အော်..လူ့ဘဝ
ဆိုတာ…စိတ်ကူးနဲ့ လက်တွေ့တူတဲ့ အချိန် ရှိသလို ..စိတ်ကူးနဲ့ လက်တွေ့ခြား
နေတဲ့ အချိန်တွေလည်း ရှိနေပါလား…တစ်ခါတစ်ခါ စိတ်ကူးထဲက အတွေး တိုင်း
..အပြင်မှာ လုပ်ကြည့် တာ..စိတ်ကူးထဲက အတိုင်း ၅၀ ရာခိုင်နှုန်းတောင်
မလုပ်နိင်ပါ လားနော် ..ဒါကြောင့် ထင်ပါရဲ့..လူတွေက ..လက်တွေ့မပါတဲ့ စာတွေ၊
..စကားတွေကို ယုံကြည်ဖို့ သိပ်ခက်နေကြတာကိုး…. တစ်ချို့ကြတော့လည်း
စကားကို ရွမ်းရွမ်းဝေအောင် ပြောတတ် လိုက်ကြတ
...ာ..ပြီးရင်
ဘာမှ လက်တွေ့မပါဘူး.. သူတစ်ပါး ကျေနပ်သွားအောင်တော့ လေလုံးတွေ
ထွားကြလိုက်တာ.. ဒါကိုပဲ လူတွေကလည်း သိပ်ကိုကျေနပ် သွားကြတာ ပါပဲ…လူတွေက
ကျွန်မကို သင်ပေးကြတယ် “အမရေတဲ့ လူတွေနဲ့ ပေါင်းသင်း တဲ့အခါ စကားကို
အကုန်မပြောရဘူးတဲ့ ဒိုင်လျိုလေးတွေ ထားရတယ်တဲ့..အိတ်ထဲမှာ ၂၀၀၀
ပါရင်တောင်..၂ သိန်းဖိုးလို ဟိတ်ဟန်လုပ်ပြီး နေတတ်ရတယ်တဲ့..ကိုယ်တကယ်
မလုပ်နိုင်တဲ့အရာ တစ်ခုကို လုပ်နိုင်တဲ့ပုံနဲ့ ဟန်ပန်နဲ့ နေတတ်
ရမယ်တဲ့..တစ်ကိုယ်တော် ရွက်လွင့်ရင်း ဘယ်သူ့ကိုမှ အရေးမလုပ်တဲ့ စတိုင်ထက်
လူတွေနဲ့ နေတတ် ထိုင်တတ်အပေါ်ယံပေါင်းသင်းဆက်ဆံတတ်ရမယ်တဲ့”..
‘’ဝ’’ မရှိပဲ ‘’ဝိ’’ လုပ်ပြီး နေတတ်နည်းတွေကို လူတွေ ကျင့်သုံးနေကြတာ
တွေ့ရတော့.. နည်းနည်းတော့ ရီချင်လာတယ်..အခုဆိုရင် အရင်ကထက်စာရင် နေတတ်
ထိုင်တတ် သွားတတ်စားတတ် လူတွေနဲ့ရောနှောနေတတ်ပါပြီ ဒါပေမယ့် ဝ မရှိပဲ
ဝိတော့ မလုပ်ပါရ စေနဲ့နော်..အရှိကို အရှိအတိုင်း အသက်ရှင်တာ မရှိတာကို
အရှိလုပ်ပြီး အသက်ရှင်ရ တာထက် ပိုစိတ်ချမ်းသာလို့ပါ..ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်..ကိုယ်အပေါ် ကလိမ်ဥာဏ်ဆင်ပြီး ပရိယာယ်များ သူတို့အတွက်တော့ ..သည်းမခံနိုင် ဘူးနော်..မရိုးမသား..အပေါ်ယံသမားတွေကို
ပစားပေးပြီး ရေလိုက် ငါးလိုက်တော့ အားမပေးချင်ပါ..သူတို့ရှေ့မှာ
အမှန်တရားကိုတော့ လက်ကိုင်စွဲ ထားရမှာပဲ.. ကိုယ့်ရဲ့ခံယူချက်
ယုံကြည်ချက်ကိုတော့ အရှုံးမခံနိုင်ပါဘူး..ဘာလို့လဲဆိုရင်
ကိုယ်ငတ်ရင် သူတို့က ထမင်းလာကျွေးမှာ မဟုတ်ဘူးလေ..သူတို့ရဲ့
ပျားသကာလိုချိုလှတဲ့ စကားတွေက နားထောင်လို့ အရမ်းကောင်းပေမယ့်
သိပ်အသုံးမဝင်ဘူးရှင့်..အားနာလို့
နားထောင်လိုက်တာကို သူတို့စကားနားဝင်သွား တယ်လို့ ထင်နေရင်တော့လည်း
မတတ်နိုင်ဘူးလေ.. အော် ..ဒါပေမယ့် လူတွေကို ဦးဆောင်သူတစ်ယောက်အနေနဲ့တော့
စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ သဘောထားကြီး နေမှဖြစ်တာလေ..ကျွန်မဘဝမှာ တက္ကသိုလ်
ကျောင်းသူဘဝကတည်းက လူငယ်တွေကို ဦးဆောင် ခဲ့ဘူးပါတယ်..
