မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၄)
ခလေးကိုရိုက်သင့် မရိုက်သင့်။
ခလေးကိုရုက်သင့်
မရိုက်သင့်ဟူသောပြဿနာသည် အလွန်ကြီးမားပါသည်။ ပညာရှင်အမျိုးသမီးတစ်ဦးက ခလေးကို ရိုက်နှက်ခြင်းသည်
အလွန်ဆိုးဝါးကြောင်း ပြောပါသည်။ ခလေး၌ စိတ်ဒဏ်ရာရတတ်သည်။ ခလေးကို ရိုက်နှက်မည့်အစား
ပြဿ နာကိုပြေလည်အောင် ပြောဆိုဆွေနွေးအကြံòပပါ။ ရိုက်နှက်ဆုံးမခြင်းသည် ပြစ်ဒဏ်ပေး ခြင်းတမျိုးဖြစ်ပြီး
အတိတ်ကရိုက် ခဲ့သည့်အမှား အတိတ်တွင်သာပြီးဆုံးခဲ့ပြီလား။ သို့မဟုတ် ဘ၀တသက်တာစိတ် အမာရွတ်ထင်စေ၍
သူတို့ပြဿနာကို အကြမ်း နည်းနှင့်သာဖြေရှင်းမည်ဟု သင်ပေးရာရောက်သလား။ မိဘတိုင်းသည် သူတို့၏ခလေးကို
ရိုက်သင့်မရိုက်သင့်နှင့် မည်သည့်အခြေ အနေများတွင် ရိုက်သင့်ကြောင်း ကိုယ်ကိုတိုင်ဆုံးဖြတ်ရမည်သာ
ဖြစ်သည်။ သို့သော် ထိုကဲ့သို့ဆုံးဖြတ်ရာတွင် သူတို့သည် ပြဿ နာအခြေအနေအရပ်ရပ်နှင့် ရိုက်နှက်ဆုံးမခြင်းအပြင်
အခြားဆုံးမနည်းများကို အချိန်ယူစဉ်းစားပြီးမှ သင့်တော်ရာကို ရွေးချယ်òပ လုပ်ရပါမည်။
ကျမကိုယ်တိုင်
ဒေါသအရှိန်နှင့် ကျမသမီးကိုရိုက်ဖူးပါသည်။ သမီးကိုရိုက်ပြီးသော် ကျမလုံးဝစိတ်မကောင်းပါ။
သမီးကို ကြည့်ပြီး ကျမမျက်ရည်ကျပြီး နောင်တရမိသည်။ ခလေးကို နောင်ဒီလိုမရိုက်မိအောင်
သတိထားပါသည်။ သို့သော် သမီးဖြစ်သူက အတိတ်ကဖြစ်ရပ်ကို လုံးဝမမေ့နိုင်ပါ။ သူ့ဘ0xJrSာ
အမေသူ့ကို ပြုမိသောအကောင်းတွေ အများကြီးရှိခဲ့သော်လည်း အဆိုပါအမဲ စက်ကလေးတခုကို သမီးစိတ်အနာရွတ်ဖြစ်နေသည့်
အတွက်ကြောင့် သူမမေ့နိုင်တာကို ကျမတွေ့ရပါသည်။ ကျမ မိဘအတွက် သင်တန်းလိုက် ပေးသောအချိန်မှာ
ကလေးကိုရိုက်သင့်မရိုက်သင့် ဆွေးနွေးလာခဲ့ပါသည်။ အများအားဖြင့် မိဘတွေက ခလေးကို သူနေရာနှင့်
သူရိုက်သင့်ပါတယ်လို့ ပြောင်းပြောကြပါသည်။ သို့သော် စိတ်ဆိုးသောအချိန်မှာ ခလေးကိုမဆုံးမပါနှင့်။
စိတ်အေး သွားအောင် တစ်နာရီလောက် အချိန်ယူပြီးမှဆုံးမပါ။ ကျမအဲဒီလို အကြံပေးလိုက်တော့
