မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ ဒေါက်တာဇာနည်
by Ni Lynn on Monday, October 24, 2011 at 4:26pm
ဒီတပတ်
မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လူထုအုံကြွမှုနဲ့
ဒီမိုကရေစီပြောင်းလဲမှု ဘယ်လိုဆက်နွှယ် မှုရှိသလဲ၊ ပြည်သူလူထုအနေနဲ့ ဘယ်လို
ပါဝင်လုပ်ဆောင်သင့်သလဲဆိုတာကို ဦးသန်းလွင်ထွန်းက ဗြိတိန်နိုင် ငံ
မဟာဗျူဟာလေ့လာရေးဌာနက မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာဇာနည်ကို
ဆက်သွယ်မေးမြန်း ဆွေး နွေးထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လစ်ဗျားနိုင်ငံ အာဏာရှင်ခေါင်းဆောင် အောက်တိုဘာလ ၂၀ ရက်နေ့ကပဲ လက်နက် ကိုင်အုံကြွတော်လှန်သူများရဲ့ လက်ချက်နဲ့ ဇာတ်သိမ်းသွားခဲ့ပါတယ်။ အာရပ်တော်လှန်ရေးလှိုင်းတံပိုးနဲ့အတူ တူးနီးရှား၊ အီဂျစ်ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး အခု ဂဒါဖီရဲ့အဖြစ်ကတော့ အဆိုးဆုံးပါ။
အာရှတိုက်က မြန် မာနိုင်ငံမှာလည်း လူထုအုံကြွမှုတွေ ဖြစ်လာမလားလို့ မျှော်လင့်ပြီး အာဏာပိုင်တွေကို ဖြုတ်ချနိုင်ဖို့ စိတ်ကူး ယဉ်နေသူတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေ တူနိုင်မလားဆိုတာကို ဗြိတိန်နိုင်ငံ မဟာဗျူ ဟာလေ့လာရေးဌာနက မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာဇာနည်ကို ကျနော် ဆက်သွယ်မေး မြန်းထားပါတယ်။
ကိုဇာနည် ။ ။ နံပါတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့ထောက်ခံမှု၊ ပြည်သူ့ရဲ့ကြည်ညိုမှု၊ လေးစားမှုမရှိဘဲ နဲ့ ဆိုလိုတာကတော့ ပြည်သူ့မေတ္တာခံယူမှုမရှိဘဲနဲ့ အာဏာယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲဖြစ်ဖြစ် သူတို့မှာ ကြောက်လန့် ကျီးလန့်စာစား၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ် လောက်ပဲ လက်နက်အင်အားတောင့်တောင့် ကျီးလန့်စာစားနေရတဲ့ဘဝက ဘယ်တော့မှလွတ်မှာမဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ်။ ဆဒမ်ဟူစိန် ကြိုးစင်ပေးခံရတာကိုပဲ ကြည့်ကြည့်၊ နောက်တခါ ဂဒါဖီ ခွေးသေ ဝက် သေ သေတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် အာရှတိုက်မှာဆိုရင် ပတ်ချုန်းဟီဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာထမင်းစား ပွဲမှာ သူအသတ်ခံရတယ်။ ဆူဟာတိုဆိုရင်လည်း အကျယ်ချုပ်ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှုမရှိတဲ့ ခေါင်း ဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာစားနေရတယ်လို့ မြင်မိတယ်။
“အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်။ ကိုဇာဂနာက ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာဆီက ပြောတာကို နားထောင်ပြီး နားစွင့်ပြီး သူပြောသမျှကို အနောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီလှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထုသဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင်လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်ကလိုက်တယ်ဆိုတာ အဲဒါက နောက်လိုက်ပြည်သူ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေ့တိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။”
ဦးသန်းလွင်ထွန်း ။ ။ အခုဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ်ဘက် မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက် မှာ နေနေရတာကနေ အပြောင်းအလဲတစုံတရာကို တောင့်တလာပြီးတော့ ဖိနှိပ်ခံရလို့ အုံကြွလာတဲ့ လူထုအ နေနဲ့ အာဏာရှင်တွေကို ဖြုတ်ချလိုက်တဲ့ အနေအထားအထိ တချို့နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက် နိုင်ငံတွေရဲ့ ကူညီအားပေးမှုတွေ၊ ပြင်ပဘေးနိုင်ငံတွေရဲ့ ကူညီမှုတွေလည်း ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေမှာ အလားတူဖြစ် လာနိုင်မယ့် အနေအထားတွေ ရှိသလား။
ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထုထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက်ကိုင်တာပဲဖြစ်ဖြစ် အနု နည်းနဲ့ ဂန္ဒီပုံစံမျိုး၊ မာတင်လူသားကင်တို့လို ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖီဆန်ပြီး၊ ကျနော်တို့ဆီမှာလည်း ရှိ ပါတယ်။ ဝံသာနု ဂျီစီဘီအေခေတ်ထဲက စပြီးရှိခဲ့တာ၊ သပိတ်မှောက်တယ်ဆိုတာ။ အဲဒီလို အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုးယွင်းပျက်စီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့စားဝတ်နေ ရေး အဆင်မပြေဘူး။ နိုင်ငံရဲ့  ဂုတ်သွေးစုပ်တဲ့ အနေအထားရောက်လာရင်တော့ ဒါအမြဲတမ်း အဲဒီအခြေအ နေကရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဃာအရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလ မှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ တခြား ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့ တခြားခေါင်းဆောင် တွေ ပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေကျရေး လုပ်ခဲ့တာရှိတယ်။ အဲဒါပြီးတဲ့နောက်မှာ သံဃာတော်တွေရဲ့ အ ရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေဆိုရင် ကျနော်အ ပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉.၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝမဖြစ်နိုင် ဘူးလို့ သတ်မှတ်ထားပြီးသာ။ အဲဒီအချိန်မှာ ထပ်ဖြစ်တာဆိုတော့ ကျနော်တို့လည်း ရှင်းရှင်းပြောရရင် လူထု ထက် နှစ်ရက်သုံးရက် ကြိုသိတဲ့ အနေအထားကလွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗစက္ခု ဉာဏ်မရှိတော့ အဲဒါကို ဖြစ်မလား မဖြစ်ဘူးလားဆိုတာကို မပြောနိုင်ဘူး။ ဒါပေမယ့် ဖြစ်ဖို့ အခြေအနေရှိလား ဆိုရင်တော့ လုံးဝရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေအနေတွေ စေ့ဆော်လာပြီ ဆိုရင် တချို့ကတော့ အောက်ခြေလူတန်းစားကနေ အုံကြွပြီးတော့ တောင်းဆိုလာတဲ့အတွက်ကြောင့် ဖိနှိပ် တဲ့ စနစ်ကြီးတရပ်ပြိုလဲပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေ ပိုင်းက သဘောပေါက်နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး။ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြု ပြင်ပြောင်းလဲရေးကို လိုလားပါတယ်ဆိုပြီးတော့ အထက်ပိုင်းက သဘောပေါက်ပြီးတော့ အပြောင်းအလဲတွေ စလုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ်နှစ်ရပ်၊ အဲဒီလို အခြေအနေမျိုးမှာ တချို့ပညာရှင်တရပ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီဆိုတာကို သဘောပေါက် တဲ့အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်နေပြီ။ အလားတူပဲ အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထု ဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံကြွမှုတွေဖြစ်လာရင် ဒီလို ပြုပြင်ပြောင်းလဲမှုအရှိန်ကို ထိခိုက်သွားစေလိမ့် မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနည်အနေနဲ့ ဘယ်လိုမြင် ပါသလဲ။
ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံကြွလာလို့ ပြောင်းတာ ကတမျိုး။ နောက်တခါ အထက်ကနေ ဦးစီးဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကိုပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျ နော်ထင်တယ် ideas နှစ်ခု။ အတွေးအခေါ်နှစ်ခုက တကယ်တမ်းကြတော့ အဲဒီနှစ်ခုကို ခွဲဖို့ဆိုတာ ရေကို ဓား နဲ့ ခုတ်သလိုပဲ။ အဲဒီနှစ်ခုက လုံးဝ ဆက်နွှယ်နေတယ်။ ကျနော်တို့နိုင်ငံအနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတသိန်းစိန်တို့၊ သူ့အနားမှာရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းက နေ သမ္မတရဲ့  အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကို လှိုင်တို့ ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆို တော့ လူကြီးတွေကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ်ဆိုတာ။ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့လုပ်နေတယ်ဆိုတာ တကယ်တမ်းကျလို့ရှိရင် အောက် ကနေ တက်လာတဲ့ဖိအား၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့စားဝတ်နေရေး၊ နိုင်ငံရေးမကျေနပ်မှုတွေ ဒါတွေ။ အဲဒီဖိအားတွေကို ပြည်တွင်းဖိအားတွေကိုတုံ့ပြန်တာဖြစ်တယ်။ အဲဒါမျိုးကျတော့ ကျနော်တို့က Georgetown က David Steinberg တို့ ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့မရဘူး။ ကျနော်အနေနဲ့ လုံးဝလက် မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက်ကလာတဲ့ဖိအားနဲ့ အထက်ကနေတုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်းဆက် နွှယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့အခါကျတော့ အထက်ကလူတွေ လုပ်နေလို့ အောက်က လူတွေ ခေါင်းလေးငုံပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့က နွားသွားတာကို နောက်က ဖြောင့်ဖြောင့် လိုက်ပါဆိုတဲ့ ဗမာရှေးထုံးပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဖြစ်တယ်ဆိုတာ ပြည်သူ က ကိုယ့်အားကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့ idea နဲ့ ငါတို့က လူသားအစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းက ပြောသလို အစိုးရဆိုတာ ဘဝရှင်မင်းတရားကြီးက တိုင်းသူ ပြည်သားတွေအားလုံး၊ ပြည်သူပြည်သားတွေအားလုံးကို ကျောသားရင်သားမခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေ လိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီစိတ်၊ အဲဒီခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့က သွား လို့၊ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲ ဆိုတော့ Steinberg တို့ တခြားပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့အရေးကို လေ့လာတဲ့လူတွေ အကုန်လုံးပြော နေကြတာ ဘာလဲဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေ နားလည်ကြည့်။ အဲဒီလုပ်တဲ့ လူတွေ ကို ထပ်မတွန်းပါနဲ့၊ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့ လူ တွေရဲ့လက်ထဲကို အာဏာပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည် သူရဲ့ဖိအားကြောင့်၊ ပြည်သူရဲ့မကျေနပ်မှုကြောင့်တွေမို့ သူတို့က ဒါကိုတုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီးထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမယ့်လည်း အဲဒီလိုတွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက်ဆန္ဒပြမှုတွေ ပေါ် လာတယ်။ ဒါမှမဟုတ် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်လာတယ်ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုးသွားနိုင်ဘူး လား။
ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီစနစ်ကို ရောက်အောင်သွားနေတယ်။ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ။ ဦးတည်ထားရုံမကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ်တို့ ပြောနေတာကို ကြည့်လိုက်မယ်ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွား ပါပြီ။ သူတို့ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိစနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည် စသွားနေပြီ။ သွားနေတဲ့အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ဘယ်အချိန်ကျမှ နက္ခဗေဒပညာတွေနဲ့ တွက်ပြီးမှ ဒီမို ကရေစီ ရပါပြီဆိုပြီး ကြေညာပြီး စည်းတွေမောင်းတွေနဲ့ လုပ်စရာအကြောင်းမရှိဘူး။ ဒီမိုကရေစီဘက်ကို စ သွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ်ဆိုရင် ဒီမိုကရေစီ နည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အ ဆောက်အဦတွေကို မီးရှို့မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့လိုင်းကို ပါသွားမယ်။ ဒါပေမယ့် ပြည်သူက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါဆို ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ် ပြုတ်တာ မတရားလို့ ဒါကိုဆန္ဒပြမယ်၊ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ဆန္ဒပြမယ်၊ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေ မတရားဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီအစိုးရအနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာမဟုတ်ဘူး။ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့အခွင့်အရေး။ ဆန္ဒပြသူကို ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကို နိုင်ငံရေးအဆောက်အအုံထဲမှာရော၊ နိုင်ငံရေးခေါင်းဆောင်လုပ်တဲ့ တပ်မတော်ပုဂ္ဂိုလ်တွေရဲ့ ခေါင်းထဲကို မ ရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ လို အတိုက်အခံခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီလမ်းဘက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည် သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ရပိုင်ခွင့်၊ အခွင့်အရေးတွေကို သုံးပြီး ဆန္ဒပြစရာရှိတာ ပြ၊ လုပ်စရာရှိတာ လုပ်။ ဒါပေမယ့် စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ကို မီးမှောင်ထိုးပြချင်တဲ့ သဘောပေါ့။
ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ် ပြန်ဝင်လာပြီး လွတ်လပ်ရေး ညှိနှိုင်း စပြီး အင်္ဂလိပ်နဲ့ လွတ် လပ်ရေး စတင်ဆွေးနွေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုးတို့ အ ကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနုတို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့် ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့ တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့ Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင် သန်းထွန်းတို့၊ သခင်စိုးတို့ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ် အောင်ဆန်းကလည်း ဘုရင်ခံရဲ့အတိုင်ပင်ခံအဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်။ ကိုဇာဂနာက ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာဆီက ပြောတာကို နားထောင်ပြီး နားစွင့်ပြီး သူပြောသမျှကို အနောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီလှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထုသဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင်လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်ကလိုက်တယ်ဆိုတာ အဲဒါက နောက် လိုက်ပြည်သူ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေ့တိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ် တော့မှ မဖြစ်နိုင်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာလေ့လာရေးဌာနက မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

0 comments:
Post a Comment