက၊ သူငယ်ချင်းတွေက ဝေဖန်လျှင် သား ရဲ့ဝံ့စွာ ခံနိုင်ရမည်။
မေမေတို့လူလောကကြီးသည် ဝေဖန်ရှုတ်ချသူများ၊ ကန့်ကွက်သူများဖြင့် ပြည့်နေခဲ့သည် သား။ အများနှင့်မတူသော အသစ်တစ်ခုခုကို သားလုပ်လျှင် သူတို့တွေက သားကို လှောင်ပြောင်ကြမည်၊ သို့မဟုတ် ကရုဏာဒေါသဖြင့် ပြစ်တင်ကြလိမ့်မည်။ အဲဒါကို ခံနိုင်ရည်မရှိလျှင် သား ဘယ်တော့မှ အသစ်တီထွင်ဖန်တီးသူ ဖြစ်မလာနိုင်ပါ။ ဖန်တီးသူဖြစ်ဖို့ သတ္တိလိုပါသည်။
“ကြော်ငြာတွေမှာ အရုပ်တွေ၊ ပုံရိပ်တွေထက် စကားလုံးတွေက ပိုပြီး အရေးကြီးတယ်”ဆိုသော အများလက်ခံသည့် စည်းမျဉ်း အစဉ်အလာတစ်ခုကို Leo Burnett ဆိုသူက ချိုးဖောက် လိုက်သတဲ့။ သူသည် ယနေ့ခေတ်မှာ မှတ်မိလွယ်ဆုံး အားကောင်းလှသော ပုံရိပ်တို့ကို ဖန်တီးတင်ဆက်ခဲ့သူ ဖြစ်သတဲ့။ ဥပမာ မာလ်ဘိုရိုလူသားနဲ့ကျားကလေးတိုနီ စသည့်ပုံရိပ်များ ဖြစ်သည်.....တဲ့။ မေမေ လုံးဝလက်ခံနိုင်ပါသည်။ မေမေအခုတလော တွေ့နေရသော MTV channel မှာ လာတတ်သည့် လီဗိုင်း(စ်) ဂျင်းဘောင်းဘီကြော်ငြာကိုလည်း မေမေကြိုက်သည်။ အခန်းထဲမှာ ရပ်နေရာက နံရံတွေကို တွန်းထိုးဖောက်ထွင်းထွက်၊ ဟိုးအပြင်လောကမှာ သစ်ပင်မြင့်ကြီးတွေ၏ ပင်စည်အတိုင်း ခွန်အားအပြည့် တက်သွားပြီး လေထုထဲသို့ လွင့်ပျံခုန်သွားသော လူငယ်တို့၏ လွတ်လပ်မှု၊ ပေါ့ပါးမှု အရသာ။ အဲဒါ ဂျင်းဘောင်းဘီရဲ့ အရသာပေါ့။ အခုဖြင့် ကြော်ငြာတွေအားလုံး စကားကနည်းနည်း၊ အရုပ်ကများများ ခေတ်သို့ ရောက်ပါပြီ။
Fred Smith ဆိုသူက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံပိုင် စာတိုက်စနစ်တစ်ခုတည်းကသာလျှင် စာဝေခွင့်ရှိသည်ဆိုသော အစဉ်အလာတစ်ခုကို ချိုးဖောက်ခဲ့သူဖြစ်သည်။ သူသည် အခု မေမေတို့ တိုင်းပြည်အထိ ခေတ်စားနေသော Federal Express(Fed Ex) လုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်သည်။
စည်းမျဉ်းအစဉ်အလာဆိုသည်မှာ တစ်ခါတစ်ခါကျတော့ လူ၏ ဖန်တီးတွေးခေါ်နိုင်စွမ်းကို အကျဉ်းချထားသော မမြင်ရသည့် အတားအဆီးတွေ ဖြစ်တတ်သည်။ အဲသည် အတားအဆီးတွေကို စိတ်ခေါ်လိုက်သည့်အခါကျမှ ကိုယ့်မှာရှိသော ဖြစ်နိုင်စွမ်းတွေ ဖြန့်ကျက်လာပြီး စိတ်ကူးသစ်တွေ ပေါ်ထွက်လာနိုင်မှာ ဖြစ်သည်။
စည်းမျဉ်းအစဉ်အလာတွေကို ချိုးဖောက်ကြည့်ဖို့ နည်းလမ်းတစ်ခုကတော့ “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးမြန်းဖို့ပါပဲ။ ဘာကြောင့်ဒီအတိုင်းဖြစ်ရမှာလဲ၊ ဘာကြောင့် သည်အစဉ်အလာကို လိုက်နာရမှာလဲ။ ထိုအခါ အဖြေတစ်ခုကို ရလာလိမ့်မည်။ ရလာသောအဖြေပေါ်မှာ ထပ်ပြီး မေးခွန်းထုတ်ကြည့်ရဦးမည်။ ဘာကြောင့်လဲ။ အဲသည်နည်းအားဖြင့် သားသည် အစဉ်အလာစည်းမျဉ်းတွေကို ရင်ဆိုင်သည့်အခါ ရှင်းလင်းချက်တစ်ခုရသော်လည်း ကျေနပ်မနေဘဲ နောက်ထပ် နည်းသစ်များဖြင့် ချဉ်းကပ်မိပေလိမ့်မည်။
သား သိထားတုန်းက အစဉ်အလာစည်းမျဉ်းကို ချိုးဖောက်ဖို့ ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ သတ္တိရှိဖို့လိုသည် ဆိုတာပါပဲ။
(၆) စိတ်ကူးအသစ်တစ်ခုရလာဖို့ ပုံမှန်အတွေးတွေကိုပဲ မေးခွန်းထုတ်ပြီး ဆန်းစစ် အဖြေရှာနိုင်သေးသည် ဆိုတာ သားကိုပြောပြရမည်။ အဲသည်မေးခွန်း ခုနစ်ခုကို အင်္ဂလိပ်ဝေါဟာရ SCAMPER အဖြစ် အစ စာလုံးများကို စုပေါင်းထားသည်။
တစ်ခါတုန်းက မေမေရယ်၊ သားရယ်၊ သား၏မမရယ် သစ်သားအတိပြီးသော တံတားကြီးတစ်ခု တည်ရှိရာ အင်းရေပြင်အကျယ်ကြီးသို့ ပျော်ပွဲစားထွက်ခဲ့ကြသည်ကို သားမှတ်မိပါလိမ့်မည်။ အဲသည်တုန်းက ဝါဆို ဝါခေါင် ရေကြီးချိန်ဖြစ်သဖြင့် အင်းရေပြင်မှာ ရေလျှံတက်နေသည်။ အဲသည်မှာ တံတားပေါ်၌ ငါးမျှားနေကြသောလူတွေကို မေမေတို့ ခဏခဏ ဖြတ်ကျော်ခဲ့ကြသည်။ ထို့နောက် သားက မေမေအား ပူဆာပါတော့သည်။