မိဘများက ဟာ အဲဒီလိုသာဆို ခလေး ကိုဘယ်တော့မှ မရိုက်ရတော့ဘူးပေါ့ဟု ပြောလာပါသည်။ ခလေးကို
ရိုက်နှက်ဆုံးမခြင်းအပြင် အခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပြစ်ဒဏ်ပေးနည်းတွေလည်း
အများကြီးရှိပါတယ် ခလေးကျူးလွန်သောပြစ်မှုနှင့်လည်း လျော်ညီ၍ သင့်တော်သော ပြစ်ဒဏ်ကို
ရွေးချယ်ရန် လိုပေလိမ့်မည်။
သွေးအေးသွားမည့်နေရာသို့ပို့ခြင်း။
နုတ်နှင့်ပြောဆိုဆုံးမခြင်း။ ။
တည်ငြိမ်သောလေသံနှင့် လေးနက်စွာပြောဆိုဆုံးမခြင်း စသည်ဖြင့်။ တခိျု့မိဘကလက် ၀ါးနှင့်
ရိုက်ခြင်းသည် အခြားအပြစ်ပေးခြင်းနှင့်မတူပဲ ကြမ်းတမ်း၍ စိတ်မထိန်းနိုင်ဘဲ ခလေးကိုအော်ငေါက်ခြင်း၊
နားရင်းအုပ်ခြင်း စ သည်တို့သည် ခလေးကိုရက်စက်စော်ကားရာရောက်ပြီး ခလေးများစိတ်ဒဏ်ရာ
ရစေနိုင်သည်။ စိတ်မထိန်းနိုင်ဘဲ ရိုက်နှက်ခြင်း ကြောင့် ရုပ်ကိုယ်ခနြွာပိုင်းနာကျင်မှုနှင့်
ရက်စက်ခံစားရမှုတို့အပေါ် စိတ်အနာရွတ်ထင်ခြင်းက ထပ်ဆင့်၍ နှစ်ထပ်ကွမ်းကြေကွဲ ဖွယ်ဇာတ်လမ်းသာ
ဖြစ်ပေတော့သည်။ အòပသဘောဘောဆောင်၍ အမြဲတမ်းအဆုံးသတ်ပါ။ မည်သည့်ပြစ်ဒဏ်မဆို ဒဏ်ခတ် ပြီးတိုင်း
နောက်ဆုံးပြောသောစကားသည် အòပသဘောဆောင်ရမည်။ သင်၏ခလေးအမှားòပမိကြောင်း သူတို့ကိုယ် တိုင်သိစေရန်
အလွန်အရေးကြီးပါသည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို သင်ချစ်ကြောင်းသိစေရန် အရေးကြီးပါတယ်။
ထို့ကြောင့် သူတို့ကိုချစ်၍ သာ ဤသို့အပြစ်ပေးရကြောင်းကို သူတို့သေသေချာချာသိပါစေ။
(သားတို့၊သမီးတို့ စိတ်ထိခိုက်စေရတာထက် မေမေအများကြီးပို ပြီး စိတ်ထိခိုက်ပါတယ်) ဟူ၍ပြောပြပါ။
ကိုယ်ခလေးတွေကိုကိုယ် အပြစ်ပေးရသည်မှာ စိတ်ထိခိုက်စရာကောင်းပါသည်။ သို့သော် မိဘကောင်းတစ်ဦးသည်
အပြစ်ဒဏ်ပေးပြီးတိုင်း စိတ်ထိခိုက်ရသော်လည်း မလွှဲမရှောင်သာစည်းကမ်းထိန်းရ သည်သာဖြစ်
ပါတသည်။ ဤသည်မှာ သူတို့ရင်သွေးများကို ချစ်လွန်း၍ မမှားသင့်သည်ကို မမှားအောင်၊ ပျက်စီးရာပျက်စီးကြောင်း
