အချစ်နဲ့ ဖိနပ်
တစ်ခါတော့ အမေဖြစ်သူနဲ့ သမီးဖြစ်သူနဲ့ ရှော့ပင်းထွက်ကြသတဲ့။ သူတို့က ဖိနပ်ဆိုင်ရောက်တော့ ၀င်ကြည့်ပြီးတော့ ဖိနပ်တွေအမျိုးမျိုး စီးကြည့်ကြတာပေါ့။ ဒါပေမယ့် အမေဖြစ်သူသာ ဖိနပ်ရသွားတယ်။ သမီးဖြစ်သူကတော့ စိတ်တိုင်းမကျနိုင်ဖြစ်နေတယ်။
ခဏနေတော့ အမေဖြစ်သူက သမီးဖြစ်သူကိုပြောတယ်။ " သမီး ဖိနပ်ရှာတာက ချစ်သူကိုရှာသလိုပါပဲ တစ်ခါတစ်လေမှာ ငါတို့ဟာ လှပတဲ့ဖိနပ်တစ်ရံကိုရှာတယ် တစ်ခါတစ်လေ ဈေးအလွန်ကြီးတဲ့ ဖိနပ်ကိုရှာကြတယ် ဒါပေမယ့် တကယ်တမ်းငါတို့မေ့နေတာက စီးလို့ အသင့်တော်ဆုံး လိုက်လျောညီထွေတဲ့ ဖိနပ်ကို ရှာဖို့ မေ့နေကြတယ်။
ချစ်သူကို ရှာတဲ့နေရာမှာလဲအဲလိုပါပဲ။ တစ်ခါတစ်လေ ငါတို့က
လှပတဲ့သူကိုရှာကြတယ်။ တစ်ခါတစ်လေ ပစ္စည်းဥစ္စာကြွယ်ဝသူကိုရှာကြပေမယ့်
ကိုယ်နဲ့တစ်ကယ်လိုက်ဖက်ပြီးတော့ ကိုယ့်အပေါ်ကောင်းတဲ့ လူကို ရှာဖို့
မေ့နေကြတယ်သမီး "
မောင်စိုင်း
www.kanaung.net
မောင်စိုင်း
www.kanaung.net
0 comments:
Post a Comment