“သားသားလည်း ငါးမျှားချင်တယ်” တဲ့
သား၏ငါးမျှားချင်စိတ်မှာ ငါးမျှားသည့်မြင်ကွင်းမှ ကျော်လွန်သည့်အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မည်ဟု မေမေ ထင်ခဲ့မိ၏။ သို့သော် သားကလေးက အစွဲအလန်းကြီးလှသည်။ မေမေ စိတ်ညစ်ခဲ့ရပါသည်။
သားဘယ်လိုလုပ်ပြီး၊ ငါးမျှားလို့ဖြစ်ပါ့မတုန်း၊ သား အသက်က၃နှစ်ပဲရှိသေးသည်၊ နောက်ပြီး သားကို သူတစ်ပါး၏အသက် သေစေသောသူအဖြစ် မေမေမမြင်ချင်။ သားမမျှားတတ်လို့ ငါးမိသွားမှာ မပူပင်ရဘူးပဲထား၊ ငါးရှိနိုင်မည့် ရေ ပတ်ဝန်းကျင်မှာ သားကလေး ဘယ်လိုနည်းနှင့်မျှ ကြာကြာထိုင်လို့မဖြစ်။ မေမေက အဲသည်အတွေးဖြင့် သားအား တစ်လမ်းလုံး ဖျောင်းဖျ ချော့မော့ခဲ့ရသည်။
သည်နေရာမှာ မေမေက လူကြီးဖြစ်နေသည့်အတွက် အစဉ်အလာအတွေးတွေကိုသာ မေမေ တွေးတောခဲ့မိသည်ကိုး။ သား၏ ငါးမျှားလိုခြင်းပြဿနာမှာ မေမေဦးတည်ပြီးတွေးသည်က ငါးအကောင်၊ ရေ၊ ငါးမျှားတံ၊ ငါးမျှားချိတ်၊ တီကောင် သို့မဟုတ် ငါးစာ၊ သူတစ်ပါး၏ အသက်၊ သူတစ်ပါး၏နာကျင်မှု စသည်စသည်ဖြင့် အစဉ်အလာအတွေးတွေပဲဖြစ်သည်။ ပြဿနာ၏ မြင်သာသောပုံသဏ္ဌာန်ကို ရှုမြင်သည့် အတွေး ဆိုပါတော့ သားရယ်။
သို့ပေမဲ့ သား မမကတော့ ကလေးဖြစ်သည်။ သား မမက ငါးမျှားခြင်း၏ ပုံသဏ္ဌာန်ကိုမတွေးဘဲ နောက်ခံတည်ရှိမှုကို တွေးခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ သားမမ ဘာလုပ်သည် ထင်သလဲ။ သူ့မောင်လေးအတွက် ငါးရုပ်လေးတွေ ရေးဆွဲတော့သည် သား။ စက္ကူဖြူပေါ်မှာ သူတတ်သရွေ့မှတ်သရွေ့ဖြင့် ငါးရုပ်ကလေးတွေရေးကာ ရောင်စုံခဲတံဖြင့် ဆေးခြယ်လိုက်သည့်အခါ သားအတွက် ရောင်စုံငါးတွေ ရတော့သည်။ ထိုငါးကလေးများကို ကတ်ကျေးတစ်လက်ဖြင့် အနားတွင်လိုက်ကိုက်လိုက်သည့်အခါ သားဖမ်းလို့ရမည့် ငါးတွေအဖြစ် ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့ပေါ့။
“ဒီငါးတွေကို မောင်လေးက ငါးမျှားတံတုတ်ချောင်းနဲ့ ဖမ်းပေါ့နော်၊ မမ အပ်ချည်ကြိုးနဲ့ ချည်ပေးမယ်”
သမီး၏အတွေးကို မေမေသိရတော့မှ မေမေ့ခေါင်းထဲမှာ လက်ခနဲ အတွေးပေါ်လာခဲ့သည်။
ဟုတ်သားပဲ။ သားအတွက် အဓိကအရေးကြီးတာက ငါးစစ်စစ်မဟုတ်၊ ရေပြင်မဟုတ်၊ ငါးမျှားတံစစ်မဟုတ်။ သားလိုချင်သောအရာကလေးကို သားလက်ထဲသို့ ပါလာအောင် အမိအရ ဖမ်းယူပြီး စိတ်ကျေနပ်ရမည့် နည်းလမ်းတစ်ခုသာ လိုအပ်သည်။
အဲသည်တော့မှပဲ ကမန်းကတန်း ရှာကြံတွေးဆရသည်။ ငါးကလေးတွေကို တုတ်၏ကြိုးရှည်မှာ ချိတ်ပါလာအောင် ဘယ်လို လုပ်ရပါ့မလဲ။
နောက်ဆုံးမှာ မေမေတို့ စာလည်းသင်ခဲ့ရသော၊ စာ မသင်ခင်ကလည်း ခဏခဏစမ်းသပ် ဆော့ကစားခဲ့ဖူးသော သံလိုက်နှင့် သံ၏ ဆွဲဆောင်မှုကို သတိရသွားသည်။ ထို့နောက် သားကလေးက ဘေးမှာ ထိုင်ကြည့်နေစဉ် မေမေနှင့်သားမမက သားအတွက် ငါးရုပ်ကလေးတွေ၏ ဦးခေါင်းနေရာမှာ သံကွင်းသေးသေးလေးတွေ ဖောက်စွပ်ကြသည်။ မေမေ့မှာ ကွင်းကျယ်သီးတပ်ပြီးဝတ်ဖို့ ဝယ်ထားသော သံကွင်းလေးတွေ ပုလင်းနှင့်အပြည့် ရှိသည်လေ။
ထိုသံကွင်းလေးတွေသည် သံလိုက်နှင့်ထိလျှင် ကပ်ပြီးပါလာမှာပဲ မဟုတ်လား။ မေမေသည် သံလိုက်တုံး အသေးလေးကို အပ်ချည်ကြိုးဖြင့်ချည်ပြီး ထိုအပ်ချည်ကြိုး အစရှည်ရှည်ကို တုတ်ကလေး၏အဖျားမှာ ထပ်ချည်လိုက်ရ၏။ ကဲ.....ငါးမျှားတံတော့ ရပြီ။ ငါးတွေကို ရေထဲချလို့မရ။ သည်တော့ ရေနှင့် အသွင်သဏ္ဌာန်တူသော ဖန်ပုလင်းအကြည်စားထဲမှာ ဖြန့်ကျဲထားလိုက်သည်။
“ဟောသည်မှာကြည့်သား၊ မေမေတို့ ငါးမျှားမယ်၊ သားက ဒီတုတ်လေးကိုကိုင်”
