ပိုင်ခွင့်နှင့် ကိုင်ခွင့်
ဂိုဏ်းနှစ်ဂိုဏ်း
ဘောဂဗေဒပညာရှင်များကြားတွင် အငြင်းခုံတစ်ခုဖြစ်နေသည်မှာ ကြာပါပြီ။
တစ်ဖက်တွင် သမာရိုးကျ ဟုဆိုနိုင်သော ‘ကျမ်းရိုးသစ်ဂိုဏ်း’ (Neoclassical School) ရှိသည်။
သူတို့၏အလိုအရ “လူသည် အကျိုး အကြောင်း ဆက်စပ်စဉ်းစားနိုင်သော စီးပွားရေးသတ္တ၀ါ” ဖြစ်သည်။
အခြားတဖက်ရှိ နောက်ပေါက် ‘အပြု မူဝါဒဂိုဏ်း’ (Beha-Viouralist School) က၊ ဤအဆိုက လက်မခံပါ။
“သာမန်လူအနေနှင့် သူတို့၏ ရှုပ်ထွေး သောပုစ္ဆာများကို အမြဲတစေ အဖြေမှန် ထုတ်နိုင်မည်မဟုတ်”ဟု
စောဒက တတ်ကြသည်။
အပြုအမူဝါဒဂိုဏ်းက၊ လူ့အပြုအမူကို အဇ္စုတ္တဖန်တီးချက်မဟုတ်။ ဗဟိဒဖန်တီးချက်သာဖြစ်သည်ဟု
ယူဆသည်။ ‘ကြောင်းကျိုးဆင်ချင်မှုဖြင့်
စီးပွားရေးပြဿနာများကို ကျော်လွှားနိုင်ပါလိမ့်မည်။ “ပတ်ဝန်းကျင်
သက်ရောက်မှုများမှလာသော လူ့အပြုအမူကို
ထည့်သွင်းစဉ်းစားဖို့လိုမည်” ဟု သတိပေးကြသည်။ ထိပ်တန်းအပြုအမူဝါဒီ တစ်ဦးဖြစ်သော ‘ဒင်နီယယ်
ခါနီမန်’ ကို မနှစ်(၂၀၀၂)က ဘောဂဗေဒ နိုဗယ်ဆု ပေးလိုက်ရာ၊
နိုင်ငံတကာပညာ အသိုင်းအ၀ိုင်းက အပြုအမူဝါဒဂိုဏ်းဘက် အလေးသာသွားသလို ရှိလာခဲ့သည်။
နိုဗယ်ဆုရှင် ‘ဒင်နီယယ်ခါနီမန်’ က သာမန်လူနှင့်
ပညာရှင်ကြားကွာဟမှုများကို ထောက်ပြပြီး၊ လူ့သဘာဝအမှန်ကို ဤသို့ဖွင့်ဆိုသည်။ “လူသည်မိမိ၏
ချမ်းသာသုခကို အခြားသူများနှင့် နှိုင်းယှဉ်ပြီးမှသာ အကဲဖြတ်လေ့ရှိသည်။ လူ၏ အပြုအမူမှာလည်း
သူမျက်မှောက်ပြုနေသော ရွေးချယ်မှုများအပေါ်မှာ မူတည် သည်။ လူသည် မက်မောလောက်သော အကျိုးအမြတ်ထက်၊
ဆုံးရှုံးနစ်နာရမည်ကို ပိုစိုးရိမ်ကြောင်းကြသူလည်း ဖြစ်သည်။ “ပြောရလျှင်ယခုအခါ လူပြောများလာသော
‘တက်လမ်းသီအိုရီ’ (Prospect Theory) မှာဆိုခဲ့ ပါသည်။ ‘ဒင်နီယယ်ခါနီမန်’ ၏ အယူအဆကို
အခြေခံပေါ်ထွက်လာခြင်းဖြစ်သည်။
ပညာရှင်တစ်ချို့က တက်လမ်းသီအိုရီသည်၊
