Friday, July 8, 2011
အင်တာနက်ဆိုသော မီးကို ကစားကြသူများ
 အလွမ်းခရီးသည်
  အင်တာနက် အင်တာနက်.....
                   တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရေးအပါးဆုံး လူမှုဆက်ဆံရေး တမန်တော်...။ ကမ္ဘာကြီးကို ရွာတစ်ရွာကြီးလောက်သာ သေးငယ်သွားစေမဲ့ လက်နက်ငယ်လေး....။ တဖြည်းဖြည်းနဲ့  သူ့ ရဲ့ လူတွင်ကျယ်မှုက နေ့ စဉ်နှင့်အမျှ တိုးချဲလို့ နေပါတယ်....။ ဒီလို တိုးတက်မြင့်မားလာပုံနှင့်ဆိုလျှင် နောက်ဆုံးလူဦးရေစားရင်း ကမ္ဘာ့ဖွားသေစာရင်းကိုပင် အင်တာနက်နဲ့ ပဲ ကောက်ခံတော့မည်..။ 
                     လိုက်တဲ့သူတွေသာ တစ်ယောက်ပြီး တစ်ယောက်ကျဆုံးသွားမယ် သူ့ ရဲ့ နည်းပညာတွေကတော့ တိုးတက်နေဆဲပါပဲ..။ တိုးတက်မှုရှိရင် ဆုတ်ယုတ်မှုဆိုတာလဲ ရှိတာက လောက နိယာမပါပဲ.. ဘာတွေများတိုးတက်နေလဲ..တိုးတက်မှုရဲ့  နောက်က လမ်းလွှဲဘဝတွေ ဘယ်လောက် ရင်းနှီးကျဆုံးနေရသလဲ....။စစ်တမ်းကောက်လို့  မရနိုင်တဲ့ တိုးတက်မှု=ဆုံးရှုံးချင်းတွေပါပဲ..။
                 တစ်ခါတစ်လေကျတော့ အင်တာနက် ဆိုတာကြီးက “မီး” လိုပါပဲ...။ မီးဆိုတာ လူသားပတ်ဝန်ကျင်မှာ ရှိတဲ့ နေ့ စဉ်အသုံးပြုခံလေးဖြစ်တဲ့ အတွက် သတိတော့ ပြုမိမှာပါပဲ..။ သတိပြုမိသလို သေချာရော သတိထားမိကြလား..။ မီးရဲ့  ကောင်းကျိုးဆိုးကျိုးကို သေချာတွေးမိကြရဲ့ လားမဆိုနိုင်ပါပဲ..။ မီးလို့  ဆိုတဲ့နေရာမှ ထင်းမီးမှ အစလျှပ်စစ်မီးအဆုံး ချက်ပြုတ်စားသောက် အလင်းရောင်သုံးတာတွေအားလုံးပေါ့...။
                   မေတို့ နေ့ စဉ်မီးကို အသုံးပြုနေကြတယ်..။ နေ့ တိုင်းမီးနဲ့  ချက်ပြုတ်စားသောက် နေကြတယ်..။ကိုယ့်ဝမ်းဗိုက်အတွက် ၊ခန္တာအတွက် အာဟာရဖြစ်ဖို့  အစားအစာကို မီးနဲ့  ချက်ပြုတ်စားသောက်နေကြသလိုပဲ..စိတ် ဆိုတဲ့ ဆန္ဒတစ်ခုပြည့်ဖို့ အတွက် chatting ဆိုတာ စကားလုံးတွေကို ချက်ပြုတ်စားသုံးနေကြတာ သတိမှ ထားမိရဲ့ လားမဆိုနိုင်..။ကြူကြတယ် ၊ချက်ကြတယ်။ အပူတွေ လောင်မှန်းမသိလောင်နေကြတယ်..။တစ်ခါတစ်လေ ကိုယ်အပူလောင်လို့  လောင်မှန်းကို ကိုယ့်ကိုကိုယ် သတိမထားမိလိုက်ဘူး...။ ဒီလိုနဲ့ ပဲ တစ်ခါတစ်လေ ဒဏ်ရာကြီးက အတွင်းထဲက လှိုက်စားလို့  မရှုနိုင်မကယ်နိုင်..။ ဒီချက်တင်ကြောင့် ဘဝနဲ့  ရင်ပြီး ဒုက္ခတွေ ရောက်ခဲ့ကြတယ်..။
                     အမှန်တော့လေ မီးဆိုတာ ချက်ပြုတ်စားသောက်ဖို့  တစ်ခုထဲ မဟုတ်ပါဘူး..။ မှောင်နေချိန်မှာ အလင်းရောင်ရဖို့ ကိုလဲ စွမ်းဆောင်နိုင်ပါတယ်..။ နေ ရဲ့  ကိုယ်စား သူ့ အလင်းတွေနဲ့  ကမ္ဘာကြီးကို လမ်းပြပေးသူပါ..။ မီးရောင်ကြောင့်ပဲ နေ့နှင့်ည မခြား နေ့ ဟာည  ညဟာနေ့ ဆိုသလို လူတွေရဲ့  နေ့ နှင့်ည အရေးပါမှုမှာ မီးက အရေးပါ ပုဂ္ဂိုလ်ပါ...။ တိုးတက်မှုတွေများစွာမှာ မီးရဲ့  အရေးပါမှုကို ချန်လှပ်ထားလို့  မရပါဘူး..။
