Wednesday, April 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၄)

သစ်ထူးလွင်


Posted: 30 Apr 2014 07:22 AM PDT
ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေး စီမံကိန်းမှ မြန်မာဘွဲ့ရ အလုပ်သမား ၂၀၀ ကျော်က တစ်လလျင် လုပ်ခလစာ အမေရိ ကန်ဒေါ်လာ ၂၄၀ ရရှိရေးအတွက် ဧပြီလ ၃၀ရက်က မြန်မာဝမ်ပေါင် ကြေးနီ ကုမ္ပဏီရုံးရှေ့တွင် စတုတ္ထအကြိမ်မြောက် ဆန္ဒပြတောင်းဆိုလိုက်သည်။ “ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် သမ္မတရုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြပေးထားပါတယ်။ အဲ့ဒီကအဖြေကိုလည်းေ
Posted: 30 Apr 2014 07:19 AM PDT
အောင်လံ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ စကြီးကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကို ဖြုတ်ချပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ဦးဆောင်၍ ဆရာတော်တစ်ပါး အပါအ၀င် ရွာသူ၊ ရွာသား ၁၀၀ကျော်တို့က ဧပြီ ၃၀ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်လိုက်သည်။ “ရပ်ရွာပေါ်မှာ လူလည်လုပ်တယ်။ အာဏာပြတယ်။ တရားဟော ဘုန်းကြီးကို တရားမဟောဖို့ ပိတ်ပင်တယ်။ ကထိန်ပွဲအတွက် အလှူခံတာကိုလည်း ထောင်ချပစ်မယ် ပြောတယ်။
Posted: 30 Apr 2014 06:43 AM PDT
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေက နောက်ထပ် သိမ်းပိုက်မှုတွေ လုပ်နေရာမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန်းဒါး တူချင်နော့ဗ် က ပြောပါတယ်။ လက်ရှိ အခြေအနေမှာ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဒွန်းညှက်မြို့နဲ့ လူဟန့်စ် မြို့တွေမှာ အခြေအနေတွေကို ပြန်မထိန်းချုပ်နိုင်ဘဲြ
Posted: 30 Apr 2014 06:40 AM PDT
ဆီးရီးယား နိုင်ငံကနေ ထွက်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်တွေ အတွက် ဒုက္ခသည် စခန်းကြီး တစ်ခုကို ဂျော်ဒန် နိုင်ငံ သဲကန္တာရမှာ ဖွင့်လှစ်လိုက်ပါတယ်။ ကနဦးတုန်းကတော့ အဲဒီ အယ်အက်ဇ်ရက် al-Azraq ဒုက္ခသည်စခန်းဟာ ဒုက္ခသည် ၅ သောင်းလောက် အတွက်ပဲ နေရာရှိတာ ဖြစ်ပေမယ့် အခုအခါ နောက်ထပ် ချဲ့ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာ နေရာချထားမယ့် ပထမ အသုတ် ဒုက္ခသည် ရာပေါင်း အနည်းငယ်လောက် ကတော့ စခန်းကို ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒီဒုက္ခသည်
Posted: 30 Apr 2014 05:28 AM PDT
ရက်သတ္တတစ်ပတ်လျှင် ယာဉ်မတော် တဆမှုကြောင့် အနည်းဆုံး လူသုံးဦးနှင့် အထက် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာ အကူအညီဖြင့် ပြန်လည်ပြုပြင်ရန် အစိုးရက ပြင်ဆင် နေသော်လည်း ယနေ့အချိန်ထိ ထင်သာမြင်သာသော လမ်းအဆင့် မြှင့်တင်မှုများ မရှိသေးပေ။ နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ထိုမှတစ်ဆင့် ယဉ်ကျေးမှုမြို့တော် မန္တလေးသို့
Posted: 30 Apr 2014 05:28 AM PDT
