Friday, October 21, 2011

အမိန့်ရ..ဓါးပြကြီးများအကြောင်း

 Hittai.net မှ ...

by Pe Thet on Friday, October 21, 2011 at 8:40pm

သူငယ်ချင်း တစ်စု ။ ဗဟန်မြို့နယ်၊ရန်ကုန်။


မြဝတီသို့အလည် ခရီးသွား အတွေ့အကြုံ
ကျနော်တို့သူငယ်ချင်း၅ယောက်သည်၊ ၁၀တန်းအောင်မြင်ပြီး၊ တက္ကသိုလ် ဆက်မတက်ရ သေးသော သူများဖြစ်ကြ ပါသည်။
ကျနော်တို့နှင့်ဘော်ဒါအတူတက်ခဲ့သော ၊မြဝတီမှ သူငယ်ချင်းဖြိုးကြီးမှ အလည်လာရန် ခေါ်သဖြင့် အောက်တိုဘာလ ၁ရက်နေ့က၊ ကျနော်တို့ သူငယ်ချင်း ၅ယောက်၊ ရန်ကုန်မှမြဝတီသို့သွားခဲ့ကြပါသည်။ ဘားအံသံလွင်တံတားတွင် ညအိပ်ရပြီးမှဆက်သွားကြရပါသည်။ နောက်နေ့တွင် မြဝတီသို့ ရောက်ပါသည်။
နောက်နေ့တွင်ယိုးဒယားနိုင်ငံဘက်သို့၊သွားလည်ကြပါသည်။
တံတားပိတ်ထား သောကြောင့် သောင်ရင်းမြစ်အား စက်လှေဖြင့် ကူးရပါသည်။
ကျနော်တို့မြဝတီတွင်၇ရက်နေပြီးမှပြန်လာခဲ့ကြပါသည်။
မြဝတီသို့လာစဉ်ကဘားအံသံလွင်တံတားမှစပြီးလမ်းတစ်လျှောက် စစ်ဆေးရေး ဂိတ်များသို့ ရောက်တိုင်း၊ ကားစပယ်ရာ များက၊ ခရီးသည်များထံမှ.. မှတ်ပုံတင်ကြေး ဆိုလား၊ “လ.ဝ.က”ကြေး ဆိုလား…ပေးရမယ်လို့ ပြောပြီး၊ ၅၀၀ိစီလိုက် တောင်းပါသည်။
ကျ နော်တို့ကကျနော်တို့ဆီမှာ၊၁၀နှစ်ပြည့်မှတ်ပုံတင်ပါသည်၊ ကျောင်းသားကဒ်လည်း ပါသည်၊ ဘာလို့ ပေးရမှာလည်း ဟု..ဘုတော ပြီးပြန်ပြောတော့… ညီးလေးတို့၊ ဒီလမ်းမှာက၊ ဒီအဌာက ရိုးနေပြီ… ညီလေးတို့ မြဝတီကို ..မလာဘူး သေးဘူးနဲ့ တူတယ်၊ မပေးရင် ညီလေးတိုကို၊ ရစ်လိမ့်မယ်…. ဒီသူတောင်းစားတွေကို ပေးလိုက်စမ်းပါကွာ၊၊ ဒီလမ်းကြောင်းမှာ တရားဝင် လုပ်စားခွင့် ရထားတဲ့၊ ဓါးပြတွေ အများကြီး ပဲကွ.. မင်းတို့ကမှ ၅၀၀ိပဲ ပေးရတာ၊ ငါတို့ကားတွေဆို…. လမ်းတလျှောက်လုံးက၊ အစိုးရက ဖွင့်ထားတဲ့၊ ဓါးပြဂိတ် တွေကို…. သူတို့တောင်းတဲ့ ၅၀၀၀ိကနေ၊ ၂သောင်း၊ ၃သောင်းမှ မပေးနိုင်ရင်၊ သွားလို့ မရဘူးကွ၊ အမျိုးစုံ ပညာပြတော့ တာပဲကွ။ ဒါ ကြောင့်…. မသထာရေစာ တွေကို၊ ဒီ….ရဲဓါးပြ၊ တပ်ဓါးပြ၊ ဝန်ထမ်း ဓါးပြတွေကို၊ မပေးခြင်လည်း ပေးနေရတာ တွေကို၊ ညီလေးတို့ ရှေ့ဆက်သွားရင် အများကြီး တွေ့ပါ လိမ့်မယ်၊ စောင့်သာကြည့်နေ ဟုပြော ပါသည်။

