Sunday, April 20, 2014

Myanmar Youth Media Club 19 Apr 2014

MYMC - MYMHOT



Posted: 19 Apr 2014 07:00 AM PDT
New York Auto Show

New York International Auto Show မှာတော့ ခေတ်ဆန် လွန်းတဲ့ ဒီဇိုင်းတွေ ကနေ energy-saving နည်းပညာ တွေထိ ပြသခဲ့ပြီး ကားကို carzy ဖြစ်တဲ့ လူတွေ၊ ဝါသနာအိုး တွေအကြိုက်ဖြစ် ခဲ့ပါတယ်။
ကားပြပွဲပာာ သောကြာနေ့က စတင်ခဲ့တာ ဖြစ်ပြီး ကားအများစုပာာ သာမန်လူ တွေအတွက် ရည်ရွယ် ပြသထား တာမပာုတ်ပါဘူး။
ဈေးအနည်းဆုံးကားပာာ ဒေါ်လာ ၈ သိန်းဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ပတ်ကြည့်ရှုပြီး စိတ်ကူးယဉ် ဖို့တော့ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။



Bugatti Veyron: $2.5 million
Veyron ပာာ တစ်နာရီ မိုင်နှုန်း ဝ ကနေ ၆၀ ထိကို သုံးစက္ကန့် အတွင်း ရောက်ရှိ နိုင်တဲ့ ဇိမ်ခံ ပြိုင်ကားမျိုး ဖြစ်ပြီး တစ်နှစ်ကို ကားအစီး ၄၀ လောက်ပဲ ထုတ်ပါတယ်။ ပုံမှန် Veyron တစ်စီးပာာ အမြင့်ဆုံး တစ်နာရီ ၂၅၃ မိုင်နှုန်း မောင်းနှင် နိုင်ပြီး ဆီအားလုံး မကုန်ခင် အဲဒီ အမြန်နှုန်းနဲ့ ၁၂ မိနစ်ကြာ မောင်းလို့ ရပါတယ်။


New York Auto Show

Koenigsegg Agera R: $1.6 Million
Koenigsegg ကားတွေပာာ ဆွီဒင်နိုင်ငံ ကထုတ်လုပ် သူတွေရဲ့ အရည်အသွေး မြင့်ပြိုင်ကား တွေဖြစ်ပြီး hyper-car တွေအဖြစ်လည်း လူ သိများ လှပါတယ်။ Koenigsegg ပာာ New York မှာ ပထမဆုံး ကားအရောင်း ပြခန်းကို ဒီနှစ်နှောင်းပိုင်း မှာဖွင့်ဖို့ စီစဉ်ထား ပါတယ်။


New York Auto Show

Porsche 918 Spyder: $845,000
ဒီကားကတော့ ရိုးရိုး လမ်းတွေပေါ်မှာ တရားဝင် စီးနင်းခွင့် ပြုထားတဲ့ အမြန်ဆုံး ပြိုင်ကားပါ။ မြင်းကောင်ရေ ၈၈၇ ကောင်အား ရှိပြီး ၀ ကနေ ၆၀ မိုင်ထိကို ၂.၈ စက္ကန့်အတွင်း အရှိန်တင် လို့ရပါတယ်။ နောက်ပြီး သူပာာ လျှပ်စစ်အား သွင်းထားရင် ၁၈ မိုင်ထိ မောင်းနှင်လို့ ရပါသေး တယ်။


New York Auto Show

Soleil Anadi: $300,000
အီတလီ လူမျိုးတွေ ကလည်း sports car တစ်စီးကို ပြသခဲ့ပြီး မြင်းကောင်ရေ ၆၅၁ ကောင်အား ရှိကာ ၃.၂ စက္ကန့်အတွင်း တစ်နာရီ မိုင်နှုန်း ၀-၆၀ ထိအရှိန် မြင့်လို့ ရပါတယ်။ အတွင်းပိုင်းကို rosewood လို့ခေါ်တဲ့ သစ်သားနဲ့ လုပ်ထားပြီး ၁၀၀ ရာခိုင်နှုန်း လက်နဲ့လုပ် ထားတဲ့ ကားပါ။


New York Auto Show

Aston Martin Vanquish Volante: $297,995
ဒီကားကတော့ မြင်းကောင်ရေ ၅၆၅ ကောင်အား ရှိကာ အင်ဂျင် လည်ပတ်နှုန်းက တစ်မိနစ်ကို ၆,၇၅၀ ခေါက်ရေ ရှိပါတယ်။ Volante ကို carbon fiber နဲ့လုပ်ထား တာကြောင့် ပေါ့ပါးကာ ကြံ့ခိုင်တဲ့ ကိုယ်ထည်ရှိပြီး ဒီဇိုင်းကလည်း တော်တော်လေးကို လိုက်လျော ညီထွေ ရှိပါ တယ်။


