Thursday, October 27, 2011

ငှက်ကလေးတွေ...

by Nay La Minn on Thursday, October 27, 2011 at 7:58pm

        " ငှက်ကလေးတွေမှာ ဘာအပြစ်တွေရှိနေလို့လဲ "
        သည်မေးခွန်းကို မေးချင်နေသည်မှာ ကြာပြီ။ သို့သော် မမေးဖြစ်ခဲ့ပေ။ သူကငှက်က
လေးကို သံဆန်ခါအိမ်ထဲထည့်၍ရောင်းသူ။ ကျွန်တော်ကအခကြေးငွေပေး၍ ငှက်ကလေး
များကို လွှတ်ပေးနေသူ။ ရောင်းသူ၊ ဝယ်သူအသံတူဆိုသောစကားသည် ကျွန်တော်နှင့်သူ့
အကြား တက်တက်စင်အောင် လွဲနေပေပြီ။
        သို့သော်  " စာကလေးတွေ၊ ချိုးကလေးတွေကို လွှတ်ကြဦးမလား " ဆိုသော သူ့အ
သံသည် ကျွန်တော့်အတွက်မူ နံနက်ချိန်ခါတေးသံသာ ဖြစ်နေတာကတော့သေချာပါသည်။
ထိုအသံကြားလျှင် ကျွန်တော့်မှာ အိပ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်ရေကြည့်ရစမြဲ။
အိတ်ကပ်ထဲမှာပိုက်ဆံအဆင်သင့်မရှိလျှင် ဘီရိုကိုဖွင့်၍ထုတ်ယူရစမြဲ။ သည့်နောက်
အိမ်ပေါ်ကဆင်းခြံဝသို့ထွက်၊ သူနှင့်မျက်နှာချင်းဆိုင်ဆုံ။ မြေကြီးပေါ်ချထားသော သူ့သံဆန်ခါခြင်းထဲမှငှက်
တွေကို တစ်ကောင်ချင်း လွှတ်ပေး။ သူကမူ သံဆန်ခါခြင်း ကျဉ်းကျဉ်းလေးထဲ၌ တစ်ဖျတ်
ဖျတ်ရုန်းကန်ပျံသန်းနေသော ငှက်အုပ်ကြီးထဲသို့ သူ့လက်ကိုနှိုက်၍မွှေနှောက်။ ထို့နောက်
သူ့လက်ထဲသို့ ရောက်လာသည့်  ငှက်အကျဉ်းသား  တစ်ကောင်ကို ကျွန်တော့်လက်ထဲသို့
လက်ဆင့်ကမ်း ၊ ကျွန်တော်က ကြောက်လန့်အားငယ်နေသော ငှက် အကျဉ်းသားလေးကို
တယုတယ  ကိုင်တွယ်ဖေးမ ၊   ထို့နောက် လွတ်လပ်သော  ကောင်းကင်ပြင်ထဲသို့  သူ့အ
တောင်စွမ်းအားဖြင့် ရုန်းဆန့်ပျံသန်းနိုင်ရန်အတွက် ပစ်မြှောက်လွှတ်တင်ပေး။

        သည်အချိန်မှာပဲ တေးသံရှင်ဘိုဘို၏ ' ပျံသန်းသွားတော့ ' ဆိုသည့်သီချင်းအပိုင်းအ
စကလေးကို သတိရမိလိုက်သေး ။ လွတ်လပ်သွားသော ငှက်ကလေးတစ်ကောင်၏ ခံစား
မှုကိုကိုယ်ချင်းစာစိတ်ဖြင့် ကူးစက်ခံစားလို့မှမဆုံးသေး၊ သူ့ထံမှ " ဒီမှာနောက်တစ်ကောင်
လေ " ဆိုသောအသံထွက်လာသဖြင့် လှမ်းယူလိုက်ရ။ ပြီးလျှင် မိုးပေါ်သို့မြှောက်တင်လွှတ်
ပေးရပြန်။ သည်လိုနှင့်  တစ်ကောင်လှမ်းယူ၊ တစ်ကောင်လွှတ်တင်ဖြင့် တစ်မနက်စာငှက်
လွှတ်စားရိတ် ကုန်သွားသောအခါ သူက သံဆန်ခါခြင်းကို မ၍ထ ၊ ပြီးတော့ ပခုံးမှာလွယ်၊
"  စာကလေးတွေ၊ ချိုးကလေးတွေ လွှတ်ကြဦးမလား  "  ဆိုသော သူ့ဓါတ်ပြားဟောင်းကို
ဖွင့်၊ ရှေ့ ခရီးသို့ ဆက်လက်ထွက်ခွာ၊ လှောင်ချိုင့်ထဲ တဖျတ်ဖျတ်ရုန်းကန်ရင်း သူနှင့်အတူ
လိုက်ပါသွားရရှာသောငှက်အကျဉ်းသားလေးများကိုကြည့်ကာ ကျွန်တော့်မှာစိတ်မကောင်း