ကားစပါယ်ရာအကိုကြီးပြောတဲ့အတိုင်းပါပဲ လားခင်ဗျာ၊၊
မြဝတီအထိဂိတ်တွေကလည်းအများကြီး၊ လမ်းတလျှောက်မှာ…. မောင်းတန်တွေ၊ ဝါးလုံးတွေနဲ့ လာသမျှ ကားတွေကို၊ တားတားပြီး.. ငွေတောင်း နေကြတာ၊ အများကြီး တွေ့ခဲ့ရပါ တော့တယ်။
သူတို့တွေငွေရှာရတာ တယ်လွယ်တာ ပဲလို့ ခရီးသည်တွေ ပြောနေကြတာ တွေကိုလည်း ကျနော်တို့ကြား ခဲ့ရပါတယ်။
ကျနော်တို့ထဲက တစ်ယောက်က. .ငါလည်းအား ကျလာပြီ၊ ငွေရှာရတာ လွယ်လိုက်တာတဲ့။

တစ်ယောက်ကငါတို့ အဖေနဲ့လ.ဝ.ကဝန်ကြီးနဲ့ရင်းနှီးတယ်၊ တိုင်ခိုင်းမယ်တဲ့၊ ခရီးသည် ဦးလေးကြီး တစ် ယောက်ကတော့.. သမ္မတကိုတိုင်ရ မယ်တဲ့၊
နောက်ဦးလေးကြီး တစ်ယောက်ကတော့..ဦးရွေမန်းဆီ တိုင်ရမှာတဲ့၊ စုံလို့ပါပဲ။
မ ရောက်ဘူးလို့သာမြဝတီကို လိုက်လာမိကြ တာပါ။
နောက်တစ်ခေါက်ခေါ်ရင်တော့..sorryyပဲ။
စိတ်ညစ်စရာကြီးပါဗျာ။
ဂိတ်တွေကလည်း..တဂိတ်ပြီး တစ်ဂိတ်၊ တချို့ဂိတ်တွေဆို မိုးတောထဲ လမ်းဆင်း လျှောက်ရ သေးတယ်။
ရဲတွေကတောင်းတဲ့ငွေများလို့..ကားသမားတွေနဲ့ ရဲတွေ စကားများ နေတာတွေ၊ ရဲတွေကကား သမားတွေကို ဟိန်းဟောက် နေတာတွေကိုလည်း တွေ့ခဲ့ရ ပါသေးတယ်။

