ဈေးမှန်
[By Khin Maung Nyo ]
ခင်မောင်ညို (ဘောဂဗေဒ)
... ငယ်ငယ်က အဖေနဲ့အတူ မန္တလေးကို ဈေးဝယ်လိုက်သွားတဲ့အခါ တဆိုင်ပြီးတဆိုင် ဈေးလိုက်မေးပြီး၊ ဆစ်ပြီးမှ ၀ယ်ရတာကိုး။ တစ်ဆိုင်ထဲမှာပဲ မမေးမမြန်းပဲဝယ်လိုက်ရင် ဈေးကြီးမိတော့တာပါပဲ။ ဈေးသည်တွေက အဖေ့ကို ဦးလေးက ဘယ်လောက်ပေးချင်သလဲလို့ မေးရင်၊ ဘယ်လောက်မှမပေးချင်ဘူးလို့ ပြန်ဖြေတာကို သတိရတယ်။ အဖေကသာ တကယ်လို့ ဈေးသည်တွေကို ဘယ်လောက်တောင်လိုချင်သလဲလို့ ပြန်မမေးလို့သာပါ၊ ပြန်မေးရင်လဲ ရနိုင်သလောက် လိုချင်တယ်လို့ ဖြေဖို့များပါတယ်။
အဖေပေးချင်သလို အလကားမရနိုင်သလို ဈေးသည်လိုချင်တဲ့ဈေးနှုန်းအတိုင်းလဲမဟုတ်ပဲ နှစ်ဦးနှစ်ဘက် သဘောတူတဲ့နှုန်းတစ်ခုနဲ့ပဲ အရောင်းအ၀ယ်လုပ်ကြရတာပါ။
ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်ကို ဒေါ်လာဈေး ဘယ်သူသတ်မှတ်သလဲ? ရွှေဈေးကို ဘယ်သူသတ်မှတ်သလဲ? ဘယ်ဈေးလောက်ဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းတွေကို အမေးများကြလို့ အဖေနဲ့ ဈေးဝယ်လိုက်ခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်သတိရသွားတာဖြစ်ပါတယ်။
ဘယ်သူကမှ သတ်မှတ်တာမဟုတ်ဘူး၊ ဘယ်သူကမှ သတ်မှတ်လို့လဲ မရဘူး။ ရောင်းလိုအားနဲ့ဝယ်လိုအားက သတ်မှတ်တာဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကို အမြဲပြောဖြစ်ပါတယ်။ နံနက်ပိုင်းဈေးနှုန်းတွေ ကြည့်လိုက်လို့ ဆွဲတင်ထားတာတွေ့ရပေမယ့် ညနေပိုင်းဈေးနှုန်းကြတော့ ကျသွားတာ တွေ့ရတတ်တယ်။ နံနက်ပိုင်းမှာ ဈေးနိမ့်နေပေမယ့် ၀ယ်သူများတဲ့အခါ ဒါမှမဟုတ် ရောင်းသူနဲတဲ့အခါ ညနေပိုင်းမှာ ဈေးတက်သွားတာတွေ့ရတယ်။ ချွင်းချက်အနည်းငယ်တော့ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းဝယ်ကြရာမှာ ဒီလိုပဲဖြစ်တာပါ။ အခုဆိုရင် မိနစ်ပိုင်းအတွင်းမှာတောင်မှ ဈေးနှုန်းအတက်အကျ၊ အပြောင်းအလဲတွေတွေ့နေရလို့ ကျွန်တော်ကတော့ ဈေးကွက်ရဲ့တုံ့ပြန်နိုင်စွမ်း မြန်ဆန်တယ်လို့ အကောင်းဘက်က ရှုမြင်ပါတယ်။
ဒီကနေတစ်ဆင့် ဈေးမှန်ဆိုတာ ဘာလဲ ကားတစ်စီးကို သိန်း (၁၀၀) ဆိုတာက ဈေးမှန်လား? သိန်း (၁၀၀၀) ဆိုတာက ဈေးမှန်လား? ဘယ်ဈေးက ဈေးမှန်လဲလို့ မေးစရာဖြစ်ပါတယ်။
အတိုဆုံးဖြေရရင် လွတ်လွတ်လပ်လပ်၊ ညီတူညီမျှ ယှဉ်ပြိုင်ရောင်းဝယ်နိုင်တဲ့ ဈေးနှုန်းဟာ ဈေးမှန်ပါ။