အထူးသဖြင့် ပညာရေး ၊ စိတ်ပိုင်ဆိုင်ရာ မြှင့်တင်ရေးပိုင်းမှာပေါ့ ..ဟူး..တကယ်မလွယ်တာပါ..လူငယ်တွေက
ဆန်းသစ်တာ ကြိုက်တယ် ..အပြောင်းအလဲကို သိပ်ကြိုက်တယ် ဒါပေမယ့်
သူတို့အားနည်းနေတာက သူတို့ ဘာကိုရည်ရွယ်ပြီး အသက်ရှင် နေသလဲဆိုတာရယ်
သူတို့စိတ်ဓါတ်ကို မြင့်မြတ်အောင်ထားမယ့် အပိုင်းကျတော့
သိပ်စိတ်မဝင်စားပြန်ဘူး..ဒါကလည်း ကျွန်မဦးဆောင်ခဲ့ဘူးတဲ့ နယ်ပယ်က လူငယ်တွေကိုပြောတာပါ အားလုံးကို ပြောချင်တာ မဟုတ်ဘူးနော်..ဖြတ်လမ်းလိုက်နေတဲ့လူငယ်တွေကို တွေ့ရပြန်တော့ စိတ်ထဲမှာ ဒေါသကိုမနည်းကြီး ထိန်းချူပ်လိုက်မိပါတယ်..ကိုယ်ကလည်း သူတို့နဲ့ အသက်က မတိမ်းမယိမ်းဆိုတော့ သဘောထားကလည်း သိပ်မကြီးသေးဘူးလေ..အင်္ဂလိပ်စာသင်ပေးပါတဲ့
ကျွန်မကို အမြန် တစ်လအတွင်းတဲ့ အားလုံး တတ်ချင်တယ်တဲ့..နောက်
တက္ကသိုလ်စာမေးပွဲနီးတော့ တစ်နှစ်လုံးစာ မကျက်ထားပဲ ..ဘာသာရပ်
ခေါင်းစဉ်တောင် အလွတ်ရမယ်မထင်ဘူး..ဆရာမတွေကို နည်းမျိုးစုံနဲ့
ချဉ်းကပ်ပြီး ရလာတဲ့ စာတွေကို ကျက်ရမှတ်ရလွယ်အောင်
အလွယ်ဆုံးနဲ့ချူံပေးပါတဲ့..ဟင်းနော်
စိတ်ထဲမှာတော့ “စာတွေချူံချင်ရင် မိတ္တုဆိုင်သွားပါလား” “ဘာလို့ ငါ့ဆီလာတာ
လည်းပေါ့..တစ်ပွဲထိုးကျောင်းသူ ကျောင်းသားတွေရယ်” စိတ်ထဲက
ကြိမ်းဝါးမိပေမယ့် မတတ်နိုင်ဘူးလေ..အကူအညီလာတောင်းတော့လည်း
ကိုယ်က သူတို့စာတွေကို လိုက်ဖတ် လိုက်ချုံ ပေးရတာပေါ့..မပြောလိုက်ချင်ဘူး
သူတို့က အဲဒီချုံထားပြီးသား စာ ၂ ပုဒ် ၃ ပုဒ်ကိုတောင် အားလုံး
မကျက်နိုင်ကြဘူး..သိပ်တော်လိုက်တဲ့
ကျွန်မအနီးနားက လူငယ် တွေလေ.. ပြောရမယ်ဆိုရင် အများကြီးပေါ့..ကိုယ်ကတော့
မေတ္တာထား လိုက်လျော တိုးတက်ပါစေဆိုပြီး အလျှော့ပေး ဆက်ဆံခဲ့တာတွေကို
ကိုယ့်ခေါင်းပေါ်တက်ချီးပါချတဲ့ လူတွေရှိသလို ..အခုထိတိုင်အောင် ကိုယ့်မေတ္တာ
ကိုယ်ပေးဆပ်ခဲ့ဘူးတာလေးတွေကို ရိုသေခယစွာဖြင့် ဆရာမရယ်ဆိုပြီး တန်ဖိုးထား
