Friday, April 25, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၄)

သစ်ထူးလွင်


Posted: 25 Apr 2014 06:41 AM PDT
မုံရွာ၊ ဧပြီ ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အနောက်မြောက်ဘက် ၈ မိုင်အကွာရှိ ချင်းတွင်းမြစ်ကူး တံတားပေါ်တွင် ယခုလ ၂၃ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ တံတားလုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ယာဉ်တိုက်ရာမှ ဒဏ်ရာများ ရရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့ မုံရွာဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်က ပြောကြားသည်။ “ ယာဉ်တိုက်မှုဖြစ်ပွားရာ အရပ်သို့
Posted: 25 Apr 2014 06:34 AM PDT
ကျောက်မဲ ဧပြီ ၂၅ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော်ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦး သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန်
Posted: 25 Apr 2014 06:32 AM PDT
မော်လမြိုင် ဧပြီ ၂၅ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ သတင်းရရယူခွင့် အပြည့်အ၀ရ ရှိရေးအတွက် မွန်ပြည်နယ်တွင် အင်အား (၃၈)ဦးရှိသည့် သတင်းထောက်များ က ယနေ့နံနက် (၈) နာရီတွင် မော်လမြိုင်မြို့ ကမ်းနားလမ်း တစ်လျှောက် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြသည် ။ “ ဆန္ဒထုတ်ဖော်ခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာကို (၂၀) ရက်နေ့က ကျွန်တော်တို့ ခွင့်ပြုချက် တောင်ခံတင်ပြခဲ့ပါတယ် ။ (၂၂) ရက်နေ့မှာခွင့်ပြုချက်ရပြီး ဒီနေ့မှာ
Posted: 25 Apr 2014 04:58 AM PDT
နိုင်ငံရေး ဆုငွေများအနေဖြင့် တာဝန်ထမ်းဆောင်မှု အလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း)မှာ ကျပ် သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀ . . . နိုင်ငံ့ဘဏ္ဍာများအား ယခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် လက်ရှိ ဘောင်းဘီချွတ် အရပ်သား အစိုးရ ခေါင်းဆောင်များက ယခုအချိန်အထိ လက်ဝါးကြီးအုပ် ရယူနေကြဆဲဖြစ်ကြောင်း ၎င်းတို့၏ ရရှိခံစားပိုင်ခွင့်နှင့်
Posted: 25 Apr 2014 04:49 AM PDT
ပြည်၊ မဇ္ဈိမ။ ။ DVB မကွေးသတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရန်နှင့် ဌာနဆိုင်ရာ ရုံးများတွင် လွတ်လပ်စွာ သတင်း ရယူခွင့်ပေးရန် ပြည်မြို့ခံသတင်းသမားများ ခွင့်ပြုချက်မရသော်လည်း ဧပြီလ ၂၅ရက် နံနက် ၉နာရီခွဲက ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်သည့် သတင်းသမားများသည် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် မီဒီယာသမားနှစ်ဆယ်ခန့် စုဝေးကြပြီး ဟောပြောမှုများ ပြုလုပ်ကာ
Posted: 25 Apr 2014 05:00 AM PDT
စဥ့်ကိုင်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း စဥ့်ကိုင်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်ပွဲကို အင်အား၂၀၀ ခန့်ဖြင့် ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် မြို့မရပ်ကွက်ရှိ ဆန်းသီရီ ရုပ်ရှင်ရုံရှေ့မှ စတင်၍ မြို့ပတ်ကာ ဆန္ဒဖေါ် ထုတ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဦးဆောင်၍ ပြည်သူများဖြင့် ပူးပေါင်း ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပြီး
Posted: 25 Apr 2014 04:26 AM PDT