ဖြစ်မှန်ကို စောစောစီးစီးကြိုတင် နားလည်ထားရအောင် ဆုံးမခြင်းသာဖြစ်သည်။ ထို့ကြောင့်
ခလေးကိုချစ်ပါ။ စည်းကမ်းထိန်းပါ။ စည်းကမ်း သည် ခလေးတို့၏ အကျင့်စာရိတ္တကောင်းဖို့အတွက်၊
အဆိုးနှင့် အကောင်းခွဲခြားတတ်ရန်အတွက် ဖြစ်သည်။ သမ္မာကျမ်းစာအုပ် ထဲ၌ ကလေးတို့မည်သည့်လမ်းကို
လျှောက်လှမ်းသင့်ကြောင်း သင်ပေးပါ။ သူတို့ကြီးပြင်းလာသောအခါ ထိုလမ်းကိုသာ ဆက်လျှောက်လှမ်းပါလိမ့်မည်ဟု
လမ်းညွန်ထားပါသည်။
သင့်ခလေးကို အမှန်အကန်òပလုပ်ခြင်းအတွက်
သင်ချီးမွမ်းပါ။ အပြစ်ဒဏ်ပေးခြင်းနှင့် ချီးမွမ်းခြင်းနှစ်မျိုးလုံးကို òပလုပ်ရ မည်။
ခလေးတို့ကို အကောင်းဆုံးဖြစ်မြောက်သည့်အတွက် မဟုတ်ဘဲအကောင်းဆုံးကျိုးစားသည့်အတွက် ချီးမွမ်းပါ။
စိတ်အား ထက်သန်စွာချီးမွမ်းပါ။ စိတ်မပါတပါနှင့် မချီးမွမ်းပါနှင့်။ ယေဘုယျသဘောဆောင်၍
မချီးမွမ်းပါနှင။့် သီးသီးသန့်သန့်ဖော်ပြ ချီးမွမ်း ပါ။ သင့်ခလေးနှင့် ပြောဆိုဆက်ဆံရာတွင်
အဖျက်သဘောထက် ပိုမိုအòပသဘောဆောင်ကာ ဆက်ဆံပြောဆိုပါ။
သင့်ခလေးများကို မည်သို့မချီးမွမ်းသင့်ကြောင်း ဖော်ပြပါမည်။
၁။ ဟန်ပြချီးမွမ်းမှုကို ရှောင်ကျဉ်ပါ။ ။ ကလေးကို လိမ်ညာ၍မချီးမွမ်းပါနှင့် သဘောရိုးနှင့် ချီးမွမ်းပါ။
သဘောရိုးနှင့်မချီးမွမ်းလျှင် မည်သို့မျှအကျိုးရှိမည် မဟုတ်ပါ။ ကိုယ်တကယ်ချီးမွမ်းသည့်
အခါကျလျှင် သူတို့ကအယုံအကြည်ကင်းမဲ့သွားမည်။
၂။ ရိပ်ဖမ်းသံဖမ်းချီးမွမ်းမှုကို ရှောင်ကျဉ်ပါ။ ။ ချီးမွမ်းသည့်အခါ သဲသဲကွဲကွဲချီးမွမ်းပါ။
သို့မှသာ သင့်ခလေးတို့သည် အဘယ့် ကြောင့် ချီးမွမ်းခံရကြောင်း
အတိအကျသိ၍ သူတို့၏စွမ်းပကားများကို စတင်သတိထားမိပါလိမ့်မည်။ တော်လိုက်တာ လိမ္မာ လိုက်တာဆိုရုံနှင့်
မပြီးပါနှင့်။ အဘယ်ကြောင့် တော်သည်ပြောရကြောင်း ရှင်းပြပါ။
၃။ ထမြောက်အောင်မြင်မှုနှင့် ဆက်စပ်ချီးမွမ်းမှုကိုရှောင်ကြဉ်ပါ။ ။ ခလေးတွေကို ထမြောက်အောင်မြင်သောကြောင့်
ချီးမွမ်းခြင်းမျိုးမဟုတ်ပဲ ယင်းထမြောက်အောင်မြင်မှုအတွက် လိုအပ်သောကျွမ်းကျင်မှုနှင့်
အင်အားစိုက်ထုတ်ကြိုးပမ်းမှုအတွက် ချီးမွမ်းပါ။
၎။ အရည်အချင်းစစ်ချီးမွမ်းမှုကို ရှောင်ကြဉ်ပါ။ ။ ခလေးတို့၏ အားသွန်ခွန်စိုက်ကြိုးစားမှုကို ချီးမွမ်းပါ။
ယခုထက်ကောင်းအောင် နောက်ထပ်မည်သို့ဆက်လက်ကြိုးပမ်းနိုင်သေးကြောင်း သူတို့ကိုအကြာကြီးဟောမပြောပါနှင့်။
ဤသို့òပမည့်အစား သူ၏အောင် မြင်မှုအတွက် ပီတိဖြစ်ပါစေ။ သင်သည် ကိုယ်တတ်တိုင်း ဆက်၍ကွန့်နေမည်ဆိုလျှင်
ခလေး၏မှုလတီထွင်ဖန်တီးနိုင်မှု သို့မဟုတ် ကြိုးပမ်းမှုလေ့လာမှုများနှင့်
ပတ်သက်၍ဂုဏ်ယူစရာများစွာ ကျန်ရှိတော့မည်မဟုတ်ပါ။ ထို့အပြင် ကလေးများ မည်သို့óကိးစား
ထားသည်ဖြစ်စေ သင့်အတွက်မည်သည့်အခါမျှ ကောင်းနိုင်မည်မဟုတ်ဟု စွဲထင်သွားမည်။ သူတို့မှတ်မိသည်မှာ
သင့်ချီးမွမ်းခြင်းမဟုတ် ဝေဖန်မှုသာဖြစ်လိမ်မည်။
၅။ နှိုင်းယှဉ် ချီးမွမ်းမှုကိုရှောင်ပါ ။ ။ ငါ့သမီးကဘယ်သူထက်တော်တယ်။ သားကဘယ်သူထက်တော်တယ်။
ဆိုတာမျိုးမချီး မွမ်းပါနှင့် တကယ်အရေးကြီးသော နှိုင်းယှဉ်ချက်သည် သူတို့၏ ယခင်ဆောင်ရွက်မူနှင့်
နှိုင်းယှဉ်းခြင်းပင်ဖြစ်သည်။ သူတို့အကောင်း ဆုံး óကိးစားဆောင်ရွက်ပြီဆိုလျှင် လုံလောက်ပြီဖြစ်သည်။
မည်သူထက်ညံ့သည်ဆိုခြင်းမှာ ကလေးအတွက်မကောင်းပါ။ ကလေး များသည် သူတပါး၏ စံချိန်စံညွန်းနှင့်မဟုတ်ပဲ
သူတို့၏စံချိန် စံညွှန်းများနှင့် တိုင်းတာခြင်းအားဖြင့် များစွာအထောက်ကြူုပရာ ရောက်ပါ
သည်။
၆။ တစ်စုံတခုကိုမျှော်ကိုး၍ အမြတ်ထုတ်ချီးမွမ်းမှုကို ရှောင်ပါ။ ။ ဥပမာ- သမီးဖျော်တဲ့ဖျော်ရည်က သောက်လို့ကောင်းမှ
ကောင်း ဒါကြောင့်နောက်ဆို သမီးဘဲဖျော်ပေးနော် ဆိုတဲ့မြေ‡ာက်ပင့်ခိုင်းတာမျိုး၊
တကယ်တမ်းမှာ ချီးမွမ်းခြင်းနှင့် တစ်စုံတခုòပလုပ် ခြင်းတို့ကို မရောနှောသင့်ပေ။ ခလေးတို့နှင့်ပတ်သက်၍
တကြိမ်မျှဖြောင့်ဖြောင့်မတ်မတ်မòပမိလျှင် နောင်အကြိမ်ကိုယ်ဖြောင့်မတ် သည့်အခါ ခလေးကမည်သို့
