Thursday, October 13, 2011

မိန်းမမြတ်ခွဲခြားနည်း


အောက်တိုဘာလ 12, 2011 9:00amတွင်MINPAINGSOE မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

 ကျွန်တော်တို့ ပုရိသ ယောက်ျားတွေအနေနဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ချစ်လို့ ယူကြတာပဲ ဖြစ်ဖြစ်၊ မိဘက သဘောတူလို့ လက်ထပ်တာပဲဖြစ်ဖြစ်… ကိုယ်ရဲ့ ဘ၀လက်တွဲဖော်မိန်းမရဲ့ သန္တန်ကို များစွာ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ယူသင့်သော မိန်းမရဲ့ စရိုက်နဲ့ မယူသင့်သော မိန်းမတွေရဲ့ စရိုက် လက္ခဏာကို ဖော်ပြပေးလိုက်ပါတယ်။ သေချာကတော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်ချင်ရင် အချစ်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဘယ်လိုထင်ကြပါသလဲဗျာ…?


..........မယူသင့်သော အကြင်မိန်းမတို့၏ သန္တန်

ငြင်းခုံတတ်သည့် အလေ့ရှိသော
ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော
မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော
များစွာချက်ပြုတ် စားတတ်သော
လင်ယောက်ျားမစားမီ အဦးအများစားတတ်သော
သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏

............ယူသင့်သော အကြင်မိန်းမတို့၏ သန္တန်

စားမှုဝတ်မှု တို့တွင် မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့တွင် နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာတွင် ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်လျှင်
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်
အိပ်သောအခါတွင် မွေ့လျော်စေတတ်လျှင်
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်
အမျက်ထွက်သောအခါ သည်းခံတတ်လျှင် …………….. မိန်းမမြတ်ဟု ဆိုအပ်ပေ၏။

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A2421462&xgs=1&xg_source=msg_share_post မှ ကူးယူဖေါ်ပြပါသည်။

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...