Sunday, October 2, 2011

စာဖတ်ပါ

by Wai Maw on Monday, October 3, 2011 at 9:54am

(၁)။ စာအုပ်ဆိုတာဘာလဲ။
ပညာရှိတယောက်၊စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားသည့် စာပုဒ်ဟာ စာအုပ်တအုပ်ပဲ။ စာအုပ်တွေထဲမှာမကောင်းတာတွေ၊အပေါ်ယ့ကျတာတွေ၊ ကရော်ကမည်ရေးထားတာ တွေ၊ ဟန်လုပ်ရေးထားတာတွေပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့်ကိုယ်ကမှန်ကန်စွာဖတ်တတ်လို့၇ှိရင် အဲဒိအထဲမှာကောင်းမွန်တဲ့အပိုင်းအစတွေတွေ့လိမ့်မယ်။ အဲဒိအပိုင်းအစတွေဟာစာအုပ်ပဲ။ စာအုပ်အမျိုး အစားအားလုံးကိုခွဲကြည့်လိုက်ရင် နှစ်မျိုးပဲ၇ှိတယ်။ တမျိုးကခုလောလောဆယ်ဖတ်ရမယ့်စာအုပ်၊ ခုနာ၇ီ အပိုင်းသာခံတဲ့စာအုပ်ဖြစ်တယ်။ နောက်တမျိုးကတော့ေ၇ရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်းခေတ်တိုင်း ခံတဲ့ စာအုပ်ဖြစ်ပါတယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်းဖတ်ရမယ့်စာပေဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေဖြစ်ပါတယ်။သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ်စာတွေမဟုတ်ပါဘူး။ မနက်ပိုင်းဖတ်လိုက်ရင်ကုန်သွားတာပဲ။ ခေတ်တိုင်းခံတဲ့စာဆိုတာကေ တာ့ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ဆော်ပေးတဲ့စာဖြစ်ပါတယ်။

ဒီစာအုပ်အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်းပြောပါသေးတယ်။ အသံကိုပွားစေတဲ့ စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့စာအုပ်လို့ ပြောပါသေးတယ်။ အသံကိုပွားစေတဲ့စာအုပ်ဆိုတာ လူပေါင်းများစွာ ကို တခါတည်းမပြောနိုင်တဲ့အတွက်၊ တနေရာတည်းမှာပြောလို့မရနိုင်တဲ့အတွက် ကူးယူပုံနှိပ်ပြီးပြောရတာ။ တိုင်းမဂ္ဂဇ င်းတို့၊ ဘာတို့ဆိုတဲ့သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာပြောလို့မဖြစ်နိုင်တဲ့ အတွက် အဲဒီအထဲမှာပါတဲ့သတင်းတွေကိုပွားပြီး၊ ကူးယူပြီးဖြန့်ဝေရပါတယ်။ ဒါကြောင့်မို့အသံကိုပွားစေတဲ့ စာအုပ်လို့ ရပ်စကင်းကခေါ်ပါတယ်။ အသံကိုထိန်းသိမ်းပေးတဲ့စာအုပ်ကတော့အတွေးအခေါ်များ၊ အဆို အမိန့်များ၊ ခံစားချက်များကို နောင်မှာပျောက်ကွယ်မသွား၇အောင် နောင်လာနောက်သားတွေ မှတ်နိုင် ဖတ်နိုင်အောင် ထိမ်းသိမ်းထားတဲ့စာအုပ်တွေပါ။
ဒီနှစ်မျိုးလုံးကိုရပ်စကင်းကနောက်တနည်းထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့စာအုပ်နဲ့ စာရေးထား တဲ့ စာအုပ်ဆိုတာ မနှစ်ကဒီနေရာမှာ ဘယ်လိုရာသီဥတု၇ှိခဲ့တယ်။ လမ်းပန်းကဘယ်လိုရှိတယ်။ စားသောက် ဆိုင်ကဘယ်နှစ်ဆိုင်ရှိတယ်။ ဘယ်နားကဘာဘု၇ား၇ှိတယ်ဆိုတဲ့စာမျိုးတွေပါ။ သူတို့အဲဒီလို စာတွေကို ဘယ်လောက်ပဲလှပခန့်ညား သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည်ဖြစ်စေ၊ အဲဒီစာအုပ်ကတော့ ရေးပြထားတဲ့စာအုပ်၊ ဖတ်ပြီးသိရုံရေးထားတဲ့အရာမဟုတ်ပဲ ဖတ်ပြီးခံစားရအောင်ေ၇းထားတဲ့စာအုပ်လို့ ပြောတယ်။ သုတစာပေနဲ့ရသစာပေကိုပြောတာပါပဲ။ ဒီတော့စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲ ၇ှိတယ်။ တမျိုးကရေတိုခံတဲ့စာအုပ်၊ နောက်တမျိုးကရေရှည်ခံတဲ့စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာမှကောင်းတယ်လို့ အဆိုးအကောင်း ပြောတာမဟုတ်ဘူး။ နှစ်မျိုးစလုံးဟာစာကောင်းချည်းပဲ။ ဒါပေမယ့်တမျိုးကရေတိုအတွက်ဖတ်တာ။ သုတ အတွက်ဖတ်တာ။နောက်တမျိဲးကရေရှည်အတွက်ဖတ်တာ၊ရသအတွက်ဖတ်တာ ဒါကိုပြောနေတာ။


(၂)စာကိုဘယ်လိုဖတ်ကြမလဲ။
စာဖတ်တဲ့လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့တူတယ်။

