Tuesday, April 29, 2014

စေတနာ့ဝန်ထမ်းခြင်း စိတ်ဓာတ်


“ မင်း အောင်မြင်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလား ” “ မင်းရဲ့ ဘ၀မှာ ကြီးပွားတိုးတက်တဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလာ့း့ ”
တကယ် ဖြစ်ချင်တယ်ဆိုရင် အောင်မြင်ကြီးပွားသွားတဲ့ လူတွေအကြောင်း ရေးထားတဲ့ စာတွေ ဖတ်ပါ။ သူတို့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာသင်ယူပါ။

ငယ်ငယ်ကတည်းက ကိုယ့်ထက် အကြီးတွေ ပြောနေကျ စကားတွေပါ။ မမှားဘူး ဆိုပေမယ့် အပြည့်အစုံကြီးလို့တော့ မခံယူမိပါဘူး။

“စာတွေ့နဲ့ လက်တွေ့က ကွာခြားပါသေးတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးတယ်လေ။ စာပေကနေ တစ်ဆင့် သိတာတော့ ဟုတ်နေပေမယ့် “တကယ်ကော လက်တွေ့ လုပ်ဆောင်ဖူးသလား” ဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။


စာဖတ်လိုက်ပြီး ပြန်ပြောပြတာက သိပ်မခက်ဘူးပေါ့။ စာတွေ့အရ ပြောရတာကိုး။ အခုခေတ်လို ဗဟုသုတတွေ အလျှံအပယ် စီးဆင်း ဖြတ်သန်းနေတဲ့ အင်တာနက် ခေတ်မှာ ပိုလို့တောင် လွယ်ကူလာသေးတယ်။

ဘာသိချင်သလဲ ဘာကို သင်ယူချင်သလဲ။ ချက်ခြင်းရှာ၊ ချက်ခြင်းတွေ့၊ ချက်ခြင်း ဒေါင်းလုတ် (Download) လုပ်လိုက် ကိုယ့်လက်ထဲ ရောက်လာပြီ။

ဒါပေမယ့် ခက်နေတာက တကယ် ကျင့်သုံး (လုပ်ဆောင်) ဖြစ်သလား ဆိုတာပါပဲ။ အင်တာနက် သုံးပြီး ကိုယ်သိချင်တာတွေ၊ တတ်ချင်တာတွေ ရှာဖွေတယ် ဆိုတာက ပညာသင်ယူခြင်း တစ်မျိုးပါပဲ။

ကိုယ့်ရဲ့ ပညာသင်ယူခြင်းကို ပီပြင်ဖို့ အတွက်ကတော့ လက်တွေ့ လုပ်ဖို့လည်း လိုပါသေးတယ်။ သေသေချာချာ စမ်းသပ် စစ်ဆေးမှု မလုပ်ဘဲနဲ့ ကိုယ်ဖော်ထုတ်မယ့် သီအိုရီကိုတောင် သေချာတယ်လို့ မပြောနိုင်ဘူး မဟုတ်လား။

မြစ်ကြီးနားမြို့ကို ခဏလေး ရောက်ခဲ့တုန်းက ခင်မင်ရတဲ့ မိတ်ဆွေကြီး တစ်ဦးဆီ သွားတွေ့ဆုံဖြစ်သေးတယ်။ ကိုယ့်ထက် အသက် အများကြီး ကြီးပေမယ့် လူငယ်တွေကို လေးစား ခင်မင်တတ်သူမို့ သွားတွေ့ စကားပြောဖြစ်ခဲ့တယ်လေ။

စိတ်ခွန်အား သွားဖြည့်တယ်လို့ ပြောရင်လည်း ရပါတယ်။ သူဟာ ယခု အသက်(၇၀) ၀န်းကျင် ရှိနေပေမယ့် ကျန်းမာတယ်၊ ပျော်တတ်တယ်၊ အလုပ်နဲ့ ဘ၀ကို အကောင်းမြင်တတ်တယ်၊ ဒီနေ့ အချိန်အထိ စဉ်းစား သုံးသပ်နေတတ်တယ်။

လုပ်နိုင်တဲ့ အလုပ်တွေ့ ဥပမာ ကျေးရွာအခြေပြု ဖွံ့ဖြိုးရေး၊ ငွေစုငွေချေး၊ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု စတာတွေကို ပါဝင်နိုင် သလောက် ပါဝင်နေဆဲ။