နေသူတွေလည်း ရှိနေဆဲပါ…မနေ့က ပဲရှိသေး တယ်..ကျောင်းသူတစ်ယောက် တက္ကသိုလ်
ကျောင်းသူတောင် ဖြစ်နေပြီ..ခရစ်ယာန် ဘာသာရေးကျောင်းကို တက်နေတာပေါ့
ဒုတိယနှစ်ပေါ့ အခုချိန်မှာ ခရစ်ယာန်ဘာသာရေး ကျောင်းကသူတွေ
တော်တော်များများက အင်္ဂလိပ်စာအရမ်း ရကြတယ်လေ ဘာလို့လဲဆိုတော့ သူတို့တွေက
အမြဲတမ်း နိုင်ငံခြားသားတွေနဲ့ သင်ယူတာကများတယ် .ကျွန်မဆီကို
ရောက်လာတယ်..ဆရာမရယ်တဲ့ သမီး term-paper အတွက် Introduction
ဘယ်လိုရေးရမှန်းမသိလို့ ကူညီရေးပေးပါအုံးတဲ့..အခု outline တွေကိုတခြားသူကို
မေးပြီးပြီတဲ့ အထဲက စာတွေလည်း စာအုပ်ထဲက ကူးပြီးပြီတဲ့..အော်..ဖြစ်ရမယ်..Term-Paper
ရေးတာ ကိုယ့် Idea တစ်ခုမှမပါဘူး စာအုပ်ထဲကကူးရတာနဲ့ တခြားသူရေးပေးတာနဲ့
သူရဲ့ term-paper အတွက် လူဘယ် နှစ်ယောက်ကိုများ အကူအညီတောင်း
ထားပါလိမ့်လို့ တောင်တွေးနေမိတယ်. ကျွန်မက မနေနိုင်တော့လည်း ရှေ့မျက်နှာ
နောက်ထားပြီး ပြောချပြစ် လိုက်မိ တယ်..ညီမလေးရေ..term-paper ဆိုတာ ညီမလေး
ကျောင်းတက်တဲ့ ကာလပတ်လုံး ရေးနေရမှာ ဒီတစ်ခုလေးကို ပြီးဖို့စဉ်းစားပြီး
ဖြတ်လမ်းမလိုက်ပါနဲ့လို့ ကိုယ့်အတွေးအခေါ်ကို
အသုံးပြုပါလို့..အော်နောက်ဆုံးတော့လည်း တဖြည်းဖြည်းနဲ့ အတုတွေက ဘဝပေးအခြေအနေ အမျိုးမျိုးကြောင့် များလာကြပါလား..
တချို့က တမင်ရည်ရွယ်ပြီး မရှိတာကို အရှိလုပ်ကြတာ တချို့ကြတော့ ဘဝအခြေအနေ
ခက်ခဲလို့ တကယ်မတတ်လို့ မရလို့ မရှိတာကို အရှိလုပ်နေကြတာပါလား..ဒါဆို
ကမ္ဘာကြီးမှာ အရှိကိုအရှိအတိုင်း အဟုတ်ကိုအဟုတ်အတိုင်း နေတဲ့သူတွေ
ရှားနေပြီလားဟင်…. အခုတော့ အတွေ့အကြုံတွေကနေ သဘောပေါက်စပြုလာပြီ
မေတ္တာဆိုတာ လက်ခံတတ်သူက တန်ဖိုးမထားရင် တလဟော မပေးသင့်ဘူး ဆိုတာကိုလေ
.ဘယ်လောက်ပဲ ပေးဆပ်နေရပါစေ ..ဘယ်လောက်ပဲ နာကျင်နေပါစေ..ကိုယ့်မေတ္တာကို
တန်ဖိုးထား နားလည်မယ်ဆိုရင် ဆုံးရှုံး နာကျင်ရတာတွေကို မမှုပါဘူး..