တုတ်တံလေးကို သားအား ကိုင်စေပြီး သံလိုက်တုံးကလေးကို ဖန်ပုလင်းထဲရောက်အောင် ခပ်ဖြည်းဖြည်းချပေးလိုက်သည့်အခါ ငါးလေးတစ်ကောင်က သံလိုက်တုံးကို ပြေးကပ်လာသည်။
“ငါးလေးတစ်ကောင်မိပြီ သားရေ”
သားသည် မေမေ့ထံမှ ငါးမျှားတံကလေးကို ဆွဲယူကာ စိတ်လှုပ်ရှားစွာ ရယ်မော သဘောကျနေခဲ့လေသည်။
“မိပြီ၊ ငါးကလေးတစ်ကောင်မိပြီ၊ သားသားဖမ်းတာ”
တော်ပါသေးရဲ့ သားရယ်၊ သား မမကယ်ပေလို့။
စောစော မေမေပြောနေသည့် SCAMPER ဟူသော (မေးအပ်သည့်) မေးခွန်းခုနစ်ခုအကြောင်း လေ့လာတွေ့ရှိခဲ့သည်မှာ Alex Dsborn ဖြစ်သည်။
စိတ်ကူးသစ်တစ်ခုရဖို့ အစဉ်အလာအတွေးတွေကို ဟောသည်နည်းတွေနဲ့ ပြုပြင်မွန်းမံ၍ ရသည်တဲ့။
S= Substitute အစားထိုးကြည့်မလား၊
C= Combine ပေါင်းစပ်ကြည့်မလား၊
A= Adapt မှီငြမ်းပြုမလား၊
M= Modify, Magnify ထူးကဲအောင်ပြုမလား၊ ချဲ့ထွင်ကြည့်မလား၊
P= Put to other uses အခြားအသုံးပြုမှုထဲ ထည့်ကြည့်မလား၊
E= Eliminate ပယ်ဖျက်ပစ်မလား၊
R= Rearrange, Reverse ပြန်စီစဉ်မလား၊ ပြောင်းပြန် လှန်ပစ်မလား၊
အဲသည်မေးခွန်းတွေအားလုံးကို မေမေတို့ သိပြီးသား၊ လောကမှာ ခဏခဏ ကြုံတွေ့ အသုံးပြုပြီးသားပါ။ သို့သော် ဖန်တီးတီထွင်သည့် စိတ်ကူးသစ်တစ်ခုရဖို့ မေးမြန်းစစ်ကြောကြည့်ရမည့် မေးခွန်းတွေ အဖြစ်တော့ တစ်ခါမျှ စနစ်တကျ သုံးမကြည့်ဖူးခဲ့ပေ။
သားကလေးကို ထူးချွန်ထက်မြက်သူ ဖြစ်စေချင်လွန်း၍ မေမေလက်လှမ်းမီသမျှ စာတွေကို ဖတ်ရှုလေ့လာကြည့်တော့မှ မေမေ သိလာခဲ့ရပါသည်။
တစ်ခုတော့ မေမေ စိတ်မကောင်းဖြစ်ရပါသည်။ သား မမနှင့် ပတ်သက်၍ပါ၊ သမီးအတွက်နှင့် မေမေ မခံချင်စိတ် ဝင်မိသည်။
သားမမကို မေမေမွေးပြီးသည့်နောက် သမီးကလေးတစ်ယောက်အတွက် လိုအပ်သည့်ဉာဏ်ရည်အသိနှင့် လိမ္မာထူးချွန်မှုကို မေမေ ရှာဖွေပေးနိုင်ဖို့အတွက် မေမေစာအုပ်တွေ အများကြီး ထပ်ဖတ်ခဲ့သည်။ မူလက လေ့လာထားသော ကလေးစိတ်ပညာ အသိအမြင်ဗဟုသုတများကို ထပ်ထပ်တိုးပြီး လေ့လာခဲ့သည်။ သို့သော် သမီးအတွက် မေမေ့ မျှော်လင့်ချက်တွင် ဖန်တီး တီထွင် ပညာရှင် Genius ဖြစ်ဖို့ဟူသော အတွေး ပါပါရဲ့လား။ ထိုအတွေးဖြင့် မျှော်လင့်မိခဲ့သည်ဆိုလျှင်လည်း ထို အတွေးကို ယခုလိုတော့ သမီးဖတ်နိုင်ဖို့ မေမေချမရေးမိခဲ့ပါ။ ဘာကြောင့် မရေးခဲ့မိပါသလဲ။ “သမီးမိန်းကလေး” နှင့် “ထူးချွန်ဖန်တီးရှင် Genius” အဟပ်ကွာသည် ဟု မေမေ့မသိစိတ်က လက်ခံထားခဲ့မိလို့လား။
မေမေဖတ်သမျှမှတ်သမျှ စာအုပ်များက ဖော်ပြထားသော ထူးချွန်ဖန်တီးရှင် Genius များသည် အားလုံးလိုလို ယောက်ျားတွေချည်း ဖြစ်သည်။ သည်အတိုင်းဆိုလျှင် မိန်းမတွေမှာ ထူးချွန် ဖန်တီးရှင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးဟု ကောက်ချက်ချလိုက်ကြပြီလား။
အဲသည်လိုဖြင့် မေမေ အလွယ်တကူ လက်မခံချင်ပါ။
သား၏ မမသည် အသက်ရှစ်နှစ်ပဲ ရှိသေးသည်။ အက်ဒွပ်ဒီဘိုနိုကိုလည်း မသိ၊ “ဖြန့်ထွက်တွေးခြင်း” ဆိုတာ ကိုလည်းမသိ။ သို့သော် သားအတွက် ငါးကိုအစားထိုးရမည့် ငါးရုပ်ကလေးတွေ ဖန်တီးဖို့တော့ သိသည်။ ဖြစ်အောင်လည်း သူကြိုးစားခဲ့သည်။ အခု သားကစားနေသော ငါးရုပ်လေးတွေမှာ သားမမ ဒုတိယတန်းကျောင်းသူကလေး၏ ဖန်တီးမှုဖြစ်သည်။
ဒါကြောင့် မေမေယုံသည်။ သမီးမှာ တီထွင်ဉာဏ်ရှိသည်။ စိတ်ထက်သန်မှုရှိသည်။ ကြိုးစားလိုစိတ်ရှိသည်။ အဲသည် အခြေခံစိတ်ဓာတ်ကို လူငယ်ဘဝမှာပါ ဆက်လက်တည်မြဲဖို့၊ စူးစမ်းဖန်တီးစိတ်တွေကို တွန်းအားပေးဖို့ မေမေတို့ လူကြီးတွေမှာ တာဝန်ရှိသည်။ အဲသည် ဖန်တီးစိတ်တွေကို လူငယ်ဘဝကနေ လူကြီးဘဝအထိရောက်အောင် သယ်ဆောင်ကျင့်ကြံဖို့ကတော့ သားတို့သမီးတို့၏ တာဝန် ဖြစ်သည်။