အဒေါ်ကြီးတစ်ယောက်ကပြောသေးတယ်..ဒီလမ်းမှာက ဒီအတိုင်း ပါပဲတဲ့၊ ထိမ်းသိမ်း ပေးမဲ့ သူမှ မရှိတာတဲ့။
လမ်းကလည်းဆိုး၊ဂိတ်တွေကလည်း များတော့…ကြံ့ကြာလွန်း တာကြောင့် ခရီးသည်တွေ အားလုံး၊ ပွစိပွစိနဲ့ ဆဲတဲ့သူက ဆဲနဲ့။
ကျနော်တို့သူငယ်ချင်းတစ်စု ဖြိုးကြီးတို့ အိမ်ရောက်တဲ့ အထိ၊ ဒေါပွနေကြတုံး။
သူငယ်ချင်းဖြိုးကြီးကိုပြောပြတော့ မင်းတို့က ထူးဆန်းနေမှာပေါ့… ဒီမှာကရိုးနေပြီတဲ့။
ဖြိုးကြီးလိုက်ပြလို့…သောင်ရင်းမြစ်ကမ်းဘေးမြန်မာဘက်က ဖွင့်ထားတဲ့ ဂိတ်တွေကို လည်းရောက်ခဲ့ ပါသေးတယ်။
ဂျပန်စက်ဘီးနဲ့စကိတ်တွေဝယ်ခဲ့ရ ပါသေးတယ်။
ကျနော်တို့မြဝတီမှာ၅ရက် နေပြီးပြန်ခဲ့ကြ ပါတယ်။
အပြန်ကြတော့…အလာတုံးက ထက်ပို ပြီးစိတ်ညစ်၊ ဒေါသထွက်ရ ပါတော့တယ်…ခင်ဗျာ။
မြဝတီအထွက်က၊ ကုန်သွယ်ရေးဇုံမှာ ကျွန်တော်တို့ စီးလာတဲ့ ကားပေါ်ကိုဓါတ်ပုံ တက်ရိုက်တာ တွေ့ရတယ်။
စပါယ်ယာ တစ်ယောက်က… အလာတုံးကလိုပဲ၊ ကားပေါ်ပါလာတဲ့ ခရီးသည် တွေဆီက၊ တစ်ယောက်ကို. .၅၀၀ိစီလိုက် ကောက်ပြန် ပါတယ်။ ပြီးတော့ဂိတ်ထဲကိုသွားပေးတာကိုတွေ့ရပါတယ်။
ကားပေါ်ကိုတက်ပြီးလာစစ်တဲ့ ဝန်ထမ်းတစ်ယောက်က.. မင်းတို့တွေကဟို ဘက်ကမ်းက ပြန်လာတဲ့ အလုပ်သမားတွေလားတဲ့။မဟုတ်ဘူးဗျလို့ကျွန်တော်တို့ပြန်အော်ပြစ်လိုက်ကြတယ်။
အဲ့သည်ဂိတ်ကနေဆက်ထွက်လာတော့…တောင်ခြေ နားက၊ တံတားကြိုး ဂိတ်ကို ရောက်ပါတယ်။
ကျနော်တို့စီးတဲ့ ခရီးသည်ကားက ..တံတားကြိုး လို့ခေါ်တဲ့ မောင်းတန်သုံးဆင့် ပိတ်ထားတဲ့ဂိတ်ကို၊ မနက်၉နာရီခွဲလောက်မှာ ရောက်ြပီးတန်းစီ ရပါတယ်။ ရှေ့မှာက…ကားတွေ အများကြီး၊ ကားသေးလေးတွေ၊ ကုန်တင်ထားတဲ့ ဟိုင်းလတ် ကားတွေ၊ ဆူပါကာစတန် ကားတွေ၊ ကုန် တွေ အပြည့်တင်ထားတဲ့ ဘတ်စ် ကားကြီးတွေ၊ ၁၂ဘီး၆ဘီး ကုန်ကားကြီးတွေ၊ တတန်းကြီးပါပဲ။