ကျနော့်အနေနဲ့ကြည့်လိုက်ရင်လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ၇ှိတဲ့ရွှေတွေကိုဘာဖြစ်လို့တလွတည်းတောင်ထိပ်
ပေးအသင့်ဖြစ်နေအောင်အလွယ်တကူပို့မပေးလိုက်သလဲ၊ဘာဖြစ်လို့မြေကြီးထဲမှာဟိုတစသည်တစရှိနေ၇သလဲလို့မချင့်မရဲဖြစ်ချင်စရာပဲ။ဒီလိုဆိုရင်ကျနော့်အတွက်ရွှေတူးရတာမလွယ်ပေဘူးလား။ခုတော့ကျနော်တို့မှာတူးလိုက်ရတာ။မြေအောက်မှာအနက်ကြီး၊အချိန်ကုန်ရတယ်။လူပင် ပန်းရတယ်။စိုး၇ိမ်သောကဖြစ်ရတယ်။တခါတလေမှာဘာမှမရဘဲအချည်းအနှီးဖြစ်ရတယ်။
သဘာဝကြီးကရွှေတွေကိုမြေကြီးပတ်ကြားအက်အောက်တွေမှာဟိုတစသည်တစနည်းနည်းစီပဲ သိုမှီးထားတယ်။ဘယ်နေ၇ာမှာဘာရှိတယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူး။ပင်ပန်းကြီးစွာရက်ပေါင်းများစွာတူးပေမယ့်ရွှေလေးတစကိုရချင်မှရတာ။
ပညာ၇ှိတွေရဲ့အကောင်းဆုံးသောအသိဥာဏ်ပညာတွေဟာလည်းထိုနည်းလည်းကောင်းပဲ။
ဒီတော့စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီးကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်ရလိမ့်မယ်။ ငါဟာရွှေတူးသမားတယောက်လိုလုပ်နိုင်ပါ့မလား။ကိုယ့်ပေါက်တူးတွေ၊ဂေါ်ပြားတွေ၊လက်နက်ကိရိယာတွေကောင်း၇ဲ့လား။ကျမ္မာရေးကောင်း၇ဲ့လား။စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။အဲဒီမေးခွန်းတွေ မေးဘို့လိုတယ်။ဒီမေးခွန်းတွေဟာအရေးကြီးပါတယ်။ခင်ဗျားခွဲခြေထုထောင်းပြီးအရည်ကျို၇မယ့်ကျောက်ခဲ့တုံးတွေဟာစာရေးဆရာ၇ဲ့စကားလုံးတွေဖြစ်ပါတယ်။ခင်ဗျားသုံး၇မယ့်ပေါက်တူးတွေ၊ဂေါ်ပြားတွေဟာခင်ဗျား၇ဲ့အလေးထားမှု၊စိတ်အားထက်သန်မှု၊ပညာအခံတို့ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာခင်ဗျားရဲ့ကိုယ်ပိုင်စဉ်းစားဥာဏ်၊ကိုယ်ပိုင်အတွေးအခေါ်ဖြစ်ပါတယ်။ ရွှေ၇ှိမယ်လို့ထင်ရတဲ့စာအုပ်ကိုခင်ဗျားဖတ်ပြီ။ခင်ဗျားပညာအခံတွေနဲ့ခင်ဗျားမျှော်လင့်ချက်ဆိုတဲ့ပေါက်တူးတွေ၊ ဂေါ်ပြားတွေနဲ့တူးပြီ။ အဲဒါတွေကိုခင်ဗျားကိုယ်ပိုင်ဥာဏ်၊ကိုာ်ပိုင်အတွေးအခေါ်ဆိုတဲ့မီးဖိုပေးမှာကျို လိုက်ပြီ။အဲဒီအခါတချို့သောကျောက်ခဲတွေဟာအဖြုန်းတွေဖြစ်ပြီး၊အချို့သောကျောက်ခဲတွေ
မှာရွှေစတွေပါလာကိုတွေ့ရလိမ့်မယ်။ဒါကြောင့်ရွှေလေးတစကိုလိုချင်၇င်ကိုယ်မှာလက်နက်ကိရိယာ၇ှိရလိမ့်မယ်။စာအုပ်တအုပ်ကိုဖတ်ပြီဆိုရင်ကိုယ့်မှာလက်နက်ကိရိယာရှိရလိမ့်မယ်။စိတ်၇ှည်မှုနဲ့၊စိတ်အားထက်သန်မှုတို့၊ကိုယ်ပညာအခံတို့ဆိုပါတော့။စကားလုံးတွေကိုထုထောင်ခွဲချေပြီး ကိုယ်ပိုင်ဥာဏ်၊ကိုယ်ပိုင်အတွေးနဲ့မီးပြင်းတိုက်ကျိုရလိမ့်မယ်။စာအုပ်တအုပ်ကိုဆယ်မျက်နှာလောက်ဖတ်ပြီးအဲဒီဆယ်မျက်နှာလေက်ထဲကစာလုံးတွေတလုံးချင်း၇ဲ့အဓိပါယ်ကိုတိတိကျကျ၊သေသေချာချာနားလည်ပြီဆိုရင်တစု့တခုသောအတိုင်းအတာအထိစာပေကျွမ်းကျင်သူတဦးလို့ခေါ်နိုင်ပါတယ်။စာတတ်ခြင်းမတတ်ခြင်းဟာအဲဒီစကားလုံးတွေကိုတိကျစွာနားလည်ခြင်း၊မလည်ခြင်းပေးမှာတည်တယ်။ပညာသင်ကြားခြင်း၇ဲ့ရည်ရွယ်ချက်ဟာရာထူး၇ဘို့မဟုတ်၊အမှားနဲ့အမှန်ကို ဆုံးဖြတ်တတ်ဘို့၊ တရားမှုနဲ့ မတရားမှုကိုခွဲခြားတတ်ဖို့ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းကပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...