သမီးမိန်းကလေးတွေ ထူးချွန်သူဖြစ်မလာဘူးဆိုလျှင် အဲဒါ တားဆီးတတ်သော ပတ်ဝန်းကျင်ကြောင့်ပဲ။
မေမေကတော့ မေမေ့တာဝန်ကို အခုကစပြီး ဆောင်ရွက် အကောင်အထည် ဖော်တော့မည်။
(၇) ပထမဆုံး ခြေလှမ်းအဖြစ် သားတို့သမီးတို့၏ မှတ်ဉာဏ် အရည်အချင်းနှင့်ပတ်သက်၍ မေမေသတ်မှတ်ထားသော တန်ဖိုးများကို ပြင်ဆင်လျှော့ချလိုက်တော့မည်။
မှတ်ဉာဏ်ဆိုသည်မှာ ဦးနှောက်တွင်း အကန့်တစ်ခု၏ အရည်အသွေးတစ်ခုသာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဦးနှောက်၏ များပြားလှစွာသော တာဝန်တွေထဲမှ တစ်ခုသာဖြစ်သည်။ မှတ်ဉာဏ်နှင့် တီထွင်ဖန်တီးဉာဏ်သည် တစ်ခြားစီ တစ်ကန့်စီ ဖြစ်သည်။ ပြောရလျှင်တော့ တစ်ခါတစ်ခါ မှတ်ဉာဏ်သည် လူ၏ ဖန်တီးကြံဆဉာဏ်ကို တားမြစ်ပိတ်ပင်သော သဘော ပင်ရှိတတ်သည်။
ဒါကြောင့် သားတို့သမီးတို့အတွက် မေမေဂုဏ်ယူနည်းတွေ ပြောင်းလဲရတော့မည်။
စာတစ်ပုဒ်ကို နှုတ်တိုက်ကျက်မှတ်ရာတွင် အချိန် မြန်မြန်နှင့် အလွယ်ရသည့် အရည်အချင်းအတွက် မေမေ ဂုဏ်မယူချင်၊ ကျေနပ်ရောင့်ရဲမနေချင်။ အတန်းထဲတွင် အဆင့်တစ်တွေနှစ်တွေ မရလို့လည်း သားတို့အပေါ် မေမေ အားမလိုအားမရ မဖြစ်သင့်။ ပြဿနာတစ်ခုကို စနစ်ကျကျ လေ့လာဆန်းစစ်ပြီး နားလည်သဘောပေါက်သည့် ဉာဏ်ရည်ကို မေမေ ဂုဏ်ယူမည်။ ဆင်တူရိုးမှား ပြဿနာပဲလာလာ ဖန်တီးကြံဆစိတ်ဖြင့် ဖြေရှင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်သွားမှုကိုသာ မေမေ ဂုဏ်ယူမည်။
(၈) လူ့လောကမှာ ပို၍ပို၍ ဖန်တီးကြံဆနိုင်ဖို့ သားဟာ လူ ၄ ယောက်ဖြစ်ဖို့ လိုသတဲ့သား။ အရည်အချင်း ၄ မျိုးရှိဖို့ ဆိုပါတော့သားရယ်။ Roger Von Oech ဆိုသည့် ပုဂ္ဂိုလ်က သတ်မှတ်ထားသော မှတ်သားစရာ အချက်တွေပါ။
သတင်းအချက်အလက်အသစ်တွေကို ရှာဖွေနေသည့်အခါ သားသည် နယ်ပယ်သစ်ရှာဖွေသူ Explorer အဖြစ် ကျင့်ကြံရမည်။
သားမှာ ရရှိလာသော အရင်းအမြစ် သယံဇာတတွေကို စိတ်ကူးသစ်အဖြစ် အသွင်ပြောင်းသည့်အခါ သားသည် အနုပညာရှင် Artist ဖြစ်ရမည်။
သားမှာရရှိသောစိတ်ကူးသစ်၏ အကျိုးအမြတ်ကို ချင့်ချိန် စစ်ဆေးသည့်အခါ သားသည် တရားသူကြီး Judge ဖြစ်ရမည်။ သား၏ စိတ်ကူးသစ်ကို မှန်ကန်သည်ဟု ဆုံးဖြတ်ပြီး လှုပ်ရှားဆောင်ရွက်သည့်အခါ သားသည် စစ်ထွက်သူရဲကောင်း Warrior ဖြစ်ရမည်…..တဲ့။
နယ်သစ်ရှာဖွေသူ Explorer မဖြစ်မှာကို သား စိတ်မပူပါနဲ့ သား။ လူငယ်တွေမှာ စပ်စုစိတ်၊ စူးစမ်းသိမြင်လိုစိတ်တွေ ရှိပါသည်။ လူငယ်တွေ၏ မေးခွန်းမေးလိုစိတ်ကို ရိုက်ချိုးမပစ်မိဖို့ မေမေတို့ လူကြီးတွေကသာ ကြိုးစားကျင့်ကြံ ယူရမှာပါ။
အနုပညာရှင် Artist မဖြစ်မှာကိုလည်း သား စိုးရိမ်ဖို့မလိုပါ။ ကလေးတိုင်းသည် ဖန်တီးဉာဏ်ရှိကြပါသည်။ ပီကာဆို ဟူသော ပန်းချီဆရာကြီးတစ်ယောက်က ပြောဖူးသည်။
“ကလေးတိုင်း ကလေးတတိုင်းဟာ အနုပညာရှင်ပါပဲ။ ပြဿနာကဘာလဲဆိုတော့ အဲဒီကလေးကြီးပြင်းလာတဲ့အခါ အနုပညာရှင်အဖြစ် ဆက်လက်တည်မြဲနေနိုင်ဖို့ပါပဲ” တဲ့။
“သားအနုပညာရှင် အဖြစ် ဆက်လက်တည်မြဲနိုင်ဖို့ သား ဘာတွေလုပ်ရမလဲ” ဟု မေးလာခဲ့လျှင် အဖြေတွေက အဆင့်သင့် ရှိပါသည်သား။ ဟောသည်အရည်အချင်းတွေ သား ကျင့်ကြံအားထုတ်ရမည်။
မှီငြမ်းရမည်၊ စိတ်ကူးဖြန့်ကျက်ရမည်၊ အတွေးတွေကို လိုအပ်လျှင်ပြောင်းပြန်လှန်ရမည်၊ အတွေးတွေကို ဆက်သွယ်ရမည်၊ နှိုင်းယှဉ်ရမည်၊ ဖျက်ပယ်ရမည်၊ ဟာသဖြင့် ရယ်ပွဲဖွဲ့ပစ်နိုင်ရမည် တဲ့။
တရားသူကြီး အရည်အချင်းကလည်း သားအတွက် အလွန်အရေးကြီးပါသည်။ ဘာကြောင့်လဲဆိုတော့ သား ရလာသည့် စိတ်ကူးသစ်ကို အကောင်အထည်ဖော်ဖို့ စစ်သူကြီးတစ်ယောက်လို ရဲဝံ့စွာ တိုက်ခိုက် ဆောင်ရွက်ရတော့မည်ဆိုတော့ သားတိုက်ခိုက်ဖို့အထိ ထိုင်တန်သော မှန်ကန်သော စိတ်ကူးသစ် ဟုတ်မဟုတ် သား ဆုံးဖြတ်နိုင်ရမည်ပေါ့။ မထိုင်တန်သော စိတ်ကူးသစ်တစ်ခုအတွက် သား စွန့်စား တိုက်ခိုက်လိုမည် မဟုတ်ပါ။