ရဲတွေကစစ်နေတာလို့ပြောတာပဲ။ကျနော်တို့ကြာလွန်းလို့ ရှေ့ဖက်ကို လမ်းလျှောက်ပြီး သွားကြည့်တော့….စစ်တာမှ မဟုတ်တာ၊ ရဲတွေက… ကားသမား တွေဆီက၊ ငွေတောင်းနေတာကိုး။
တိုးတိုးတိတ်တိတ်နဲပြောနေကြတာတွေ၊ ရဲတွေနေတဲ့ ရုံးတဲလေးထဲကို.. ကားသမားတွေ ဝင်သွားပြီးငွေ သွားပေးနေ တာတွေကို.. ကျနော်တို့ သူငယ်ချင်းတစ်စု တွေ့ခဲ့ ရတာကြောင့်…ရဲတွေက ငွေတောင်း နေလို့ကြာနေတာကို သိရတော့ အားလုံးဒေါသ ထွက်ကြရ ပါတော့တယ်။
ဒါတွေကြောင့်..ကားပေါ်က ဦးလေးကြီးတွေက ပြောတာ၊ အစိုးရက ခွင့်ပြုပေးထားတဲ့.. ဓါး ပြတွေ၊အစိုးရကမျက်နှာ လွဲပေးထားတဲ့…ရဲဓါးပြတွေ..တဲ့။
ရဲဆိုတာ..အရင်ကခေါ်တာ..ပုလိပ်တဲ့။
ပုလိပ်ကျင့်..ပုလိပ်ကြံ…အကျင့်ဆိုးတွေက ဖျောက်လို့ မရဖူးတဲ့။
ကျနော်တို့ကားဟာ..အဲဒီနေ့နေ့လည်၁၂နာရီအထိမထွက်ရ သေးပဲ..တအိအိနဲ့ပဲ၊ တလှမ်းခြင်းရွေ့နေတာ။
ဂိတ်ကရဲတွေ၊ဝန်ထမ်းတွေ..၁၂နာရီမှာ၊ ထမင်းစားလို့ ဂိတ်ပိတ်ပြန်ပြီတဲ့။
၁နာရီမှပြန်ဖွင့်မှာတဲ့။ကားပေါ်မှာပါတဲ့ခရီးသည် တွေက… ဒေါသထွက် ကုန်ကြလို့…. ဆဲတဲ့သူကဆဲနဲ့ပေါ့၊
ဒို့မှာလည်းဗိုက်ပါတယ်ဟေ့..ဒိုလည်းဆာတတ်တာပဲကွ..ဒီသေခြင်းဆိုးဓါးပြတွေကိုရော၊ သူတို့ အပေါ်က…ခွဲတမ်း ယူနေကြတဲ့..ဓါးပြခေါင်းဆောင် တွေကိုရော…ထောင်ထဲ ပိုပြစ်ရမယ် ကွတဲ့…. စုံလို့ပါပဲ ဗျာ….တကားလုံးက၊ ပြောနေကြတာ။
တချို့ကလည်း…ဘာစစ်ဆေးရေးဂိတ်လည်း၊လူထုကိုဒုက္ခပေး နေတဲ့..ဓါးပြ ဂိတ်ပဲ၊ ဒီပြည် နယ်မှာ…အုပ်ချုပ်နေတဲ့…ဝန်ကြီးချုပ် ဆိုသူနဲ့ ဝန်ကြီးဆိုသူ တွေကလည်း၊ ဒီဂိတ်တွေက၊ ပို့တဲ့.. ပို့ဆွမ်းစား နေကြတဲ့…အကျင့်ပျက်၊ လူကြီးလူကောင်း ယောင်ဆောင် ထားတဲ့.. ငတိတွေတဲ့။
အကုန်လုံးကို.. ထောင်ထဲပို့ပြစ်သင့်တဲ့ ကောင်တွေတဲ့။
ခရီးသည်တွေအားလုံးနဲ့အတူ..ကျနော်တို့သူငယ်ခြင်းတစ်စုလည်း၊စိတ်ပျက်ဒေါသထွက်ခဲ့ရတာပေါ့ဗျာ။
တချို့ကလည်း..ဘာဒီမိုကရေစီလည်း၊ဘာ…လူ့အခွင်းအရေးလည်း၊ ကိုယ့်လမ်းကိုယ် သွားတာတောင်.. ဖြောင့်ဖြောင့် တန်းတန်း၊ အေးအေး ချမ်းချမ်း မသွားရဖူး၊ ဒီ..ဓါးပြဂိတ် တွေကို…လမ်း တလျှောက်လုံး ဖွင့်ထားပြီး၊ လူထုကို.. ဒုက္ခပေးနေတာကို၊ မသိကြဖူးလား၊ သူပုန် ကလည်း..ဆတ်ကြေး တောင်း၊ ဒီအစိုးရ ဓါးပြဂိတ်တွေ ကလည်း.. ဓါးပြတိုက်နဲ့၊ ဘာ..လူထု အစိုးရလည်း..တဲ့။

ဒီလိုနဲ့ပဲ..ကျနော်တိုစီးလာတဲ့ကားဟာ၊နေ့လည်၂နာရီခွဲလောက်မှပဲ..အဲ့သည် ဂိတ်ကနေ၊ ဆက်ထွက်ရ တော့တယ်။
တော်တော်စိတ်ပျက်ခဲ့ရတဲ့..ဂိတ်ပါ။
ဆက်ထွက်လာတော့လည်းဘာ မှန်းမသိတဲ့.. ဝါးလုံးတွေနဲ့ပိတ်ပြီး ပိုက်ဆံတောင်း နေတဲ့၊ စစ်တပ်ဂိတ်တွေ ကလည်း..တစ်ခေါ်လောက်မှာ တစ်ဂိတ်နဲ့ ရှုပ်ရှက်ခတ် နေတာပဲ..ဗျာ။

