Thursday, July 14, 2011

ကမ္ဘာကျော် ပုဂ္ဂိုလ်များ

by Han Thit Nyeim on Thursday, July 14, 2011 at 7:26pm


He is such a bad comedia that his acts are laughable. 
(V. Raghunathan)
............................................................................
 
အဲဒီ အဆိုတော်လား အသံကလွဲရင် အကုန်ကောင်းပါတယ်ဗျာ။


ဟိုလူက ကလေး ၃ ယောက် အဖေလေ... မိန်းမတော့ မယူရသေးဘူးဗျ။

သူက အရက်သောက်ရင် တစ်ခါမှ မမူးဘူး၊ တစ်ခါတည်း မှောက်အိပ်သွားတော့တာ

ခင်ဗျားမှာ မကောင်းတဲ့ အကျင့်လေးတွေ ရှိတာကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ်

ကျွန်မသားလေ... အရမ်းတော်တာ ခက်တာက သူတော်တာ ဘယ်သူမှ မသိဘူး။

ဟေ့ ငါတို့ ရပ်ကွက်လူကြီးက မိန်းမကြောက်တတ်တာပဲ ရှိတာပါ၊ ဆုံးဖြတ်ချက်ချရင်တော့ သိပ်ပြတ်သားတာ။

ကျွန်မသမီးငယ်လေးက ခုဆို စကားတွေ အများကြီး ပြောတတ်နေပြီ၊ တခါတလေ ဖေဖေ၊ တခါတလေကျ မေမေလို့ ပြောတယ်။

ဆက်ပြောလေဗျာ။ သီချင်းနားထောင်နေပေမဲ့ ခင်ဗျားပြောတာတွေ ကြားလိုက်ပါတယ်ဗျ။

ကျွန်တော်အရင်ကဆို အရက်မျိုးစုံသောက်ခဲ့တာ ခုတော့ တစ်မျိုးပဲ သောက်တော့တယ်။

အောင်ဘာလေ ထီနော်၊ ထိုးထားမှ အကျိုးများမယ်။ ဒီဆိုင်ဖွင့်ကတည်းက ပေါက်ဖူးသူမရှိသေးဘူး။ ခင်ဗျားတို့အတွက် အခွင့်အလမ်းပိုများတယ်နော်။

ကျွန်တော်က စာမေးပွဲတွေကို မလွှဲသာလို့သာ ဖြေရတာပါ။ အောင်တယ်ကျတယ် လုံးဝစိတ်မဝင်စားပါဘူးဗျာ။

ငါ့မိန်းမက သိပ်တော်တာ သူချက်တဲ့ ထမင်းတွေဆို ဖြူနေတာပဲ။

ငါ့ယောက်ျားက ငါ့ကိုသိပ်ချစ်တာဟ၊ သူဘယ်သွားသွား ငါစိတ်ရှုပ်မှာစိုးလို့ ဆိုပြီး အိမ်မှာပဲ နေခိုင့်းတယ်။

မိန်းမမရတော့ကော ဘာဖြစ်တုန်း လူပျိုကြီးလုပ်မှာပေါ့ဟေ့။

အမေရေ.. သားမှာ ပိုက်ဆံမရှိတာကလွဲပြီး ကျန်တာအားလုံး အဆင်ပြေပါတယ်။

ငါ့မိန်းမက အင်မတန် အလိုက်သိတာ သူအရက်မူးပြီး ပြန်လာတယ်နော်။ နည်းနည်းမှ ငါ့ကို မရစ်ဘူး။

သူလား ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပေါ့။ ထူးခြားတာက သူပြောတာတွေ ဘယ်သူမှ နားမလည်ကြတာ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...