သူ့ကို မေးဖြစ်တယ် “ဘာဖြစ်လို့ ဒီအသက်အရွယ် အထိ လူငယ်တွေနဲ့ တွဲပြီး အလုပ် လုပ်နိုင်တာလဲ့ ။” သူပြန်ဖြေတာကလည်း သိပ်ကောင်းတယ်။

“စေတနာ့ဝန်ထမ်းခြင်းစိတ်ဓာတ် ရှိလို့ပါ ” တဲ့။ “စေတနာ့ဝန်ထမ်းခြင်း စိတ်ဓာတ်ဆိုတာက ဘာတွေပါသလဲဟင့့်  ။”

“ဝါသနာ၊ စေတနာနဲ့ အနစ်နာ”ဆိုတဲ့ သုံးမျိုး ပါပါတယ် တဲ့။ ဝါသနာကတော့ အရေးအကြီးဆုံး ဖြစ်ပြီး၊ စေတနာက ဒုတိယ လိုက်ပါ သတဲ့။ ဝါသနာတော့ ပါပေမယ့် စေတနာ နည်းနေရင် အလုပ်မဖြစ်ဘူး ဆိုပဲ။

အဲ့  အနစ်နာခံခြင်းက တတိယ ဆိုပေမယ့် နောက်ဆုံးဘိတ် မပါမဖြစ် အချက်ပါတဲ့။ အနစ်နာခံမှု မရှိရင် ရှေ့က လုပ်ခဲ့သမျှ ဘာမှကို အထ မမြောက်တော့ပါဘူးတဲ့။

အနစ်နာခံရမယ် ဆိုတာကို အကြီးကြီးလို့ မတွေးလိုက်ဘဲ ရိုးရိုးလေးပဲ တွေးပါတဲ့။  စေတနာ့ ၀န်ထမ်းခြင်းမှာ ရောင့်ရဲ တင်းတိမ်တဲ့ စိတ်ထားလိုက်တာ့ ၊ သူများကို ဦးစားပေးတာ၊ သူများအတွက် အရင် စဉ်းစားပေးတာ၊ ကိုယ် တာဝန်ယူနိုင်တာကို တာဝန်ယူပေးတာ အဲ့ဒါတွေကို ဆိုလိုခြင်း ဖြစ်တယ်လို့ ပြောပြပါတယ်။

ကိုယ့်အတွက် အားဆေး တစ်ခု သောက်သုံးလိုက်ရသလိုပါ။ စေတနာ့ ၀န်ထမ်းခြင်း စိတ်ဓာတ်နဲ့ ပတ်သက်လို့ အလေးထား မစဉ်းစားခဲ့မိတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။

ကိုယ် လေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ အလုပ် လုပ်လို့ရပေမယ့်  အများလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိ ဆိုတဲ့ နှစ်ဘက်လှ ဖြစ်ဖို့ကတော့ စေတနာ့ ဝန်ထမ်းခြင်း စိတ်ဓာတ်က အရေးကြီးကြောင်း သဘောပေါက်လိုက်ရပါတယ်။

အောင်မြင်တဲ့ ဘဝ၊ ကြီးပွားတိုးတက်တဲ့ ဘဝကို ရယူဖို့ နှစ်ဦး နှစ်ဘက် လှပအ ကျိုးရှိစေမယ့် စေတနာ့ ဝန်ထမ်းခြင်း စိတ်ဓာတ်ကို သတိတရ ကျင့်သုံးဖို့ လိုပါလိမ့်မယ်။

ဘဝမှာ အောင်မြင်လိုက်တယ် ဆိုတာကို မိမိကိုယ်တိုင်က သေသေချာချာ သိရှိ ခံစားနိုင်ဖို့ လိုတယ် မဟုတ်လား။

အဲသလို ခံစားတတ်တဲ့ အလေ့အကျင့် ရဖို့ကတော့ အများအကျိုး အလေးထား ဆောင်ပေးချင်တဲ့ စိတ်တော့ ရှိဖို့ လိုပါလိမ့်မယ်။ (စကားပြောခွင့်ပေးသော စိုင်းခမ်းလုံအား ကျေးဇူးတင်လျက်)

Written by - ကိုပီတိ
credit to - ကိုပီတိ

မြန်မာ့ဇွဲမာန်သို့ - http://www.myanmarzweman.com/myanmar_news/1390/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...