နိုင်ငံမဲ့ကလေးများ အရေး
Cloud Cuckoo Land created a doc.
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၏ အပိုဒ် ၁၅ ၌ လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်အရ မည်သူမဆို၊ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသတွင် ရှိနေသည်ဖြစ်စေ နိုင်ငံတစ်ခုခုနှင့် တရားဝင်ဆက်စပ်မှုကို ဆက်လက်ထိန်းသိမ်း ပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ အသိုက်အ၀န်းမှ အသိအမှတ်ပြုထားသည်။ တစ်နည်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ များက... နိုင်ငံမဲ့ဖြစ်မှုကို ရှောင်ရှားသင့်သည်ဟု ဖော်ပြထားသည်။ ထိုသို့ခိုင်မာ သည့် အပြည်ပြည်ဆိုင်ရာ ကတိက၀တ်ရှိနေသော်လည်း နိုင်ငံမဲ့ဖြစ်မှုများ ဆက်လက် ပ်ါပေါက်လျှက်ပင် ဖြစ်သည်။နိုင်ငံမဲ့ပြဿနာအား ကိုင်တွယ်ဖြေရှင်းနေရခြင်းသည် ၂၁ ရာစုတွင် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်သည်။နိုင်ငံမဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားဖြစ်ရန်အတွက် လုံးဝထည့်သွင်း စဉ်းစားခြင်း မခံရသည့် အခြေအနေဖြစ်သည်။ ထိုနိုင်ငံမဲ့သူသည် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားဖြစ်ရန်အတွက် လုံးဝထည့်သွင်းစဉ်းစားခြင်း မခံရသူများဖြစ်ကြ သည်။
ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အဆိုအရ ကမ္ဘာပေါ်တွင်နိုင်ငံမဲ့ သူဦးရေ ၁၂ သန်းရှိ သည်ဟု သိရသည်။ ၂၀၁၁ ခုနှစ် သြ ဂုတ်လ ၃၀ ရက်နေ့သည် ၁၉၆၁ ခုနှစ် နိုင်ငံမဲ့ဖြစ်မှု လျော့ချရေး ဆိုင်ရာ ကွန်ဗင်းရှင်းပြဋ္ဌာန်းခဲ့သည့် နှစ် ၅၀ ပြည့်နေ့ ပင်ဖြစ်သည်။ ထိုကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံသာ ရှိသေးသည်။ နိုင်ငံမဲ့မှုသည် ကမ္ဘာပေါ် ရှိနိုင်ငံအများအပြားတွင် ရှုတ်ထွေးသော ပြဿနာအဖြစ် တည်ရှိနေ ဆဲဖြစ်သည်။
နိုင်ငံသားဖြစ်မှုသည် လူတစ်ယောက်အား မိမိမည်သူမည်ဝါဖြစ်သည်ကို သိရှိစေပြီး လူ့အဖွဲ့အစည်းတွင် အပြည့်အ၀ပါဝင်ခွင့်ရရေး၏ သော့ချက်ပင်ဖြစ်သည်။ နိုင်ငံသားအဖြစ် မရရှိသူများ သည် မဲဆန္ဒပေး နိုင်သည့် အခွင့်အရေးမရှိသောကြောင့် ယေဘုယျအားဖြင့် နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ကြဉ်ခြင်းခံကြရသည်။
နိုင်ငံမဲ့ကလေးများသည် အလွှဲသုံးစားပြုခံရခြင်း၊ ခေါင်းပုံဖြတ်ခံရ ခြင်းနှင့် ၎င်းတို့၏ အခြေခံ အခွင့် အရေးများ ချိုးဖောက်ခံရခြင်း စသည့် ဘ၀ရပ်တည်ရန်ခက်ခဲနေသော အခြေအနေသို့ ပိုမိုရောက် စေလွယ်သည့်အတွက် မွေးဖွားသည့်အခါ ၎င်းတို့အား မှတ်ပုံတင်မှု ပြုလုပ်ထား သင့်သည်။
မွေးဖွားသည့်အခါ မှတ်ပုံတင်ခြင်းသည် ထိုကလေးများအတွက် ပညာရေးနှင့် ကျန်းမားရေး ကဲ့သို့သော လူ့အခွင့်အရေး ဆိုင်ရာ အခြေခံအခွင့်အရေး များရယူဖို့ ပထမအဆင့် ဖြစ်သည်။ တိုင်းရင်းသား ဖြစ်မှုနှင့် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်မှုသည် ကလေးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သည်။
ကလေးများမွေးဖွားသည့်အခါ မှတ်ပုံတင်ထားခြင်းမရှိပါက မိဘမျိုးရိုးနှင့် မွေးဖွားရာနေရာ မှတ်တမ်းမှတ်ရာကို သက်သေအထောက်အထား ခိုင်ခိုင်မာမာမပြနိုင်သည့်အတွက
ကမ္ဘာပေါ်တွင် ကလေးသန်း ပေါင်း ၅၀ နှစ်စဉ်မွေးဖွားလျက်ရှိရာ ထိုအထဲမှ သုံးပုံနှစ်ပုံသည် အာရှ တိုက်မှဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသေးသူများဖြစ်သည်။ ထိုသို့ဖြစ် ရခြင်းသည် နိုင်ငံရေးကြောင့် လည်းကောင်း၊ လုံလောက်သည့် အခြေခံအဆောက်အအုံမရှိခြင်းကြောင
တောင်အာရှတွင် ငါးနှစ်အောက် ကလေးများထဲမှ သုံပုံတစ်ပုံသာ မွေးဖွားပြီးမှတ်ပုံတင်ထားသည့် ကလေးများဖြစ်ကြသည်။ အစိုးရများသည် မည်သည့်ခွဲခြားဆက်ဆံမှုမျိုးမျှမ
