Monday, October 24, 2011

တတိယဆုတောင်း

by Moenge Aung on Monday, October 24, 2011 at 7:18pm


တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ အရာရာကိုဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နဲ့ တွေ့ဆုံခဲ့တယ်...

ဖန်ဆင်းရှင်က "မင်းက ကံထူးတဲ့ သူမို့လို့ ငါနဲ့တွေ့ဆုံခဲ့ပြီ။ အဲ့ဒီတော့ မင်းကိုငါက ဆုသုံးခု တောင်းခွင့် ပေးမယ်။ မင်းလိုရာကို ဆုတောင်းတော့။"
အဲ့ဒီတော့ လူငယ်လေးက မဆိုင်းမတွဘဲ ပထမဆုကို တောင်းလိုက်တယ်။
"ကျွန်တော့်ကို ချစ်သူရဲ့ အနီးဆုံး နေရာမှာနေခွင့်ပေးပါ"
ဖန်ဆင်းရှင်က"ကောင်းပြီ ဒုတိယဆုတောင်းကိုပြော"
ဒီတစ်ခါ လူငယ်ပြောလိုက်တာက "ကျွန်တော့ကို ချစ်သူရဲ့ အဝေးဆုံးမှာ နေခွင့်ပေးပါ။"


ဖန်ဆင်းရှင်က မျက်မှောင်ကျူတ်သွားပြီး မေးလိုက်တယ်။
"မောင်မင်းက ချစ်သူနဲ့ နီးလိုက်ဝေးလိုက်နဲ့ ဆိုတော့ ငါက ဘာကိုဖြည့်ဆီးပေးရမှာလဲ"
အဲ့ဒီတော့ လူငယ်လေးက ပြန်ပြောတယ်။
"ဒီလိုပါ ကျွန်တော့် ချစ်သူက ကျွန်တော့်ကို အလိုရှိတဲ့အခါ သူ့ရဲ့ အနီးဆုံးမှာ ခစားပြီးတော့ သူ့ကို ကူညီအားပေး ချင်ပါတယ်၊ အဲ့ဒါကြော
င့် အနီးဆုံးမှာ နေချင်တယ်လို့ ဆုတောင်းတာပါ။ သူကျွန်တော့်ကို မမြင်ချင်တဲ့ အခါကျရင်လည်း သူမမြင်အောင်လို့ အဝေးဆုံးမှာ နေချင်တာပါ၊ "
အဲ့ဒီတော့ ဖန်ဆင်းရှင်က "ကောင်းပြီ။ မောင်မင်း သင့်ရဲ့ တတိယဆုတောင်းကို တောင်းပေတော့..." လူငယ်က ခဏ စဉ်းစားလိုက်ပြီး...

"ကျွန်တော့အတွက် ချစ်သူက လိုအပ်တဲ့အချိန် အနီးအနားမှာ ရှိနေပြီး သူမ ကျွန်တော့်ကို မမြင်ချင်တဲ့အချိန် အဝေးဆုံးမှာ ရှိနေမယ်ဆိုရင် တတိယဆုတောင်း ဆိုတာ ဘယ်တော့မှ မလိုအပ်တော့ပါဘူး" တဲ့...

***

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...