Sunday, July 10, 2011

ဆင်းရဲမှုကို ဆန်းစစ်ခြင်း အပိုင်း (၁)

[By Deper Aung]

ရှေးရိုးအစဉ်အလာ သမိုင်းကြောင်းအရ လူသားတို့ ဖြတ်သန်းခဲ့ရသည့် ခေတ်ကြီး ငါးခေတ် ( သမိုင်းဦး ဘုံမြေ ခေတ် ၊ ကျွန်ပိုင်ရှင်ခေတ် ၊ မြေရှင်ပဒေသရာဇ် ခေတ် ၊ အရင်းရှင် ခေတ် နှင့် ဆိုရှယ်လစ်ခေတ် တို့တွင် လူသားများ အတူတကွ တာထွက် ခဲ့ကြသည် ။ သမိုင်းအာရုံဦး ကာလ ဖြစ်သော သမိုင်းဦး ဘုံမြေခေတ် တွင် လူတန်းစား ကွဲပြားခြားနားမှု ( ၇ှိသူ နှင့် မရှိသူ ) ထူးထူးခြားခြား မရှိခဲ့ချေ ။သို့သော် လူသားးများ စုပေါင်းနေထိုင်မှု ကြီးမားကျယ်ပြန်လာသည် နှင့် အမျှ ပေါ်ပေါက်လာသော လူမှု ပြသာနာ များကို ဖြေရှင်းရန်အလို့ဌာ စီမံခံ့ခွဲ ဆုံဖြတ်သူ (သို့မဟုတ်) လူတန်းစား ပေါ်ပေါက်လာသည့် နောက်ပိုင်းတွင် အခွင့်အာဏာရှိသူ ( သို့မဟုတ်) ဥစွာပစွည်း ပိုင်ဆိုင်သူနှင့် ဥစွာပစွည်း မဲ့သူ ဟူရ်ျ လူတန်းစား ကွဲပြားမှုမှာ သမိုင်းစဉ်တလျောက် ထင်ထင် ရှားရှားကြီး ပေါ်ပေါက်လာပေသည်။ ဥစွာပစွည်း မဲ့မှု ၏ ကိုယ်စားပြု စကားလုံးမှာ ဆင်းရဲမှု ( Poverty ) ပင်ဖြစ်သည် ။
ဖြတ်သန်းလာခဲ့ကြသော လူ့ယဉ်ကျေးမှု အမျိုးမျိုး ထဲတွင် ဆင်းရဲမှု ဟူသော စက်ဝန်းအောက်ရှိ လူတန်းစားများ၏ ဘ၀သည် အောက်ကျနောက်ကျ အခြေအနေမှသည် ကို့ကိုယ်ကို မပိုင်ပဲ အာဏာရှင်ဧကရာဇ်များ၏ စေလိုရာ စေ ဘ၀သို့နည်းလမ်းအမျိုးမျိုး ဖြင့် ကျရောက်ခဲ့ရသည် ။ အဆိုပါ ဆင်းရဲမှု များသည် ကြမ်းတမ်းခက်ထန်သော ဘ၀အမျိုးမျိုးကို ဖြတ်ကျော်ရန် ဖြစ်လာပေသည် ။ လူသားအခွင့်အရေးများကို ဆုံးရုံးနေကြရပေသည် ။ လူသားများ၏ တီထွင် ဖန်တီးနိုင်စွမ်းအား အမြင့်မားဆုံးသို့ တက်လှမ်းနိုင်ခဲ့ကြသော်လည်း ဆင်းရဲမှု ဆက်ထုံးကို မဖျက်နိုင်ကြသေးပါ။ သမိုင်းစဉ်တစ်လျောက် အမြစ်တွယ်လာခဲ့သော ဆင်းရဲမှု သည် လူ့ယဉ်ကျေးမှု ဘောင်ထဲတွင် အရုပ်ဆိုး အကျဉ်းတန် လူမှုရောဂါ ဖြစ်လာပေပြီ ။ လူ့ဘောင်လောက ပြောင်းလဲမှု ၏ တွန်းအားလည်း ဖြစ်စေသည် ။