မြန်မာနိုင်ငံတွင် ကျောချစရာနေရာ တစ်နေရာအတွက် အိမ်ငှားခ မပေးနိုင်သောကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားမှုမျိုး ဖြစ်ခဲ့ပြီ ဖြစ်သည်။ အိမ်ပိုင်ရှင်အား အိမ်ခန်းငှားခပေးရန် သတ်မှတ်ရက် ပြည့်သည့်နေ့တွင် အိမ်ငှားနေထိုင်သည့် အသက်(၇၂)နှစ်အရွယ် အဘိုးဦးလှရွှေ(နာမည်ပြောင်း)တစ်ယောက်  အိမ်ငှားခမတတ်နိုင်တော့၍ နေအိမ်ထုပ်တန်းတွင် ဆွဲကြိုးချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခု တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင်
Posted: 30 Apr 2014 05:24 AM PDT
ပူပြင်းလိုက်တာလို့ ညည်းတွားရတဲ့ အထိ။ တစ်နှစ်ပြီးတစ်နှစ် အပူချိန်တွေ စံချိန်ချိုးနေသလို ခရမ်းလွန်ရောင်ခြည်အဆင့် တွေက လွန်ကဲအဆင့်ထက်ကို လွန်ကဲ... လွန်ကဲ...။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတော့ နေပူ ထဲ ထီးမပါဘဲလည်း လျှောက်သွားဖူးသည်။ ရာသီဥတုပူသည်၊ အေးသည်မသိဘဲ နေရာစုံ ကို လျှောက်သွားဖူးသည်။ အရင်နွေက ပူတော့ပူသည်။ သို့သော် ခံနိုင်ရည်ရှိသည် ဟုထင်သည်။ အခုကျတော့ လူကနွေရာသီ ဒဏ်ကို ဆတ်ဆတ်ထိမခံ ဖြစ်လာသည်။ မနက်ဘက်
Posted: 30 Apr 2014 04:20 AM PDT
မေလ ၃ ရက် နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်မှုနေ့ ၂၀၁၄ ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က “သူရဲကောင်း သတင်းသမား ၁၀၀” အမည်စာရင်းကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ အဲဒီအမည်စာရင်းထဲမှာ မြန်မာနိုင်ငံက ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အပါအ၀င် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ သတင်းသမားတွေ ပါဝင်ပါတယ်။ မကွေးမြို့က ဒီဗီဘီသတင်းထောက်
Posted: 30 Apr 2014 04:00 AM PDT
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်း သွယ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက်(၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့်အတွက်
Posted: 30 Apr 2014 03:48 AM PDT
တံတားဦး၊ ဧပြီ ၃၀ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ နယ်တွင် ဧပြီလ (၂၉) ရက် ညနေ (၂း၃၀)နာရီ အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းအချို့နှင့် ကျန်းမာရေးဆေးခန်း၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းခွ အထက်တန်းကျောင်း ပေ (၁၉၀ဍ္ဍ၃၀ဍ္ဍ၂၄)ရှိ ရွှေကံ့ကော် နှစ်ထပ်ကျောင်းဆောင် ရှေ့မျက်နှာစာ ဒိုင်းမျှားတန်းနှင့်
Posted: 30 Apr 2014 03:46 AM PDT
ခင်ဦး ဧပြီ ၃၀ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တံ့ရန် အတွက် ရန်ကုန်မှ မြစ်ကြီးနား အထိလမ်း လျှောက်၍ ဆန္ဒ ဖော်ထုတ်မည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသီဟ ဦးစီးသော အဖွဲ့ဝင် (၄၁)ဦး လိုက်ပါလာသည့် အဖွဲ့သည် ရွှေဘိုမြို့မှ OMC မူးဘောင် အတိုင်း လမ်းလျှောက် လာရာ ခင်ဦးမြို့နယ်၊ ပေါက်တုံ ကျေးရွာသို့ နံနက် (၁၀)နာရီခန့် က ရောက်ရှိစဉ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းနှင့် တာဝန်ရှိ သူများကြ
Posted: 30 Apr 2014 03:31 AM PDT
