Saturday, October 1, 2011

နိုင်ငံခြားငွေ လဲလှယ်စင်တာများ ဖွင့်လှစ်အပြီး ကန်ဒေါ်လာ ၂၀၀၀ အထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု

by The Voice Weekly on Saturday, October 1, 2011 at 11:49pm
 

ရန်ကုန်၊ အောက်တိုဘာ ၁

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်း တရားဝင် သတ်မှတ်လာခဲ့သည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ လဲလှယ်စင်တာများ ယနေ့ ဖွင့်လှစ်လိုက်သည့် ပုဂ္ဂလိက ဘဏ်ခြောက်ခုတွင် အမေရိကန်ဒေါ်လာ ၂၀၀၀ အထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားသည်ကို တွေ့ရသည်။


နိုင်ငံခြားငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ၊ FEC ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ လေးမျိုးကို ရောင်းဝယ်နေပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ဒေါ်လာ ၂၀၀၀ ပမာဏထက် ပိုပါက ရောင်းဝယ်လိုသည့် အကြောင်းပြချက်ကို ခိုင်လုံစွာ တင်ပြရမည်ဟု တရားဝင် ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။

" ဒေါ်လာ ၂၀၀၀ အထိတော့ မှတ်ပုံတင် ပြပြီး ရောင်းချင်ရောင်း၊ ဝယ်ချင်ရင် ဝယ်။ အဲဒီ ပမာဏထက် များရင်တော့ ဘာကြောင့် ဝယ်ချင်၊ ရောင်းချင်တယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ် " ဟု အစိုးရ တစ်ပိုင်း ပုဂ္ဂလိက တစ်ပိုင်း ဘဏ်တစ်ခု၏ နိုင်ငံခြားငွေလဲ ကောင်တာမှ ဝန်ထမ်းတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။


ယနေ့တွင် အဆိုပါ ကောင်တာများရှိ အီလက်ထရောနစ် သင်ပုန်းများ၌ အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ FEC တစ်ယူနစ်လျှင် ဝယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ ယူရို တစ်ဒေါ်လာ ဝယ်ဈေး ၁၀၈၀ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိ၊ စင်ကာပူ တစ်ဒေါ်လာ ဝယ်ဈေး ၆၃၅ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိဖြင့် ဈေးကွက် စတင်ဖွင့်လှစ်ခဲ့ပြီး ရောင်းသူ၊ ဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်ကို တွေ့ရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...