"ထိုင်းမှာ ဒီမိုကရေစီ မသေသေးဘူး (မောင်ဝံသ)"
[By Lu Gyi]
by Maung Wuntha on Monday, 04 July 2011 at 12:56
ထိုင်းနိုင်ငံ ပါလီမန်ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ငါးနှစ်က အာဏာသိမ်း ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ နှမ ယင်းလတ် ရှင်နာဝပ်ထရ ဦးဆောင်တဲ့ ဖြူထိုင်း (Puea Thai party) ပါတီက အနိုင်ရသွားပြီဗျာ။
ယင်းလတ်ဟာ အစ်ကိုသက်ဆင်ရဲ့ ကိုယ်ပွားအဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်တယ်။ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး ရုပ်ရည် သနားကမားနဲ့ ယင်းလတ် ဟာ စီးပွားရေးသမားဘ၀ကနေ နိုင်ငံရေးထဲဝင်ကြဲတာ တကယ်တမ်း နိုင်ငံရေးလုပ်သက်ပြောရင် သီတင်း ၆ ပတ်ပဲရှိသေးတယ် လို့ လန်ဒန်ထုတ် ဂါဒီယန်သတင်းစာကြီးက ရေးလိုက်တယ်ဗျ။ သို့ပေမယ့်ယင်းလတ်က နိုင်ငံရေးစကား ကောင်းကောင်း ပြောတတ်သားပဲ။ ပထမဆုံး သူ ပြောလိုက်တာက ““ဒါဟာ ဖြူထိုင်းပါတီက ရွေးကောက်ပွဲနိုင်လိုက်တယ်လို့ ကျွန်မ မပြောချင်ပါဘူး၊ ဒါဟာ ထိုင်းပြည်သူတွေရဲ့ အောင်ပွဲဖြစ်ပါတယ်”” တဲ့ဗျာ။ အတော် “နပ်”တယ်လို့ ပြောရမယ်ဗျ။
ပြဿနာတွေ တန်းစီလာဦးမယ်
သက်ဆင်အုပ်စုက ရွေးကောက်ပွဲနိုင်လိုက်ပြန်ပြီ ဆိုတော့ ပြဿနာတွေကလည်း တန်းစီပေါ်လာဦးမယ်လို့ ခန့်မှန်းတွေ ထွက်ပေါ် လာတယ်။ ထိုင်းနိုင်ငံရေးမှာ ပုလိပ်လူထွက်၊ စီးပွားရေးသမား သက်ဆင် နိုင်ငံရေးထဲ ၀င်လာပြီး ထိုင်းရတ်ထိုင်းဆိုတဲ့ ပါတီထောင်၊ ၂၀၀၁ ရွေးကောက်ပွဲနိုင်ပြီး ၀န်ကြီးချုပ် တက်ဖြစ်၊ တိုင်းပြည်စီးပွားရေး တက်အောင်လုပ်နိုင်တယ်ဆိုပြီး နာမည်ကောင်းရလာချိန်မှာ သူဟာ ဘုရင်နဲ့ စစ်တပ်နဲ့ လိုက်လျောညီထွေ မဖြစ်တဲ့အတွက် အာဏာသိမ်းခံရ၊ အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့တာ ကလား။
အစိုးရငွေတွေသုံးပြီး စည်းရုံးခဲ့တယ်
