Sunday, July 10, 2011

Google + (Google + You)Facebook ကို ယှဉ်ပြိုင်ဖို့အတွက် Google မှ Google + ရဲ့ Service (၅) မျိုး

by Min Min Kyaw Yin on Sunday, July 10, 2011 at 10:59pm
 
မကြာမှီရက်ပိုင်း အတွင်းကမှ Google က မိတ်ဆက်ပေးခဲ့တဲ့ Google + You ကို အသင်းဝင်အများစု သိပြီးသားဖြစ်ကြမယ်လို့ ထင်ပါတယ်။ အခုရှင်းပြမှာက မသိသေးတဲ့ အသင်းဝင်များအတွက်ပါ။ Google+ You လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ Google + ဟာ အခုချိန်မှာတော့ စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် လူတိုင်း အသုံးပြုခွင့် မရရှိသေးပဲ စမ်းသပ်ခွင့်ရချင်တယ်ဆိုရင် Invitation ရဖို့တော့လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် လပိုင်းအတွင်းမှာ အသုံးပြုခွင့်ရတော့မယ့် Google + အကြောင်းကိုတော့ Social Network တွေကို အသုံးပြုနေတဲ့ သူတိုင်း သိထားသင့်ပါတယ်။


Google ဟာ လက်ရှိ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Social Network ဖြစ်တဲ့ Facebook ကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့အတွက် Google + ကို မကြာခင်လပိုင်မှာ ထုတ်လွင့်တော့မှာဖြစ်ပါတယ်။ Facebook ကို ယှဉ်ပြိုင်ဖို့အတွက် Google မှ Google + ရဲ့ Service (၅) မျိုး ကို မိတ်ဆက်ပေးထားပါတယ်။ အဲ့ဒါတွေကတော့ -
1) +Circles
2) +Sparks
3) +Hangouts
4) + Mobile (Instant Upload)
5) +Huddle တို့ပဲ ဖြစ်ပါတယ်။

1) +Circles
+Circles ရဲ့သဘောကတော့ ကျွန်တော်တို့ စိတ်ဝင်စားမှု့တွေ၊ လှုပ်ရှားမှု့တွေ၊ Sharing ပြုလုပ်ချင်တာတွေကို ပြုလုပ်ရန်အတွက် Group တစ်ခု ပြုလုပ်ပြီး ထို Group ထဲကို မိမိ Contacts ထဲမှာ ရှိတဲ့ သူငယ်ချင်းများစွာထဲမှာ မိမိ Sharing ပြုလုပ်သူများကို Drag and Drop ဆွဲပြီး ထည့်သွင်းကာ Sharing ပြုလုပ်လိုက်ခြင်းဖြင့် မိမိ ကန့်သန်ထားတဲ့ Group ထဲမှာသာ မိမိ သိစေလိုသည့်အကြောင်းအရာကို လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး Group တွေခွဲပြီး လည်ပတ်တာဟာ Sharing လုပ်ရန်အတွက် အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး ဖြစ်လာမယ့် Service ဖြစ်ပါတယ်။

2) +Sparks
+Sparks ကတော့ Internet ပေါ်ရှိ Web မှ မိမိစိတ်ဝင်စားတဲ့ သတင်းအချက်အလက်အစရှိတာတွေကို ရိုက်ထည့်ပြီး Add Interest ကို နှိပ်လိုက်ပါက မိမိသိလိုတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေပေးမှာဖြစ်ပြီး ၄င်အချက်အလက်တွေကို + Circles ကနေ မိမိသူငယ်ချင်းတွေဆီကို ပြန်လည်ဝေမျှနိုင်ပါတယ်။ 

3) +Hangouts
+Hangouts ကို အလွယ်ကူဆုံး သဘောပေါ်အောင်ပြောရလျှင် Video Chat လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ အဝေးရောက်သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ ချစ်သူတွေအတွက် face-to-face-to-face chat ပြုလုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။


4) +Mobile
+ Mobile (instant Upload) ကတော့ မိမိဖုန်းကနေ ရိုက်လိုက်တဲ့ ဓာတ်ပုံကို Cloud ပေါ်မှာ ရှိတဲ့ မိမိရဲ့ Private Album ပေါ်မှာ သိမ်းဆည်ပေးထားမှာဖြစ်ပြီး  မိမိရဲ့ဓာတ်ပုံကို Circle ကို အသုံးပြုပြီး မိမိ ပြလိုတဲ့သူတွေကို  Sharing ပြုလုပ်ပေးနိုင်ပါတယ်။
 
5) +Huddle
+Huddle ကတော့ Group Chat ပဲဖြစ်ပါတယ်။

Google+ ရဲ့ Service တွေကတော့ တကယ်ကို အသုံးဝင်ပြီး စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ Google + ကို Demo အနေနဲ့ စမ်းသပ်ချင်တယ်ဆိုရင် ဒီနေရာကနေ စမ်းသပ်ကြည့်နိုင်ပါတယ်။
အခုဆိုရင် Google Chrome နဲ့ Mozilla အသုံးပြုသူတွေအတွက် Google + ကိုအသုံးပြုရင်း Facebook ကိုပါအသုံးပြုနိုင်ရန် အတွက် Add-On လည်းထွက်ရှိနေပြီဖြစ်ပါတယ်။







0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...