Saturday, April 26, 2014

ရွာသူဌေး တိုက်ဆောက် ဒီမိုကရေစီ

( ၁ )

( ၂၀၁၂ ) ခုနှစ်၊ နှစ်ဦးပိုင်းလောက်က အလုပ်ကိစ္စ တစ်ခု နဲ. စင်္ကာပူ ကို သွားဖြစ်ခဲ့တယ်။ရေနံ ကုမ္ပဏီကြီးတစ်ခုက ၀န်ထမ်း နှစ်ယောက် နဲ.အတူတူ သွားရတာပါ ။ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်၊ ကိုယ်နဲ. မတိမ်းမယိမ်း သက်လတ်ပိုင်းတွေပါပဲ…။
စင်္ကာပူရောက်တော့ အလုပ်ကိစ္စသွားကြလာကြရင်း စင်္ကာပူ ရဲ. လူနေမှုအဆင့်အတန်း ၊ အုပ်ချုပ်ပုံ၊ မြို.ပြတည်ဆောက်ပုံတွေ ကိုလဲ အကဲခတ်လေ့လာမိတာပေါ့ ။အဲလို လေ့လာမိတော့ ထုံးစံအတိုင်း ကိုယ့်နိုင်ငံ ကိုယ့်အစိုးရ ရဲ. တလွဲတချော် တွေ ကို ဝေဖန်ကြရော…၊အဓိက ဝေဖန်တာက ကျွန်တော် နဲ. ရေနံကုမ္ပဏီက အမျိုးသား ၀န်ထမ်း နဲ.ပေါ့ဗျာ…။
အဲဒီလို ကျွန်တော်တို. နှစ်ယောက် ဝေဖန်ပြောဆိုနေကြတာကို အတူပါတဲ့အမျိုးသမီးက စိတ်ဝင်တစား နားထောင်နေရင်း မေးခွန်းတစ်ခုမေးတယ်…….


( အခု အကိုတို.ပြောတာတွေ ကို ညီမ လဲ သဘောပေါက်ပါတယ်….ဒါပေမယ့်…သိချင်တာ တစ်ခုက ..အခု အကိုတို. ပြောသလို …မြင်သလို…ကျွန်မတို. နိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့သူတွေက ရော မတွေးနိုင်ဘူးလား…မမြင်နိုင်ဘူးလား….အဲဒီလို…မတွေးနိုင်၊မမြင်နိုင်ဘူး…ဆိုရင်လည်း ဘာကြောင့်မတွေးနိုင်မမြင်နိုင်ရတာလဲ….အခု မေးခွန်းကိုမေးတာဟာ အကိုတို. ပြောနေတာကို ကန်.ကွက်တာ ၊ ကန်.လန်.တိုက်တာ မဟုတ်ပဲ…ညီမတွေးမိတာလေးကို မေးတာပါ…)…..တဲ့ …

ကျွန်တော့် အမြင်အရ ပြောရရင် သူ.အတွေး၊ သူ.မေးခွန်းဟာ တွေးသင့် မေးသင့်တဲ့ ကိစ္စလို. မြင်ပါတယ်…။ ဒါကြောင့်လဲ ကျွန်တော်က သူ.ကို ခြေခြေမြစ်မြစ် ပြန်ရှင်းပြခဲ့ပါတယ်..။ ကျွန်တော် ရှင်းပြခဲ့တဲ့ အဖြေ ကတော့ …ဒီလိုပါ………

( အဓိက ပြဿနာက ကျွန်တော် တို. နိုင်ငံကိုလက်ရှိ အုပ်ချုပ်နေတဲ့ သူတွေ ဟာစစ်သားလူထွက်တွေ၊ စစ်ဗိုလ်ဘ၀ က လာတဲ့သူတွေဖြစ်နေတာပဲ…။ သူတို.ဟာ ( ၁၀ ) တန်း အောင်ခါစ အရွယ် ၊ အသက် ( ၁၆- ၁၇) နှစ်လောက် က စပြီး စစ်တက္ကသိုလ်ကို တက်ခဲ့ရတယ်…။ စစ်တိုက်တဲ့နေရာ မှာ အမိန်.နာခံမှုက အရေးကြီးတယ်..။ ဒါကြောင့် စစ်ပညာ သင် တဲ့နေရာ မှာ အမိန်.နာခံမှု ကို အသားသေနေအောင် ရိုက်သွင်းလေ့ကျင့် သင်ကြားပေးခံခဲ့ရတယ်..။ စစ်တက္ကသိုလ်က ဆင်းပြီး အရာရှိ အနေနဲ.တာဝန်ထမ်းရတော့လဲ…အထက်က အမိန်.ကို နာခံ….အောက်ကို အမိန်.ပေး တဲ့ စံနစ်ထဲ မှာ နှစ်ပေါင်းများစွာနေခဲ့ရတယ်….စဉ်းစားကြည့်လေ….အတွေးအခေါ် အသိဥာဏ် စပြီးရင့်သန်ခါစ အရွယ်ကတည်းက ဒီစံနစ် ဒီပုံစံ ထဲမှာ နေခဲ့ကြတာ ဆိုတော့….အားလုံး တစ်ကြောင်းဆွဲ အတွေးအမြင်တွေ ပဲ ဖြစ်ကုန်တာပေါ့ ….ဒါကြောင့် လွတ်လပ်တဲ့ အမြင်အတွေး ၊ ဖောက်ထွက်တဲ့ အမြင်အတွေးတွေ ကို တွေးလေ့တွေးထ မရှိတော့ ပဲ တိုင်းပြည် ကို စီမံအုပ်ချုပ်မှု အပိုင်းမှာလဲ တစ်ကြောင်းဆွဲ အတွေးအမြင်တွေ နဲ.ပဲ လုပ်ကိုင်နေကြတော့ တလွဲတချော်တွေပဲ ဖြစ်နေကြတာပဲ… ) လို. ပြန်ဖြေဖြစ်ခဲ့ပါတယ်….။

