ဦးဦးမှော်ဆရာ မှတ်စု
အာတိတ်ရှိ ရေခဲကျွန်းပေါ်တွင် ခေတ်လွန်မြို့တစ်မြို့တည်ဆောက် ရန် ရုရှားစီစဉ်

မြောက်ဝင်ရိုးစွန်းမှ မိုင် ၁၀၀၀ ခန့်သာဝေးသော အာတိတ်ဒေသရှိ ရေခဲကျွန်းတစ်ခုပေါ်တွင် ခေတ်လွန် မြို့တစ်မြို့ကိုတည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဆိုဗီယက်ဝင်ရိုးစွန်း ၀က်ဝံကာတွန်း ဇာတ်ကောင်အမည်အတိုင်း Umka ဟု အမည်ပေးထားသောမြို့ကို ဆောင်းရာသီတွင် အနုတ် ၃၀ ဒီဂရီမျှ အေးသောအရပ်၌ တည်ဆောက်မည်ဖြစ်သည်။ဝင်ရိုးစွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့
ရင်းမြစ်များကို တူးဖော်ရန်ကြိုးပမ်းနေ သော ရုရှားက လူ ၅၀၀၀ ခန့်
နေထိုင်နိုင်မည့်မြို့တစ်မြို့ ကို ၀င်ရိုးစွန်းအနီး တည်ဆောက်ရန်
စီစဉ်နေခြင်း ဖြစ်သည်။အအေးဒဏ်ကိုကာကွယ်ရန်အတွ က် အလုံပိတ် အမိုးခုံးကြီးပါ
ပါဝင်မည့်မြို့ကို ကိုတယ်လ်ညီကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး
အမေရိကန်ဒေါ်လာ ၆ ဘီ လျံကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။
သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးသမားများသာမက စစ်သားများ၊နယ်ခြားစောင့်တပ်များ၊ သူလျှိုများပါ ထားရှိဖွယ်ရှိသည်ဟု
စီမံကိန်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။
တည်ဆောက်ဖွင့်လှစ်မည့်အချိန်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အာတိတ်ရေခဲပြင်မှ ရင်းမြစ်များကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင်ခြေလှမ်းဦးသည့်အနေဖြင့် အလျင်အမြန် တည်ဆောက်
သွားဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြသည်။
Ref;DailyMail
တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသပေးမှုများနှင့်ပတ် သက်ပြီး တရုတ်ဆရာဝန်သုံးဦးကို ဖမ်းဆီး
တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်ဆေးခန်းတစ်ခုတွင် တရားမ၀င်ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသပေးမှုများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆရာဝန်သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေးပြည်နယ်၊ ပါကျိုးမြို့ရှိ ဆရာဝန်များသည် လူတစ်ဦးထံမှ ကျောက်ကပ်ကိုထုတ်ယူရန် ပြင်ဆင်ခဲ့သည်ဟူသော ရဲသတင်းပေးချက်ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား ခဲ့သည်။
အမှုကို စုံစမ်းစစ်ဆေးနေကြောင်းဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် အသက်ရှင်သည့် အလှူရှင်ထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခင်ပွန်း (သို့မဟုတ်) ဇနီး၊ ဆွေမျိုးသားချင်းနှင့် မွေးစားမိသားစုဝင်များကို အစားထိုးကုသပေးမှုများ မလုပ်ရန် ၂၀၀၇ ခုနှစ်က တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း အစားထိုးကုသရန် လိုအပ်ချက်များကြောင့် တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှုများ လမ်းပွင့်လာခြင်းဖြစ်သည်။
ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သေဆုံးပြီးနောက်ပိုင်း ခန္ဓာကိုယ်အစိတ်ပိုင်းများကို လှူဒါန်းခွင့်ရှိသည့် အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည်။
Ref: AFP
၁၁-၁၁-၁၁ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ပါလက်စတိုင်းကြိုးပမ်းနေ
ပါလက်စတိုင်းသံတမန်များသည် နိုဝင်ဘာလ၁၁ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်လာရေး လုံခြုံရေးကောင်စီထောက်ခံမဲရရှိ ရန်
ကြိုးပမ်းလျက်ရှိကြောင်း ပါလက်စတိုင်းအကြီးတန်းအရာရှိတစ် ဦးက အောက်တိုဘာလ ၂၀
ရက်နေ့က ပြောကြားခဲ့သည်။
ပါလက်စတိုင်းတို့၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စဉ်းစားလျှက်ရှိသော လုံခြုံရေးကောင်စီ၏ကော်မတီတစ် ရပ်သည် အစီအရင်ခံစာကို
ထိုနေ့တွင်ပေးပို့မည်ဖြစ်ပြီး သံအမတ်များကနောက်
လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆုံးဖြတ်မည်ဟု ကုလသမဂ္ဂသံတမန်များက
ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။
မည်သည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်မဆို ပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုအတွ က် ထောက်ခံနိုင်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံအနက်
ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီး
အမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ ၀င်တစ်နိုင်ငံက ဗီတိုအာဏာမသုံးရန်
လိုအပ်သည်။ထို့အပြင် အထွေထွေညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် သုံးပုံ
နှစ်ပုံ၏ အတည်ပြုချက်ရယူရန် လိုအပ်သေးသည်။ အစ္စရေးမဟာမိတ်
အမေရိကန်ကမူပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို
ဗီတိုအာဏာသုံးမည်ဟု ကတိပြုထားသည်။
''နိုဝင်ဘာ ၁၁ ထိ ကျွန်တော်တို့ အချိန်ရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ထောက်ခံမဲပေးဖို့ နိုင်ငံအချို့ကို တွန်းအားပေးမှုတွေ အများကြီးလုပ်ဖို့ရှိပါတယ်''ဟု ကုလဆိုင်ရာ ပါလက်စတိုင်းသံတမန် အီဘရာဟင်ခရေရှီက အေပီသို့ ဂျီနီဗာတွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းကို ထောက်ခံသည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်ဦးရရှိထားပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီး၊ လက်ဘနွန်၊ နိုက်ဂျီးရီးယားနှင့် ဂါဘွန်တို့ဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ြ ကီး ရီးယက် မာလ်ကီက သတင်းထောက်များကို
စက်တင်ဘာလနှောင်းပိုင်းက ပြောကြားခဲ့သည်။ ဘော့စနီးယားနှင့်
ကိုလံဘီယာတို့ထံမှ ထောက်ခံမဲရရေးလည်း စည်းရုံးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုလံဘီယာသမ္မတဆန်းတို့စ်က အစ္စရေးတို့နှင့် ညှိနှိုင်းပြီးတည်ထောင်ထားသည့် ပါလက်စတိုင်းနိုင်ငံကိုသာ အသိအမှတ်ပြုမည်ဟု ထုတ်ပြန်သည်။
Ref: AP

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ် လက်အောက် ပထမဆုံး ကျရောက်ခဲ့သည့် ဒေသတစ်ခုဖြစ်သော မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်းမည့် စီမံချက်စတင်ပြီး တစ်လကျော် ကြာပြီးနောက် ဒုတိယကမ္ဘာစစ် လက်ကျန် သစ်သားကိုယ်ထည် ချက်ပလက်ယာဉ်များ ဈေးငါးဆ အထိ မြင့်တက်လာကြောင်း မော်လမြိုင်မြို့ အမှတ် (၁) ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
အဆိုပါ သစ်သားကိုယ်ထည် စစ်ကျန် ချက်ပလက်ယာဉ်များသည် ယခင်က ကျပ်သိန်း ၂၀ ခန့်နှင့် ဝယ်ယူမည့်သူ မရှိခဲ့သော်လည်း ယခုအခါ ကျပ်သိန်း တစ်ရာနီးပါး ဈေးပေးဝယ်သူများ ရှိလာကြောင်း အဆိုပါ ချက်ပလက် သစ်သားကိုယ်ထည် ယာဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကျပ် ၆၅ သိန်းဖြင့် ရောင်းချခဲ့သူ ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။ အဆိုပါ ချက်ပလက် ယာဉ်ကြီးများသည် မော်လမြိုင်မြို့တွင်း ခရီးသည် ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ယာဉ်များအဖြစ် မှတ်ပုံတင် ထားသဖြင့် အစားထိုး ခရီးသည်တင် ယာဉ်အသစ်များ ပြန်လည် တင်သွင်းခွင့်ရမည့် မျှော်လင့်ချက်ဖြင့် ဝယ်လိုသူများပြီး ဈေးအပြိုင် ပေးဝယ်ရာမှ ရုတ်တရက် ဈေးမြင့်တက်လာခြင်း ဖြစ်ကြောင်း ချက်ပလက်ယာဉ် သုံးစီးခန့် ဝယ်ယူထားသူ မြို့ခံစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