ယုံကြည်တော့မည်နည်း။
၇။ ရုပ်ဝတ္တုမက်လုံးပေးမှုကို ရှောင်ပါ။ ။ သမီးတို့စာမေးပွဲမှာပထမရရင် လိုချင်သော နာရီဝယ်ပေးမယ်။
ဂုဏ်ထူး၂-ဘာ သာနှင့်အောင်ရင် စက်ဘီးဝယ်ပေးမယ် စသည်ဖြင့် ကျမတို့ခလေးကိုပြောဘူးကြပါတယ်။
နောက်သူတို့ကြိုးစားပြီး စာပေးပွဲအောင် တယ်ပြောတဲ့အတိုင်း သူတို့ရသွားတယ် မိဘကအခြေအနေအမျိုးမျိုးကြောင့်
မ၀ယ်ပေးနိုင်တော့ဘူး။ မိဘကပေးထားသော ဂတိသစ္စာနှင့်မတည့်တော့ဘူး နောက်ခလေးတွေက လူကြီးပြောသောစကားတွေကို
သူတို့အတွက် ဘာမျှအကျိုးသက်ရောက် မည် မဟုတ်ပါ။
မိဘများ သတိပြုရန်အချက်များ။
၁။ ချီးမွမ်းခြင်းနှင့် အားပေးခြင်းသည် ကောင်းသောစည်းကမ်းအတွက်
မရှိမဖြစ်လိုအပ်သည့် လက်နက်ကိရိယာဖြစ်သည်။
၂။ ချီးမွမ်းခြင်းသည် ကလေးတို့ကိုသူတို့အဖိုးတန်ကြောင်းပြောသည့်အပြင်
သူတို့ကိုချစ်ကြောင်း ခံစားရစေသည်။
၃။ ခလေးတို့၏ ကောင်းသောအပြုအမူအတွက် ချီးမွမ်းခြင်းသည် သူတို့၏စွမ်းပကာများအပေါ်၌
အခြေခံ၍တိုးတက်အောင် စေ့ဆော် တိုက်တွန်းနိုင်သည့်အပြင် သူတို့၏ပျော့ညံ့ချက်များနှင့်
စပ်လျဉ်း၍လည်း အလိုက်သင့်òပနိုင်အောင် ယုံကြည်စိတ်ချမှုကို ပေးသည်။
၎။ ခလေးတို့သည် ချီးမွမ်းခံလိုကြသည်။ ထို့ကြောင့် သင့်ချီးမွမ်းသည်များကို
ဆက်လက်လုပ်ကိုင်ကြလိမ့်မည်။
၅။ ချီးမွမ်းခြင်းသည်လည်း အမြဲတစေရိုးသားဖြူစင်ပါစေ။ ဤသို့မဟုတ်လျှင်
ကောင်းကျိုးထက် ဆိုးကျိုးအဖတ်တင်လိမ့်မည်။
သင်သည် အခန်းကဏ္ဍစံပြဖြစ်ကြောင်း သတိရပါ။
မိဘသည် သားသမီးများအတွက် အခြေခံအုတ်မြစ်ချပေးသည်။ အခြေခံအုတ်မြစ်သည်
အသက်တမျှအရေးကြီးလှပါသည်။ အုတ် မြစ်မကောင်းလျှင် သင်အကြီးအကျယ်ဒုက္ခတွေ့ရလိမ့်မည်။ ခလေးတို့၏ဘ၀သည်
ကျန်ဘ၀သက်တမ်းတလျှောက်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ မည်သည့်အဆောက်အအုံကို တည်ဆောက်သည်ဖြစ်စေ
အခြေခံအုတ်မြစ်သည် ယင်းအဆောက်အအုံကို ပံ့ပိုးနိုင်လောက်အောင် ခိုင်ခံပြီး အားကောင်းမှ