တရားသူကြီး ရာထူးအတွက် သား ချင့်ချိန်တတ်ရမည်။
Grant Heidrich ဟူသော ပုဂ္ဂိုလ်ကပြောခဲ့သည် သား။
“သွေးပူလေ့ကျင့်ခန်းအတွက် အချိန်အကြာကြီးယူပြီး ဖြုန်းတီးနေခဲ့ရင် မင်းဟာ အပြေးပြိုင်ပွဲကို လွဲရလိမ့်မယ်။ သွေးပူလေ့ကျင့်ခန်းကို လိုသလောက် မလုပ်မိပြန်ရင်လည်း မင်းဟာ ပြိုင်ပွဲကို ပြီးဆုံးအောင် ပြေးနိုင်မှာမဟုတ်ဘူး” တဲ့။
ဒီတော့ သားမှာ ဟောဒါတွေ လိုသေးသည်။
ရည်မှန်းချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ သား လေ့လာရမည်။
အကောင်းတွေ အကျိုးတွေကို သိရမည်။ အဆိုးနှင့် အပြစ်တွေကို သိရမည်။
အောင်မြင်ဖို့ဖြစ်နိုင်ခြေများနှင့် ရှုံးနိမ့်ခဲ့လျှင် ဘယ်လို ပြန်ဆပ်ရမလဲ သိရမည်။
အချိန်ကိုက်ပြီလား၊ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးအချိန်လား သိရမည်။
ဘက်လိုက်မှုတွေ တမ်းညွတ်မှုတွေ ပါနေသလား၊ ဆန်းစစ်ရမည်။
နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ဟာ ဘာလဲ ဟု သိရမည်။
တရားသူကြီးအဖြစ် ဆုံးဖြတ်ပြီးလျှင်တော့ စစ်ထွက် သူရဲကောင်း အဖြစ် သတ္တိရှိရှိ ရဲရင့်စွာတိုက်ခိုက်ပေတော့ သား။
အဲသည်လို ယုံကြည်ရာ စိတ်ကူးသစ်တစ်ခုအတွက် သား တိုက်ခိုက်သည် ဆိုသည့်အခါ…….
သားသတ္တိ ရှိပါ။
သား၏ ရည်ရွယ်ချက်ကိုရောက်ဖို့ နည်းဗျူဟာတွေ စီစဉ်ပါ။
သားအနေနှင့် ဘာကိုစတေးရဲသလဲဟု တွေးပါ။
ဆုံးရှုံးမှု၏ နောက်ဆက်တွဲ အရာများကို ကြိုစဉ်းစားပါ။
ရှေ့ဆက်တက်ပါ။
သားကို ဘယ်အရာတွေက နှောင့်နှေးအောင် တားဆီးနေသလဲ သိမြင်ပါ။
သားရဲ့စွမ်းအင်ကို ပညာရှိစွာ အသုံးချပါ။
လဲကျသွားသည့်အခါ ပြန်ထပါ။
ဘယ်လောက်အထိ သားဇွဲကြီးရမလဲ ကိုယ့်ကိုယ်ကို မေးပါ။
သားရဲ့ အရှုံးတွေကနေ သင်ခန်းစာယူပြီး အောင်နိုင်မှုကို ရယူပါ။
ဖန်တီးတီထွင်စိတ်ဟာ လူ့လောကမှာ ဘယ်လောက် အရေးပါသလဲဟု သား သိစေချင်လှသည်။
လောကကြီးမှာ အစစ်အမှန် အပျော်ရွှင်ဆုံး လူသား ရယ်လို့ နှစ်မျိုးပဲရှိသတဲ့။ တစ်မျိုးက ကလေးတွေ၊ နောက်တစ်မျိုးက ဖန်တီး တီထွင်ပညာရှင်ဖြစ်သော လူနည်းစုကလေး…….တဲ့။
မေမေကတော့ သားနှင့်သမီးကို ဘဝတစ်လျှောက်လုံးမှာ အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့စေချင်ပါသည်။
ကျမ်းကိုး
Thinking like a Genius by Michael Michalko
(The Futurist, May,1998)
Thinking the unthinkable by Bill Costello
(The Futurist, May,1999)
A Kick in the sea of the pants by Roger Von Oech
တီထွင်ဖန်တီးတွေးတောမှုသို့ ခြေလှမ်း၎ရပ်( မောင်မြင့်ဇော်)
(ဗြူတီမဂ္ဂဇင်း ၂၀၀၂ အောက်တိုဘာ)
Typing Credit & Thanks to nai99@mmcybermedia
Hay Mar Oo (၅) အစဉ်အလာစည်းမျဉ်းတွေကို ချိုးဖောက်ရဲဖို့ သားကို တွန်းအားပေးရလိမ့်မည်။
အသစ်တစ်ခုဖန်တီးခြင်းဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။
အသစ်တစ်ခုဖန်တီးခြင်းဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။
July 17, 2010 at 1:37am · LikeUnlike
Hay Mar Oo ။ အများတကာ ကျောင်းသားတွေက မျဉ်း၏အပြင်မှာ အရောင်ခြယ်နေကြချိန်တွင် သားသည် စူးစမ်းစိတ်ဖြင့် မျဉ်း၏အပြင်မှာ အရောင်ခြည်လျှင် ပုံက ဘာပုံရသွားမလဲ ဟူသော အတွေးဖြင့် အပြင်မှာ အရောင်ခြည်ကြည့်ရဲရလိမ့်မည်။ အဲသည်လို အရောင်ခြည်မိသည့်အတွက် ဆရာက၊ သူငယ်ချင်းတွေက ဝေဖန်လျှင် သား ရဲ့ဝံ့စွာ ခံနိုင်ရမည်။
July 17, 2010 at 1:38am · LikeUnlike · 1 personLoading...
