Monday, July 18, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)

 “ငါအမြဲလိုက်ရှာနေမိတရ် …
ငါလိုချင်တဲ့ အရာဟာ
မမြဲဘူးဆိုတာလဲ ငါသိတရ်
အဲ့ဒါဟာ အချစ် … ဆိုရင်ရော် ….!”
*********


တစ်ယောက်တည်း နေရသော ခံစားချက်ကို ဘာနဲ့မှ မလဲနိုင်။ ဒါပေမယ့် လူဆိုတာ တစ်ယောက်တည်း ဘရ်နေချင်ပါ့မလဲ။ အထူးသဖြင့် မိဘမောင်နှမ သူငယ်ချင်းတွေနဲ့ ခွဲပြီး ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာ နေရတဲ့အချိန်တွေပေါ့။ လူမျိုးခြား ယဉ်ကျေးမှူခြားတဲ့ နေရာမှာ တစ်ယောက်တည်း နေခဲ့တာ ၃နှစ်ပြည့်ခဲ့ပြီပဲ။ ဘာကိုကြောက်နေရဦးမလဲ။ ကိုယ်သာခေါင်းငုံ့နေရင် ကိုယ့်ကို တတ်နင်းသွားမဲ့ သူတွေချည်းပဲ။ တစ်ယောက်တည်းနေတဲ့အချိန်တွေ အားငယ်ပြီး ငိုခဲ့ပေမယ့် သူများတကာရှေ့မှာတော့ ရဲရင့်တဲ့ ကျားမ ကလေးပါ။ အလုပ်မှာလဲ သွက်လက်ဖြတ်လက် ထက်မြတ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ပိုင်ဆိုင်တဲ့သူမို့ အထက်လူကြီးရဲ့ ဦးစားပေးမူတွေ ယုံကြည်အားကိုးမူတွေ တည်ဆောက်နိုင်ခဲ့တာ။ တစ်ခါတလေ အလုပ်မှာ အဆင်မပြေ အမှားအယွင်းတွေ ကြုံလာရင်တော့ အားတင်းပြီး ကိုယ့်ကိုယ်အားပေးရင်း ဖြေရှင်းခဲ့ရတာ။ ညလုံးပေါက် အလုပ်လုပ်ခဲ့တဲ့ ညတွေလဲ များပြီ။ ပိုက်ဆံကြောင့် အလုပ်လုပ်ခဲ့တာ မဟုတ်ပဲ စိတ်ဓါတ်နဲ့ အလုပ်လုပ်ခဲ့တာဆိုတော့ လကုန်တိုင်း ပိုက်ဆံပြသာနာတော့ အမြဲဖြေရှင်းနေခဲ့ရတရ်။ လကုန်ရင် လက်ကျန်ငွေမကျန်ပေမယ့် လုံလောက်နေပါတရ်။ ဘာလိုဦးမလဲ?
*************