သက်ဆင် ၀န်ကြီးချုပ် ဖြစ်ခဲ့ချိန်မှာ အစိုးရငွေစုဘဏ်နဲ့ အစိုးရပိုင် ငွေ ကြေး အဖွဲ့အစည်းတွေကနေ ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖွဲ့များဆီကို ဒေါ်လာ သန်း ၂၃၀၀ ထုတ်ချေးခိုင်းတယ်။ လယ်သမားတွေနဲ့ အသေးစား လုပ်ငန်းရှင်ကလေးတွေဟာ ချေးငွေတွေ မကြုံစဖူး ရခဲ့ကြတယ်။ အစိုးရရဲ့ အိုးအိမ်ဘဏ်ကလည်း အိုးအိမ်ဆောက်လုပ်ရေး ချေးငွေ ဒေါ်လာ သန်း ၅၂၀၀ ထုတ်ချေးခဲ့တယ်။ အိမ်သုံး ပီစီကွန်ပျူတာတွေ ၀ယ်ဖို့ ဒေါ်လာသန်း ၃၀၀ ထုတ်ချေးတယ်။ တက္ကစီကားသစ် တွေ ၀ယ်ဖို့က ဒေါ်လာသန်း ၁၂၀၀၊ အစိုးရ၀န်ထမ်းတွေ အားလပ်ရက် ခံစားခွင့် ချေးငွေတွေ ပေးဖို့က ဒေါ်လာသန်း ၂၂၀၀ အသီးသီး ခွင့်ပြုခဲ့တယ်။
ထိုင်းကျေးရွာ ထောင်ပေါင်း များစွာမှာ မြင်ကွင်းတွေ ပြောင်းလဲ သွားတယ်။ ကျေးလက်တွေမှာ အိမ်သစ်တွေ၊ မော်တော်ဆိုင်ကယ် အသစ်တွေနဲ့ ပေါများလာတယ်။ ရွာသားတွေဟာ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ငွေချေးခွင့်ရှိတယ်။ ယခင် အကြေးတွေ မဆပ်သေးဘဲ ဆိုင်းငံ့ထားတုန်း နောက် အကြေးယူလို့ ရသေးတယ်။
သက်ဆင်အမိန့်နဲ့ ထုတ်ချေးထားတဲ့ ကြေးမြီတွေဟာ နည်းနည်း နောနော မဟုတ်ဘူး။ ၂၀၀၁ က စပြီး အစိုးရပိုင်ဘဏ်တွေက ဆင်းရဲသား တွေအတွက် ထုတ်ချေးရတဲ့ ကြေးပေါင်းဟာ ဒေါ်လာ ၁၃ ဘီလျံ ရှိခဲ့တယ်လို့ ဆိုတယ်။
အမတ်တွေ အရေးမပါတော့ဘူး
ထိုင်းရဲ့ နိုင်ငံရေး ဆက်ဆံမှု အနေအထားလည်း ပြောင်းသွားတယ်။ အမတ်တွေဟာ ပြည်သူလူထုနဲ့ အစိုးရ အကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်ခဲ့ကြရာက သက်ဆင်ခေတ်မှာ အမတ်တွေရဲ့နေရာ ပျောက်သွား သတဲ့။ ပြည်သူလူထု လိုအပ်ချက်ကို လွှတ်တော်ကတစ်ဆင့် အစိုးရထံ တင်ပြ အရေးဆိုရတဲ့ အလုပ်မျိုးကို အမတ်တွေ လုပ်စရာ မရှိတော့ဘူး။ မဲဆန္ဒရှင်တွေက သက်ဆင်အပေါ် ယုံကြည်မှုအပြည့်နဲ့ မဲပေးခဲ့ကြတယ်။ အမတ်လောင်း ဘယ်သူ ဘယ်ဝါ ဆိုတာကို ကြည့်မနေတော့ဘူး။ သက်ဆင်ရဲ့ ခေါင်းဆောင်မှုကို ထောက်ခံပြီး ထိုင်းရတ်ထိုင်း ကို မဲထည့်ခဲ့ကြတဲ့ အနေအထား ဖြစ်သွားတယ်။
သက်ဆင်က ကျေးလက် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ လက်တွေ့ လုပ်ငန်းတွေကို (အမတ် တွေက မတောင်းဆိုရဘဲ) လုပ်ပေးနေတယ်လို့ တောသူတောင်သားတွေက ယုံကြည်နေကြတယ်။
ကျေးလက်ကို ပိုင်ရင် ပြီးရော
