Friday, April 11, 2014

Myanmar Youth Media Club 09 Apr 2014

MYMC - MYMHOT



Posted: 09 Apr 2014 08:37 PM PDT
Extendable Selfie Arm

Selfie ဓာတ်ပုံတွေ ရိုက်ရတာ နှစ်သက်ကြ ပါတယ်ဆိုတဲ့ စာဖတ် ပရိသတ်များ အတွက် အသုံးဝင်မယ့် ကိရိယာ ၁၀မျိုး အကြောင်း ရွေးချယ် တင်ပြ ထားပါတယ်။
1. Extended Selfie Arm
ကျွန်တော်တို့ Selfie ရိုက်ရာမှာ တစ်ယောက်၊ နှစ်ယောက်လောက် သာပါဝင် တယ်ဆိုရင် မသိသာ ပေမယ့် ခုနှစ်ယောက်၊ ရှစ်ယောက်လောက် စသည်ဖြင့် လူများ လာရင် ရိုက်ရတာ ခက်လှပါတယ်။

ဒီနေရာမှာ Extended Selfie Arm လေးသုံး လိုက်တာက အဆင်ပြေ စေပါလိမ့်မယ်။ ၂၄ လက်မ အထိ ရှည်ထုတ်နိုင်ပြီး ၅ လက်မခွဲ အထိ တိုတောင်းအောင် လုပ်နိုင်တဲ့ အပြင် Remote Shutter လေးပါဝင် တာမို့ အဆင် ပြေလှပြီး တန်ဖိုး ကလည်း ၄၉.၉၉ ဒေါ်လာ သာကျမှာ ဖြစ်ပါတယ်။




2. iPhone coil stand
Selfie ကိုလက်နဲ့လဲ မရိုက် ချင်ဘူး။ Extended Selfie Arm လည်းမသုံး ချင်ဘူး ဆိုရင်တော့ iPhone coil stand လေးသုံးရင် အဆင်ပြေ ပါလိမ့်မယ်။ ကြိုက်တဲ့ အမြင့်ကို ချိန်ထား နိုင်တာမို့ စာဖတ်သူများ အကြိုက် တွေ့မှာဖြစ်ပြီး တန်ဖိုး ကတော့ ၃၄.၉၉ ဒေါ်လာ ကျမှာ ဖြစ်ပါတယ်။


iPhone Coil Stand

3. Celfy Wrap
iPhone coil stand ကိုလဲ မကြိုက် နှစ်သက်ဘူး ဆိုရင်တော့ Celfy Wrap ဆိုတာ ရှိပါ သေးတယ်။ အိမ်တွင်း၊ အိမ်ပြင် အရာဝတ္ထု တစ်ခုခုမှာ ပတ်ထား လိုက်လို့ရအောင် လုပ်ထား ပေးပြီး တန်ဖိုးကတော့ ၉.၉၉ ဒေါ်လာပဲ ရှိပါတယ်။


Celfy Wrap

4. Large Mirror
Selfie ရိုက်ရမှာ အဓိက ကျတာ ကတော့ မှန်ပါပဲ။ ကိုယ်လုံးပေါ် မှန်ကြီးကြီး အိမ်မှာ ရှိနေရင်တော့ အကောင်းဆုံးပေါ့။ ဖြစ်နိုင်ရင် အများသုံး အိမ်သာ တွေထဲမှာ Selfie ရိုက်တာ ကတော့ မလွဲမသွေမှ သုံးသင့် ပါတယ်။ အရည်အသွေး ကောင်းပြီး တစ်ကိုယ်လုံး ပေါ်စေတဲ့ မှန်တန်ဖိုး ကတော့ ၂၄၅.၀၃ ဒေါ်လာ ရှိပါတယ်။


Large Mirror

5. Full spectrum desk lamp
Selfie ရိုက်ရမှာ အဓိကကျ တာကတော့ အလင်းအမှောင်ပါပဲ။ Photo Editing Software တွေများစွာရှိပြီး သူတို့နဲ့ စိတ်ကြိုက် ပြုပြင်လို့ရ ပေမယ့် နဂို ဓာတ်ပုံမှာ ပါဝင်ပြီးသား အလင်းအမှောင် ကောင်းကောင်း ရှိတာလောက်တော့ ဘယ်ကောင်း ပါ့မလဲ။ နောက်ပြီး သဘာဝ အ လင်းရောင်က ကောင်းပေမယ့် နေပူထဲ မှာတော့ ဘယ်သူမှ ချွေးထွက်ခံပြီး မရိုက်ကြပါဘူး။ ဒါ့ကြောင့် ဒီ desk lamp လေးဟာ Selfie ရိုက် ရာမှာ လိုအပ်တဲ့ အလင်း အမှောင်ရဖို့ သုံးစွဲနိုင်ပြီး ၅၅.၃၉ ဒေါ်လာ တန်ဖိုးရှိပါတယ်။