( ၂ )

အဲဒီတုန်းက ကျွန်တော် ဖြေခဲ့တဲ့ အဖြေ ကို ပိုပြီး ခိုင်မာစေမယ့် သက်သေအဖြစ်အပျက်တွေ ရှိပါတယ်…။အဲဒါတွေကတော့ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ပြောခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တဖြစ်လဲ ၀န်ကြီး တွေရဲ. နာမည်ကျော် ပြောစကားတွေပါပဲ….ပြောခဲ့တဲ့ သူတွေ နဲ. ပြောခဲ့တဲ့ စကားလေးတွေ ကို နဲနဲ ပြန်ကောက်ပါရစေ…….
  • ရေသန်.သောက်ချင်ရင် ရေသန်.သောက်လို.ရတဲ့နေရာမှာ သွားနေ….ဟိုဟာလာတောင်း ဒီဟာလာတောင်းမလုပ် နဲ. ကျုပ်လုပ်ပေးချင်ရင် လုပ်ပေးမယ်…မလုပ်ပေးချင်ရင် လုပ်မပေးဘူး….ကြိုက်တဲ့နေရာ သွားတိုင်……. ( ဦးအုန်းမြင့် )

  • တောင်သူတွေ အကြွေးမြန်မြန်ဆပ်နိုင်ဘို. ထမင်းတစ်နပ်လျော့စားပါ ( ဦးမြင့်လှိုင် )

  • အရင်ကတည်းက ဘာလို. မတိုင်ခဲ့ကြလဲ…ရွာပြောင်းတဲ့သူတွေ မြေကွက်မရတာ….. အခုမှ မြေကွက်ပေးပါပြောတော့ ချပေးစရာ မြေရောရှိသေးလား…၊  နစ်နာတယ်ဆိုတာတော့ သိပါတယ်……ရေစက်သာချလိုက်ကြပါတော့  ( ဦးတင်ထွတ် )
  • လူတွေက ကားတွေတော့ ၀ယ်စီးကြတယ်…..ကားရပ်စရာနေရာတော့မလုပ်ကြဘူး…အခု ကားတွေလမ်းပေါ်မှာ ကျပ်ကုန်ပြီ….. ( ဦးမြင့်ဆွေ )

  • မီးမလာလို. တောင်းဆိုနေတဲ့ သူတွေ ကို ပြောချင်ပါတယ်…မီးမလာရင် အခု ထွန်းနေတဲ့ ဖယောင်းတိုင်လေးတွေ ကို ထွန်းပြီး အိမ်ထဲ မှာ ငြိမ်ငြိမ်ထိုင်နေကြပါ ( ဦးကိုကိုလှိုင် )
အပေါ်က ကျွန်တော် ကောက်နှုတ်ပြတဲ့ စကားတွေဟာ လူတိုင်းလိုလို သိပြီးသားစကားတွေ ဖြစ်မှာပါ….. သူတို. အဲဒီလို စကားမျိုးတွေ ကို ဘာလို. ပြောထွက်ခဲ့သလဲ…..ဘယ်လို တွေးပြီးပြောခဲ့တာလဲ …စဉ်းစားကြည့်ကြပါစို. ။