သက်ဆင်ဟာ ကျေးလက်တွေကို အပိုင်စည်းရုံးထားနိုင်ရင် နောင် ဘယ်အချိန်ပဲ ရွေးကောက်ပွဲလုပ်လုပ် သူပဲ နိုင်မယ်ဆိုတာ တွက်ထားပြီးသား။ မှန်လည်းမှန်တယ်။ ဒုတိယအကြိမ်ရွေးကောက်ပွဲနိုင်ြ ပီး ၂၀၀၆ခု စက်တင်ဘာ လမှာ အာဏာသိမ်းခံရပြီး နိုင်ငံခြားမှာ ထွက်ပြေးနေရချိန် သူ့တပည့်တွေက ပါတီသစ်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာတောင် နိုင်မြဲနိုင်ကာ အစိုးရ ဖွဲ့နိုင်ခဲ့သေးတာပဲ။ စားတော်ကဲကြီး ဆမတ်ဆိုသူတောင် သက်ဆင်ရဲ့ ကိုယ်ပွားအဖြစ် ၀န်ကြီးချုပ် တက်လုပ်ခဲ့သေးတယ်ဗျ။
နောက်တော့ ဆမတ်အစိုးရကို လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချပြီးတော့ ဘုရင်နဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ လက်ရှိဝန်ကြီးချုပ် အဘီဆစ်တက်လာတယ်။ သူ့အစိုးရကိုလည်း သက်ဆင်ကိုထောက်ခံတဲ့ အနီဝတ်လူထုတွေက ဆန္ဒပြပွဲကြီးတွေနဲ့ ဒုက္ခပေးပြန်တယ်။
သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီ ၂၀၀၁ကစလို့ ရွေးကောက်ပွဲဝင်ခဲ့တာ အခု အကြိမ်ဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။ နာမည်တွေ ပြောင်းပြီး အခုနောက်ဆုံး ဖြူထိုင်းနာမည်ဖြစ်သွားပေမယ့် သက်ဆင်ရဲ့ ပါတီလို့ပဲ ကျေးလက်လူထုက စွဲနေတယ်။
ရှပ်နီဆန္ဒပြပွဲတွေ
၂၀၁၀ နှစ်ဦးပိုင်း မတ်လထဲမှာ ကျွန်တော် ဘန်ကောက်မြို့ကို အလည် ရောက်တော့ ရှပ်နီဝတ်တွေ အကြီးအကျယ် ဆန္ဒပြဖို့ လူစုနေချိန်ဖြစ်တယ်။ ဘန်ကောက်မြို့က အရောင်းအ၀ယ်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသမားတွေ ကျီးလန့်စာစား ဖြစ်နေတယ်။ ဆန္ဒပြပွဲတွေဖြစ်မှာကို ဘန်ကောက်မြို့သူ မြို့သား အများစုက မလိုလားဘူး။ တောကလူတွေ မြို့တက်ပြီး စားရချောင်လို့ ဆန္ဒပြနေကြတာနဲ့ပဲ ငါတို့ အလုပ်အကိုင်တွေ ပျက်ရတော့မယ်လို့ စိုးရိမ်ပူပန်နေကြတယ်ဗျ။