ဆင်းရဲမှု ဆိုသည်မှာ

ယေဘူယျ အားဖြင့် ဆင်းရဲမှု ကို အဓိပွယ် ဖြင့်ဆိုကြရာတွင် ငွေကြေးသို့မဟုတ်ဥစွာပစွည်း များ လူမှု ရေး အခြေခံအားဖြင့် လုံလောက်မှု မရှိခြင်းကို ညွန်းဆိုကြလေ့ ၇ှိပါသည် ။ အချို့သော ပညာရှင်များက ဆင်းရဲမှု ကို အတိုင်းအတာ ဒီဂရီဖြင့် ဖော်ပြကြရာ နေ့စဉ် အသက်ရှင်မှု အတွက် အခြေခံ လိုအပ်ချက်များ ပြည့်စုံမှု မရှိခြင်း ၊ မပြည့်စုံစွာ ရင်ဆိုင်နေရသော အခြေအနေကို လုံးဝ ဆင်းရဲမှု ( absolutely poverty ) ဟု သတ်မှတ်ကြခြင်း ပင်ဖြစ်သည် ။ အဆိုပါ ၂မျိုးတွင် ပထမ ဖေါ်ပြထားသည့် လုံးဝဆင်းရဲမှု အခြေအနေသည် ငတ်မွတ်ခေါင်းပါးခြင်း ကမ်းနဖူးပေါ်တွင် လျောက်လှမ်းနေသူများ၏ ဘ၀အခြေအနေပင် ဖြစ်ပြီး အချိန်မရွေး သေမင်းချောက်ထဲသို့ ကျရောက်နိုင်သူများပင် ဖြစ်သည် ။ ၄င်းတို့သည် အသက်ရှင်သန်မှု အာမခံ ချက်များ ဖြစ်သော စားစရာ ၊ အ၀တ်အထည်၊ အိုးအိမ် ၊ သန့်ရှင်းသော သောက်သုံးရေ နှင့် အခြေခံ ကျန်းမာရေး တို့ ကင်းမဲ့နေသူများပင် ဖြစ်ကြသည် ။ အဆိုပါ ငတ်မွတ်ခေါင်းပါးမှု နှင့် နပန်းလုံးနေကြရသူ အရေအတွက်သည် ကမာ လုံး အတိုင်းအတာဖြင့် သန်းတစ်ထောင်ကျော် သန့်ရှိသည်ဟု ခန့်မှန်း ကြပါသည် ။ အာရှ၊ အာဖရိက ၊ လက်တင် အမေရိက နှင့် အေ၇ှ့ဥရောပ ဒေသများရှိ ဖွံဖြိုးဆဲနိုင်ငံ များမှအများစု ပင် ဖြစ်သည်။ ဖွံဖြိုးပြိး နိုင်ငံ များရှိ တွေ့ရှိရတတ်သော အိမ်ခြေမဲ့သူများ ၊ ဆင်ခြေဖုန်း ရပ်ကွက်တွင် နေထိုင်ကြသူများ အခြအနေကို ထိုနိုင်ငံရှိ ဖွံဖြိုးပြီး အဆင့်အတန်းနှင့် တိုင်းတာမှုပြုရ်ျနှိုင်းယှဉ်ဆင်းရဲမှုကို သတ်မှတ်ဖေါ်ပြရာတွင် ထိုဖွံဖြိုးပြီး နိုင်ငံရှိ သာမန်အလယ်အလတ်ဝင်ငွေအောက်နိမ့်ကျသည့် ၀င်ငွေရှိသော သူများ၏ အခြေအနေကို ညွန်းဆိုကြလေ့ရှိပါသည် ။