အကိုကြီးတစ်ယောက်က..ဒါ..ဒို့ဗမာပြည်ကွ၊ သောက်ကျင့် မကောင်းတဲ့ ကောင်တွေ..အုပ်ချုပ်နေတာတဲ့။
ဒီလိုနဲ့ ကော့ကရိတ်ဂိတ်ကို ရောက်တော့လည်း၊ ကားသမားတွေက ..ပိုက်ဆံ ဆင်းပေးပြီးမှ ဆက်ထွက်ရ ပြန်ပါတယ်။
ဒီဂိတ်မှာကသိပ် တော့မကြာလိုက်လို့တော်သေးတယ်ဗျာ။
ဒါပေမဲ့…ဒီဂိတ်မှာလည်းမှတ်ပုံတင်ကြေးဆိုပြီး ကားစပါယ်ရာ တွေက လိုက်တောင်းလို့ တစ်ယောက်ကို.. ၅၀၀ိစီ ပေးခဲ့ရပါ သေးတယ်။
သူတို့ဒေသအပြောနဲ့ဆို..ထုံးစံအတိုင်းပေါ့ဗျာ။
ကျနော်တို့အပြောနဲ့ဆိုရင်တော့..အစိုးရဓါးပြဂိတ်က..ဓါးပြတွေအတွက်..မသထာရေစာကြေးပေါ့။
ကားပေါ်ကဦးလေးကြီးတွေပြောတဲ့အတိုင်းပေါ့ဗျာ။
အဲ့သည်..ဓါးပြတွေတောင်းတဲ့ငွေ..မပေးရင်၊ဂိတ်မှာလမ်းဆင်းလျှောက်ပြီး..အစစ်ခံ၊အညစ်ခံရမှာတဲ့။
ကားလည်းဆက်သွားလို့မရအောင်..ရစ်နေ၊ညစ်နေတော့မှာတဲ့။စဉ်းစားကြည့်ကြပါဦးဗျာ။
မြဝတီရေ…နောက်တစ်ခေါက်ဆိုရင်..ဝေါနဲ့လာပင့်ရင်တောင်. .sorryပဲ။
ဓါးပြ ခေါင်းဆောင်တွေ..နဲ့နောက်လိုက် ဓါးပြတွေ၊ လုပ်စားခွင့်ရ ထားတဲ့..ဒေသကြီး ပါဗျာ။
ယောင်လို့တောင်..သွားမလည်မိကြပါနဲ့နော်။စေတနာနဲ့ပြောတာပါ။
မယုံမရှိနဲ့နော်။
ဒီလိုနဲ့..ဆက်ထွက်လာတော့၊ဂျိုင်းတံတားရောက်တော့လည်း.. ထုံးစံအတိုင်းပဲ။
ဓါးပြဂိတ်နဲ့ဓါးပြတွေကလည်း..အသင့်ပဲ စောင့်ပြီးငွေတောင်း တော့တာပါပဲ။
ကားသမားတွေကလည်းဂိတ်တိုင်းမှာ..ဆင်းဆင်းပြီးပေးနေရ တာကလည်းအမောပဲ။
အော်…….ဗမာပြည်၊ဗမာပြည်။ ည၉နာရီထိုး ခါနီးမှာမှ.. ဘားအံ သံလွင်တံတားကို ရောက်ပါတော့တယ်။
အဲ့သည်တံတားမှာကျတော့….ထုံးစံအတိုင်း..ဓါးပြတွေကအများကြီးပဲဗျ။
ပြည်နယ်ဝန်ကြီးချုပ်ရုံးနဲ့နီးလို့တဲ့။
တခြားဂိတ်တွေထက်..ဓါးပြတွေ..ပိုများတယ်ဗျ။
တချို့ဓါးပြတွေက..ကားပေါ်တက်လာပြီး၊တောင်ပြော မြောက်ပြောနဲ့.. မူးကြောင် ရူးကြောင်နဲ့ဗျ။
လက် လှန်တယ်ဗျာ။
ဝန်ကြီးချုပ်ရုးံနဲ့နီးလို့..ဒီဓါးပြဂိတ်က..ပိုပေးရပါတယ်တဲ့။
ကားစပါယ်ရာ..အကိုကြီးကပြောတာ။
အဖွဲ့ကလည်းပိုစုံ တယ်တဲ့။
ရဲ၊မော်တော်ပီကယ်၊ပို့ဆက်၊လဝက၊ စစစ၊ထွေအုပ်၊ မူးရစ်၊ ပြည်နယ်ရုံး အဖွဲ့၊ ခရိုင်အဖွဲ့၊ SB……စုံလို ပါတဲ့၊ ၁၃ဖွဲ့လောက်ရှိ မယ်တဲ့။
နောက်…ခေါင်းပေါင်းကြေးဆိုပြီးတောင်းသေးသတဲ့။