ကျွန်တော်က ဘန်ကောက်မြို့သားတွေရဲ့ အမြင်ဟာ သဘာဝ ကျသလားလို့ မေးကြည့်တော့ ကျွန်တော့် မိတ်ဆွေများက ထိုင်းနိုင်ငံရေးဟာ ရှုပ်ထွေးသယောင်ရှိပေမယ့် မရှုပ်ထွေးတဲ့အကြောင်း၊ အခု ဖြစ်နေတာ တွေဟာ တောနဲ့ မြို့ အာဏာ လွန်ဆွဲပွဲကနေ ပေါက်ဖွား လာခြင်းသာ ဖြစ်ကြောင်း ပြောပြတယ်။ မြို့နေ ပညာတတ်တွေနဲ့ ကြေးရေတတ်တွေ၊ စီးပွားရေးသမားတွေက စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ လက်ရှိအစိုးရကို သဘောကျတယ်။ ဘုရင်ကလည်း လက်ရှိအစိုးရနဲ့ စစ်တပ် ဘက်က ရှိတယ်။ ကျေးလက်က လူတွေကတော့ သက်ဆင်လက်ထက်မှာ သူတို့ အနေအစား ချောင်ပြီး အကျိုးခံစားခဲ့ရတာတွေကို ကျေနပ်နေတယ်။ သက်ဆင်ဟာ အစိုးရငွေတွေကို နားလှည့်ပါးလှည့် လုပ်ပြီး ကျေးလက်က လူတွေကို စည်းရုံးသိမ်းသွင်းခဲ့တယ်ဆိုတာ ရွာသားတွေ မသိဘူး။ သူတို့ဟာ စားရချောင်လို့ ဆန္ဒပြနေကြတယ်ဆိုတာထက် သက်ဆင်လက်ထက်မှာ သူတို့ စားဝတ်နေရေး ပြေလည်ခဲ့တာ အမှန် ဖြစ်လို့ သက်ဆင်နဲ့ သက်ဆင်ပါတီ အဆက်ဆက်ကို ထောက်ခံခဲ့ကြတာလို့ ဆိုတယ်ဗျ။
ငွေများမဲနိုင် ဒီမိုကရေစီလား
ဒါဆိုရင် ““ငွေများ မဲနိုင်”” ဒီမိုကရေစီ ဖြစ်နေပြီလားလို့ ကျွန်တော် သံသယ ဖြစ်လာတယ်။ အခု ယင်းလတ်နိုင်သွားပုံကိုပဲ ကြည့်ဗျာ။ နောက်ဆက်တွဲ ပြဿနာတွေကတော့ တထွေးကြီးလိုက်လာဦးမှာ မြင်ယောင်ပါသေးတယ်။
မည်သို့ရှိစေ၊ ရွေးကောက်ပွဲ အနိုင်အရှုံး တရားဝင်မကြေညာသေးခင်၊ သို့ပေမယ့် မဲအခြေအနေတွေ အတော်သိပြီဆိုရင်ပဲ လက်ရှိဝန်ကြီးချုပ် အဘီဆစ်က သူတို့ရှုံးပါတယ်၊ ဖြူထိုင်းပါတီ နိုင်သွားပါပြီလို့ သဘောထား ကြီးကြီး ဂုဏ်သိက္ခာရှိရှိ ထုတ်ဖော် ပြောဆိုသွားတာ ကြားလိုက်ရတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ မသေသေးဘူးလို့ ကျွန်တော် ယုံကြည်လိုက်ရ ကြောင်းပါဗျာ။
ဆရာမောင်ဝံသ Facebook မှ ကူးယူဖေါ်ပြခြင်းဖြစ်သည်။
View Doc
ထိုင်းနိုင်ငံ ပါလီမန်ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ငါးနှစ်က အာဏာသိမ်း ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ နှမ ယင်းလတ် ရှင်နာဝပ်ထရ ဦးဆောင်တဲ့ ဖြူထိုင်း (Puea Thai party) ပါတီက အနိုင်ရသွားပြီဗျာ။