òပိမကျအောင် ထိန်းနိုင်မည်ဖြစ်သည်။ လူ့အဖွဲ့အစည်းတခုတွင် ရင့်ကျက်သော၊ စေ့ ဆော်မှုကောင်းသော၊
လွတ်လပ်သော၊ ဖန်တီးတည်ထွင်ဥာဏ်ရှိသော အဖွဲ့ဝင်လူကြီးများပေါ်ပေါက်ရေးအတွက် မြေတောင်မြေ‡ာက် ပေးရန် အဓိကတာဝန်သည် မိဘတာဝန်သာဖြစ်ကြောင်း
ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ စာသင်ကျောင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း သိုမဟုတ်
လူမှုအဖွဲ့အစည်းတွင်လည်း တာဝန်ရှိပါသည်။ သို့သော် အဓိကအကျဆုံးမှာ မိဘပင်ဖြစ်ပါသည်။ ငါးများ
ပုပ်သိုးသည့်အခါ ဦးခေါင်းကစ၍ပုပ်သည်။ သားသမီးမကောင်းလျှင် မိဘခေါင်းဟုဆိုးရိုးစကားများအတိုင်းပင်
ဖြစ်သည်။ ခလေးများ သည် ရေမြု‡ပ်ကဲ့သို့ဖြစ်ရာ သူတို့၏တန်ဖိုးထားရှိမှုများကို
တနေရာရာမှစုပ်ယူထားမည်သာ ဖြစ်သည်။ ထို့ကြောင့် သင်ကသူတို့ ကိုမလွမ်းမိုးလျှင် အခြားသူကလွှမ်းမိုးသွားမည်မှာ
သေချာသည်။ အကယ်၍ ခလေးများကို တစုံတယောက်က လွှမ်းမိုးမည်ဆိုလျှင် ထိုသူသည် သင်သာဖြစ်သင့်သည်။
အကယ်၍သင်တန်ဖိုးထားရှိမှုများသည်လည်း ကလေးကိုအမွေပေးထိုက်လောက်အောင် မကောင်ဟုဆိုလျှင်
ယခုပင်ပြောင်ပစ်လိုက်ပါ။
သင့်ခလေးတို့သည် သူတို့၏ဘ၀ကိုစာလုံရေစအချိန် အချိန်ဖြစ်ပါသည်။
သူတို့၏ဘ၀တသက်တာ ပင်လယ်ပြင်၌ စတင်ရွက်လွှင့်သ ကဲ့သို့ဖြစ်သည်။ သို့ဖြစ်၍ ပဲ့ကိုကောင်းမွန်စွာနိုင်နိုင်နင်းနင်းကိုင်နိုင်ဦးမည်
မဟုတ်ပါ။ သူတို့၏ရင့်ကျက်သော၊ အဓိပ္ပါယ်ရှိသောဆုံး ဖြတ်ချက်များ မည်သို့ချမှတ်ရမည့်အကြောင်း
သို့မဟုတ် သုတို့ကိုတိုက်ရိုက်လွှမ်းလာမည့် ထင်မြင်ချက်တòပံတစခေါင်းကို နား လည်အောင်
မည်သို့ကြိုးစားရမည်ဖြစ်ကြောင်း သိမည်လည်းမဟုတ်သေးပေ။ ထို့ကြောင့် သူတို့ကိုလမ်းကြောင်း
ဖြောင့်မတ် အောင် ပဲ့ကိုင်ပေးခြင်းမှာ သင့်တာဝန်ဖြစ်သည်။
သင့်ခလေးများသည် မွေးပြီးလေးငါးနှစ်ခန့်အထိ သင်ပြောဆိုပြုမှုသမျှကိုပုံတူကူး၍