အခန်းပြန်ရောက်ရောက်ချင်း ထုံးစံအတိုင်း Gtalk ဖွင့်ပြီး သီချင်းဖွင့်။ ပြန်စာမရေးရသော သော မေလ်းများစွာကျန်နေသေးတာကို သတိရရင်း mail ပြန်ဖွင့်လိုက်သည် …
“အရူးမ … gtalk လေးဘာလေး ဖွင့်ဦး။ နင့်ကို ကိုနိုင်း အကြောင်း သတင်းပေးစရာရှိလို့ .. သူကအခု #$%^#$%^#$%^ …”
“မရတီ … အိမ်ကို ဖုန်းဆက်ပါဦးတဲ့။ အမေက မှာလိုက်တရ် …”
“ရတီ … ကိုနိုင်းကိုပြန်ပြီး ဖြေရှင်းခွင့်ပေးပါဦး။ ပြီးခဲ့တဲ့အချိန်တွေမှာ .. #@$%$#%@ …”
“ဆရာမ … ကျွန်မတို့ သတိရလို့ စာရေးလိုက်တရ် … ဆရာမနေကောင်းရဲ့လား …စာပြန်…”
“မင်္ဂလာပါ … မရတီ … လာမဲ့လ ကျွန်တော်တို့ မဂ္ဂဇင်းအတွက် စာမူရှိရင် ပို့ပေးပါလို့ မျှော်လင့်…@#$%”
“ …………… ”
“……………”
မေလ်းတွေဖတ်ရင်း စာပြန်ပြီးတော့။ သီချင်းဖွင့်ပြီး အိပ်ရာပေါ်လှဲအိပ်နေလိုက်သည်။
ဒီအချိန် ဘာကိုတွေးနေမိမှန်းမသိ။ တစ်ယောက်ယောက်ကို သတိရနေသလိုပဲ။ အင်း … ဟုတ်တရ်။ လွမ်းတရ်ဟ။ တွေးနေရင်းမှ ရတီ အသံထွက်အောင် အော်ရီလိုက်မိသည်။ ပြီးမှ စိတ်ထဲက …
“ငါလွမ်းနေတာတော့ ဟုတ်တရ်။ ဒါပေမယ့် ဘရ်သူ့ကိုလဲ … ဟဟဟ”
စိတ်ကူးထဲ ကိုနိုင်းမျက်နှာကို မြင်ယောင်ရင်း …
“ကိုနိုင်းရယ် … ကိုယ့်သဘောနဲ့ ကိုယ်လုပ်သွားပြီးပြီပဲ။ ဘာလို့ရတီကို ပြန်တောင်းပန်နေချင်တာလဲ။ ကိုနိုင်းနဲ့ ရတီနဲ့ ဇာတ်လမ်းက ပြီးသွားပြီပဲ …။”
ဒါဆို ကိုနိုင်းကို မလွမ်းဘူးဆိုတာ ရတီသေချာနေပြီ။ ဒါဖြင့် ဘယ်သူ့ကိုလွမ်းတာပါလိမ့်။ စိတ်ထဲ တစ်ယောက်ယောက်က ရတီ့ကို စကားပြောနေသလိုပဲ။ ရတီဘေးနား တစ်ယောက်ယောက်ရှိနေသလိုပဲ။ ကဲ .. ရတီရူးတာပါ။ တစ်ယောက်တည်း နေတဲ့အခန်း ဘယ်သူမှ မရှိဘူး။ အတွေးတွေ အကုန်ဖြတ် သီချင်းနားထောင်ရင်း ချက်တင်ဝင်တာပဲ ကောင်းတရ်။ ရတီ့အတွက် ရင်ဖွင့်ဖို့ စကားပြောဖို့က အော်လိုင်းပဲရှိတာ …
************

MoeHkaးးဟိုင်း …ရတီ ..
ရတီးးဟိုင်း .. ကိုမိုးခ …
MoeHkaးးအခုမှပဲ တွေ့ရတော့တရ်။ အလုပ်များနေတာလား …
ရတီးးဟုတ်တရ် ကိုမိုးခရေ … အလုပ်များနေလို့ ရုံှးမှာပဲ ၃ညလောက် အိပ်လိုက်ရတရ် ဒီနေ့မှ အခန်းပြန်ရောက်တရ်လေ
MoeHkaးးအော် .. ရုံးမှာလဲ အမြဲ gtalk ဖွင့်ထားတရ်မဟုတ်လား။ တွေ့ပါတရ်။ ဒါပေမယ့် custom message မှာအလုပ်ရှုပ်နေသည်လို့ ရေးထားလို့ ကိုမခေါ်လိုက်တာ
ရတီးးအင်း ဟုတ်တရ် … ဒီတစ်ပတ်လုံးတော့ မအားလောက်ဘူး။
MoeHkaးးဟုတ်လား။ ရတီက ဘာအလုပ်တွေ လုပ်နေတာလဲ? ကိုယ့်ကိုပြောပြမရ်ဆိုမပြောသေးဘူးနော်။
ရတီးးအင်း … ဒါက အရေးကြီးလို့လား။
MoeHkaးးကိုတို့က အော်လိုင်းမှာ သိကြတာဆိုပေမယ့် ရတီ့ကို အရင်ကပြောခဲ့ဖူးသလိုပါပဲ။ ကိုယ့်ကို အဖြေပေးဦးနော်။
ရတီးးအမယ် … အလုပ်မအားလို့ မစဉ်းစားနိုင်သေးပါဘူးဆိုနော် … တော်ပီ။ အိပ်တော့မရ်။ အလုပ်ကလဲ ပင်ပန်းတရ် … စကားအကောင်းပြောရမလားလို့ သူ့နဲ့ စကားပြောပါတရ်ဆိုမှ .. ဟွန့်။ အိပ်ပြီ … မပြောတော့ဘူး …
***********