ယင်းလတ်ဟာ အစ်ကိုသက်ဆင်ရဲ့ ကိုယ်ပွားအဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်တယ်။ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး ရုပ်ရည် သနားကမားနဲ့ ယင်းလတ် ဟာ စီးပွားရေးသမားဘ၀ကနေ နိုင်ငံရေးထဲဝင်ကြဲတာ တကယ်တမ်း နိုင်ငံရေးလုပ်သက်ပြောရင် သီတင်း ၆ ပတ်ပဲရှိသေးတယ် လို့ လန်ဒန်ထုတ် ဂါဒီယန်သတင်းစာကြီးက ရေးလိုက်တယ်ဗျ။ သို့ပေမယ့်ယင်းလတ်က နိုင်ငံရေးစကား ကောင်းကောင်း ပြောတတ်သားပဲ။ ပထမဆုံး သူ ပြောလိုက်တာက ““ဒါဟာ ဖြူထိုင်းပါတီက ရွေးကောက်ပွဲနိုင်လိုက်တယ်လို့ ကျွန်မ မပြောချင်ပါဘူး၊ ဒါဟာ ထိုင်းပြည်သူတွေရဲ့ အောင်ပွဲဖြစ်ပါတယ်”” တဲ့ဗျာ။ အတော် “နပ်”တယ်လို့ ပြောရမယ်ဗျ။
ပြဿနာတွေ တန်းစီလာဦးမယ်
သက်ဆင်အုပ်စုက ရွေးကောက်ပွဲနိုင်လိုက်ပြန်ပြီ
အစိုးရငွေတွေသုံးပြီး စည်းရုံးခဲ့တယ်
သက်ဆင် ၀န်ကြီးချုပ် ဖြစ်ခဲ့ချိန်မှာ အစိုးရငွေစုဘဏ်နဲ့ အစိုးရပိုင် ငွေ ကြေး အဖွဲ့အစည်းတွေကနေ ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖွဲ့များဆီကို ဒေါ်လာ သန်း ၂၃၀၀ ထုတ်ချေးခိုင်းတယ်။ လယ်သမားတွေနဲ့ အသေးစား လုပ်ငန်းရှင်ကလေးတွေဟာ ချေးငွေတွေ မကြုံစဖူး ရခဲ့ကြတယ်။ အစိုးရရဲ့ အိုးအိမ်ဘဏ်ကလည်း အိုးအိမ်ဆောက်လုပ်ရေး ချေးငွေ ဒေါ်လာ သန်း ၅၂၀၀ ထုတ်ချေးခဲ့တယ်။ အိမ်သုံး ပီစီကွန်ပျူတာတွေ ၀ယ်ဖို့ ဒေါ်လာသန်း ၃၀၀ ထုတ်ချေးတယ်။ တက္ကစီကားသစ် တွေ ၀ယ်ဖို့က ဒေါ်လာသန်း ၁၂၀၀၊ အစိုးရ၀န်ထမ်းတွေ အားလပ်ရက် ခံစားခွင့် ချေးငွေတွေ ပေးဖို့က ဒေါ်လာသန်း ၂၂၀၀ အသီးသီး ခွင့်ပြုခဲ့တယ်။
ထိုင်းကျေးရွာ ထောင်ပေါင်း များစွာမှာ မြင်ကွင်းတွေ ပြောင်းလဲ သွားတယ်။ ကျေးလက်တွေမှာ အိမ်သစ်တွေ၊ မော်တော်ဆိုင်ကယ် အသစ်တွေနဲ့ ပေါများလာတယ်။ ရွာသားတွေဟာ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ငွေချေးခွင့်ရှိတယ်။ ယခင် အကြေးတွေ မဆပ်သေးဘဲ ဆိုင်းငံ့ထားတုန်း နောက် အကြေးယူလို့ ရသေးတယ်။
သက်ဆင်အမိန့်နဲ့ ထုတ်ချေးထားတဲ့ ကြေးမြီတွေဟာ နည်းနည်း နောနော မဟုတ်ဘူး။ ၂၀၀၁ က စပြီး အစိုးရပိုင်ဘဏ်တွေက ဆင်းရဲသား တွေအတွက် ထုတ်ချေးရတဲ့ ကြေးပေါင်းဟာ ဒေါ်လာ ၁၃ ဘီလျံ ရှိခဲ့တယ်လို့ ဆိုတယ်။
အမတ်တွေ အရေးမပါတော့ဘူး