သာဓကတစ်ခု ပြောရရင် စားအုံးဆီဈေးနှုန်းဟာ ဈေးမှန်ပါ။ ဓာတ်ဆီဈေးနှုန်းက ထောက်ပံ့ကြေးရှိနေသေးတယ်။ ဈေးမှန်ထက်နိမ့်နေတယ်။ တယ်လီဖုန်း - အထူးသဖြင့် လက်ကိုင်ဖုန်းတွေဟာ သိန်း (၂၀)၊ သိန်း (၃၀)၊ ကနေ (၅) သိန်းတွေဖြစ်၊ (၃) သိန်းဖြစ်တော့မယ်ဆိုပေမယ့် ဈေးမှန်မဟုတ်သေးပါဘူး။
အောက်ကားတွေ ရုတ်တရက် ဈေးထိုးတက်သွားတာ၊ အထက်ကားတွေ ရုတ်တရက် ဈေးထိုးကျသွားတာတွေဟာ ဈေးမှန်မဟုတ်သေးပါဘူး။ ပါမစ်ကြောင့် အခုလိုဖြစ်ရတာပါ။ ပါမစ်မပေးတော့ရင်၊ ပေးလို့ပြီးသွားရင် လက်ထဲကျန်နေတဲ့ကားကို ဘယ်သူက ဒီဈေးပေးမလဲ၊ အထက်ကားတွေ ဘာလို့ဈေးမြောက်ခဲ့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ အခု ကျသင့်လို့၊ ကျရမယ့်အချိန်ရောက်လို့ ကျရတယ်။ ဒါပေမယ့် ဈေးမှန်မဟုတ်သေးတဲ့အတွက် အခုဝယ်ထားရင်ရှုံးမယ်လို့ ပြောနေကြတာပါ။ ဈေးမှန်ရောက်သွားရင် သာမာန်အရှုံးအမြတ်လောက်တော့ ရှိမှာမှန်ပေမယ့် အကြီးအကျယ် မြတ်တာတွေ၊ ရှုံးတာတွေ ရှိမှာ မဟုတ်တော့ဘူး။
မော်တော်ကားလိုပဲ ဈေးမှန်မဟုတ်တဲ့ မြေပိုင်ဆိုင်မှုတွေ၊ ကုန်စည်နဲ့ဝန်ဆောင်မှုဈေးနှုန်းတွေဟာလဲ လွတ်လွတ်လပ်လပ်၊ ညီတူညီမျှ ယှဉ်ပြိုင်ရောင်းဝယ်နိုင်ခြင်းဆိုတဲ့ စံချိန်တစ်ခုအောက်ရောက်၊ မှတ်ကျောက်တင်လိုက်ရင် အချိန်မရွေး ဈေးမှန်ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ရောင်းမယ့်၊ ကိုယ်ဝယ်မယ့်၊ ဒါမှမဟုတ် ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေဟာ ဈေးမှန်ဟုတ်မဟုတ်၊ ချိန်ဆကြည့်သင့်ကြောင်းပါ။
၂၇.၀၉.၂၀၁၁
ခင်မောင်ညို (ဘောဂဗေဒ)
... ငယ်ငယ်က အဖေနဲ့အတူ မန္တလေးကို ဈေးဝယ်လိုက်သွားတဲ့အခါ တဆိုင်ပြီးတဆိုင် ဈေးလိုက်မေးပြီး၊ ဆစ်ပြီးမှ ၀ယ်ရတာကိုး။ တစ်ဆိုင်ထဲမှာပဲ မမေးမမြန်းပဲဝယ်လိုက်ရင် ဈေးကြီးမိတော့တာပါပဲ။ ဈေးသည်တွေက အဖေ့ကို ဦးလေးက ဘယ်လောက်ပေးချင်သလဲလို့ မေးရင်၊ ဘယ်လောက်မှမပေးချင်ဘူးလို့ ပြန်ဖြေတာကို သတိရတယ်။ အဖေကသာ တကယ်လို့ ဈေးသည်တွေကို ဘယ်လောက်တောင်လိုချင်သလဲလို့ ပြန်မမေးလို့သာပါ၊ ပြန်မေးရင်လဲ ရနိုင်သလောက် လိုချင်တယ်လို့ ဖြေဖို့များပါတယ်။
အဖေပေးချင်သလို အလကားမရနိုင်သလို ဈေးသည်လိုချင်တဲ့ဈေးနှုန်းအတိ
ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်ကို ဒေါ်လာဈေး ဘယ်သူသတ်မှတ်သလဲ? ရွှေဈေးကို ဘယ်သူသတ်မှတ်သလဲ? ဘယ်ဈေးလောက်ဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းတွေကို အမေးများကြလို့ အဖေနဲ့ ဈေးဝယ်လိုက်ခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်သတိရသွားတာဖြစ်ပါတယ်။
