မလိုချင်ပဲရတဲ့ ရတနာလေးများ
by Wei Lin Ting on Thursday, October 6, 2011 at 8:04pm
(၁) လမ်းမကြီးရဲ့ အလယ်ခေါင်မှာ
ကျွန်တော်ငယ်ငယ်ကပေါ့ ငယ်ငယ်ကဆိုတာတောင် ၁၀ တန်းလောက်ပေါ့။ အဲဒီတုန်းက ဆိုက်ကားသမား အသိတစ်ယောက်ရှိတယ်။ မကြာခန အတူတူ လက်ဖက်ရည်ဆိုင်ထိုင်နေကြ။ တစ်နေ့ သူတို့ ဘက်ရောက် တော့ သူ့ ကိုမတွေ့ လို့ မေးကြည့်တယ်။ အချုပ်ထဲမှာတဲ့။ ကျွန်တော်အံ့သြသွားတယ် ဒီလူက လူအေးပါ ဘယ်လိုဖြစ်ရတာတုန်းဆိုတော့။ ညက သူဆိုက်ကားနင်းရင်းနဲ့  လမ်းမကြီးပေါ်မှာ အထုပ်ကလေး တစ်ထုပ်တွေ့ တော့ ဆင်းကောက်ကြည့်တာ ကလေးပေါက်စလေးတဲ့လှုပ်စိ လှုပ်စိနဲ့ဟာ အသက်ရှိသေးတယ် ရဲစခန်းပို့ မှပဲဆိုပြီး သွားပို့ တာ ရဲကကြည့်တော့ ကလေးက သေနေပြီတဲ့။
အဲဒါနဲ့ ပဲ ရဲက သူ့ ကိုဆွဲစိထားသတဲ့ ။ ဒီလောက်အေးတဲ့ဆောင်းတွင်းကြီးဗျာ။ ကလေးမွေးခါစကို လမ်းမအလယ် ပစ်ခဲ့တယ်။
ကံကောင်းလို့ ကားတက်ကြိတ်ပြီး တစ်စစီမဖြစ်သွားတာ။
(၂) တစ်စစီဖြစ်သွားတယ်
ကျွန်တော့် အမ၀မ်းကွဲအိမ်သွားလည်တော့ စကားတွေက တောင်ပြောမြောက်ပြောနဲ့ ပြောရင်း သူက အဖြစ်အပျက်တစ်ခု ပြောပြတယ်။
သူတို့ အိမ်ရှေ့ မှာက ကွင်းကျယ်ကြီးရှိတယ် အဲ့ဒီဘေးမှာက ချုံပင်တွေပေါက်နေတာပေါ့။
ညတစ်ည တစ်အီ အီနဲ့  အသံကြားနေတာ သူတို့ အပါအ၀င် အနားကလူတွေက အော် ခွေးသားအုပ်မက ကလေးတွေ မြည်နေကြတာပဲ ဆောင်းတွင်း ညချမ်းချမ်းဆို ခွေးလေးတွေက အဲ့လိုမြည်တတ်တာကိုး။
မနက်အစောကျတော့ ကလေးတွေက တောင်ပြေး မြောက်ပြေးလုပ်ရင်းနဲ့ မှ
ဟာ.. ဒီမှာ သွေးတွေ သွေးတွေ ဆိုပြီး အော်လို့  ၀ိုင်းကြည့်ကြတာ ချုံပုတ်ထဲမှာဗျာ ကလေးသေးသေးလေး တစ်စစီ တစ်စစီခွေးသားအုပ်မက ခွေးလေးတွေက ၀ိုင်းစားနေလိုက်ကြတာ......................
ကြားလိုက်ရတာ ကျွန်တော် တော်တော်ဝမ်းနည်းသွားတယ်ဗျာ။
ညတုန်းက တအီအီနဲ့ အော်နေတဲ့ ကလေး သေးသေး မွေးခါစလေးဗျာ... ခွေးတွေက ၀ိုင်းစားလို့ ..
အတစ်လိုက် အတစ်လိုက်.....................တစ်စစီ တစ်စစီ.....................