ထိုင်းရဲ့ နိုင်ငံရေး ဆက်ဆံမှု အနေအထားလည်း ပြောင်းသွားတယ်။ အမတ်တွေဟာ ပြည်သူလူထုနဲ့ အစိုးရ အကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်ခဲ့ကြရာက သက်ဆင်ခေတ်မှာ အမတ်တွေရဲ့နေရာ ပျောက်သွား သတဲ့။ ပြည်သူလူထု လိုအပ်ချက်ကို လွှတ်တော်ကတစ်ဆင့် အစိုးရထံ တင်ပြ အရေးဆိုရတဲ့ အလုပ်မျိုးကို အမတ်တွေ လုပ်စရာ မရှိတော့ဘူး။ မဲဆန္ဒရှင်တွေက သက်ဆင်အပေါ် ယုံကြည်မှုအပြည့်နဲ့ မဲပေးခဲ့ကြတယ်။ အမတ်လောင်း ဘယ်သူ ဘယ်ဝါ ဆိုတာကို ကြည့်မနေတော့ဘူး။ သက်ဆင်ရဲ့ ခေါင်းဆောင်မှုကို ထောက်ခံပြီး ထိုင်းရတ်ထိုင်း ကို မဲထည့်ခဲ့ကြတဲ့ အနေအထား ဖြစ်သွားတယ်။
သက်ဆင်က ကျေးလက် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ လက်တွေ့ လုပ်ငန်းတွေကို (အမတ် တွေက မတောင်းဆိုရဘဲ) လုပ်ပေးနေတယ်လို့ တောသူတောင်သားတွေက ယုံကြည်နေကြတယ်။
ကျေးလက်ကို ပိုင်ရင် ပြီးရော
သက်ဆင်ဟာ ကျေးလက်တွေကို အပိုင်စည်းရုံးထားနိုင်ရင် နောင် ဘယ်အချိန်ပဲ ရွေးကောက်ပွဲလုပ်လုပ် သူပဲ နိုင်မယ်ဆိုတာ တွက်ထားပြီးသား။ မှန်လည်းမှန်တယ်။ ဒုတိယအကြိမ်ရွေးကောက်ပွဲနိုင်ြ
နောက်တော့ ဆမတ်အစိုးရကို လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချပြီးတော့ ဘုရင်နဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ လက်ရှိဝန်ကြီးချုပ် အဘီဆစ်တက်လာတယ်။ သူ့အစိုးရကိုလည်း သက်ဆင်ကိုထောက်ခံတဲ့ အနီဝတ်လူထုတွေက ဆန္ဒပြပွဲကြီးတွေနဲ့ ဒုက္ခပေးပြန်တယ်။
သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီ ၂၀၀၁ကစလို့ ရွေးကောက်ပွဲဝင်ခဲ့တာ အခု အကြိမ်ဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။ နာမည်တွေ ပြောင်းပြီး အခုနောက်ဆုံး ဖြူထိုင်းနာမည်ဖြစ်သွားပေမယ့် သက်ဆင်ရဲ့ ပါတီလို့ပဲ ကျေးလက်လူထုက စွဲနေတယ်။
ရှပ်နီဆန္ဒပြပွဲတွေ
၂၀၁၀ နှစ်ဦးပိုင်း မတ်လထဲမှာ ကျွန်တော် ဘန်ကောက်မြို့ကို အလည် ရောက်တော့ ရှပ်နီဝတ်တွေ အကြီးအကျယ် ဆန္ဒပြဖို့ လူစုနေချိန်ဖြစ်တယ်။ ဘန်ကောက်မြို့က အရောင်းအ၀ယ်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသမားတွေ ကျီးလန့်စာစား ဖြစ်နေတယ်။ ဆန္ဒပြပွဲတွေဖြစ်မှာကို ဘန်ကောက်မြို့သူ မြို့သား အများစုက မလိုလားဘူး။ တောကလူတွေ မြို့တက်ပြီး စားရချောင်လို့ ဆန္ဒပြနေကြတာနဲ့ပဲ ငါတို့ အလုပ်အကိုင်တွေ ပျက်ရတော့မယ်လို့ စိုးရိမ်ပူပန်နေကြတယ်ဗျ။