New York Auto Show

Land Rover Range Rover LWB: $185,000
Land Rover ကတော့ သူ့ရဲ့ နာမည်ကြီး Range Rover ကားကို ၇.၈ လက်မခန့် ရှည်လိုက်ကာ အတော် ကျယ်ဝန်းတဲ့ နောက်ခန်းကို ပေး ထားပါတယ်။ ခုံတန်းရှည်ကော တစ်ယောက်ချင်း ထိုင်ခုံပါ ရရှိနိုင်ပြီး နောက်ခန်းက စီးနင်းသူ အတွက်လည်း TV တွေပါရှိ ပါတယ်။


New York Auto Show

Mercedes-Benz S-Class Coupe: $170,000
ဒီကားရဲ့ ဈေးနှုန်းကို တရားဝင် ကြေညာခြင်း မရှိသေး သော်လည်း ဒီကားရဲ့ ကိုယ်စားလှယ် တွက်ပြချက် အရ ဒေါ်လာ ၁၆-၁၈၀,၀၀၀ အ တွင်း ရှိနိုင်ပါတယ်။ ဒီတံခါးနှစ်ပေါက် (two-door) ကားပာာ ၅၇၇ မြင်းကောင်ရေ အားရှိပြီး twin-turbo V8 အင်ဂျင် အမျိုးအစား ဖြစ်ပါ တယ်။


New York Auto Show

Maserati GranTurismo MC Centennial Edition Range: $160,000
Maserati ရဲ့ ၄.၇ လီတာ V8 အင်ဂျင်ပာာ အမြင့်ဆုံး ၁၈၅ မိုင်နှုန်းထိ မောင်းနှင်နိုင် ပါတယ်။ Centennial Edition အတွက် သုံးထပ် (three-layer) ကားဆေးကို magma red နဲ့ inchiostro blue ဆိုပြီး နှစ်ရောင် ရရှိနိုင် ပါတယ်။


New York Auto Show

Mercedes Benz G Class SUV: $140,000
၅.၅ လီတာ V8 အင်ဂျင် တပ်ဆင်ထားတဲ့ G Class Benz ပာာထောင့် ချိုးကျတဲ့ အမိုးဒီဇိုင်းနဲ့ ထုတ်လုပ် ထားပါတယ်။ အမြန်နှုန်း အနေနဲ့ ၀ ကနေ ၆၀ မိုင်နှုန်းကို ၆ စက္ကန့် အတွင်း ရောက်ရှိ နိုင်ပါတယ်။


New York Auto Show

BMW i8: $135,000
မြင်းကောင်ရေ ၃၆၂ ကောင်အား ရှိတဲ့ ဒီ hybrid sports coupe ပာာ ionic silver, protonic blue (ဓာတ်ပုံပါ), crystal white နဲ့ sophisto grey ဆိုပြီး လေးရောင် ရရှိ နိုင်ပါတယ်။ i8 ပာာလျှပ်စစ် စွမ်းအားနဲ့ပဲ ၂၂ မိုင်ထိ သွားနိုင်ပြီး အမြင့်ဆုံး ၇၅ မိုင်နှုန်း ထိမောင်းနှင် နိုင်ပါတယ်။


New York Auto Show

Saleen 302 Black Label Mustang: $114,000
Saleen ကစွမ်းဆောင် ရည်မြင့် limited edition ကားတွေကို ၁၉၈၃ ခုနှစ် ထဲက ထုတ်လုပ် နေတာပါ။ ဒီစွမ်းအားမြင့် Saleen ကိုမြင်း ကောင်ရေ ၆၅၂ ကောင်အားနဲ့ V8 အင်ဂျင် တပ်ဆင် ထားပါတယ်။


New York Auto Show

Smart Electric Bike: $2,950
ဒါကတော့ ပိုက်ဆံ ချွေတာတဲ့ လူတွေ အတွက်ပါ။ လျှပ်စစ် စက်ဘီး ဖြစ်ပြီး ခရီးဝေး အတွက် ရည်ရွယ်တာ မပာုတ်ပါဘူး။ မြို့ပြရဲ့ ကားပိတ်မှု ဒဏ်တွေကို မခံနိုင် တော့တဲ့ သူတွေ အတွက် အကောင်းဆုံး ရွေးချယ် စရာဖြစ် လာမှာပါ။


Images from mashable. Source: mashable.com


Author

Noel

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...