နှစ်ပေါင်း(၂၀၀)မျှ သြဇာကြီးမားခဲ့သော ကျမ်းရိုးသစ် ဘောဂဗေဒ
ဂိုဏ်းကို၊ နန်းချပစ်လိုက်ပြီလို့အမှတ်ပေးကြသည်။
အချို့ကမူ လူသည်မမှားသင့်၊ မမှားထိုက်သော အမှားမျိုး ကိုပင် ထပ်ခါထပ်ခါ မှားနိုင်သည်ဆိုသော
အချက်ကိုသာ သက်သေပြနိုင်သည်။ ဒီထက်မပိုလှပါဟု ဆိုသည်။ သို့ဖြင့်အငြင်းအခုံမှာ မပြီးနိုင်၊
မစီးနိုင်၊ အဖြေမပေါ်နိုင်ဖြစ်နေတော့သည်။
စိတ်သဘာဝ ရိုက်ခတ်ချက်
မကြာသေးမှီထွက်ပေါ်လာခဲ့သော သုတေသနစမ်းသပ်ချက်များနှင့်
အယူအဆအချို့မှာ၊ အဆိုပါ အငြင်းခုံပွဲကြီးနှင့် တစ်နည်းတစ်ဖုံ ပတ်သက်လျှက်ရှိသည်။ အထူးသဖြင့်
စိတ်သဘာဝရိုတ်ခတ်ချက်
(Endowment effect) တစ်ခုထပ်လောင်းထားလေ့ရှိသည်ဟု
ဆိုပါသည်။ ဥပမာ-၀တ်နေကျဆွယ်တာ၊ စီးနေ ကြကား၊ မိသားစုနေထိုင်ရာအိမ် စသည်တို့ကို ဈေးကောင်းရသည့်တိုင်
လွယ်လွယ်နဲ့ထုတ်မရောင်းချင်ကြပါ။
သံယောဇဉ်ဖြစ်နေတတ်သည်။ စွဲနေတတ်သည်။
‘ပိုင်ခွင့်’ (To Have)နှင့် အပြိုင် ‘ကိုင်ခွင့်’ (To Hold) ကိုလည်း
တန်ဖိုးထားကြသည်ဟု ဆိုသည်။
ဤအချက်ကိုပင် ‘ကော်နယ် တက္ကသိုလ်’
မှသုတေသီတစ်စုက၊ လက်တွေ့စမ်းသပ်ချက်တစ်ခုဖြင့် သက်သေပြ
လိုက်သည်။ တက္ကသိုလ်ကျောင်းသားတစ်စုကို
တန်ဖိုးခြင်းတူညီသော ကော်ဖီခွက်များနှင့် ချော့ကလက် တောင့်
များဝေပေးလိုက်သည်။ ဤတွင် ကျောင်းသားတစ်ဝက်က
မိမိတိှု့နှစ်သက်ရာရသော်လည်း ကျန်တစ်ဝက်မှာမရ ကြဟုသိရသည်။ သူ့အတွက်ကြိုက်သလို လဲကျဟုခိုင်းလိုက်ရာ၊
ကော်ဖီမကြိုက်ဘဲ ကော်ဖီရသူနှင့် ချော့က လက် မကြိုက်ဘဲ ချော့ကလက်ရသူတို့ အပြန်အလှန်ဖလှယ်ကြတော့သည်။
ကျောင်းသားမည်မျှ ဖလှယ်သည့်
အလုပ်ကို လုပ်ကြမည်ထင်ပါသနည်း။
‘လိုချင်တာမရတဲ့ တစ်ဝက်လုံး လုပ်ကြမှာပေါ့’ ဟုထင်လျှင် တက်တက် စင်အောင် လွဲပါလိမ့်မည်။
ကျောင်းသား ၁၀% ကသာ ဖလှယ်ကြသည်ကို တွေ့ရသည်။
ဤတွေ့ရှိချက်က ဘာကိုဖော်ပြနေသနည်းဆိုလျှင် “အလွန်တိုတောင်းသောအချိန်အတွင်း၊
ဘာမှအဖိုး