Hay Mar Oo မေမေတို့လူလောကကြီးသည် ဝေဖန်ရှုတ်ချသူများ၊ ကန့်ကွက်သူများဖြင့် ပြည့်နေခဲ့သည် သား။ အများနှင့်မတူသော အသစ်တစ်ခုခုကို သားလုပ်လျှင် သူတို့တွေက သားကို လှောင်ပြောင်ကြမည်၊ သို့မဟုတ် ကရုဏာဒေါသဖြင့် ပြစ်တင်ကြလိမ့်မည်။ အဲဒါကို ခံနိုင်ရည်မရှိလျှင် သား ဘယ်တော့မှ အသစ်တီထွင်ဖန်တီးသူ ဖြစ်မလာနိုင်ပါ။ ဖန်တီးသူဖြစ်ဖို့ သတ္တိလိုပါသည်။
July 17, 2010 at 1:38am · LikeUnlike
Hay Mar Oo ဟေမာ သိပ်ကြိုက်တဲ.ဆောင်းပါးလေးပါ.
ခဏခဏလဲ ပြန်ဖတ် ဖြစ်ပါတယ်..ဘယ်နှစ်ကြိမ်းမှန်းတောင်မသိတော.ပါ။
scramer(စားလုံးပေါင်းမှားချင်မှားနိုင်သည်။)အကြောင်းလေးလဲ..အဆင်ပြေရင်တင်
ပေးပါဦးဗျာ
ခဏခဏလဲ ပြန်ဖတ် ဖြစ်ပါတယ်..ဘယ်နှစ်ကြိမ်းမှန်းတောင်မသိတော.ပါ။
scramer(စားလုံးပေါင်းမှားချင်မှားနိုင်သည်။)အကြောင်းလေးလဲ..အဆင်ပြေရင်တင်
ပေးပါဦးဗျာ
July 17, 2010 at 1:40am · LikeUnlike
Rain Ditto ဟုတ်ပါတယ် အစဉ်အလာစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုတာ အများနှင့်တစ်ယောက်ဖြစ်နေတဲ့အတွက် ဒီလူ ဂေါက်နေတယ် ကြောင်နေတာဆိုတဲ့စကားတွေကိုလည်း လစ်လျူ၇ှူတတ်၇ပါမယ်....
July 17, 2010 at 1:48am · LikeUnlike · 1 personLoading...
Snow Lay ကလေး တစ်ယောက်ရဲ့ အနာဂတ်ကို ပုံစံခွက်ထဲ ထည့်ပစ်ဖို့ ကြိုးစားတတ်ကြတဲ့ ပတ်ဝန်းကျင်က အဲဒီကလေးအတွက် နတ်ဆိုးတစ်ပါးပဲ.... ပတ်ဝန်းကျင်ကြောင့် ကလေးရဲ့ အိပ်မက်တွေ ပျက်စီးမသွားဘူးဆိုရင်တောင် အဲဒီကလေးဟာ သူ့အိပ်မက်ကို ပြန်မက်ဖို့ အချိန်ပြန်ယူရတာနဲ့ ဘဝမှာ ဆုံးရှုံးမှုတွေ များလာတတ်တယ်....
July 17, 2010 at 1:54am · LikeUnlike
Phyu Khine အသက်ကြီးလာသည့်အခါ ပညာတွေတတ်လာသည်။ အတွေ့အကြုံဗဟုသုတတွေ များလာသည်။ တားမြစ်ချုပ်တည်းမှုတွေ များလာသည်။ အဲသည်အခါမှာ မေမေတို့၏ စပ်စုစိတ် စူးစမ်းကြံဆစိတ်တွေ ဆုံးရှုံးသွားတော့သည်။ အလုံးစုံကိုသိသူတွေ ဖြစ်လာပါရဲ့။ သို့သော် ကျရှုံးမှာကြောက်သဖြင့် စိတ်ကူးအသစ်တွေနှင့် ဝေးရလေသည်။
July 17, 2010 at 1:58am · LikeUnlike · 3 people3 people like this.
Myo Mg Mg Kyaw စည်းမျဉ်းအစဉ်အလာတွေကို ချိုးဖောက်ကြည့်ဖို့ နည်းလမ်းတစ်ခုကတော့ “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးမြန်းဖို့ပါပဲ။ ဘာကြောင့်ဒီအတိုင်းဖြစ်ရမှာလဲ၊ ဘာကြောင့် သည်အစဉ်အလာကို လိုက်နာရမှာလဲ။
July 17, 2010 at 2:05am · LikeUnlike · 2 peopleLoading...
