.ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( ၁ )
Myat Soe shared အက်ရှင်ဘဘ ဒီမို's photo.
လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ဖြစ်သည်...
ရှမ်းလူမျိုးတစ်စုတို့သည် ပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်ကျော်လျက် အနောက်ဘက်သို့ ရှေးရှုသွားလျက်ရှိကြ၏.. ခရီးသည်အုပ်စုများတွင် ကလေးများ.. အမျိုးသမီးများနှင့် လူအိုများ ပါဝင်သည်..
သူတို့သည် တစ်မိုးခိုလိုက် နားနေလိုက်နှင့် ခရီးဆက်ခဲ့ကြသည်မှာ
တစ်ဆယ့်သုံးနှစ်မျှ ရှိခဲ့သည်.. လမ်းတွင် တောင်ပေါ်လူရိုင်းတို့၏
တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ခဲ့ကြရသော အကြိမ်များလဲ
မရေမတွက်နိုင်ကြတော့ပေ.. ဌက်ဖျားဒဏ်.. ပင်ပန်းမှု့ နှင့် အဟာရချို့တဲ့မှု
့တို့ကြောင့် လမ်းတွင်သေဆုံးခဲ့ကြသူများလဲ မနည်းတော့ပေ..
တောင်ထိပ်တစ်နေရာမှ ဗြဟ္မပုတ္တရမြစ်ကြီးကို ရေးရေးမျှ လှမ်းမြင်ကြရသောအခါ သူတို့၏ ပင်ပန်းယိမ်းယိုင်သော ခြေလှမ်းများသည် သွက်လာကြသည်.. မျှော်လင့်ချက် ရောင်ခြည်များလဲ သမ်းလာကြတော့သည်..
ခရစ်သက္ကရာဇ် ၁၂၂၈ တွင် သူတို့သည် `` ခမ်နန်းဂျန် ´´ မြစ်ကို ဖောင်များနှင့်ကူးကာ `` နောင်ဉာဏ် ´´ ရေအိုင်ကြီး အနီးသို့ ရောက်လာခဲ့ကြသည်.. အာသံပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် အကြိမ်ကြိမ်ရွှေပြောင်းကြကာ ခရစ် ၁၂၅၃ ခုတွင် အာသံနယ် `` အဖိုင်ပူရ ´´ မှာ အခြေချနေထိုင်ကြလေသည်..
ခရစ်နှစ် ၁၂၅၃ ခုတွင် `` ချာရိုင်ဒီယို ´´ တွင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏.. သို့မျှဇွဲကြီးလှသော ရှမ်းလူမျိုးတို့ကား လူဦးရေ ကိုးထောင်မျှရှိပြီး သူတို့နှင့်အတူ ဆင်နှစ်ကောင် ၊ မြင်းသုံးရာ ပါရှိခဲ့ကြသည်..
သူတို့၏ ခေါင်းဆောင်ဘုရင်ကား မောရှမ်းအနွယ် `` စူးခဖ ´´ ( ကောင်းကင်မှလာသောကျား ) ဖြစ်သည်.. သူသည် ပတ်ကွိုင်တောင်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်လျက် မောရှမ်းလူမျိုးများကို အာသံပြည်နယ်ထဲသို့ ခေါ်ဆောင်ဝင်ရောက်လာသူဖြစ်သည်..
ခရစ် ၁၂၆၈ ခုနှစ်တွင် သားတော် `` စူးတင်ဖ ´´ က ထီးနန်းဆက်ခံသည်.. သူတို့သည် ဇွဲနှင့် သတ္တိကို အရင်းခံ၍ ရဲရင့်စွန့့် စားသူများ ဖြစ်သည့်အတိုင်း အင်အားကြီးမားသော `` အဟုန် ´´ နိုင်ငံကြီးကို စတင် တည်ထောင်ခဲ့ကြပြီး ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ကြ၏......
.......ဆက်ဖတ်ရန်.......
စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )
အဟုန်ပေစာ လေ့လာရန် : https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-AqhIixjzkduA-RmZBVtC8WMAp3Jx1BL4nsNQXfl-UjRyyYBJyAte0VLY2fFTNjQ4sOgodGDNXruh1rVfedgJ2chA2WTG8AW1wpPKZJt_0QqTIPCE-lvs1SLUcTiiBeNKmemuU0Y5LpW7/s1600/Tai_Script_of_Ahom_Kingdom.jpg

0 comments:
Post a Comment