ဖြစ်၍ကျန်ခဲ့ရ။

        ထိုသို့သော နံနက်ခင်းတွေ များလာသောအခါ ကျွန်တော့်မှာ သူ့အပေါ်သံသယ ဖြစ်
လာခဲ့၏ ။ " ငှက်ကလေးတွေကို ဖမ်းလို့ မကုန်နိုင်သေးဘူးလား "  ကျွန်တော်ကလည်း ဒီ
လိုပဲကုသိုလ်ယူ၍လွှတ်ပေးနေရဦးမှာလား။ ငှက်ဖမ်းသူနှင့်ငှက်လွှတ်သူတို့၏ မတူညီသေါ
နှလုံးသွင်းတွေကို ကျွန်တော်တတ်နိုင်သရွေ့ ညှိနှိုင်းကြည့်ချင်သည်။
        နောက်တစ်နေ့ နံနက်တွင် သူ့ကိုမေးချင်သည့် စကားများကို ကျွန်တော် တစ်ညလုံး
ပြင်ဆင်ရွေးချယ်နေမိသည်။
       " နေပါဦး.. ငှက်ကလေးတွေက ခင်ဗျားတို့ကို ဘာတွေ ဒုက္ခပေးနေလို့လဲ "
       " ခင်ဗျားတို့ လယ်ကွင်းထဲမှာကျမယ့် ပိုးတွေကိုတောင် ဖမ်းစား ပေးနေတာ မဟုတ်
လား "
       " ခင်ဗျားတို့အကျိုးစီးပွားအတွက်လည်း ကာကွယ်ပေးရသေး၊ ခင်ဗျားတို့ကလည်း
ထောင်ချောက်ဆင်ဖမ်းနေသေး ဆိုတော့ ဒါဟာ တရားပါ့မလား  "
       " သတ္တဝါတစ်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ခင်ဗျားတို့လက်ထဲက ပိုက်တွေနဲ့အုပ်ပြီးဘါ
ဖြစ်လို့ ဟန့်တားချင်ရတာလဲဗျာ "
       " ခင်ဗျားကို တိုင်မှာကြိုးနဲ့ တုပ်ချည်ထားပြီး ထမင်းလည်းဝအောင်မကျွေးဘူး၊ ရေ
လည်းဝအောင် မတိုက်ဘူးဆိုရင် ခင်ဗျားဘယ်လိုခံစားရမလဲ စဉ်းစားကြည့် "
       " သူ့ဟာသူ လွတ်လွတ်လပ်လပ်နဲ့ သဘာဝတရားရဲ့ရင်ခွင်ထဲမှာ ပျော်မွေ့နေကြတဲ့
ငှက်ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲဗျာ "
       " အထူးသဖြင့်ပေါ့ဗျာ ....၊ ခင်ဗျားရဲ့ သံဆန်ခါခြင်းကြီးထဲမှာ ပါလာတတ်တဲ့ ချိုးငှက်
တွေ၊ သူတို့ရဲ့ တကူးကူး အော်တဲ့အသံလေးဟာ ကြားရသူတွေကို ဘယ်လောက်နားဝင်ပီ
ယံဖြစ်စေသလဲ၊ လူသားတွေက သူတို့ကို ငြိမ်းချမ်းရေး တမန်တော်တွေအဖြစ် သတ်မှတ်
ထားကြတာ၊ အခုတော့ ခင်ဗျားတို့ကြောင့် ငြိမ်းချမ်းရေးတမန်တော်တွေလည်း ပိုက်ကွန်နဲ့
အုပ်ခံရ၊ သံဆန်ခါခြင်းထဲ ရောက်လိုရောက်နဲ့ " ။
        နောက်တစ်နေ့နံနက်၌ ထုံးစံအတိုင်း ငှက်သည်နှင့် ကျွန်တော်ဆုံဖြစ်ပါသည်။ ကျွန်