ကျွန်တော်က ဘန်ကောက်မြို့သားတွေရဲ့ အမြင်ဟာ သဘာဝ ကျသလားလို့ မေးကြည့်တော့ ကျွန်တော့် မိတ်ဆွေများက ထိုင်းနိုင်ငံရေးဟာ ရှုပ်ထွေးသယောင်ရှိပေမယ့် မရှုပ်ထွေးတဲ့အကြောင်း၊ အခု ဖြစ်နေတာ တွေဟာ တောနဲ့ မြို့ အာဏာ လွန်ဆွဲပွဲကနေ ပေါက်ဖွား လာခြင်းသာ ဖြစ်ကြောင်း ပြောပြတယ်။ မြို့နေ ပညာတတ်တွေနဲ့ ကြေးရေတတ်တွေ၊ စီးပွားရေးသမားတွေက စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ လက်ရှိအစိုးရကို သဘောကျတယ်။ ဘုရင်ကလည်း လက်ရှိအစိုးရနဲ့ စစ်တပ် ဘက်က ရှိတယ်။ ကျေးလက်က လူတွေကတော့ သက်ဆင်လက်ထက်မှာ သူတို့ အနေအစား ချောင်ပြီး အကျိုးခံစားခဲ့ရတာတွေကို ကျေနပ်နေတယ်။ သက်ဆင်ဟာ အစိုးရငွေတွေကို နားလှည့်ပါးလှည့် လုပ်ပြီး ကျေးလက်က လူတွေကို စည်းရုံးသိမ်းသွင်းခဲ့တယ်ဆိုတာ ရွာသားတွေ မသိဘူး။ သူတို့ဟာ စားရချောင်လို့ ဆန္ဒပြနေကြတယ်ဆိုတာထက် သက်ဆင်လက်ထက်မှာ သူတို့ စားဝတ်နေရေး ပြေလည်ခဲ့တာ အမှန် ဖြစ်လို့ သက်ဆင်နဲ့ သက်ဆင်ပါတီ အဆက်ဆက်ကို ထောက်ခံခဲ့ကြတာလို့ ဆိုတယ်ဗျ။
ငွေများမဲနိုင် ဒီမိုကရေစီလား
ဒါဆိုရင် ““ငွေများ မဲနိုင်”” ဒီမိုကရေစီ ဖြစ်နေပြီလားလို့ ကျွန်တော် သံသယ ဖြစ်လာတယ်။ အခု ယင်းလတ်နိုင်သွားပုံကိုပဲ ကြည့်ဗျာ။ နောက်ဆက်တွဲ ပြဿနာတွေကတော့ တထွေးကြီးလိုက်လာဦးမှာ မြင်ယောင်ပါသေးတယ်။
မည်သို့ရှိစေ၊ ရွေးကောက်ပွဲ အနိုင်အရှုံး တရားဝင်မကြေညာသေးခင်၊ သို့ပေမယ့် မဲအခြေအနေတွေ အတော်သိပြီဆိုရင်ပဲ လက်ရှိဝန်ကြီးချုပ် အဘီဆစ်က သူတို့ရှုံးပါတယ်၊ ဖြူထိုင်းပါတီ နိုင်သွားပါပြီလို့ သဘောထား ကြီးကြီး ဂုဏ်သိက္ခာရှိရှိ ထုတ်ဖော် ပြောဆိုသွားတာ ကြားလိုက်ရတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ မသေသေးဘူးလို့ ကျွန်တော် ယုံကြည်လိုက်ရ ကြောင်းပါဗျာ။
ဆရာမောင်ဝံသ Facebook မှ ကူးယူဖေါ်ပြခြင်းဖြစ်သည်။
0 comments:
Post a Comment