မတန်လှသောပစ္စည်းလေးတစ်ခုကို ပိုင်ဆိုင်ရခြင်းကပင်၊
ဆက်လက်ကိုင်လိုသော စွဲလမ်းစိတ်ကိုဖြစ်ပေါ်စေနိုင်
သည်” ဆိုသော စိတ်သဘာဝဖြစ်ပါသည်။
အစဉ်အလာဘောဂဗေဒက ဤအချက်ကို မတွေ့ရှိခဲ့အသိအမှတ် မပြုခဲ့။ သို့အတွက် Coase Theoren လို
ကုန်သွယ်ရေးဆိုင်ရာ၊ အကောက်အယူများမှာ လက်တွေ့မကျ ဖြစ်ရ သည်ဟုဝေဖန်လာကြသည်။ ထိုထက်အရေးကြီးသော
ဈေးကွက်ယန္တရားလို အခြေခံသီအိုရီများတွင် ‘စိတ် သဘာဝရိုက် ခတ်ချက်ကိုပျက်ပယ်ထားခြင်းက၊ကျမ်းရိုးသစ်ဂိုဏ်း၏
မဟာအမှားဖြစ်နိုင်သည်ဆိုသော အကဲ ဖြတ်ချက်များပင် ထွက်လာသည်။ အစဉ်အလာရောင်းလိုအား၊၀ယ်လိုအား
ချဉ်းကပ်မှုတွင် ရုပ်သဘောထက် စိတ်သဘာဝကိုပါ ထည့်တွက်ရမည်ဟု အဆိုပြုလာသည်။
ဤတွင်ငြင်းခုံပွဲကြီး ပြီးပြီ်။ ‘အပြုအမူဝါဒဂိုဏ်း’ အနိုင်ရလိုက်သည်ဟု
ဆိုသူတွေက ဆိုကြသည်။ သို့နှင့်
တိုင် ‘မပြီးသေး၊ ဆင့်မြင်စရာတွေ
ရှိသေးသည်’ ဟုဆိုသူများလည်း ရှိနေပြန်သည်။
ရုပ်ကိုကျော်
ဤအနေအထားမှာပင် ‘ကျမ်းရိုသစ်ဂိုဏ်း’ ဘက်မှ ရပ်ခံသူတစ်ဦး
ပေါ်ထွက်လာသည်။ ‘မာရီလန်း တက္ကသိုလ်’ မှ ဘောဂဗေဒ ပါမောက္ခ ‘ဂွန်-လစ်’ ဖြစ်ပါသည်။ သူက
‘စိတ်သဘာဝရိုက်ခတ်ချက်’ကို တစ်စုံ တစ်ရာလက်ခံသည့်တိုင်၊ အကြွင်းမဲ့အမှန်တရားအဖြစ် ပုံကြီးချဲ့ကြသည်ကိုမူ
ဆန့်ကျင်သည် ‘ကော်နယ်တက္က သိုလ်’ စမ်းသပ်မှုတွင် အားနည်းချက်များရှိသည်ဟုဝေဖန်သည်။
အဓိကအားနည်းချက်မှာ ပါဝင်သည့် တက္ကသိုလ် ကျောင်းသားများမှာ စီးပွားရေးနှင့် အကျွမ်းတ၀င်ဘာမှမရှိသော
အစိမ်းသက်သက်များ ဖြစ်နေသည့် အချက်ဟု ထောက်ပြသည်။ သို့ဖြင့် သူကိုယ်တိုင် နောက်ထပ်စမ်းသပ်မှု
တစ်ခုကိုလုပ်ပြလိုက်သည်။
သူရွေးချယ်လိုက်သည်က ကျောင်းသားများမဟုတ်။ စီပွားရေးနှင့်ယဉ်ပါးပြီးဖြစ်သော
ကုန်သည်ပွဲစား များဖြစ်သည်။ သို့သော်တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံချင်းတူကြသည်တော့မဟုတ်။
တချို့က ၀ါရင့်၊ တချို့က ၀ါမရင့်-တရင့်၊ တချို့ကလူစိမ်းသာသာ။ သူရွေးချယ်လိုက်သော ပစ္စည်းမှာလည်း