                          ဒီမီးလိုပါပဲ အင်တာနက်ဆိုတဲ့ မီးရဲ့  အရေးပါမှုကလဲ သတိမထားလို့ မရပါခဲ့ပါဘူး..။ အင်တာနက်ကနေ အသိဥာဏ်တွေ ဗဟုသုတတွေ နည်းပညာတွေ ပေးနေတာ မီးက အလင်းရောင်တွေပေးနေသလို အင်တာနက်ကလဲ လူတွေရဲ့  စိတ်ကို မီးမှောင်းထိုးပြနေသလိုပါပဲ..။
                        မျှဝေပေးနေတဲ့ နည်းပညာ ဗဟုသုတတွေဟာ ထွန်းညှိလို့  မကုန်နိုင်တဲ့ အလင်းတိုင်လေး တစ်တိုင်လိုပါပဲ..။ အလင်းရောင်ကို ချစ်ခင်နှစ်သက်သူတွေကတော့ ကျေးဇူးတွေတင်ရင်း တက်မက်စွာ ယူငင်နေကြတာပေါ့..။ ဒီကြားထဲ မီးရောင်အောက်မှာ နေရင်း အမှောင်ကို ချစ်ခင်နေကြသူတွေလဲ ရှိနေကြသေးရဲ့ ..။ လမိုက်ရက်တွေမှာသာ ပျော်တဲ့ မီးရောင်ကြောက်သူတွေ ထင်ပါရဲ့ ..။ တန်ဖိုးရှိလှတဲ့ အလင်းရောင် နောက်ကို လိုက်ရမှာ ကြောက်နေကြပြီး ဝေးသထက် ဝေးအောင် ပြေးနေသလို မှားယွင်းစွာ အသုံးပြုမိခဲ့တဲ့ အခြေအနေတွေလဲ ဖြစ်ပေါ်လို့  လာခဲ့သူတွေက ဒုနဲ့ ဒေး...။
                       တိုးတက်မှုကြီးနောက်ကို အမှီလိုက်ရင်း အင်တာနက်ကို ကြိုးစားတီထွင်ခဲ့သူတွေကတော့ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် အခြေခံပြီး တီထွင်ခဲ့မှာ မဟုတ်ဘူးထင်ရဲ့ နော်.။ ဒါကိုမှ နောက်လိုက်လွှဲတွေရဲ့  စနက်တံဆိုးတွေကြောင့် အကောင်းနဲ့  အဆိုး ဒွန်တွဲသွားပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့တယ်ထင်ပါရဲ့ ..။
                           သင်ဆိုလျှင်ကော အင်တာနက်ဆိုတဲ့ မီးကို ဘယ်လိုသုံးမှာလဲ..။
  မိမိကိုယ်ကို အလင်းရောင်ပြဖို့  သုံးစွဲမှာလား........
  မိမိကိုယ်ကိုနှင့်တကွ အများသူငှာကိုပါ အသိပညာ၊နည်းပညာတွေနှင့် အလင်းရောင်ပြဖို့  သုံးစွဲမှာလား....
  မိမိအတွက်လဲ အကျိုးမရှိ သူတပါးအတွက်လဲ အကျိုးမရှိပဲ ဒီအတိုင်းအချိန်တွေကုန်ဆုံးစေပြီး အလဟသ သုံးစွဲမှာလား...
  မိမိကိုယ်ကို လောင်ကျွမ်းစေမဲ့ မီးအဖြစ် ရင်ကို လောင်ကျွမ်းစေပြီး သုံးစွဲမှာလား....
မိမိ ဘယ်လို သုံးစွဲနေသလဲဆိုတာ မိမိကိုယ်ကို အသိဆုံပါပဲနော်..။
သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဖြစ်စေမဲ့ အင်တာနက်ဆိုတဲ့ မီးကို သုံးစွဲသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးငြိမ်းကြစေဖို့  ဆုမွန်ပြုခဲ့ပါတယ်...။
မီးကို သုံးစွဲရင်း အေးငြိမ်းချင်းရသနှင့် ထိုးထွင်းချင်း အလင်းရောင် ရရှိကြပါစေ..။
လောင်ကျွမ်းခြင်းကင်းမဲ့တဲ့ ချက်ပြုတ်ချင်းနဲ့ လဲ ဆန္ဒတစ်ခုလဲ ပြည့်ဝကြပါစေ....။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...