(၂) အဖေဘယ်သူလဲဗျ
အရင်ကကိုကြည်စိုးဆိုတာ ရပ်ကွက်ထဲမှာရှိတယ်။ သားအမိ၂ယောက်ထဲနေတယ်။ လူသစ်ပေါ့ နောက်ကျမှ ရပ်ကွက်ထဲပြောင်းလာတာ။ သူမူးလာရင် သူ့ အမေကို မေးနေကြစကားက
အဖေဘယ်သူလဲဗျ ခင်ဗျားကျုပ်ကိုပြောစမ်းပါ....
အဖြေမကြားရဘူး......
ကိုကြည်စိုး အပြင်ပြန်ထွက်သွားတယ် ... ထပ်သောက်တယ်... ထပ်မေးတယ်

ကျွန်တော်တို့ က ရယ် တယ်။ အသက်သုံးဆယ်လောက်လူက အဖေဘယ်သူလဲ မေးနေတာကိုလေ။
သူ့ ဘ၀မှာ အဖေကို မတွေ့ ဖူးဘူး။ တစ်နေရာရာမှာလဲ အတည်တကျမနေရဘူး။ ဟိုပြောင်းဒီပြောင်းနဲ့ ပေါ့။
ထူးခြားတာက သူတို့ သားအမိနှစ်ယောက် အဖေကိစ္စနဲ့ စကားများပြီဆို ခနနေ မြန်မာလို မပြောတော့ဘူး
အင်္ဂလိပ်လိုပဲပြောတော့တယ်။ ကျွန်တော်က ဘကြီးကိုမေးတယ် စပိကင်ကျင့်နေတာလားလို့  မဟုတ်ပါဘူး ရန်ဖြစ်နေတာပါတဲ့။
သင်္ကြန်တွင်းတစ်ခါမှာ ကိုကြည်စိုးဗျာ အကြိုနေ့ ပဲရှိသေးတယ် မနက်အစောကြီး မူးလာတာ ယိုင်ထိုးနေတာပဲ...
သူ့ အမေကိုမေးတယ်အဖေဘယ်သူလဲဗျ ဆိုပြီး အိမ်အနောက်ခန်းထဲ ၀င်အိပ်သွားတယ်တဲ့။
နောက် ၂ ရက် သုံးရက် ကိုကြည်စိုးကိုမတွေ့ တော့မှ အနားကလူတွေက သတိပြုမိလာတယ်။
အဖွားကြီး ကြည်စိုးရောဆိုတော့။ နောက်ဖေးခန်းမှာတဲ့။ ၀င်ကြည့်ကြတော့ အန်ဖတ်တွေနဲ့  ကိုကြည်စိုး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတာ။ အဖွားကြီးက လှည့်မကြည့်ပေါင်။ အနားကလူတွေက ဆရာဝန်ခေါ်ပေးတယ်။
ဆရာဝန်ကတော့ တတ်နိုင်သမျှ လုပ်ပေးပါတယ်။ ဒါပေမယ့် ညနေကျတော့ ကိုကြည်စိုးခင်ဗျာ မရဏလမ်းကို မြန်းရှာရော။
အဖွားကြီးကို ဘယ်လိုလုပ်မလဲလို့ မေးတော့ ကြိုက်သလိုလုပ်လိုက်တဲ့။ အဲဒါနဲ့  အရပ်ကလူတွေက မသာကားငှား။
ကိုကြည်စိုးကို ဂုဏ်သရေရှိစွာပဲ ဖျာလိပ်နဲ့ ပတ်ပြီး လူ ၂ယောက်လိုက် သဂြိ င်္လ်ပေးလိုက်တယ်။
ရက်လည်လုပ်မယ်ကြံတော့ အဖွားကြီးက အိမ်ပေါ်မှာ အလုပ်မခံဘူးဗျ။ အဲဒါနဲ့  အိမ်ရှေ့ ကကွက်လပ်မှာ အရပ်လူကြီးတွေ ဦးဆောင်ပြီး
ရပ်လည်ဆွမ်းသွပ်ကြရတယ်။
(၃) တွယ်ရာမဲ့
တူမလေးမွေးနေ့ တုန်းက ထောက်ကြံ့ လူမှုဝန်ထမ်း ကလေးစောင့်ရှောက်ရေးကျောင်းကို သွားလှူကြတယ်။
ချစ်စရာလေးတွေဗျာ။ အဖေဘယ်သူလဲမသိ။ အမေဘယ်သူလဲမသိ။ လာသမျှလူတွေကို ပြုံးလို့ နှုတ်ဆက်ကြတယ်။
၎ နှစ် ၅ နှစ်က အကြီးဆုံးပဲ။ လူမျိုးစုံ။ ဘာသာစုံပဲ။ ကျွန်တော် ပြန်ခါနီး သူတို့ နှုတ်ဆက်တော့ မခံစားနိုင်ဘူးး။
သူတို့ ဘယ်လိုကြီးကြမတုန်း.... ဘာတွေလုပ်ကြမတုန်း...ဘယ်တွေရောက်ကြမတုန်း.......
