Saturday, April 19, 2014

မိန်းမဆိုတာ....(ကဲ...သိပြီလား...)


ကိုယ်.မိန်မကို သိပ်သ၀န်ကြောင်ပြီး စိတ်မချဖြစ်နေတတ်တဲ့ ခင်ပွန်း တစ်ယောက်ရှိပါတယ် ..
ူဘယ်နေရာမှာရောက်နေနေ မိန်းမဆီဖုန်းဆက်ပြီး အိမ်မှာရှိနေ/မနေကို စုံစမ်းလေ.ရှိတဲ့သူပေါ.
တစ်နေ.တော. ထုံးစံအတိုင်းခင်ပွန်းဖြစ်သူဟာ - မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။

ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။
နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့
ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။
ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။
နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
အိမ်ရောက်တဲ့အခါသူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့
"သားရေ .. မင်းအမေ ဘယ်မှာလဲကွ"လို့ မေးလိုက်ပါတယ်။"
သား - မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားလေရဲ့''
ရွှေအိမ်စည်စာကြည့်တိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...