တစ်ခါတုန်းက အိုင်းစတိုင်းကို လူတစ်ယောက်က မေးခဲ့ဖူးသတဲ့သား။
“သာမန်လူတစ်ယောက်နဲ့ ဆရာကြီးနဲ့ ဘာတွေ ကွာခြားလို့လဲ”
အဲသည်တော့ အိုင်းစတိုင်းက ဟောသည်လို ပြန်ဖြေခဲ့သတဲ့။
“သာမန်လူတစ်ယောက်ကို ကောက်ရိုးပုံထဲမှာ အပ် တစ်ချောင်းရှာခိုင်းကြည့်ခဲ့ရင် သူ ရှာဖေ...ွပါလိမ့်မယ်၊ ဒါပေမဲ့ အပ် တစ်ချောင်း တွေ့ပြီးဆိုတာနဲ့ သူ အရှာရပ်ပစ်လိုက်လိမ့်မယ်။ ကျွန်တော်ကတော့ အပ်တစ်ချော... See Moreင်းတွေ့ပြီးပေမဲ့ ကောက်ရိုးပုံတစ်ခုလုံး မွှေနှောက်ဆုတ်ဖြဲပြီးတော့ နောက်ထပ်တွေ့နိုင်သမျှ အပ်အားလုံးကို ဆက်ရှာနေမှာပဲ၊ အဲဒီလို ကွာခြားပါတယ်”
Yessss! I like this one a lot & agree it....that is different between normal & special of creative & non-creative....If everyone is same, why we need to study since we are young...I like Juuu...See More
“သာမန်လူတစ်ယောက်နဲ့ ဆရာကြီးနဲ့ ဘာတွေ ကွာခြားလို့လဲ”
အဲသည်တော့ အိုင်းစတိုင်းက ဟောသည်လို ပြန်ဖြေခဲ့သတဲ့။
“သာမန်လူတစ်ယောက်ကို ကောက်ရိုးပုံထဲမှာ အပ် တစ်ချောင်းရှာခိုင်းကြည့်ခဲ့ရင် သူ ရှာဖေ...ွပါလိမ့်မယ်၊ ဒါပေမဲ့ အပ် တစ်ချောင်း တွေ့ပြီးဆိုတာနဲ့ သူ အရှာရပ်ပစ်လိုက်လိမ့်မယ်။ ကျွန်တော်ကတော့ အပ်တစ်ချော... See Moreင်းတွေ့ပြီးပေမဲ့ ကောက်ရိုးပုံတစ်ခုလုံး မွှေနှောက်ဆုတ်ဖြဲပြီးတော့ နောက်ထပ်တွေ့နိုင်သမျှ အပ်အားလုံးကို ဆက်ရှာနေမှာပဲ၊ အဲဒီလို ကွာခြားပါတယ်”
Yessss! I like this one a lot & agree it....that is different between normal & special of creative & non-creative....If everyone is same, why we need to study since we are young...I like Juuu...See More
July 17, 2010 at 2:32am · LikeUnlike
Zin Aung ကလေး ရယ် လူကြီးရယ်မှ မဟုတ်ပါဘူး လက်ရှိအခြေနေက ပြုတ်မှာ မကြောက်တဲ့သူက ဘာကိုမှ မကြောက်ဘူး
July 17, 2010 at 2:50am · LikeUnlike · 2 peopleLoading...
Htun Nay Aung အစဉ်အလာစည်းမျဉ်းကို ချိုးဖောက်ဖို့ ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ သတ္တိရှိဖို့လိုသည်။
It Hits me..... thanks to read this NOTE !!
It Hits me..... thanks to read this NOTE !!
July 17, 2010 at 3:26am · LikeUnlike · 4 peopleLoading...
Saw Yu Maung သားနှင့်ပတ်သက်သည့် အနာဂတ်ကို မေမေ အဆုံးအစမရှိ ကျယ်လွင့်စွာ စိတ်ကူးကြည့်နိုင်သည်။ သားကပုံသဏ္ဌာန်မပေါ်လာသေးသည့် ရွှံ့စေးတုံးကလေး တစ်တုံးကိုး။.......................................တာဝန်ကျေတဲ့လူသားတစ်ယေ
ာက်တော့ဖြစ်ခွင့်ရချင်တယ်...ဆရာမရယ်.........။
ာက်တော့ဖြစ်ခွင့်ရချင်တယ်...ဆရာမရယ်.........။
July 17, 2010 at 4:29am · LikeUnlike
Ko Linn Naing မေမေတို့လူလောကကြီးသည် ဝေဖန်ရှုတ်ချသူများ၊ ကန့်ကွက်သူများဖြင့် ပြည့်နေခဲ့သည် သား။ အများနှင့်မတူသော အသစ်တစ်ခုခုကို သားလုပ်လျှင် သူတို့တွေက သားကို လှောင်ပြောင်ကြမည်၊ သို့မဟုတ် ကရုဏာဒေါသဖြင့် ပြစ်တင်ကြလိမ့်မည်။ အဲဒါကို ခံနိုင်ရည်မရှိလျှင် သား ဘယ်တော့မှ အသစ်တီထွင်ဖန်တီးသူ ဖြစ်မလာနိုင်ပါ။ ဖန်တီးသူဖြစ်ဖို့ သတ္တိလိုပါသည်။
July 17, 2010 at 1:19pm · LikeUnlike · 1 personLoading...
Marlar Flower မေမေ့မျှော်လင့်ချက် ပြည့်ဝဖို့ အခုကတည်းက မေမေကြိုတင်ပြင်ဆင်ရတော့မည်။ မေမေ့မှာ အရည်အချင်းတွေ လိုအပ်နေသေးသည်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် ထူးချွန်သော ဖန်တီးရှင်ပုဂ္ဂိုလ် ဂျီးနီးယပ်စ် ဖြစ်လာဖို့ သူ့ပတ်ဝန်းကျင်က ဝိုင်းဝန်းမတင်ပေး၍ မရနိုင်သော်လည်း ထူးချွန်မည့်ကလေးတစ်ယောက်ကို အရည်အသွေးတွေ ပျက်စီးသွားအောင်တော့ သူ့ပတ်ဝန်းကျင်က ဆွဲချပစ်နိုင်သည်ဟု မေမေနားလည်ထားသောကြောင့်ဖြစ်သည်။ သားမှာ ဖန်တီးတီထွင်နိုင်စွမ်းရှိလျှင် ထိုအရည်အသွေးကို မေမေ ဆွဲချဖျက်ဆီးမပစ်မိဖို့ အရေးကြီးပါသည်။
July 17, 2010 at 7:05pm · LikeUnlike · 1 personLoading...