Full Spectrum Desk Lamp

6. Portable full spectrum travel light
အပေါ်က ဖော်ပြခဲ့တဲ့ desk lamp ကြီးကတော့ အိမ်မှာ သုံးဖို့ပါ။ ခရီးသွားရင်း ဘယ်သူမှ အလင်းအမှောင် အတွက် desk lamp ကြီးသယ် သွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဒီ travel light လေးဟာ သယ်ရ လွယ်ကူတာမို့ ခရီးဝေး သွားတဲ့ နေရာမှာ Selfie ရိုက်ရာ အသုံးဝင်မှာ ပါ။ တန်ဖိုးကတော့ ၁၉.၉၅ ဒေါ်လာ ဖြစ်ပါတယ်။


Portable Full Spectrum Travel Light

7. Smartphone camera shutter release remote
ဒီ release remote လေးကတော့ Selfie ကိုနေရာ တစ်ခုခုမှာ တင်ရိုက်ရာမှာ သွားလိုက် လာလိုက် မဖြစ်အောင် တားဆီး ပေးနိုင်မှာ ဖြစ် ပါတယ်။ တန်ဖိုး ကတော့ ၆.၃၉ ဒေါ်လာ ရှိပါတယ်။


Smartphone Camera shutter release remote

8. Hisy remote
ဒီ Hisy remote ကတော့ အပေါ်က remote ထက်ပိုစွမ်း ပါတယ်။ ပေ ၉၀ အကွာ ကတောင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်လို့ ရပါတယ်။ Bluetooth နဲ့ချိတ်ဆက် ရမှာဖြစ်ပြီး တန်ဖိုး ကတော့ ၂၄.၉၉ ဒေါ်လာ ဖြစ်ပါတယ်။


Hisy Remote

9. Photo Editing Apps
Instagram သုံးရလို့ စိတ်ညစ်ညူး နေသူတွေ အနေနဲ့ Photo Editing Apps ဖြစ်တဲ့ Afterlight, VSCOam နဲ့ Landcam တို့လို Appတွေ စမ်းသုံး ကြည့်ကြပါဦး။ VSCOam ကတော့ အခမဲ့ ဖြစ်ပြီး Afterlight က ၀.၉၉ ဒေါ်လာနဲ့ Landcam Price ကတော့ ၀.၉၉ ဒေါ်လာ ရှိပါ တယ်။ စာရေးသူ ညွှန်းလို တာကတော့ အများ သိကြတဲ့ Camera 360 ပါပဲ။


Photo Editing apps

10. Concealer
Selfie ရိုက်မယ်ဆိုမှ ကိုယ့်မျက်နှာ ကြီးက အရောင်အသွေး မကောင်းရင် ဘယ်ဟုတ်မလဲ။ နည်းနည်းပါးပါးတော့ အလှကုန် ပစ္စည်း တွေနဲ့ ပြင်သင့်ရင် ပြင်ရပါမယ်။ အထူးသဖြင့် မျက်ကွင်း ညိုနေတာ တို့လိုမျိုးပေါ့။ တန်ဖိုးကတော့ ၁၀.၇၉ ဒေါ်လာ လောက်ဆို အဆင်ပြေ နိုင်ပါတယ်။


Concealer

Selfie ရိုက်ရာမှာ အသုံးဝင်နိုင်တဲ့ ကိရိယာ ၁၀ မျိုးအကြောင်းကို ဒီတစ်ခေါက် တင်ပြ သွားပါတယ်။ နောက်နောင် များမှာလည်း ဘယ်လိုမျိုး စိတ်ဝင်စား စရာတွေ တင်ပြ သွားဦးမလဲ ဆိုတာကို ဆက်လက် စောင့်မျှော် ဖတ်ရှု ကြပါဦးလို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

Images from beautezine, emilyjane.typepad, digitaltrends, damngeeky, mashable, fatwallet. Source: mashable.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...