ရတီရေးချင်တာရေးပြီး အကောင့်ပိတ် အိပ်သွားခဲ့သည်။ တကရ်တော့ ရတီစိတ်မဆိုးဘူးဆိုတာ မိုးခသိပါတရ်။ သူကအမြဲဒီလိုပဲလေ။ တကရ်တော့ ရတီ့ကို facebook ကနေမြင်ဖူးပြီး သူငယ်ချင်းလုပ်ခဲ့တာပါ။ ရတီနဲ့ ပတ်သတ်ပြီး ခံစားရသမျှကို ဖွင့်ပြောခဲ့ပြီးကတည်းက ရတီအနည်းငယ် ပြောင်းလဲသွားသလို ထင်ရပေမယ့် ရတီကတော့ မသိသလိုနေတတ်သည်။ ဘာဖြစ်မှန်းမသိ ရတီကိုအမြဲတွေ့ချင်နေမိသည်။ Facebook ပေါ်မှ ရတီ့ ပုံတွေကို အမြဲထိုင်ကြည့်နေရင်း အချိန်ကုန်ခဲ့တာ များပြီ။ တကရ်တော့ အချစ်ဆိုတာ တစ်ဖက်တည်းတွေးနေ ချစ်နေလဲ ရတာပဲလာား။ ရတီအကြောင်းတွေးနေရင်သာ ပျော်စရာတွေချည်း … ကိုယ့်အကြောင်းပါ တွေးမိလာတော့ စိတ်ညစ်စရာတွေချည်း။
တကရ်တော့ ကိုယ်လဲ ရတီ့လိုပဲ ရေမြေရပ်ခြားမှာ မိဘဆွေမျိုးများ အားလုံးရဲ့ အဝေးမှာပါ။ ဒါမယ့် ကိုယ့်မှာတော့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ညီအစ်ကိုလိုပင်။ သွားအတူ လာအတူ စားအတူ။ စားပွဲပေါ်ထောင်ထားသော မိသားစုဓါတ်ပုံကို ကြည့်လိုက်တိုင်း ကျန်းမာရေး မကောင်းသော အဖေ့မျက်နှာကိုမြင်ယောင်သည်။ အဖေ့မျက်နှာနှင့်အတူ တစ်ယောက်သော သူရဲ့ မျက်နှာကိုပါ တွဲမြင်ယောင်သည်။ မဖြစ်နိုင်ပါဘူးဟု ခေါင်းကိုခါရမ်းရင်း မျက်လုံးစုံဖွင့်မိချိန် computer screen ပေါ်မှ ရတီ့ဓါတ်ပုံ ပြုံးပြုံးလေးက အားပေးနေသလို …။ ရိုးသား ပွင့်လင်းပြီး ချစ်စရာကောင်းသော ရတီကို သူစတွေ့လိုက်ရချိန် ညီမလေးတစ်ယောက်လို သူကြင်နာချင်သည်။ ရေခြားမြေခြားမှာ တစ်ဦးတည်းနေထိုင်ကြောင်း သိလိုက်ရသောအခါ ပိုပြီးသနားလာသည်။ စောင့်ရှောက်ချင်သည်။ အဆင်ရော်ပြေရဲ့လား။ မိသားစုတွေနဲ့ရော် အဆက်သွယ်ရရဲ့လား …။ ရတီ့အကြောင်းကို မေးတိုင်း အလုပ်လုပ်နေသည်ဟုသာဆိုသည်။ ဘာအလုပ်မှန်းသေသေချာချာ ရတီကမပြောပြ။ ရုံးစာရေးဟုသာ သိရသည်။ ရတီ့အကြောင်း အကုန်သိချင်လာသည်။
***********
“မိုးခ … ဒီဓါတ်ပုံထဲက လူတွေနာမည်ကို မင်းရနိုင်သလောက်စုံစမ်းပေးပါ အနီးဆုံးစပ်ဆက်ပြီး စာရင်းယူထားရမရ်”
“ဟုတ်ကဲ့ အကို … ဒါထိုင်ဝမ်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတုန်းက မဟုတ်လား”
“ဟုတ်တရ်။ နိုင်ငံတော်တ်ာများများက သတင်းထောက်တွေ သွားပြီးသတင်းယူခဲ့ကြတရ်။ ဒါဟာ ဒို့အတွက် အချိန်ကောင်းပဲ။ ဒီဖက်မှာက ဒို့နိုင်ငံကလာပီး သတင်းယူတဲ့ သူတွေထိုင်တရ်လေ။ အဲ့ဒါ ကိုယ်လဲ ရသလောက် မှတ်တမ်းယူခဲ့တာပဲ … ကဲမင်း ဆက်လုပ်လိုက်။ ဒီအလုပ်က မင်းနဲ့မစိမ်းပါဘူး … အကိုပြန်တော့မရ်နော်”
“ဟုတ်ကဲ့ အကို … ကျွန်တော် ဆက်လုပ်ထားလိုက်ပါ့မရ်..”
ဓါတ်ပုံထဲမှ လူတော်တော်များများကို သူသိနေသည်။ တစ်ချို့လူတွေကတော့ သိပ်မမြင်ဖူး။ မထင်မှတ်ပဲ ဓါတ်ပုံထောင့်တွင် ရင်းနှီးဖူးသော မျက်နှာလေးကို တွေ့လိုက်ရသည်။ ကိုယ်တစ်ခြမ်းပဲပါလာတော့ သေချာမသေချာဆိုတာမသိ။ အကျီပန်းရောင်နှင့် စကပ်အတို အမည်းရောင်နှင့် ဖိုင်တွဲကိုင်ထားတဲ့ ကောင်မလေးဟာ ရတီဖြစ်နေမလား …။ ဆံပင်ပုံစံကတော့ သိပ်မတူပါဘူး။ ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း … မဟုတ်လောက်ပါဘူး။ ငါစိတ်စွဲနေလို့ ထင်မိတာပါဟု တွေးရင်း … မျက်နှာသေချာစွာ မြင်နေရသော လူများနာမည်ကို စာရင်းဖိုင်ထဲပြန်ရှာရင်း အတည်ပြုချက် ထိုင်ရေးနေလိုက်သည်။
*************