တော့်ရင်ထဲ၌ တစ်ညလုံးကိန်းအောင်းထားသော မေးခွန်းများကို ငှက်သည်ကလုံးဝမဖြေ
ခဲ့ပါ။ ကျွန်တော့်ကို ကြောင်တောင်တောင်မျက်လုံးဖြင့်သာ မော့ကြည့်နေပါသည်။ ပြီးမှသူ
က -
       " ဆရာမေးတာတွေ ကျွန်တော်နားမလည်ဘူး၊ ကျွန်တော်တစ်ခုပဲ ပြောပါရစေ၊ ဒီ
ငှက်တွေက ကျွန်တော်ဖမ်းတာ မဟုတ်ဘူးဆရာ "
       " ဟင်.. ဒါဖြင့် ဘယ်သူတွေဖမ်းတာလဲ "
       " ကျွန်တော်က ငှက်ရောင်းသူသက်သက်ပါ၊ ငှက်ဖမ်းသမားတွေက ကျွန်တော့်ဆီကို
မနက်တိုင်း ဒီလိုခြင်းတွေနဲ့လာလာပြီး ပို့ကြတာ၊ ကျွန်တော်က သူတို့ရဲ့ဖေါက်သည်လေ ။
အဲ ... ဆရာလည်း ကျွန်တော်ရဲ့ ဖေါက်သည်ပဲပေါ့ "
       " ဗျာ... "
       " ဟုတ်တယ်ဆရာ.. ဆရာနဲ့ကျွန်တော်က ကုသိုလ်ယူကြသူချင်း အတူတူလို့တောင်
ပြောလို့ရပါတယ်။ ကျွန်တော်ဒီ သံဆန်ခါတစ်ခုစာ ငှက်တွေကို ဆရာတို့လိုကုသိုလ်ယူသူ
တွေ လွှတ်ကြလို့ ကျွန်တော့် အိမ်စရိတ်၊ စားစရိတ် ကျန်ရုံပါပဲဆရာ "
       " ဟင်.. ဟုတ်လား "
       " ဟုတ်တယ်ဆရာ၊ တကယ်တော့ ခုနကဆရာကျွန်တော့်ကို မေးတဲ့မေးခွန်းတွေကို
ကျွန်တော့်ဖေါက်သည် ငှက်ဖမ်းသမားတွေကို ဆရာမေးရမှာ "
        ငှက်ရောင်းသူ နှုတ်ဆက်ထွက်ခွါသွားသောအခါ ကျွန်တော်အတွေးများစွာဖြင့် ကျန်
ရစ်ခဲ့ပါသည်။ ငှက်ရောင်းသူမှတစ်ဆင့် ငှက်ဖမ်းသမားများနှင့် ကျွန်တော် မဖြစ်ဖြစ်အောင်
တွေ့ဆုံရဦးမည်။ ထိုအချိန်၌ ငှက်ရောင်းသူကိုမေးသော  မေးခွန်းများအား ကျွန်တော်မေး
ဖြစ်မည် မဟုတ်တော့ပါ။ သို့သော် ငှက်ဖမ်းသမားများကို တိုက်တွန်းတောင်းဆိုမည့်စကား
တစ်ခွန်းကိုတော့ ကျွန်တော်ပြောဖြစ်မည် ထင်ပါသည်။
       " အသက်မွေးဝမ်းကျောင်း ပြုနေရတာပါ ဆိုတဲ့ စကားကို အကာအကွယ်ပြုပြီးတော့
ငှက်ကလေးတွေကို မဖမ်းပါနဲ့လားဗျာ ၊ အထူးသဖြင့်  တကူးကူးအသံချိုနဲ့ ငြိမ်းချမ်းရေးရဲ့
တမန်တော် ချိုးငှက်ကလေးတွေကိုပေါ့။ သူတို့မှာ ဘာအပြစ်ရှိလို့လဲဗျာ "

                                                                                      (  မြသန်းစံ  )