(၄) နောက်ဖေးလမ်းကြား၊ ဈေးအမှိုက်ပုံ
ဂျာနယ်တွေထဲမှာ တွေ့ တွေ့ နေရတယ်။ စိတ်ဆင်းရဲစရာတွေဗျာ။ သန္ဒေသားလေးကို လူဖြစ်မယ်တောင်မကြံသေး
အပြင်ထုတ် နောက်ဖေးလမ်းကြားထဲ ပစ်ထားသတဲ့။ မွေးကင်းစ ကလေးလေးကို ဈေးအမှိုက်ပုံထဲ ပစ်ထားသတဲ့။
အော် လူတွေ... လူတွေ.....
လမ်းပျော်ကလေးများစောင့်ရှောက်ရေး ဆိုပြီး workshop တစ်ခုတက်ဖူးတယ်။
လမ်းပျော်ကလေးတွေရဲ့  မူရင်းဇစ်မြစ်က မလိုချင်မှုပဲတဲ့။ သူ့ အဖေအမေက သူ့ တို့ ကို မလိုချင်ပဲမွေးထားတာတွေတဲ့။
အင်္ဂလိပ်လို unwanted child ... မြန်မာလိုတော့ မလိုချင်ပဲရတဲ့ ရတနာတွေပေါ့။
အဲဒီကာလတုန်းက ထိုင်းနိုင်ငံမှာ အဲလိုကလေးတွေ အရမ်းများနေတယ်. မြန်မာပြည်မယ်တော့ သိပ်မရှိသေးဘူးတဲ့။
ဇစ်မြစ်ကတော့ အိမ်ထောင်သည်တွေက မလိုချင်ပဲရ မွေးတော့မွေးတယ် ပစ်ထား ဖြစ်ချင်တာဖြစ်....
သမီးရည်းစားတွေကကျ လုပ်ချင်တာလုပ် ဖြစ်လာတော့ တော်သလိုဖြေရှင်းပစ်ကြ......
အရှင်းမတော်လို့  သေသွားတဲ့ မိန်းကလေးတွေလဲ အများကြီးပေါ့ဗျာ။
ကျွန်တော့်အမြင် ကျွန်တော်တို့ တိုင်းပြည်မယ် နောင်နှစ်အနည်းငယ်ဆို unwanted လေးတွေများ များလာမလားမသိဘူး.....
unwanted လေးတွေများလာမှာကြောက်တာထက် လမ်းမပေါ်မှာ ချုံပုတ်ထဲမှာ အမှိုက်ပုံမှာ နောက်ဖေးလမ်းကြားမှာ
ခွေးအဆွဲခံရတဲ့ မွေးကင်းစလေးများ များလာမှာ ပိုကြောက်နေမိတယ်။
(အကြိုဇေယျ (၂၅)တက်ရောက်စဉ်က လူမှုဆက်နွယ်ရေးဘာသာရပ်မှာ ကျွန်တော်တင်သွင်းခဲ့သော လူမှုပြသနာများစာတမ်းဖတ်ကြားမှုကို စကားပြေပြုထားခြင်းဖြစ်ပါတယ်)

0 comments:
Post a Comment