Friday, October 21, 2011

Disaster 10

by Maung Maung Than on Tuesday, September 20, 2011 at 4:26pm
 
REHABILITATION AND RECONSTRUCTION
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး



ဘေးဒုက္ခကပ်ကျရောက်ပြီးနောက် နလံထူရေးအပိုင်းတွင် အဓိကလုပ်ငန်းများမှာ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဖြစ်ပါသည်။ ဒုက္ခသည်အားလုံးအား လူမှုရေး၊ စီးပွါးရေးအရ မူလအခြေအနေသို့ရောက်အောင် ဆောင်ရွက်ပေးရပါသည်။ ဤလုပ်ငန်းသည် ရေရှည် လုပ်ငန်းဖြစ်ပြီး ဖွံ့ဖြိုးမှုရရန်မည်သို့ ရည်ရွယ်ချက်များ ချမှတ်ရမည်ကိုလည်း သတ်မှတ်ထားကြရပါမည်။
    ရေရှည်လုပ်ဆောင်ရာတွင်လည်း ဒုက္ခသည်များအပေါ် လူသားချင်းစာနာစိတ်နှင့် ဦးစားပေး အုပ်စုရွေးပြီး ဆောင်ရွက်ပေးရန်လိုပါသည်။


Rehabilitation (ပြန်လည် ထူထောင်ရေး)
    ဘေးဒုက္ခကပ်ကျရောက်ပြီးနောက် လူမှုရေး၊ စီးပွါးရေးအပါအ၀င် လူမှုအဆောက်အဦကို မူလ အခြေအနေနှင့် နီးစပ်နိုင်သမျှနီးစပ်အောင် ဆောင်ရွက်ပေးပြီး ၎င်းင်းဒုက္ခသည်များအား မိမိကိုယ်မိမိ အားကိုးဖြင့် ထူထောင်နိုင်ရန်လည်း နှိုးဆွကူညီရပါသည်။
    ဤလုပ်ငန်းသည် ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးမှုအပိုင်းနှင့် ရေရှည်စီမံကိန်းဖြင့်ချမှတ်၍ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးမှု အစီအစဉ်အပိုင်းတို့၏အကြား ချမှတ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

Reconstruction (ပြန်လည်တည်ဆောက်ရေး)
    ရေရှည်စီမံကိန်းဖြင့်ချမှတ်ပြီး အမြဲတမ်းနေထိုင်ရမည့် အဆောက်အဦများ တည်ဆောက်ရေး၊ လူမှုရေးလိုအပ်ချက်များ အပြည့်အစုံပြန်လည်ရရှိရေး၊ စီးပွါးရေး ပြန်လည်အသက်ဝင်လာစေရန် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
    နိုင်ငံရေးနှင့်ပတ်သက်သော အရေးပေါ်အခြေအနေများတွင် အမြဲတမ်းဖြစ်စေမည့် လူမှုရေး အဆောက်အဦ တည်ဆောက်ပေးရန် ဆောလျှင်စွာ လိုအပ်မည်မဟုတ်ဘဲ စိတ်ချရသော ဖြေရှင်းမှုမျိုး ဖြစ်မှသာ ပြန်လည်တည်ဆောက်ရေးအား စဉ်းစားရမည်ဖြစ်ပါသည်။ ဥပမာ- အစ္စရေးက သိမ်းပိုက် နယ်မြေတွင် အမြဲတမ်းလူနေအိမ်ခြေ တည်ဆောက်ပေးသဖြင့် ယခုထက်တိုင် ၎င်းင်းနေရာတွင် တည်ငြိမ်မှု မရှိခြင်း ဖြစ်ပါသည်။

Priorities and Opportunities in Rehabilitation and Reconstruction
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်မှုအပိုင်းတွင် ဦးစားပေးမှုနှင့် အခွင့်အလမ်းများ
    ဘေးဒုက္ခကပ်ဒဏ်သည် ဒေသတစ်ခု၏ ထိခိုက်နစ်နာမှု အတိုင်းအတာအတွက် လိုအပ်သော အားနည်းချက်များပေါ်မူတည်၍ ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ပြန်လည်ထူထောင်/တည်ဆောက်သောအခါ မူရင်းအခြေအနေ၏ အားနည်းချက်(Vulnerabilities) များကို အတတ်နိုင်ဆုံး ဖယ်ရှားရမည် ဖြစ်ပါ သည်။ မီးမလောင်မီက လမ်းကျဉ်းများဖြစ်ပါက လမ်းကျယ်များ အစားထိုးရမည်။ မူလက အိမ်ခြေ ကျပ်တည်းပါက သင့်တော်သော အတိုင်းအတာသတ်မှတ်၍ မြေယာခွဲဝေပေးပြီး ယခင်၏ အားနည်းချက် များ ဖယ်ရှား၍ ပြန်လည်ထူထောင်ရမည် ဖြစ်ပါသည်။
    ယင်းလုပ်ငန်းများအား ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်ရာတွင် လမ်းများချဲ့ခြင်း၊ လျှပ်စစ်မီး တပ်ဆင်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ စီးပွါးရေးလုပ်ကွက်သစ်များ ဖန်တီးပေးခြင်းစသော ဖွံ့ဖြိုးမှုအလားအလာများ ပေါ်ပေါက်တတ်ပါသည်။
    ဤသို့ဆောင်ရွက်ရာတွင် ပြန်လည်ထူထောင်ရေး/တည်ဆောက်ရေး အစီအစဉ်များကို စနစ် တကျ မြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်ပါက ဒုက္ခသည်များအဖို့ နလံထူမှု မြန်ဆန်မည် ဖြစ်ပါသည်။
    ဒုက္ခချင်းတူပါသော်လည်း ဆင်းရဲသားများသာ အထိနာကြသည် ဖြစ်ပါသောကြောင့် ပြန်လည် တည်ဆောက်မှုတွင် အောက်ပါအချက်များအပေါ် အခြေခံ၍ ဆောင်ရွက်ရပါသည်။
-    စီးပွါးရေးဆိုင်ရာ အခက်အခဲများ တတ်နိုင်သမျှ ဖယ်ရှားရေးနှင့် ပြန်လည်တည်ဆောက်မှု စရိတ်သက်သာစေရေး
-    ဒုက္ခသည်များ၏ ဒေသရင်းနှီးမြှပ်နှံမှု ပြုလုပ်ပေးရေး
-    အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး
-    ရှိပြီးစီးပွါးရေးလုပ်ငန်းများအား မြေတောင်မြှောက်ပေးရေး
ရေတိုအရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များအား အချိန်ယူဆောင်ရွက်ရသော ပြန်လည် ထူထောင်/တည်ဆောက်ရေး အစီအစဉ်များနှင့် ချိတ်ဆက်မိစေရန် စီမံဆောင်ရွက်ရပါသည်။
    နိုင်ငံတကာမှ ထောက်ပံ့သော အကူအညီအားလုံးအား အလိုအပ်ဆုံး လူထုအုပ်စုထံသို့ အစစ် အမှန် ရောက်ရှိရေး/ထိရောက်စွာ အသုံးပြုရေးများကိုလည်း အလေးပေးဆောင်ရွက်ပေးရပါသည်။
    ပြန်လည်ထူထောင်ရေး/တည်ဆောက်ရေးလုပ်ငန်းများကို အလောတကြီးလုပ်ပါက အမှား အယွင်းနှင့် တွေ့တတ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...