ကမ္ဘာဘဏ်၏ သတ်မှတ်ချက်အရ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်သာ ရရှိကြသော အခြေအနေကို လုံးဝ ဆင်းရဲခြင်း သို့မဟုတ် အလွန် အမင်း ဆင်း ရဲခြင်း ( Absolute Poverty or Extreme Poverty ) ဟုသတ်မှတ်ပြီး ကမာလုံး အတိုင်းအတာ အားဖြင့် သန်းတစ်ထောင်သန့် ရှိသည်ဟု ဆိုပါသည်။ တစ်နေ့ဝင်ငွေ ၂ ဒေါ်လာအောက်သာ ရရှိသည့် အရေအတွက်သည်ကမာ့လူဥိရေ စုစုပေါင်း၏ ၄၅%ခန့် ရှိသည်ဟုလည်း ဖေါ်ပြထားသည် ။ က်ျနေရာတွင် နေ့စဉ် ရှင်သန် ရန် အတွက် အခြေခံ လိုအပ်ချက်များရှိယုံမျှသာ ရှိသော သူများကို လုံးဝ ဆင်းရဲမှု များ၏ အထက်တွင် ရှိသော သာမန်ဆင်းရဲမှု ( Moderate Poverty ) ဟု သတ်မှတ်နိုင်သည်။ အဆိုပါ သာမန်ဆင်း ရဲမှု များသည် တစ်နေ့ဝင်ငွေ ၂ဒေါ်လာအောက်တွင်ရှိပြီးအသက်ရှင်သန်မှုအတွက် စိတ်ချရသောသောက်သုံးရေ ၊ အာမခံချက်ရှိသော ကျန်းမာရေး ၊စနစ်ကျသော သန့်ရှင်းရေး စနစ် ၊ ယဉ်ကျေူးမှု ဆိုင်ရာ ဖျော်ဖြေရေးတို့ ကင်းမဲ့နေသော အခြေအနေပင်ဖြစ်သည် ။ သို့ဖြစ်ရာ သာမန်ဆင်းရဲမှု များနှင့် လုံးဝဆင်းရဲမှု သည်ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများရှိလူများစုတွင်စွဲကပ်နေသော လူမှု ရေး ရောဂါ ဆိုးတစ်ခုပင် ဖြစ်သည် ။

က်ျသို့ဆင်းရဲမှု အတိုင်းအဆကို အဓိပွါယ် သတ်မှတ် ဖေါ်ပြကြရာတွင် မိသားစု ၀င်ငွေနှင့် လူဦးရေ အမျိုးအစား တို့သည်အဖြေအမျိုးမျိုးထွက်စေနိုင်သည်။ တစ်နေ့ ၂ဒေါ်လာဝင်ငွေရှိသည့်မိသားစုသည် မိသားစု ဥိရေ ၂ယောက်သို့ ၃ယောက်ရှိမှသာအသင့်အတင့် ဆင်းရဲမှုဟု ဆိုနိုင်ပြီး ၀င်ငွေ ၂ဒေါ်လာမိသားစု အရည်အတွက် များသောအိမ်ထောင်စု အဖို့မူ အလွန်အမင်းဆင်းရဲမှု ဟုဆိုနိုင်မည် ဖြစ်သည် ။ သို့ဖြစ်ရာ လုံးဝဆင်းရဲမှု နှင့် အသင့်အတင့် ဆင်းရဲမှု တို့သည်အမည်နာမ အားဖြင့်သာ ကွာခြားပြီး စိတ်ချလက်ချ အသက်ရှင်သန်မှု အတွက် အာမခံချက်မရှိသော ဆင်းရဲမှုများပင်ဖြစ်သည်။


ဆင်းရဲမှု အကြောင်းတရားများ
ဆင်းရဲမှု ဖြစ်စေသည့် အကြောင်းတရားများစွာ ပါသည်။ တိကျ သောအချက်တစ်ခုထုတ်ပြ ဖို့ရာ မလွယ်ပါ ။ အဆင်မပြေ လို့ ဆင်းရဲ၊ ဆင်ရဲလို့ အဆင်မပြေ စသဖြင့် အကြောင်းအကျိုး အပြန်အလှန် ဆက်စပ်နေပါသည်။သို့သော်အချို့သော အကြောင်းတရား များသည် အခြေခံအကျဆုံးအချက်များပင် ဖြစ်သည်။က်ျသို့  ဆင်းရဲမှု ကိုဦးတည် သော အခြေခံအချက်များကို ဆန်းစစ်ကြည့်လျင်လူဦးရေ များပြားခြင်း၊အရင်းအမြစ် များခွဲဝေမျှတမှန်ကန် မှု မရှိခြင်း ၊ ခေတ်မီနေထိုင်မှုပုံစံ နှင့် ကုန်ကျမှု စရိတ်၊ကုန်ကျမှု စရိတ် ၊ စံမမှီ ပညာရေးနှင့်အလုပ်အကိုင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာခြင်း၊စီးပွားရေး အသွင်အပြင် နှင့် လူမှု ဖူလုံရေး မက်လုံးတို့ပင် ဖြစ်ပါသည်။