ခေါင်းပေါင်းကြေးဆိုတာက..ဘာလည်းလို့၊မေးကြည့်တော့၊- စပါယ် ရာအကိုကြီး ပြောတာက --
အသေအခြာတော့ မသိပါဖူးကွာ.. ပြည်နယ်ဝန်ကြီးချုပ် ဆိုသူ အတွက်လား.. ဆိုတာပဲ …တဲ့။ ကုန်ကား ကြီး တွေဆို..အရွယ်အစား အလိုက်၊ ၅သိန်း ကနေ၂သိန်းကြား ပေးရတာတဲ့။
ဒို့လို..ခရီးသည်ကားတွေကတော့၊၉သောင်း၊၁သိန်း လောက်ပေးရတယ်တဲ့။
အားပါးပါး..ဒီဓါးပြတွေ..တော်တော်ထော…မှာပေါ့နော်လို့..ကျနော်တို့ကပြောတော့၊ သူတို့ဆရာ တွေက… နောက်ကွယ် ကနေ၊ အေးအေးလေးနဲ့ ရနေတာတဲ့။
သူတို့စိတ်ချရတဲ့တပည့်တွေကိုပဲ…ထားထားတာတဲ့။
တပည့်တွေကလည်း..ဒီဂိတ်မှာနေရဖို့..သူတို့ဆရာတွေကို၊လာဘ်ထိုးရသေးတာတဲ့။
ကျနော်တို့ထဲက..ဇော်ကြီးက၊သမ္မကိုတိုင်မယ်တဲ့။
စပါယ်ရာအကို ကြီးက..တိုင်လည်း၊ အလကားပါပဲတဲ့။
ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်က..လုပ်စားနေတာတဲ့။
သူနဲ့ပါတ်သက်တဲ့ကားတွေကို..လုံးဝအထိမခံဖူးတဲ့။
မိုက်တီးရဲ့ရိုက်ချက်ထက်တောင်…သာသေးတယ်တဲ့။ အားပါးပါး။
ကောင်းလှချည်လား…ဒေါင်းမြကြည်ရေ…လို့ဦးလေးကြီးတစ်ဦးကဝင်ပြောလိုက်ပါတယ်။
တစ်ဦးကတော့….အင်း..ဒီမိုကရေစီခေတ်၊ဒီမိုကရေစီခေတ်…တဲ့။
အဒေါ်ကြီးတစ် ယောက်က..ဒီလိုလူစားတွေမှာ၊ အရှက်တရား.. အကြောက် တရားတွေလည်းမရှိ၊ ဂုဏ်သိက္ခာ ဆိုတာလည်း နားမလည်ကြ ဘူးတဲ့။
ဒီလိုနဲ့..ကျနော်တို့စီးတဲ့ကားဟာ၊သထုံ၊ဘီးလင်း၊ကျိုက်ထို၊မုပ္ပလင်ဂိတ်၊ စစ်တောင်း တံတားဂိတ်၊ ပဲခူးအဝင်ဂိတ်၊ အင်းတိုင်ဂိတ်၊ အမှတ်၃ လမ်းဆုံဂိတ်… စတဲ့ဂိတ်တွေကို၊ ကားသမားတွေက ငွေပေးပြီး.. ဆက်သွားရာ ကနေ..ရန်ကုန်ကို… နံနက်၎နာရီ၊ ထိုးခါနီးမှပဲ ရောက်ပါ တော့တယ်..ခင်ဗျာ။
ဒီမှာတင်..ကျနော်တို့ရဲ့ သူငယ်ခြင်း အကောင်းစားကြီး နေနေတဲ့….မြဝတီသွား ခရီးသွား မှတ်တမ်း လေးကို.. နောင်လာ နောက်သားတွေ.. သိရှိရအောင်. .ကျနော်တို့ သူငယ်ခြင်း တစ်စုမှ.. မျှဝေပေးလိုက်ရ ပါတယ်…ခင်ဗျာ။
ကားလမ်းပေါ်မှ..တရားဝင်လုပ်စားခွင့်ရနေသော….ဓါးပြဂိတ်ကြီးများကို…ကြောက်ပါသဖြင့်၊ နောက် တစ်ခေါက်..လုံးဝ မသွားရဲ တော့ပါ…ခင်ဗျာ။
လူသားအားလုံးကိုလေးစားလျှက်(အထက်ပါ..ဓါးပြကြီးများ..မပါ)။

လေးစားလျက်ပါ….
ပေးပို့ သူ --- (မျိုးသူရ၊ ဇော်မင်းထက်၊ အောင်ကိုလင်း၊ နိုင်ယုတင်၊ ဝင်းလက်အောင်….တို့ သူငယ်ချင်း တစ်စု)
ဗဟန်မြို့နယ်၊ရန်ကုန်။

၁၃-စက်တင်ဘာ - ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...