လိုက်နာလုပ်ကိုင်လိုစိတ်ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သင်သာလျှင်သူတို့၏ သူရဲကောင်းဖြစ်သည်၏
သူတို့သည် သင့်ကဲ့သို့သာဖြစ်ချင်သည်။ သင်ထင်မြင်ချက်ထက် မည် သည့်အကြောင်းအရာမျှ ပိုမိုအရေကြီးစရာအကြောင်းမရှိ။
အနာဂတ်တွင် ဤကဲ့သို့သောအချိန်သည် လွန်မြောက်ခဲ့ပြီးဖြစ်သော် လည်း ထိုကာလအတောအတွင်း
သင့်ထံမှသင်ယူခဲ့ရသည်များမှာ သူတို့၏ကိုယ်ရည်ကိုယ်သွေးနှင့် ဘ၀ချဉ်ကပ်နည်းတခုလုံးအ
တွက် အခြေခံများတည်ဆောက်ရေးတွင် အသက်သွေးကြောတမျှအရေးပါလှသည်။ အကယ်၍သင်သည် ဖြောင့်မတ်၍ကျင်နာ
တတ်လျှင် သူတို့လည်း ဖြောင့်မတ်၍ကြင်နာမည်။ သင်သည်ရိုင်းပြ၍ မောက်မာလျှင် သူတို့လည်းရိုင်းပြ၍
မောက်မာလိမ့်မည်။ သင်က အပျင်းကြတတ်သူဆိုလျှင်လည်း သူတို့လည်းအလာတူ ဖြစ်လာပါလိမ့်မည်။
အကယ်၍ သင်သည်အကြမ်းဖက်နည်းနှင့် ကိုယ်လိုရာကို ရအောင်ယူတတ်သူဆိုလျှင်လည်း သူတို့ကသင့်လမ်းစဉ်ကို
လိုက်ရန်ဝန်လေးတော့မည်မဟုတ်။ ထို့ကြောင့် သင်သည်ပဓာနကြလွန်း၍ ဤမဟာဝန်ကြီးအတွက် သင်နည်းလမ်းမှန်ကန်ရန်မှာ
အရေးကြီးလှပါသည်။
ကျမသည် မိခင်များ၏ညည်းငြူသောအသံများ ကြားယောင်တယ်။ ကျမတို့ခလေးတွေ
စာလည်းမကျက်ချင်၊ ကျောင်းလည်းမ တက်ချင်ကြပါ။ ဆရာပေးသောအိမ်စာတွေလည်း ကောင်းကောင်းမလုပ်
ယခုခေတ်ခလေးတွေကို နားမလည်နိုင်ဘူတဲ့ အဲဒါဘယ် လိုဖြေရှင်းကြပါသနည်း။ ကျမ မိခင်တွေကိုအကြံနည်းနည်းပေးချင်ပါသည်။
မိခင်များရော ကိုယ်တိုင်စာဖတ်ကြပါသလား။ ခလေး ငယ်တွေအတွက် ပုံပြင်ကလေးတွေ၊ ကျမ်းစာတွေဖတ်ပေးကြပါသလား။
ဒါမှမဟုတ် ကိုယ်ခလေးကျောင်းကပြန်လာသောအခါ ခလေးတွေကျောင်းစာရသလား၊ ဆရာမဘာစာတွေသင်ပေးသလဲး၊
သားသားတို့ကျောင်းစာရသလား ခလေးကိုယုယုယယမေးဘူး ပါသလား။ ခလေးတွေ စာဖတ်ဝါသနာပါလာအောင်
အိမ်မှာစာအုပ်များများထားပေးပါ။ စာကြည့်ခန်းထားပေးပါ။ ခလေးတွေအ တွက် အချိန်ယူပြီး စာတွေ၊
ပုံပြင်ကလေးတွေဖတ်ပေးပါ။ ခလေး စာပေ၀ါသနာပါလာအောင် လုပ်ပေးရပါမည်။
0 comments:
Post a Comment