လုပ်ငန်းခွင်မှာပေါ့..လူမျိုးစုံပါပဲ..တချို့က
နေရာ ရာထူးကို အဓိကထားတယ်..တချို့ကတော့ မိမိပညာရဖို့ အတွေ့အကြုံရဖို့
အာရုံစိုက်တယ်..တချို့ကြတော့ ငွေမျက်နှာတစ်ခုပဲ ကြည့်တတ်တဲ့သူတွေ
ရှိနေပြန်ရော ..ကျွန်မလက်ရှိလုပ်နေတဲ့အလုပ်က IT Field ဆိုတော့
လူငယ်တော်တော်များများက IT ပိုင်းဆိုင်ရာမှာ professional
တွေဖြစ်ချင်ကြတယ်..သူတို့ကိုတော်တော်လေး ချီးကျူးပါတယ် သူတို့က computer နားမှာနေရရင် ကမ္ဘာအနှံရောက်နေသလိုမျိုး ခံစားနေကြတာ..ထမင်းမေ့ဟင်းမေ့နဲ့ပေါ့
ကျွန်မတစ်ခုတော့ ကံကောင်းတယ်..အခုလက်ရှိအလုပ်က စိတ်ချမ်းသာတယ်
ကိုယ်စိတ်ဝင်စားတာကို လုပ်ခွင့်ရတယ်..လစာတော့ အရမ်းနည်းတာပေါ့..ကျွန်မက
စာရေးတာကို စိတ်ဝင်စားတယ်..စာတွေဖတ် သတင်းတွေဖတ်..အင်တာနက်ထဲက Breaking
News တွေဘာသာပြန် website လာအပ်သူတွေအတွက် article ရေးတဲ့အပိုင်းမှာ data
ရှာပြီးရေးဆိုတော့ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုကို ကျွန်မ
ပိုင်ဆိုင်ခွင့် ရထားတယ်..တစ်ခုတော့စဉ်းစားမိတယ်..စာနယ်ဇင်းတို့
စာရေးဆရာတို့ အယ်ဒီတာတို့ သတင်းထောက်တို့တွေက ငွေအများကြီးရတဲ့ အလုပ်တော့
မဟုတ်လောက်ဘူးလို့ ထင်မိတယ် ..လူမချမ်းသာပေမယ့် စိတ်ချမ်းသာတယ်
ပြည်သူလူထုကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး ၊ စိတ်ပိုင်းဆိုင်ရာမှာ အသိပညာ
သတင်းအချက်အလက် ဗဟုသုတတွေရဖို့ တဖက်တလမ်းကနေ အကျိုးပြုနေတဲ့ အယ်ဒီတာတွေ၊
ဆောင်းပါးရှင်တွေ ၊ စာရေးဆရာတွေ၊ ဝတ္တု၊ ကာတွန်းရေးသူတွေကို ကျွန်မ
တကယ်လေးစားမိပါတယ် သူတို့တွေက ကန့်လန်ကာ နောက်ကွယ်က( behind the screen )
လူတွေလို တစ်ခါတစ်ခါ ဖြစ်နေတတ်ပေမယ့် သူတို့ရင်ထဲက အနှစ်သာရတွေကို
သူတို့ဖြတ်သန်းခဲ့အတွေ့အကြုံ ပညာတွေကို စာရေးခြင်းဖြင့် လူတွေဆီ
အရောက်ပို့နိုင်သူတွေပါ။ စာရေးဆရာ၊ အယ်ဒီတာတွေကို တစ်ချို့ကလည်း စာပေရူး
လက်တွေ့မရှိသူ စိတ်ကူးယာဉ်သမားလို့ ခနဲ့ကြသေး တယ်..ဒါလုံးဝ
မဟုတ်ဘူးနော်..တချို့ကစိတ်ကူးယာဉ်
ဒဏ္ဍာရီဆန်ဆန် ရေးတတ်ပေမယ့် တချို့နာမည်ကျော် စာရေးဆရာတွေက သူတို့
ဘဝနဲ့ဖြတ်သန်းပြီး ချွေးသွေး မျက်ရည်တွေနဲ့ ရင်းထားတဲ့ ဖြတ်သန်းပြီးမှ
စာရေးခဲ့ကြတာပါ..