“ဘယ်လို ??? ရတီ့ပုံ ပါနေတရ် ဟုတ်လား …”
“ထင်တာပဲ ရတီ။ ဒါကြောင့် အမပြောတာပေါ့။ အဲ့တုန်းက ကင်မရာကို သတိထားပါလို့ … အန္တရယ်ရှိနိုင်မရ်ဆိုတာ အမသိလို့ ရတီကို မသွားစေချင်တာ။ မတော်လို့ သူတို့ဖက်က ရတီ့နာမည်ရသွားရင် ရတီ့အတွက် မလုံခြုံနိုင်ဘူးလေ”
“ဒါဆို အခုရတီ ဘရ်လိုလုပ်ရမလဲ …”
“ဒီနေ့ကစပြီး ရတီအလုပ်လာမဆင်းနဲ့တော့။ အခန်းမှာပဲနေပြီး အမတို့သတင်းပို့ပေးမရ်။ ရတီ နာမည်ဝှက်နဲ့အလုပ်ဆက်လုပ်ပေါ့။ အမတို့လဲ ရတီကို မဆုံးရှုံးချင်ပါဘူး။ နောက်လ အမတို့ရုံးက staff structure ကို website မှာupdate လုပ်ရင် ရတီ့နာမည်ကို ဖြုတ်ထားလိုက်တော့မရ်။ ရတီအဆင်ပြေဖို့ အတွက်ပါ။ တော်ကြာ … ရတီရဲ့ ကူညီမူကြောင့် နောင်တချိန် ရတီအတွက် အခက်ခဲပြသာနာတွေ မကြုံစေချင်ဘူး”
“ကျေးဇူးပါပဲ အမရယ်။ ရတီကလေ ဒီအလုပ်ကို စိတ်ဝင်စားပါတရ်။ ရတီက ကိုယ့်နိုင်ငံကိုချစ်လို့ ၀င်လုပ်နေတာပါ။ ဒါပေမယ့် ရတီတို့ကို အတိုက်အခံ မဟုတ်မမှန်သတင်းတွေ လွှင့်တရ်လို့ ပြောတာတော့ မလိုချင်ပါဘူး။ ဒီအတွက် အမှန်တရားအတိုင်း ရတီလိုက်လုပ်နေတာပါ”
“ဘာဖြစ်ဖြစ် ရတီ။ ရတီနားလည်ထားရမှာက အတိုက်အခံလဲမဟုတ်ဘူး။ မှန်တရ် မှားတရ်ဆိုတာ လူတွေက သတ်မှတ်ထားကြတာ။ ဆိုတော့ ရတီ … ကိုယ့်ခံယူချက်နဲ့သာ ကိုယ်ဆက်လုပ်။ ဟုတ်ပြီလား ..”
“ဟုတ်ကဲ့အမ … ဒါဆိုရတီ ပစ္စည်းတွေ သိမ်းပြီးပြန်တော့မရ် …”
***************

(ATM)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...