ရန်ကုန်၊ ဧပြီ ၂၅ ၂၅.၄.၂၀၁၄ရက်နေ့ ၀၀၃၀အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက် ရပ်ကွက်နေ ဒေါ်ဝင်းကြည်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးကျော်လှ၊ (၅၅)နှစ်မှ ဖုန်းဖြင့်ဆက်သွယ်၍ “ငါ သတိလစ်တော့မယ်၊ ပိတောက်လမ်းထဲလိုက်ခဲ့”ဟု ပြောဆိုသဖြင့် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်ရှိ ပိတောက်လမ်းသို့လိုက်သွားခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ၀ဲခါးဆစ် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲနံစောင်းထိုးသွင်းဒဏ်ရာ(၁)
Posted: 25 Apr 2014 03:07 AM PDT
မေလ၂၃ ရက်ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day)ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature)တို့ဟာမတူကွဲပြားတဲ့လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီ ၁၅ ရက်အထိ ကာလဟာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလဖြစ်ပါတယ်။ ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတတ်ခြင်းပဲဖြစ်ပါတယ်။
Posted: 25 Apr 2014 03:05 AM PDT
မန္တလေး၊ ဧပြီ ၂၄  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အပူရှိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ် အန္တရာယ်ဖြစ်သော Heat Stroke အပါအဝင် အပူရှပ်ရောဂါများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ လူ ခုနစ်ဦး သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များ တည်ဆောက်ထားရန် မြို့နယ်ကျန်းမာရေး
Posted: 25 Apr 2014 03:02 AM PDT
ဧပြီ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ဖားအံမြို့နယ် ဖားကပ်ကျေးရွာအုပ်စု ရေတွင်းကုန်း ရွာနှင့် နတ်ကုန်းရွာများကို ဖြတ်သန်း သွယ်တန်း ထားသည့် ပင်မလျှပ်စစ် ဓာတ်အားလိုင်းကြိုးမှာ အလွန်နိမ့်ကျ လျှက်ရှိသဖြင့် လျှပ်စစ်အန္တရာယ်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။ နတ်ကုန်းရွာသူ နန်းဌေးဌေးမြင့်က “ကျမအိမ်ပေါ်မှာ လျှပ်စစ်ကြိုးကဖြတ်တယ်။ အိမ်ထဲမှာနေတာ ခဏခဏပဲ ပစ္စည်းတွေ ကိုင် တွယ်ရင် ကျင်တယ်။ အိမ်သားတွေအားလုံးပဲ
Posted: 25 Apr 2014 02:58 AM PDT
ဧပြီလ ၂၅ ရက် ၂၀၁၄ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသောသူများ မူလတန်းပြ ဆရာ/ ဆရာမ တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ကြော်ငြာစာအရ သိရသည်။ လျှောက်ထားသူများသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး Ph.D ဘွဲ့ရသူများ (အသက် ၄၀ အောက်)၊ MA/ M.Sc ဘွဲ့ရသူများ( အသက် ၃၅ နှစ်အောက်) B.A/ B.Sc ဘွဲ့ရသူများ (အသက် ၃၀ အောက်) တက္ကသိုလ်
Posted: 25 Apr 2014 02:53 AM PDT
ရန်ကုန်၊ ဧပြီ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပန်ဆေးဦးကျော်မြင့်၏ ၈၈၈ စီးကရက် စက်ရုံတွင် မတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဒုတိယဥက္ကဋ္ဌ ဦးတားဂျုတ်ဂျားက အတည်ပြု ပြောကြားသည်။ အဆိုပါ ဗုံးပေါက်ကွဲရာ ဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရ တပ်မတော်နှင့် KIO၊ KIA၊ TNLA တို့ တိုက်ပွဲများြ
Posted: 25 Apr 2014 02:52 AM PDT