                 **************************************


       ( " အထူးသဖြင့်ပေါ့ဗျာ ... ခင်ဗျားရဲ့ သံဆန်ခါခြင်းကြီးထဲမှာ ပါလာတတ်တဲ့ ချိုးငှက်
တွေ၊ သူတို့ရဲ့ တကူးကူး အော်တဲ့အသံလေးဟာ ကြားရသူတွေကို  ဘယ်လောက်နားဝင်ပီ
ယံဖြစ်စေသလဲ ၊ လူသားတွေက သူတို့ကို ငြိမ်းချမ်းရေး တမန်တော်တွေအဖြစ် သတ်မှတ်
ထားကြတာ၊ အခုတော့ ခင်ဗျားတို့ကြောင့် ငြိမ်းချမ်းရေးတမန်တော်တွေလည်း ပိုက်ကွန်နဲ့
အုပ်ခံရ၊ သံဆန်ခါခြင်းထဲ ရောက်လိုရောက်နဲ့ " ၊   " အသက်မွေးဝမ်းကျောင်း ပြုနေရတာ
ပါ ဆိုတဲ့ စကားကို အကာအကွယ်ပြုပြီးတော့ ငှက်ကလေးတွေကို မဖမ်းပါနဲ့လားဗျာ ၊ အ
ထူးသဖြင့်  တကူးကူး အသံချိုနဲ့  ငြိမ်းချမ်းရေးရဲ့ တမန်တော် ချိုးငှက်ကလေးတွေကိုပေါ့ ။
သူတို့မှာ ဘာအပြစ်ရှိလို့လဲဗျာ "........  ဆိုသော စကားလုံးများက ကျွန်တော်၏နှလုံးသား
ကို သိသိသာသာ ရိုက်ပုတ်သွားခဲ့တာမို့  ၂၀၁၁ ခု အောက်တိုဘာ (  ၂၇  ) ရက်နေ့ ထုတ်
7DAY NEWS Journal  အတွဲ ( ၁၀ ) ၊ အမှတ် ( ၃၂ ) မှ ဆရာမြသန်းစံ ၏ အဖိုးတန် စာ
တစ်ပုဒ်ကို နှလုံးသားရှိသူများ၊ မေတ္တာတရားနှင့် စာနာခံစားတတ်သူများ ဖတ်ရှုနိုင်ရန် တ
ဆင့် ဆင့်ပွားဖေါ်ပြရခြင်း ဖြစ်ပါသည်။

        ကျွန်တော်လည်း ဆရာမြသန်းစံ၏ စာထဲမှရော ပြင်ပလောကရှိ အခြားအခြားသော
ငှက်ရောင်းချသည့် ငှက်သည်များ၊ ငှက်ဖမ်းသမားများကိုပါ မေတ္တာရပ်ခံလိုပါသည်။

       " မိမိ၏ အကျိုးစီးပွားတစ်ခုတည်းသက်သက်အတွက် ၊ အသက်မွေးဝမ်းကျောင်း ဆို
သည့်စကားလုံး တစ်ခုတည်းကိုသာ အကာအကွယ်ပြု ခုတုံးလုပ်ကာ အပြစ်မဲ့သော ၊ ငြိမ်း
ချမ်းရေးတမန်တော် များကို ဖမ်းဆီးချုပ်နှောင်ပြီး ဓါးစာခံများကဲ့သို့ အသုံးမချကြပါနှင့်၊ အ
သက်မွေးဝမ်းကျောင်းခြင်းကို သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျ၊ ကိုယ်စိတ်ဆင်းရဲစေ
ရပြီးမှ မိမိစားရသောက်ရ အသက်ဆက်ရမည့် အလုပ်ထက် အခြားသမ္မာအာဇီဝ ကျသည့်
အလုပ်အကိုင်များဖြင့်သာ ပြောင်းလဲလုပ်ကိုင်စားသောက် ရှင်သန်ကြပါ။ ဘုရားမနှစ်ခြိုက်၊
လူအများလည်းမကြိုက်သည့်အလုပ်ကို ယခုပင်အလျှင်အမြန်ရပ်တန့်၍ ပိုက်ကွန်အတွင်း၊
သံဆန်ကာ လှောင်အိမ်အတွင်း ကျန်ရှိနေကြသည့် ငှက်ငယ်ကလေးများကို အကုန်အစင်
လွတ်ငြိမ်းချမ်းသာခွင့် ပြုကြစေလိုပါသည်  "    ဟုသာ...................................။   )

                         (ေ  န  လ  မ  င်း  ၊  ၂  ၇ေ  အာ  က်  တို  ဘာ  ၂  ၀  ၁  ၁  )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...