ကော်ဖီလို၊ ချော့က လက်လို မုန့်ပဲသရေစာမဟုတ်။ ပို၍သံယောဇဉ်တွယ်စရာကောင်းသည့် မြတ်နိုးမှုပစ္စည်းမျိုးဖြစ်သည်။
အားက စား အမှတ်တရပစ္စည်းလေးများ ဖြစ်ပါသည်။ နာမည်ကျော် အားကစားသမားများ၏ ဓာတ်ပုံများ၊
ဂျာစီများ၊ လက်မှတ်များ၊ တံဆိပ်များစသည်တို့ဖြစ်သည်။ ကော်နယ်စမ်းသပ်မှုအတိုင်းပင် ဤပစ္စည်းလေးများကို
ဝေပေး လိုက်သည်။ ကြိုက်သလိုဖလှယ်ကြဟု ခိုင်းလိုက်သည်။ တွေ့ရှိချက်က ကော်နယ်နှင့် ဘာမှမဆိုင်။
၉၀ % ကျော်က ဖလှယ်ကြသည်။ အသေးစိတ်ဆက်လက် လေ့လာလိုက်သောအခါ အတွေ့အကြုံ ပိုများသူက ပိုဖလှယ်ကြပြီး၊
အတွေ့အကြုံနည်းသူများက နည်းနည်းသာ ဖလှယ်ကြသည်ကို တွေ့ရသည်။
ဤတွင်ပါမောက္ခ ‘ဂွန်-လစ်’၏ကောက်ချက် ထွက်ပေါ်လာတော့သည်။ “လူ့သဘာဝသည်ပုံသေမဟုတ်။
အတွေ့အကြုံအရ အပြောင်းအလဲရှိနိုင်သည်။
လူ၏ ‘ပိုင်ဆိုင်မှု’ (Ownership) တွင် ပိုင်ခွင့်ရော၊ ကိုင်ခွင့်ပါ နှစ်မျိုးလုံးရှိသည်မှာမှန်သည်။
‘ပိုင်ခွင့်’ဆိုရာတွင် ‘အက်ဆက်’ အဖြစ် သဘောထားခြင်းဖြစ်သည်။ ဖလှယ် နိုင်သည်။ အရင်းအဖြစ်အသုံးချနိုင်သည်။
‘ကိုင်ခွင့်’တွင် ဤသဘောများမရှိ၊ သံယောဇဉ်အစွဲအလန်းက အဓိက ဖြစ်သည်။ စီးပွားရေးနှင့်
အကျွမ်းတ၀င်ရှိသူများက ‘ပိုင်ခွင့်’ ကိုအသုံးချဖို့ အားသန်ကြလိမ့်မည်ဟုဆိုသည်။ ကိုင်ခွင့်လား၊
ပိုင်ခွင့်လားဆိုသည့် တုံ့ပြန်ရွေးချယ်မှုသည်ပင် သက်ဆိုင်ရာလူ့အဖွဲအစည်း၏ စီးပွားရေးအတွေ့
အကြုံနှင့် အတွေးအမြင်ကို ဖွင့်လှစ်ပြရာရောက်ပါသည်ဟုလည်း ဆိုလိုက်သေးသည်။
တစ်ခုတော့ရှိသည်။ ‘စီးပွားရေးတွင် ရုပ်သဘောမျှနှင့် ကျောက်ချထား၍
မသင့်၊ ရုပ်ကိုကျော်၍ ကြည့်သင့်ပြီ’ ဆိုသည်ကိုမူ ပါမောက္ခ ‘ဂွန်-လစ်’ ကလိုက်လိုက်လှဲလှဲ
ထောက်ခံလိုက်ပါသည်။
ဝင်းနောင်
စာညွှန်း - To have and to hold
ခေတ်ဆန်းဂျာနယ်
အောက်တိုဘာ၊ ၁-၁၅ / ၂၀၀၃ မှ
0 comments:
Post a Comment