ဘယ်သူကမှ သတ်မှတ်တာမဟုတ်ဘူး၊ ဘယ်သူကမှ သတ်မှတ်လို့လဲ မရဘူး။ ရောင်းလိုအားနဲ့ဝယ်လိုအားက သတ်မှတ်တာဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကို အမြဲပြောဖြစ်ပါတယ်။ နံနက်ပိုင်းဈေးနှုန်းတွေ ကြည့်လိုက်လို့ ဆွဲတင်ထားတာတွေ့ရပေမယ့် ညနေပိုင်းဈေးနှုန်းကြတော့ ကျသွားတာ တွေ့ရတတ်တယ်။ နံနက်ပိုင်းမှာ ဈေးနိမ့်နေပေမယ့် ၀ယ်သူများတဲ့အခါ ဒါမှမဟုတ် ရောင်းသူနဲတဲ့အခါ ညနေပိုင်းမှာ ဈေးတက်သွားတာတွေ့ရတယ်။ ချွင်းချက်အနည်းငယ်တော့ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းဝယ်ကြရာမှာ ဒီလိုပဲဖြစ်တာပါ။ အခုဆိုရင် မိနစ်ပိုင်းအတွင်းမှာတောင်မှ ဈေးနှုန်းအတက်အကျ၊ အပြောင်းအလဲတွေတွေ့နေရလို့ ကျွန်တော်ကတော့ ဈေးကွက်ရဲ့တုံ့ပြန်နိုင်စွမ်း မြန်ဆန်တယ်လို့ အကောင်းဘက်က ရှုမြင်ပါတယ်။
ဒီကနေတစ်ဆင့် ဈေးမှန်ဆိုတာ ဘာလဲ ကားတစ်စီးကို သိန်း (၁၀၀) ဆိုတာက ဈေးမှန်လား? သိန်း (၁၀၀၀) ဆိုတာက ဈေးမှန်လား? ဘယ်ဈေးက ဈေးမှန်လဲလို့ မေးစရာဖြစ်ပါတယ်။
အတိုဆုံးဖြေရရင် လွတ်လွတ်လပ်လပ်၊ ညီတူညီမျှ ယှဉ်ပြိုင်ရောင်းဝယ်နိုင်တဲ့ ဈေးနှုန်းဟာ ဈေးမှန်ပါ။
သာဓကတစ်ခု ပြောရရင် စားအုံးဆီဈေးနှုန်းဟာ ဈေးမှန်ပါ။ ဓာတ်ဆီဈေးနှုန်းက ထောက်ပံ့ကြေးရှိနေသေးတယ်။ ဈေးမှန်ထက်နိမ့်နေတယ်။ တယ်လီဖုန်း - အထူးသဖြင့် လက်ကိုင်ဖုန်းတွေဟာ သိန်း (၂၀)၊ သိန်း (၃၀)၊ ကနေ (၅) သိန်းတွေဖြစ်၊ (၃) သိန်းဖြစ်တော့မယ်ဆိုပေမယ့် ဈေးမှန်မဟုတ်သေးပါဘူး။
အောက်ကားတွေ ရုတ်တရက် ဈေးထိုးတက်သွားတာ၊ အထက်ကားတွေ ရုတ်တရက် ဈေးထိုးကျသွားတာတွေဟာ ဈေးမှန်မဟုတ်သေးပါဘူး။ ပါမစ်ကြောင့် အခုလိုဖြစ်ရတာပါ။ ပါမစ်မပေးတော့ရင်၊ ပေးလို့ပြီးသွားရင် လက်ထဲကျန်နေတဲ့ကားကို ဘယ်သူက ဒီဈေးပေးမလဲ၊ အထက်ကားတွေ ဘာလို့ဈေးမြောက်ခဲ့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ အခု ကျသင့်လို့၊ ကျရမယ့်အချိန်ရောက်လို့ ကျရတယ်။ ဒါပေမယ့် ဈေးမှန်မဟုတ်သေးတဲ့အတွက် အခုဝယ်ထားရင်ရှုံးမယ်လို့ ပြောနေကြတာပါ။ ဈေးမှန်ရောက်သွားရင် သာမာန်အရှုံးအမြတ်လောက်တော့ ရှိမှာမှန်ပေမယ့် အကြီးအကျယ် မြတ်တာတွေ၊ ရှုံးတာတွေ ရှိမှာ မဟုတ်တော့ဘူး။
မော်တော်ကားလိုပဲ ဈေးမှန်မဟုတ်တဲ့ မြေပိုင်ဆိုင်မှုတွေ၊ ကုန်စည်နဲ့ဝန်ဆောင်မှုဈေးနှုန်
ဒါကြောင့် ကိုယ်ရောင်းမယ့်၊ ကိုယ်ဝယ်မယ့်၊ ဒါမှမဟုတ် ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေဟာ ဈေးမှန်ဟုတ်မဟုတ်၊ ချိန်ဆကြည့်သင့်ကြောင်းပါ။
၂၇.၀၉.၂၀၁၁
0 comments:
Post a Comment