ဒါတွေက လူတွေအတွက် သမိုင်းတွေ အတုယူစရာ သူရဲကောင်းတွေ ဖြစ်လာတာလေ..ဒီလို
အသက်ပေးခဲ့ သွေးချွေး၊ မျက်ရည် ဆုံးရှုံးမှုပေါင်းများစွာ ရင်းနှီးပြီးမှ
စာဖတ်ပရိတ်သတ်တွေ သူတို့လို အဖြစ်မျိုး မကြုံရအောင် သင်ခန်းစာပေး
မီးမောင်းထိုးပြတဲ့ စာပေတွေကို ရေးသားနေတဲ့ စာရေးဆရာတွေကို
လက်တွေ့သမားမဟုတ်ဘူး စိတ်ကူးယာဉ် စာပေသမားကြီးပါလို့
ပြောနေခြင်းက.အရမ်းကို တန်ဖိုးမဲ့လွန်းပါတယ်..လူတွေက ကိုယ့်အရှုံးကို
မချပြရဲချဘူး ..ကိုယ့်အောင်မြင်ရင်သာ ပွဲလမ်းသဘင် ဂုဏ်ပြုပွဲ တွေလုပ်ပြီး
ဖော်ထုတ်ကြတာ..ကိုယ်ရဲ့ ဆင်းရဲခြင်း ဒုက္ခရောက်ခြင်း ပေးဆပ်ခြင်းတွေ
အကြိမ်ကြိမ် ဆုံးရှုံးပြီး ဘဝအမှားတွေကို ဖော်ထုတ်ဖို့တော့
မလုပ်ရဲကြဘူးလေ..စာရေးသူတွေကတော့
သူတို့ဆုံးရှုံးခဲ့တာ နစ်နာခဲ့တာ မှားခဲ့တာတွေကို စာဖတ်သူတွေ တရားရဖို့၊
အလင်းရဖို့ ၊ လောကမှာ ကြုံတွေ့တတ်တဲ့ လောကဓံတရားကို မြင်တတ်ပြီး
သင်္ခါရတရားရဖို့..လောဘ၊ ဒေါသ၊ မောဟရဲ့ တုန့်ပြန်မှုရဲ့အကျိး ၊ မေတ္တာတရားကို
တုန့်ပြန်ခြင်းရဲ့ အကျိုးတွေကို သူတို့ကိုယ်တိုင် သာဓကပေးပြီး
နှလုံးသွေးတွေနဲ့ စာရေးနေကြတာပါ..သူတို့က အဝေဖန်ခံနိုင်သူ ဘဝကိုချပြရဲသူ
အမှားကိုဖော်ထုတ်ရဲသူတွေလို့ ကျွန်မကတော့ သူရဲကောင်းအနေနဲ့ မြင်နေမိပါတယ်
..ဘာလို့လဲဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မလည်း လူတွေ တရားရဖို့
သင်ခန်းစာရဖို့ ပညာရပြီး အမှားနည်းဖို့ ကျွန်မရဲ့ အရှူံးတွေ အမှားတွေ
နာကျင်မှုတွေ မအောင်မြင်မှုတွေကို ရဲရဲကြီးချပြနိုင်ဖို့ သတ္တိမွေးနေသူပါ
…ဒီနေ့တော့ ဒီလောက်နဲ့ပဲ ဘဝထဲမှာ သင်ခန်းစာတွေကို ရေးလိုက်တော့မယ်
..နောက်မှဆက်မယ်နော်…
posted by လင်းသစ္စာခိုင်ဦး
0 comments:
Post a Comment