ထိုင်းတောင်ပိုင်း မြန်မာနယ်စပ်တစ်လျှောက်တွင် နိုင်ငံမဲ့သူနှစ်သောင်းခန့် နေထိုင်လျက်ရှိကြသည်။ ၎င်းတို့သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထိုင်းပါလီမန်တွင် ပြန်လည် သုံးသပ်ခဲ့သည့် ထိုင်းနိုင်ငံသားဖြစ်မှု ဥပဒေမူကြမ်းကို ပြင်ဆင်ပြီးပါက ထိုင်းနိုင်ငံသားဖြစ်မှု ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ ၎င်းတို့သည် ခရီးသွားလာခြင်းမှအစ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်အထိ အခြားသောကျယ်ပြန့်သည့် ကဏ္ဍပေါင်းများစွာတွင်လည်း အခက် အခဲများနှင့် ရင်ဆိုင်ကြရသည်။ ထိုဥပဒေမူကြမ်းသည် ထိုင်းမြန်မာနယ်စပ်တွင် အငြင်းပွားမှု ကြောင့် ပြည်တွင်းအိုးအိမ်မဲ့သူများနှင့
ထိုင်းနိုင်ငံ၏ ၂၀၁၁ ခုနှစ် ထိုဥပဒေမူကြမ်းသည် ၁၉၆၁ ခုနှစ် နိုင်ငံမဲ့ဖြစ်မှု လျော့ချရေးဆိုင်ရာကွန်ဗင်းရှင်း
ထိုင်းအစိုးရက နိုင်ငံမဲ့သူများ (သို့) လေလွှင့်ခြေသလုံးအိမ်တိုင် နေထိုင်ကြသူများကို တိုင်းတစ်ပါးမှ လာကြသူများ(သို့) ထိုင်းနိုင်ငံသားများမဟုတ်ဟု တရားဝင်သတ်မှတ်ထားသည်။ ထိုသူတို့ သည် မည်သူမည် ၀ါဖြစ်ကြောင်း အထောက်အထားကိုင် ဆောင်ထားကြသူများမဟုတ်ကြသည့်အတွ
ထိုနိုင်ငံမဲ့သူများ(သို့) လေလွှင့်ခြေသလုံးအိမ်တိုင် နေထိုင်ကြသူများကို ထိုင်းနိုင်ငံအတွင်း နေရာဒေသအမျိုးမျိုး၊ အချိန်ကာလအမျိုးမျိုးတို့တွင် မှတ်တမ်းတင် စာရင်းသွင်းခဲ့ကြသည်။ သို့သော် အမျိုးမျိုးသောစာရင်းများကို ခွဲခြားစိစစ်ကြည့်လျှင် အုပ်စုလေးအုပ်စုဖြင့် ခွဲခြားထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ တိုင်းရင်းသားလူမျိုးနွယ်စု၊ မြို့ပြဆိုင်ရာ မှတ်ပုံတင်မှုတွင်မပါဝင်သော လေလွှင့်နေသူ(သို့) အခြေနေမဲ့သူများ၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လာရောက် အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာနိုင်ငံမှ အိုးပစ်အိမ်ပစ် ထွက်ပြေးလာခဲ့ကြသူများဟူ၍ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ဦးရေ တစ်သန်းခန့်ရှိသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒေသတွင်းအဖွဲ့အစည်းများ၊ လူမှုအသိုင်းအ၀ိုင်းများပါ အတူပူးပေါင်းကာ ကလေးများမွေးဖွားသည့်အခါ မှတ်ပုံတင် ရေးကို စီမံချက် ချမှတ်ဆောင်ရွက်နေသည်။ ထိုဒေသရှိ ထောင်ပေါင်းများစွာသော မှတ်ပုံတင်ထားခြင်းမရှိသည့် ကလေးများကိုနိုင်ငံသားဖြစ်မှု(Ci
အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်း၊ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့တွင် နိုင်ငံမဲ့သူများအပျံ့နှံ့ဆုံး နေရာဒေသများဖြစ်ကြသည်။ နိုင်ငံမဲ့မှုကြောင့် မိသားစုများကွဲကွာရခြင်း၊ လူမှုအ သိုင်းအ၀ိုင်း အတွင်း တင်းမာမှုများ ဖြစ်ခြင်းနှင့် ဆင်းရဲမွဲ တေမှုများဖြစ်ခြင်းတို့ကို အားပေးရာရောက်စေသည်။ ထိုအခြေအနေများကို ပိုမိုဆိုးဝါးစေသည်။
နည်းမျိုးစုံဖြင့် လူမျိုးခွဲခြားမှု ပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကွန်ဗင်းရှင်း(Conven- tion on the Rights of the Child) သည် ကလေးသူငယ်တိုင်း နိုင်ငံသားအဖြစ် ရရှိပိုင်ခွင့်ကို ထပ်မံအတည်ပြုထားသည်။ အမျိုးသမီး များအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (Convention on the Elimination of All Forms of Discrimination) ကသည် အမျိုးသား အမျိုးသမီးခွဲခြား မှုမရှိဘဲ နိုင်ငံသား ဖြစ်ထိုက်ခြင်းနှင့် ကလေးငယ် များအားနိုင်ငံသားအဖြစ် လွှဲပြောင်းခံစားခွင့်ရရှိရန် တိုက်တွန်းထားသည်။ထို့ကြောင့် နိုင်ငံမဲ့ဖြစ်မှုကိုကာကွယ်ခြင်း
Source: Register birth to protect the young: Plan International (The Nation, 9.9.2011)
posted by ၀င်းနိုင်ထွန်း
Eleven Media Group
0 comments:
Post a Comment