Win Eunice စည်းမျဉ်းအစဉ်အလာတွေကို ချိုးဖောက်ကြည့်ဖို့ နည်းလမ်းတစ်ခုကတော့ “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးမြန်းဖို့ပါပဲ။ ဘာကြောင့်ဒီအတိုင်းဖြစ်ရမှာလဲ၊ ဘာကြောင့် သည်အစဉ်အလာကို လိုက်နာရမှာလဲ။ ထိုအခါ အဖြေတစ်ခုကို ရလာလိမ့်မည်။ ရလာသောအဖြေပေါ်မှာ ထပ်ပြီး မေးခွန်းထုတ်ကြည့်ရဦးမည်။ ဘာကြောင့်လဲ။ အဲသည်နည်းအားဖြင့် သားသည် အစဉ်အလာစည်းမျဉ်းတွေကို ရင်ဆိုင်သည့်အခါ ရှင်းလင်းချက်တစ်ခုရသော်လည်း ကျေနပ်မနေဘဲ နောက်ထပ် နည်းသစ်များဖြင့် ချဉ်းကပ်မိပေလိမ့်မည်။
July 17, 2010 at 8:23pm · LikeUnlike
Win Eunice တစ်ခါတစ်လေ ဘာကြောင့်လဲတွေ တွေးပြီးအတွေးတွေ ရပ်မရ..။
သံသယတွေပွားပြီး
ကိုယ့်အတွေးနဲ့ကိုယ် သတ်နေကြတဲ့ အစွန်းရောက်လူ တွေလဲ ရှိနိုင်တယ် မဟုတ်လားဟင်
သံသယတွေပွားပြီး
ကိုယ့်အတွေးနဲ့ကိုယ် သတ်နေကြတဲ့ အစွန်းရောက်လူ တွေလဲ ရှိနိုင်တယ် မဟုတ်လားဟင်
July 17, 2010 at 8:27pm · LikeUnlike · 1 personLoading...
Aries Yuyu imm
shi ng ter a thay a cher pal ...
shi ng ter a thay a cher pal ...
July 18, 2010 at 7:49am · LikeUnlike
Thinzar Winnaing ကျေးဇူး...ဒါဒါ....
July 21, 2010 at 10:04pm · LikeUnlike
Reo Melvin i like it
July 22, 2010 at 12:13pm · LikeUnlike
Kaythwe Aung အခုလိုစာကောင်းလေးတွေ ဖတ်ရတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။
အရမ်းလည်း ကျေးဇူးတင်ပါတယ်
အရမ်းလည်း ကျေးဇူးတင်ပါတယ်
July 23, 2010 at 6:51am · LikeUnlike
Mandy Nan အတွေးတွေတိုးတက်လာအောင်
ရေးသားပေးတဲ့ဆရာမကိုလေးစားပါတယ်ရှင်။
ရေးသားပေးတဲ့ဆရာမကိုလေးစားပါတယ်ရှင်။
July 25, 2010 at 12:45am · LikeUnlike
Thamee Gyi သား သိထားတုန်းက အစဉ်အလာစည်းမျဉ်းကို ချိုးဖောက်ဖို့ ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ သတ္တိရှိဖို့လိုသည် ဆိုတာပါပဲ။
အဲဒီစကားလုံးကိုအကြီုက်ဆု့းပါဘဲ
အဲဒီစကားလုံးကိုအကြီုက်ဆု့းပါဘဲ
July 27, 2010 at 9:12am · LikeUnlike
>>>>မေမေမျှော်လင့်သည်က တစ်ခုတည်း၊ သား စိတ်ဝင်စားစွာရွေးချယ်လိုက်သော ပညာရပ်တစ်ခုမှာ သားသည်ဖန်တီးတီထွင်နိုင်သည့် အရည်အချင်းဖြင့် ထူးချွန်စွာ အောင်မြင်နိုင်ဖို့၊ အဲဒါမေမေ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည် သားရယ်။>>>>
>>>>အသစ်တစ်ခုဖန်တီးခြင်း...ဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။>>>>
ဆရာမရဲ့ စာတွေကို ဖတ်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။။။။။။။။။။။။။။။
ရေငတ်တုန်း...ရေတွင်းထဲကျသလိုပါပဲ.........................................
See More
>>>>အသစ်တစ်ခုဖန်တီးခြင်း...ဆိုသည်မှာ အများနှင့်မတူခြင်း၊ အများအတွေးနှင့် ဆန့်ကျင် ဖောက်ထွက်ဖို့ဆိုလျှင် သားမှာ အများနှင့်ကွဲလွဲရဲသည့်သတ္တိ ရှိနေရလိမ့်မည်။>>>>
ဆရာမရဲ့ စာတွေကို ဖတ်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။။။။။။။။။။။။။။။
ရေငတ်တုန်း...ရေတွင်းထဲကျသလိုပါပဲ.........................................
See More
August 5, 2010 at 5:57am · LikeUnlike
Zinmarlwin Phyu me too
August 7, 2010 at 4:09am · LikeUnlike
Thaw Dar Mg Thaw so good .
August 7, 2010 at 10:01pm · LikeUnlike
HeavyGolden Rain စည်းမျဉ်းအစဉ်အလာတွေကို ချိုးဖောက်ကြည့်ဖို့ နည်းလမ်းတစ်ခုကတော့ “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးမြန်းဖို့ပါပဲ။ ဘာကြောင့်ဒီအတိုင်းဖြစ်ရမှာလဲ၊ ဘာကြောင့် သည်အစဉ်အလာကို လိုက်နာရမှာလဲ။ ထိုအခါ အဖြေတစ်ခုကို ရလာလိမ့်မည်။ ရလာသောအဖြေပေါ်မှာ ထပ်ပြီး မေးခွန်းထုတ်ကြည့်ရဦးမည်။ ဘာကြောင့်လဲ။ အဲသည်နည်းအားဖြင့် သားသည် အစဉ်အလာစည်းမျဉ်းတွေကို ရင်ဆိုင်သည့်အခါ ရှင်းလင်းချက်တစ်ခုရသော်လည်း ကျေနပ်မနေဘဲ နောက်ထပ် နည်းသစ်များဖြင့် ချဉ်းကပ်မိပေလိမ့်မည်။
September 5, 2010 at 9:35am · LikeUnlike
Aung Nanda Try to find out by using so many ways , get rid of worng way and then at least u will find.................. I really like it
September 6, 2010 at 2:54am · LikeUnlike
Aung Nanda To find out right way we are to pass so many wrong way
0 comments:
Post a Comment