ဆရာနန္ဒာသိန်းဇံ ရန်ကုန်မြို့၌ ကွယ်လွန်
သတင်းကတော့ အဟောင်းပါ။ အချက်အလက်လေးတွေသထားသင့်လို့ အခုမှတင်ဖြစ်ပါတယ်။
by Myanmar People's Choice - MMPC on Sunday, August 21, 2011 at 4:52am
အတွေးအခေါ်ဆိုင်ရာ စာပေများကို ရေးသားခဲ့ပြီး ဘ၀နေထိုင်မှုနှင့် ရှင်သန်ခြင်း အဓိပ္ပာယ်များကို ဒဿနအမြင်များဖြင့် တင်ပြခဲ့သူ ဆရာနန္ဒာသိန်းဇံသည် သြဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ ခန့် အချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ဆရာနန္ဒာသိန်းဇံသည် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်ဇာတိ ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကို ပဲခူးတိုင်းဒေသကြီး တစ်ခုလုံး၌ ပထမ အဆင့် အနေဖြင့် အောင်မြင်ခဲ့ပြီး စာပေရေးသားခြင်းကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။
ဆရာနန္ဒာသိန်းဇံ၏ ပထမဆုံး ဆောင်းပါးမှာ မှတ်ဉာဏ်နှင့်အတွေးအခေါ် ဖြစ်ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း၌ သိန်းဇံ ကလောင် အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် ဒဿနိက ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။ အဆိုပါ မဟာဝိဇ္ဇာတန်းအတွက် ဘွဲ့ယူကျမ်းကို ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် ဆရာနန္ဒာသိန်းဇံ၏ ပထမဆုံး လုံးချင်းစာအုပ် ထွက်ရှိခဲ့ပြီး ယင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ အတွက် တင်သွင်းခဲ့သောကျမ်း ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ပင် ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၌ နည်းပြ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ထားဝယ်ကောလိပ်၊ ပုသိမ်ကောလိပ် အစရှိသော တက္ကသိုလ်ကောလိပ်များ၏ ဒဿနိကဌာနများတွင် နည်းပြ၊ ကထိကမှ ပါမောက္ခရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၅ခုနှစ်အချိန်တွင် ရန် ကုန်တက္ကသိုလ် ဒဿနိက ဗေဒ ဌာနတွင် ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ခု နှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။
ဆရာနန္ဒာသိန်းဇံ၏ ထင်ရှားသော စာအုပ်များမှာ ဘ၀ အဓိပ္ပါယ်နှင့် ဘ၀သစ္စာ၊ ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့် မြင့်ခရီးသည်၊ စိတ်အဆင့်ဆင့် မြင့်တက်ခြင်း သဘာဝ၊ အတွေး အခေါ်တို့ လွင့်မျောခြင်းနှင့် လူ ၏တည်ဆောက်ရာ၊ စီးပွားရေး နှင့် စစ်ရေးဗျူဟာ၊ ခရောင်းလမ်း ကို ဖြတ်ကျော်ခြင်း၊ အသွင် သဏ္ဍာန်တို့၏ နောက်ကွယ်၌၊ မှန်သော စကားကို ဆိုခြင်း၊ ကြာ၊ ဖြေဆည်ရာ၊ ထေရ၀ါဒနှင့် ပတ် သက်သော မှတ်ချက်များ၊ မိတ် ကောင်းဆွေကောင်းနှင့် ခရီး သွားခြင်း၊အရိမဒ္ဒနမှ တွေးမြင် ရနံ့တို့ ဝေ့ပျံနေဆဲ၊ မနက်ဖြန် များ ကို ဖြတ်သန်း နေသော စိတ်ကူးများ၊ တွေးချိန် ချင့်စရာ၊ ပြောရင်းပြောနေမည့် ချစ်ခြင်း မေတ္တာနှင့် သမုဒ်ပင်လယ်ပြာ နှိုင်းပမာတို့ ဖြစ်ကြပါသည်။
Credit: Eleven Media Group
0 comments:
Post a Comment