ကြွက်
တစ်ခါတုန်းက မှော်ဆရာတစ်ယောက်ရဲ့အိမ်မှာ ကြွက်တစ်ကောင်ရှိသတဲ့။ အဲဒိကြွက်ဟာ ကြောင်တွေကို အရမ်းကြောက်သတဲ့။ အဲဒါကြောင့် မှော်ဆရာဟာ ကြွက်ကို ကြောင်အဖြစ်ပြောင်းပေးလိုက်သတဲ့။
ကြွက်ဟာကြောင်ဖြစ်သွားပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့လမ်းပေါ်လျှောက်တဲ့အခါမှာ ခွေးတွေကို တွေ့သတဲ့။
ကြောင်လဲ ကြောက်ကြောက်နဲ့ အိမ်ထဲပြန်ဝင်လာပြီးတော့ ခွေးတွေကိုကြောက်လို့ အပြင်မထွက်တော့ပါဘူး။
အဲဒါနဲ့ မှော်ဆရာလဲ ကြောင်ကို ခွေးအဖြစ်ပြောင်းပေးလိုက်ပြန်ပါတယ်။
ခွေးဖြစ်သွားတော့ တစ်မြို့လုံးကို လှည့်ပတ်ပြီးတော့
သွားနိုင်တာပေါ့။ မကြာခင်မှာ တောအုပ်တစ်ခုထဲရောက်လာသတဲ့။တောအုပ်ထဲ
နက်နက်သွားမိတော့ ကျားတစ်ကောင်ကိုတွေ့သတဲ့။ကျားကမန်ဖီတော့
သူလဲကြောက်ကြောက်နဲ့ မြို့ကိုပြန်လာခဲ့တယ်။ပြီးတော့ အိမ်ထဲမှာ ပုန်းနေပြီး
ကျားကိုကြောက်လို့ လို့ပြောတယ်။
မှော်ဆရာက သူ့ကိုကျားအဖြစ်ပြောင်းပေးလိုက်တယ်။ကျားဖြစ်သွားတော့ တောတစ်လုံးမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာပေါ့။အဲဒါနဲ့ တစ်နေရာလဲ ရောက်ကော မုဆိုးတွေက သူ့ကိုဝိုင်းလိုက်ကြပါလေရော။အဲဒါနဲ့ ကျားလဲ တောထဲမှာ ပုန်းအောင်းနေတယ်။အဲဒါကို မှော်ဆရာက သိတော့ ကျားကို ကြွက်အဖြစ်ကို ပြန်ပြောင်းလဲ လိုက်တယ်။
ကြွက်ကိုမှော်ဆရာက " မင်းကို ဘယ်လိုပုံစံပြောင်းပေး ပြောင်းပေး မင်းမှာရှိတဲ့ နှလုံးသားက ကြွက်နှလုံးသားပဲရှိတဲ့အတွက် မင်းကိုမပြောင်းပေးတော့ဘူး။ကြွက်ဘ၀သာ မင်းနဲ့အထိုက်တန်ဆုံးပဲ"
မောင်စိုင်း
http://www.kanaung.net/

0 comments:
Post a Comment