မော်လမြိုင်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း အမှတ် (၁)၊ အမှတ် (၆)၊ အမှတ် (၇) တို့တွင် သစ်သားကိုယ်ထည် ချက်ပလက်ယာဉ်များသည် ၁၉၂၀ ပြည့်နှစ် ဝန်းကျင်က မြန်မာနိုင်ငံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း အမှတ်(၁) ယာဉ်လိုင်းတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ဖူးသူ အသက် ၈၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။ “ဒီကားတွေက ကျွန်တော်တို့ နိုင်ငံမှာဆို ပြတိုက်ထဲ ရောက်နေတာကြာလှပေါ့” ဟု မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ အသက် ၆၀ အရွယ်ရှိ ဂျာမန်အမျိုးသား တစ်ဦးက ချက်ပလက် သစ်သားကိုယ်ထည်ယာဉ်နှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံ အစိုးရသစ်သည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ယာဉ်ဟောင်းအစားထိုး လဲလှယ်ကာ ယာဉ်သစ်တင်သွင်းခွင့်ပြုသည့် မူဝါဒသစ်ကြောင့် နှစ် ၄၀ ကျော်သက်တမ်းရှိ ဖဲလ်မလီယာ၊ မာဇဒါ၊ ချက်ပလက်၊ ဆီဒင် ယာဉ်အိုယာဉ်ဟောင်းများ အဝယ်လိုက်ကာ ကျပ်သိန်း ၇၀ အထိ ပေးဝယ်သူများရှိကြောင်း ရန်ကုန်မြို့တွင်းရှိ သံကိုယ်ထည် ချက်ပလက်ယာဉ်များမှာ ကျပ်သိန်း ၈၀ မှ သိန်း ၁၂၀ တွင်း ဈေးပေါက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ရှိ ယာဉ်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
-------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
မြောက်ဝင်ရိုးစွန်းမှ မိုင် ၁၀၀၀ ခန့်သာဝေးသော အာတိတ်ဒေသရှိ ရေခဲကျွန်းတစ်ခုပေါ်တွင် ခေတ်လွန် မြို့တစ်မြို့ကိုတည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဆိုဗီယက်ဝင်ရိုးစွန်း ၀က်ဝံကာတွန်း ဇာတ်ကောင်အမည်အတိုင်း Umka ဟု အမည်ပေးထားသောမြို့ကို ဆောင်းရာသီတွင် အနုတ် ၃၀ ဒီဂရီမျှ အေးသောအရပ်၌ တည်ဆောက်မည်ဖြစ်သည်။ဝင်ရိုးစွန်
သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးသမားများသာမက စစ်သားများ၊နယ်ခြားစောင့်တပ်မျာ
တည်ဆောက်ဖွင့်လှစ်မည့်အချိန်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အာတိတ်ရေခဲပြင်မှ ရင်းမြစ်များကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင်ခြေလှမ်းဦးသည့
Ref;DailyMail
တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသပေးမှုများနှင့်ပတ်
တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်ဆေးခန်းတစ်ခုတွင် တရားမ၀င်ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသပေးမှုများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆရာဝန်သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေးပြည်နယ်၊ ပါကျိုးမြို့ရှိ ဆရာဝန်များသည် လူတစ်ဦးထံမှ ကျောက်ကပ်ကိုထုတ်ယူရန် ပြင်ဆင်ခဲ့သည်ဟူသော ရဲသတင်းပေးချက်ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား ခဲ့သည်။
အမှုကို စုံစမ်းစစ်ဆေးနေကြောင်းဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် အသက်ရှင်သည့် အလှူရှင်ထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခင်ပွန်း (သို့မဟုတ်) ဇနီး၊ ဆွေမျိုးသားချင်းနှင့် မွေးစားမိသားစုဝင်များကို အစားထိုးကုသပေးမှုများ မလုပ်ရန် ၂၀၀၇ ခုနှစ်က တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း အစားထိုးကုသရန် လိုအပ်ချက်များကြောင့် တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှုများ လမ်းပွင့်လာခြင်းဖြစ်သည်။
ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သေဆုံးပြီးနောက်ပိုင်း ခန္ဓာကိုယ်အစိတ်ပိုင်းများကို လှူဒါန်းခွင့်ရှိသည့် အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည်။
Ref: AFP
၁၁-၁၁-၁၁ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ပါလက်စတိုင်းကြိုးပမ်းနေ
ပါလက်စတိုင်းသံတမန်များသည် နိုဝင်ဘာလ၁၁ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်လာရေး လုံခြုံရေးကောင်စီထောက်ခံမဲရရှိ
ပါလက်စတိုင်းတို့၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စဉ်းစားလျှက်ရှိသော လုံခြုံရေးကောင်စီ၏ကော်မတီတစ်
မည်သည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်မဆို ပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုအတွ
''နိုဝင်ဘာ ၁၁ ထိ ကျွန်တော်တို့ အချိန်ရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ထောက်ခံမဲပေးဖို့ နိုင်ငံအချို့ကို တွန်းအားပေးမှုတွေ အများကြီးလုပ်ဖို့ရှိပါတယ်''ဟု ကုလဆိုင်ရာ ပါလက်စတိုင်းသံတမန် အီဘရာဟင်ခရေရှီက အေပီသို့ ဂျီနီဗာတွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းကို ထောက်ခံသည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်ဦးရရှိထားပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီး၊ လက်ဘနွန်၊ နိုက်ဂျီးရီးယားနှင့် ဂါဘွန်တို့ဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ြ
ကိုလံဘီယာသမ္မတဆန်းတို့စ်က အစ္စရေးတို့နှင့် ညှိနှိုင်းပြီးတည်ထောင်ထားသည့် ပါလက်စတိုင်းနိုင်ငံကိုသာ အသိအမှတ်ပြုမည်ဟု ထုတ်ပြန်သည်။
Ref: AP
သစ်သားကိုယ်ထည် ချက်ပလက် ဈေးငါးဆတက်
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ် လက်အောက် ပထမဆုံး ကျရောက်ခဲ့သည့် ဒေသတစ်ခုဖြစ်သော မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်းမည့် စီမံချက်စတင်ပြီး တစ်လကျော် ကြာပြီးနောက် ဒုတိယကမ္ဘာစစ် လက်ကျန် သစ်သားကိုယ်ထည် ချက်ပလက်ယာဉ်များ ဈေးငါးဆ အထိ မြင့်တက်လာကြောင်း မော်လမြိုင်မြို့ အမှတ် (၁) ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
အဆိုပါ သစ်သားကိုယ်ထည် စစ်ကျန် ချက်ပလက်ယာဉ်များသည် ယခင်က ကျပ်သိန်း ၂၀ ခန့်နှင့် ဝယ်ယူမည့်သူ မရှိခဲ့သော်လည်း ယခုအခါ ကျပ်သိန်း တစ်ရာနီးပါး ဈေးပေးဝယ်သူများ ရှိလာကြောင်း အဆိုပါ ချက်ပလက် သစ်သားကိုယ်ထည် ယာဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကျပ် ၆၅ သိန်းဖြင့် ရောင်းချခဲ့သူ ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။ အဆိုပါ ချက်ပလက် ယာဉ်ကြီးများသည် မော်လမြိုင်မြို့တွင်း ခရီးသည် ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ယာဉ်များအဖြစ် မှတ်ပုံတင် ထားသဖြင့် အစားထိုး ခရီးသည်တင် ယာဉ်အသစ်များ ပြန်လည် တင်သွင်းခွင့်ရမည့် မျှော်လင့်ချက်ဖြင့် ဝယ်လိုသူများပြီး ဈေးအပြိုင် ပေးဝယ်ရာမှ ရုတ်တရက် ဈေးမြင့်တက်လာခြင်း ဖြစ်ကြောင်း ချက်ပလက်ယာဉ် သုံးစီးခန့် ဝယ်ယူထားသူ မြို့ခံစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
မော်လမြိုင်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း အမှတ် (၁)၊ အမှတ် (၆)၊ အမှတ် (၇) တို့တွင် သစ်သားကိုယ်ထည် ချက်ပလက်ယာဉ်များသည် ၁၉၂၀ ပြည့်နှစ် ဝန်းကျင်က မြန်မာနိုင်ငံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း အမှတ်(၁) ယာဉ်လိုင်းတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ဖူးသူ အသက် ၈၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။ “ဒီကားတွေက ကျွန်တော်တို့ နိုင်ငံမှာဆို ပြတိုက်ထဲ ရောက်နေတာကြာလှပေါ့” ဟု မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ အသက် ၆၀ အရွယ်ရှိ ဂျာမန်အမျိုးသား တစ်ဦးက ချက်ပလက် သစ်သားကိုယ်ထည်ယာဉ်နှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံ အစိုးရသစ်သည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ယာဉ်ဟောင်းအစားထိုး လဲလှယ်ကာ ယာဉ်သစ်တင်သွင်းခွင့်ပြုသည့် မူဝါဒသစ်ကြောင့် နှစ် ၄၀ ကျော်သက်တမ်းရှိ ဖဲလ်မလီယာ၊ မာဇဒါ၊ ချက်ပလက်၊ ဆီဒင် ယာဉ်အိုယာဉ်ဟောင်းများ အဝယ်လိုက်ကာ ကျပ်သိန်း ၇၀ အထိ ပေးဝယ်သူများရှိကြောင်း ရန်ကုန်မြို့တွင်းရှိ သံကိုယ်ထည် ချက်ပလက်ယာဉ်များမှာ ကျပ်သိန်း ၈၀ မှ သိန်း ၁၂၀ တွင်း ဈေးပေါက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ရှိ ယာဉ်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
-------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
0 comments:
Post a Comment