လူဦးရေ များပြားခြင်း
သဘာဝ အရင်းအမြစ်နည်းနည်း မြေဧရိယာကျဉ်းကျဉ်းနှင့်အချိုးမညီစွာ လူဥိးရေ လှိုင်လှိုင်ပေါများနေခြင်းတို့သည် ဆင်းရဲမွဲတေမှုကို လက်ယပ်လှမ်း ခေါ်နေခြင်းပင် ဖြစ်သည် ။ မြေရာနှင့် လူဦးရေ အချိုးအစားအရင်းအမြစ်နှင့် လူဦးရေ အချိုးအစားရှုထောင့်မှ နေရ်ျ လူဦးရေ သိပ်သည်းမှု ( Population Density ) ကိုတိုင်းတညတွက်ချက်ကြပါသည်။ တစ်စုံတစ်ရာ အတိုင်းအတာ ရှိ မြေဧရိယာအကျယ်အ၀န်း သည် သူနှင့် အချိုးညီမျှ သော ဦးရေကို အထောက်အပံပေးနိုင်သည်။ မြေဧရိယာကျယ်ပြန့်စေကာမူ မိရိုးဖလာ လယ်ယာလုပ်ငန်းမွေးမြူရေး တို့ကိုသာ လုပ်ကိုင်နေသော လူအဖွဲ့အစည်း သည်လုပ်အားကဲ ကုန်ထုတ်လုပ်မှု စနစ်ကိုသာ လုပ်ကိုင်ကြရသဖြင့် ပမာဏနည်းပါးသော ထောက်ပံမှု ကိုသာ ထောက်ပံမှု ကိုသာ ရှ၇ှိ နိုင်မည် ဖြစ်သည်။

နိုင်ငံ၏ ဆင်းရဲမှု အတိုင်းအတာ သည် လူဦးရေ သိပ်သည်းမှု နှင့် မြေယာမှ ထောက်ပံပေးနိုင်မှု အချိုးအစား ပေါ်တွင် မူတည်နေရ်ျကား ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမာပေါ်တွင် လူဦးရေ သိပ်သည်းဆမြင့်မားပြီး တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ ၁၁၄၇ ယောက် ရှိပါသည်။ က်ျသို့လူဦးရေ ထူထပ်သောဘင်္ဂလာဒေရှ့်သည် ရှေးရိုးအစဉ်အလာနည်းအားဖြင့်သာ မြေယာ ထွက်ကုန်ကို လုပ်ကိုင်နေကြရသဖြင့် ကမာ့ပေါ်တွင် ဆင်းရဲမှု ဒီက၇ီမြင့်မားသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေခြင်းပင်ဖြစ်သည် ။ဆာဟာရ တစ်ပိုင်း အာဖရိကရှိ နိုင်ငံတောတော်မျာများ သည်တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ ၃၀ အောက်သာ ရှိသောလည်းအစဉ်အလာ လုပ်အားကဲ လယ်ယာ အလုပ်သာ အားထားနေရပြီး မြေဆီလွှာ ညံဖျင်းမှု ၊ စီးပွားရေးရာ အရင်းအမြစ် ရှားပါးမှု ၊ ခေတ်မီနည်းပညာချို့တဲ့မှု တို့ကြောင့် ဆင်းရဲ တွင်းမတက်နိုင်ဖြစ်နေကြ၇သည် ။

ဖွံဖြိုးပြီး နိုင်ငံများတွင်မူ လူဦးရေ ကြီးထွားမှုသည် အခြေခံ အချက်ဖြစ်ရှိမနေပါ။ ခေတ်မီ နည်းပညာ အစွမ်း ဖြင့်နိုင်ငံလူဦးရေ ကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ကြပါသည်။ ဥပမာ အားဖြင့် နယ်သာလန် ၊ ဘယ်လဂျီယံနိုင်ငံ သည် လူဦးရေ သိပ်သည်းထူထပ်သော်လည်း စက်မှု လယ်ယာများကို အပြည့်အ၀ အသုံးချနိုင်ခြင်း မြင့် မား သော လူနေမှု အဆင့်အတန်း ကို ဖန်တီး နိုင်ကြပါသည်။ ဖွံဖြိုးဆဲနိုင်ငံ များတွင် မိသားစု စီမံကိန်းဆိုင်ရာ အသိပညာအားနည်းမှု က နိုင်ငံ၏ လူဦးရေတိုးပွားမှု ကိုဖြစ်ပေါ်စေသော်လည်း ဖွံဖြိုးဆဲနိုင်ငံများတွင် မူ လူဦးရေ ထိန်းချုပ်မှု ကိုစနစ်တကျကိုင်တွယ်နိုင်ခြင်း နှင့် ဆေးပညာတိုးတက်ထွန်းကားလာခြင်းတို့က သက်ကြီးရွယ်အို များပြားမှု  လူဦးရေ ကျဆင်းမှု ကို ဖြစ်ပေါ်စေကာ ကလေးဖွားနှုန်း တိုးတက်မှု ကိုပင် ပြန်လည် အားပေး နေရသည့် အခြေအနေ ပင် ဖြစ်သည် ။

