Tuesday, April 22, 2014

အဖေတစ်ယောက်၏ ဆုံးမစကား

အဖေတစ်ယောက်၏ ဆုံးမစကား

သားအဖနှစ်ယောက် ရှိပါတယ်။ သားဖြစ်သူက အသက် ၁၅ နှစ် အရွယ် အဖေဖြစ်သူက အသက် ၆၅ နှစ်ကျော် အရွယ်ခန့်လောက် ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သားအဖနှစ်ယောက် ထမင်း လက်စုံစားကြရင်း အဖေဖြစ်သူက စကား အနည်းငယ်ပြောပါတယ်။

ငါ့သား လောကမှာ သားသမီး လေးမျိုးရှိတယ်။
 
ပထမ ငယ်ရွယ်စဉ်မှာ မိဘစကားကို တသွေမတိမ်း နားထောင်ပြီး ကြီးလာသော အခါ စိုးသွမ်းပြီး မိဘကျေးဇူး မသိ မိုက်မဲကြမ်းကြုတ်သော သားသမီး။
 
ဒုတိယ သားသမီးကတော့ ငယ်ရွယ်စဉ်မှာ ဆိုးသွမ်းသော်လည်း ကြီးလာသော အခါ လိမ္မာယဉ်ကျေးကာ မိဘကျေးဇူးကို သိတတ်ပြီး အလုပ်အကျွေးပြုသော သားသမီး။
 
တတိယ သားသမီးကတော့ ငယ်ရွယ်စဉ်မှာလည်း လိမ္မာတယ် ကြီးလာသော အခါမှာလည်း လိမ္မာပြီး မိဘကို ကျေးဇူးဆပ်သော သားသမီး။ အလွန်ပင် ယဉ်ကျေးလိမ္မာသော သားသမီး။
 
နောက်ဆုံး သားသမီးကတော့ ငယ်ရွယ်စဉ် ကတည်းက ဆိုးသွမ်းပြီး ကြီးလာသော အခါတွင်လည်း မိဘကို ကျေးဇူး မဆပ်သည့်အပြင် မိဘကို နည်းအမျိုးမျိုး သုံးပြီး စိတ်ဒုက္ခများ ပေးတတ်သော သားသမီး ဆိုပြီး သားသမီး လေးမျိုးရှိတယ်။
 
ထိုသားသမီး လေးမျိုးရှိသည့် အနက် ယဉ်ကျေး လိမ္မာပြီး မိဘကျေးဇူးကို အမှန်တကယ် သိတတ်သော သားသမီး ဖြစ်နိုင်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...