အဓိက အချက်ကတော့ သူတို.ရဲ. တွေးမြင်ပုံ ( Mind Set ) ပါပဲ….။

သူတို. စကားတွေ ကို လေ့လာကြည့်လိုက်ရင်…ငါတို. လုပ်ပေးနိုင်တာ လုပ်ပေးမယ်….မလုပ်ပေးနိုင်တာတော့ မတတ်နိုင်ဘူး….ဆိုတဲ့ သဘောထား ကို တွေ.နိုင်ပါတယ်…ဒါဟာ အဆင့်ဆင့် အမိန်. နဲ. အုပ်ချုပ်ခဲ့တဲ့ စံနစ်အောက်မှာ အသားသေခဲ့တဲ့ တွေးမြင်ပုံ ပါပဲ….တစ်နည်းအားဖြင့် ပြောရရင် အာဏာရှင်စံနစ် ရဲ. တွေးမြင်ပုံ ပါ…… အာဏာရှင်စံနစ်ဆိုတာ…ငါ လုပ်ပေးတဲ့အတိုင်း ငြိမ်ခံ၊ ငါပြောတဲ့အတိုင်းလုပ် ..ကျန်တာလာမပြော နဲ….ဆိုတဲ့ အတွေးနဲ. အုပ်ချုပ်ပါတယ်…စီမံပါတယ်…။

ဒီမိုကရေစီ စံနစ်ရဲ. တွေးမြင်ပုံက တော့ ပြောင်းပြန်ပါ…. ဒီမိုကရေစီ အစိုးရ ဆိုတာ…ပြည်သူ လူထု ဘာတွေ လိုအပ်နေသလဲ…..ပြည်သူလူထု ပိုပြီးအဆင်ပြေ အောင် ငါတို.ဘာလုပ်ပေးရမလဲ….လို. တွေးခေါ်ပါတယ်…စီမံပါတယ်….။ပြည်သူ လူထု က ထုတ်ဖော် တောင်းဆိုမလာခင်မှာ ကို ဘယ်လိုလုပ်ရင် ပြည်သူတွေ အတွက် ပိုကောင်းမလဲ လို. တွေးမြင်ကြံစည်ပြီး စီမံပါတယ်..။

ဒီမိုကရေစီ အစိုးရ လို. ပြောပြောနေပြီး လုပ်ပုံကိုင်ပုံ တွေးပုံခေါ်ပုံတွေက အာဏာရှင်စံနစ်က အတိုင်း မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ ရွာသူဌေးတိုက်ဆောက်သလိုဖြစ်မှာပါ…။
ရှင်းပါမယ်..။

( ၃ )
ရွာမှာနေပြီး နဲနဲလေး ပိုက်ဆံချမ်းသာလာတော့ မြို.ပြ ကလူတွေ ကို အားကျ ပြီး တိုက်အိမ်လေး နဲ.နေချင်လာပါတယ်…။အဲဒီတော့ မူလ ထရံကာ သွပ်မိုး အိမ်ကိုဖျက်ပြီးတိုက်အိမ်လေးဆောက်တာပေါ့  …  ။တိုက်အိမ် ကတော့ မြို.က ပုံစံအတိုင်းပြီးသွားရော…. အဲ…အထဲက အသုံးအဆောင် ပရိဘောဂ တွေ နဲ. နေထိုင်ပုံကျတော့ အရင်အတိုင်း မပြောင်းဘူး…အိမ်သာက ခြံနောက်မှာ ကျင်းအိမ်သာနဲ. ၊ထိုင်စရာက မူလအတိုင်း အိမ်ရှေ.မှာ တန်းလျားချလို. …အိမ်ထဲ ၀င်ထိုင်ချင်ရင် ဖျာခင်းပေးတယ်….ထမင်းစားရင် တင်ပျဉ်ခွေပြီး ဇလုံကြီးတွေ နဲ.ထည့်လို. …… အိပ်တော့လဲ ကုတင်နဲ.ဘာနဲ.မဟုတ်..ကြမ်းပေါ်ဖျာခင်း အိပ်ပဲ….. ဆိုလိုတာက တိုက်အိမ်သာ မြို. နဲ.တူတာ…နေထိုင်မှု ပုံစံက မပြောင်းလဲဘူး….အဲလိုမျိုး ရွာသူဌေးတွေ ခဏ ခဏ တွေ.ဖူးကြမှာပါ……

ကျွန်တော် တို. နိုင်ငံရဲ. လက်ရှိအစိုးရ က ၀န်ကြီးတွေကလဲ အဲလိုပဲ….အပြင်ပန်းကသာ ဒီမိုကရေစီအစိုးရ လို. ပြောနေတာ အတွင်းမှာက အရင်အတိုင်းပဲ…။

ဒါကြောင့် ကျွန်တော်ကတော့ လက်ရှိ ကျွန်တော်တို. နိုင်ငံရဲ.စံနစ်ကို ရွာသူဌေးတိုက်ဆောက် ဒီမိုကရေစီ စံနစ်လို.ပဲ နာမည်ပေးလိုက်ချင်တယ်.....ဘယ့်နှယ်လဲ.......။

ဇေယျာကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...