ဒေသဆိုင်ရာ အရင်းအမြစ်ခွဲဝေမှု မျှတမှန်ကန်မှုမရှိခြင်း
ကျွမ်းကျင်သူအချို့ သုံးသပ်ကြသည်မှာ ခေတ်သစ်ကိုလိုနီဝါဒ (neo colonialism )တရားဝင်ဘောင်သွင်းမှု အရ ၊ ကမ္ဘာလုံးချီိစီးပွားရေးအတွင်း အရင်းအမြစ်များ ခွဲဝေအကျိုးပြု ကြရာတွင် ညီမျှမှု မရှိခြင်းကို ဖြစ်ပွားစေပါသည်။ အဆိုပါနိုင်ငံတကာ ကုန်သွယ်မှုတွင် နိုင်ငံစုံကော်ပရေးရှင်း မှတဆင့် ဖွံဖြိုးပြီးနိုင်ငံကြီးများသည် ဖွံဖြိုးဆဲနိုင်ငံများ ( အာရှ ၊ အာဖရိက ၊ လက်တင်အမေရိက) မှကုန်ကြမ်းများ၊ ( ဥပ
မာ ရေနံ ၊ သတ္တုရိုင်း ၊သစ် ) ကို ဈေးပေါပေါ ဖြင့်ရရှိကြသည့်အပြင်လုပ်ခနည်း လုပ်အားကိုပါရရှိကြသည်။ ဖွ့ဖြိုးပြီး နိုင်ငံကြီးများသည် ၄င်းတို့ကုန်ချောထုတ်ကုန် ဖြစ်စဉ်များအတွက် ဆင်းရဲသည့် နိုင်ငံများအပေါ် ( လုပ်အားနည်း ကုန်ကြမ်း ) မှိခိုနေကြရသော် လည်းအကျိုးအမြတ်မှာမူ ဆင်းရဲသည့်နိုင်ငံများအတွက် မဖြစ်စလောက်သာ ရရှိနေကြသည် လွန်ခဲသော ဆယ်စုနှစ်များအတွင်း ဖွံဖြိုးဆဲနိုင်ငံများမှနိုင်ငံအချို့ ( တောင်ကိုရီးယား၊ စင်ကာပူ ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့်ထိုင်း ) ကြွယ်သ ချမ်းသာကြသော်လည်း နိုင်ငံအများစုမှာမူ ဆင်းရဲမှု သံသရာမှ ဖောက်မထွက် နိုင်ဖြစ်နေဆဲပင် ။

လူ့အဖွဲ့အစည်း တစ်ခု သို့ နိုင်ငံတစ်နိုင်ငံ အတွင်းတွင်လည်း ထိုနိုင်ငံရှိနေထိုင်သူများသည် မိမိနိုင်ငံဒေသမှ ထွက်ရှိသော အရင်းအမြစ် များအပေါ် အကျိုးခံစားခွင့် ညီမျှစွာ ရရှိကြ မည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ညံဖျင်းသော စီမံခံခွဲမှု (Bad Governance) ၊ မှားယွင်းသော မူဝါဒ ၊ ကိုယ်ကျိုးရှာ လာဘ်စားမှု တို့ကြောင့် အရင်းအမြစ် ခံစားမှု များမှာ အခြားသော လုပ်ပိုင်ခွင့် ရှိသူထံ ရောက်ရှိသွားကြသည်။သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူတစ်စုတည်းသာ တိုင်းပြည် အရင်းအမြစ်နင့် အကျိုးစီးပွားကို ခံစားနေကြရပြီး အများစုမှာ ဆင်းရဲတွင်း နက် မှ မတက်နိုင်ဖြစ်နေကြရသည် ။

ကမာလုံးဆိုင်ရာ အရင်းအမြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...