ရန်ကုန်၊ ဧပြီ ၂၄ လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ပဒေသာပင် လမ်းမကြီးဘေးရှိ ရေကူးကန်၏ သန့်စင်ခန်းတွင် ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှုတ်ခမ်းများ ပြာနှမ်းကာ ဦးခေါင်းနောက်ပိုင်း ကွဲရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။ သေဆုံးသူ အမျိုးသားမှာ အမှတ် (၄) ရပ်ကွက်၊ ကန်သာယာလမ်းရှိ
Posted: 25 Apr 2014 02:45 AM PDT
အခုလာမယ့် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်မှာ အခြေခံပညာ စတုတ္ထတန်းနဲ့ အဌမတန်းကို ယခင်က ကျင့်သုံးနေတဲ့ ကျောင်းစစ်စာမေးပွဲဖြေဆိုမှုပုံစံအစား အစိုးရစစ်အဖြစ်ပြောင်းဖို့ ဆွေးနွေးနေကြတယ်လို့ အမှတ် ၂ အခြေခံပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ပြောပါတယ်။ အခုချိန်မှာ တိကျတဲ့ ဆုံးဖြတ်ချက်ချမချနိုင်သေးဘဲ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့  ပညာရေးမူဝါဒနဲ့ ချင့်ချိန်ပြီး ပြန်သုံးသပ်နေ ဆဲ ဖြစ်ကြောင်း နဲ့ လာမယ့်မေလမှာ
Posted: 25 Apr 2014 02:44 AM PDT
အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။ အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း
Posted: 24 Apr 2014 08:35 PM PDT
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ ဒုတိယ ဥက္ကဋ္ဌ(၁) သူရဦးရွှေမန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက် နှုတ်ဆက်ခဲ့စဉ်၊ ဓာတ်ပုံ-မြန်မာသံတော်ဆင့် ရန်ကုန်၊ ဧပြီ ၂၃ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ပွဲ ၀င်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် (ဒုတိယ ဗိုလ်ချုပ်ကြီး- ငြိမ်း) ဦးတင်အေးနှင့် စစ်ဘက်ဆိုင်ရာ အငြိမ်းစား ပုဂ္ဂိုလ်များ ကိုေ
Posted: 24 Apr 2014 07:58 PM PDT
ရန်ကုန်၊ ဧပြီ ၂၄ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ထက် ပိုမို အချိန်ကုန် သက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ရန် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အခုက တစ်ဆင့်ချင်းစီ ပြုလုပ်ရတဲ့ ပုံစံမျိုး ပြောင်းထားပါတယ်။ အရင်ကလို ဘဏ်မှာ ဘောက်ချာတွေ၊ စာရွက်တွေ မဖြည့်ရတော့သလိုေ
Posted: 24 Apr 2014 07:54 PM PDT
ရန်ကုန်၊ ဧပြီ ၂၄ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး အတွင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ပိတ်ပင်မှုအချို့ ပြုလုပ်လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောကြားသည်။ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ေ
Posted: 24 Apr 2014 07:27 PM PDT
ရန်ကုန်၊ ဧပြီ ၂၃ မြန်မာ့မီးရထားမှ မီးရထားတွင် အသုံးပြုရသည့် ပစ္စည်းများ ဈေးနှုန်းမြင့် တက် လာသောကြောင့် အရှုံးပေါ်သော အခြေအနေ ရောက်ရှိနေသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားအား ပုဂ္ဂလိကသို့ ငှားရမ်းရန် ဧပြီလ လဆန်းပိုင်းမှ စတင်၍ တင်ဒါခေါ်ယူလျက် ရှိသည်ဟု ဧပြီ ၂၂ ရက်တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)မှ အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မြန်မာ့မီးရထား အရှုံးပေါ်နေခြင်းမှာ
Posted: 24 Apr 2014 07:20 PM PDT
၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အဓမ္မ ပြုကျင့်မှုတွေ နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ နိုင်ငံပေါင်း ၂၁နိုင်ငံရဲ့ အမည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အစီရင်ခံစာ သစ်ထဲမှာ ထုတ်ပြန် ကြေညာလိုက်ရာမှာ အဲဒီ နိုင်ငံတွေထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ ဗဟို အာဖရိက သမ္မတနိုင်ငံ တို့လည်း အပါအဝင် ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီ၂၁ နိုင်ငံဟာ ဥရောပ၊ အာရှ၊
Posted: 24 Apr 2014 07:19 PM PDT
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မှာ လူကုန်ကူးခံရသူတွေ အတွက် ယာယီ စောင့်ရှောက်ရေး စခန်း ကို ဧပြီလ ၂၄ ရက်နေ့ မနက် က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း နဲ့ ဂျပန် သံရုံးမှ မစ္စတာ တိုမီယိုကာ တို့ က အခန်းအနား နဲ့ တကွ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပါတယ်။ လူကုန်ကူးခံရသူတွေ ကို ကယ်တင် အပြီး၊ မိဘ ဆွေမျိုးတွေဆီ ပြန်မရောက်ခင် ၊ ယာယီ နေထိုင်ဖို့၊ အမျိုးသမီး၊ အမျိုးသား ၅ဝ ဦးရေ
Posted: 24 Apr 2014 06:43 PM PDT
ယခုရက်ပိုင်း အတွင်း မိုးကုတ်မြို့၌ လူတစ်စုက လူနေအိမ်များကို လူခြေ တိတ်သော ညဥ့်သန်းခေါင်ကျော် အချိန်များတွင် လိုက်လံ မီးရှို့နေသောကြောင့် ဒေသခံများ ထိတ်လန့် နေကြကြောင်း မိုးကုတ်မြို့ခံ များကပြောသည်။ ‘‘မီးကဆက်တိုက်လိုလို လိုက်ရှို့နေတော့ အခုဆို ဒေသခံတွေ ကြောက်နေကြတယ်။ အရင်ကလည်း မီးရှို့မှုတွေ ဖြစ်ခဲ့ဖူးတော့ ညဘက်တွေမှာ ကောင်းကောင်းတောင် မအိပ်ရဲကြဘူး ဖြစ်နေတယ်’’ဟု မိုးကုတ် မြို့ခံတစ်ဦး ကပြောသည်။ နှ
Posted: 24 Apr 2014 06:31 PM PDT
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တစ်ခုကစုပုံထားသည့် ပေ ၃၀၀ ခန့်အမြင့်ရှိ    မြေစာပုံပြိုကျမှု ကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့်    မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။   မောင်နှမသုံးဦး ရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေ ကန်အတွင်း ၁၅ ပေမြင့်သော လှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှ
Posted: 24 Apr 2014 03:21 PM PDT
ခရီးသည်တင် သင်္ဘောမှောက်မှုမှာ ကျောင်းသား အယောက် ၂၅၀ လောက် သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား စာသင်ကျောင်းဟာ ဒီနေ့ ကြာသပတေးနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ ကျောင်းဟာ ဆိုးလ်မြို့ တောင်ဘက်က အန်ဆန် အရပ်မှာရှိတဲ့ ဒန်ဝန် အထက်တန်းကျောင်း ဖြစ်ပြီး အဲဒီ ကျောင်းမှာ အခုလောလောဆယ် သင်ကြားနေတာတွေ ကတော့ ကျောင်းသားတွေရဲ့ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဘေးဆိုးကနေ လွတ်မြောက်
Posted: 24 Apr 2014 03:20 PM PDT
ဩစတြေးလျ ကမ်းလွန်ရေပြင်တွင် သောင်တင်နေသော အပျက်အစီးများသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်မှု မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကြာသပတေးနေ့တွင် ဩစတြေးလျက သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရိုမှ တာဝန်ရှိသူများက မိမိတို့ ရှာဖွေတွေ့ရှိခဲ့သည့် အစိတ်အပိုင်းများသည် မလေးရှား လေကြောင်းလိုင်းပိုင် Boeing 777လေယာဉ်နှင့် မည်သည့် ဆက်နွယ်မှုမျှ မရှိကြောင်း ရှင်းလင်းခဲ့သည်။ သတ္တုသားများ အပါအဝင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...