Q - ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူတဲ့ အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့ အကြီးအကဲ တစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေး ပြောပြပေးပါ။ A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား
Posted: 30 Apr 2014 03:31 AM PDT
၂၀၁၄ မေလ ၂၊ ၃ ရက်ဟာ နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားခဲ့တဲ့ (၆)နှစ်မြောက် ဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဒါပေမဲ့လည်း လောကကြီးမှာ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တွေ့ကြုံလာကြရတဲ့ကိစ္စတွေဟာ နှစ်မျိုးနှစ်စားပဲရှိပါတယ်။ တရားသဘောအရပြောရရင်တော့ တရားနှစ်ပါးပဲရှိပါတယ်။ တရားတစ်ပါးကတော့ ပစ်ပယ်ရမယ့်တရား၊
Posted: 30 Apr 2014 03:22 AM PDT
ကြိမ်ချောင်းကြီးကျေးရွာ စကားဝိုင်းများတွင် ယခုတစ်လော ထိပ်တန်း သတင်းအဖြစ် နေရာယူနေသည်က ညညရွာထိပ်နားတွင် သရဲခြောက်သည်ဆိုသည့် သတင်းပင် ဖြစ်သည်။ ညညဖြတ်သွားဖြတ်လာ လုပ်ကြသူများ၊ ရွာထိပ်တွင် ညအိပ်ရပ်နားလေ့ရှိသည့် မော်တော်ယာဉ်အစောင့်များကို ခြောက်လှန့်ခဲ့သည်ဆိုသည့် သတင်းများသည် ရွာထဲက စကားဝိုင်းများတွင် မပါမဖြစ်ဆိုသလောက်ပင်။ သည်ခြောက်လှန့်မှုများသည် လွန်ခဲ့သည့် ခြောက်နှစ်က သူတို့ရွာတွင် လူပေါင်း ၃၀၀၀ေ
Posted: 30 Apr 2014 03:15 AM PDT
စားပွဲထိုး ကလေးငယ်တစ်ဦးပါ စားသောက်ဆိုင် ၀န်ထမ်း သုံးဦးကို လမ်းလျှောက် နေစဉ်အတွင်း မော်တော်ကားတစ်စီးက ၀င်တိုက်မိ၍ မောင်းနှင်ထွက်ပြေး သွားပြီး တစ်ဦး သေဆုံးခဲ့မှုတစ်ခု ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲက ဗဟန်းမြို့တွင် ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုမှာ ဆရာစံလမ်းအတိုင်း ပုလဲကွန်ဒိုဘက်မှ ပြည်ထဲရေး မီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် တောင်းအေ့ယာဉ် တစ်စီးက ယာဘက်လမ်းစပ်တွင် လမ်းလျှောက်သွားနေသည့် ရွှေထိုင်းစားသောက်
Posted: 30 Apr 2014 02:58 AM PDT
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က တရွာလုံးနီးပါး မီးဘေးသင့်ခဲ့တဲ့ ငါးဟေရွာက ရွာသူရွာသားတွေ အကူအညီတွေ အများကြီး လိုနေသေးတယ်လို့ လားဟူ အမျိုးသမီး အဖွဲ့က ပြောပါတယ်။ အိမ်ခြေ ၇၂ လုံးရှိတဲ့ အဲဒီရွာမှာ အိမ် ၃ လုံးလွဲပြီး အားလုံးနီးပါး မီးလောင်သွား ပါတယ်။ လောလောဆယ် အိမ်ပြန်မဆောက်နိုင်သေးဘဲ လူပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးဟာ ယာယီမိုးကာတဲ ရွက်ဖျဉ်တဲတွေမှာ နေနေရပြီးေ
Posted: 30 Apr 2014 03:30 AM PDT
ခရီးသွား ကုမ္ပဏီ တစ်ခု၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သော ဒေါ်ဒါလီက ဆိုက်ရောက်ဗီဇာ(Arrival Visa)နှင့်ပတ်သက်၍ ခရီးသွားများကို နားလည်အောင် ရှင်းမပြတတ်ဟု ပြောပါသည်။ ခရီးလှည့်လည်ရေး ကုမ္ပဏီတစ်ခုလျှင် ဧည့်သည်ဆယ်ဦးနှင့် အထက် လျှောက်ထားမှသာ ကြိုတင်ပြုလုပ်သော ဆိုက်ရောက်ပြည်ဝင်ခွင့် ပြုမည့် ပေါ်လစီအပေါ် Tour De Myanmar အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဒါလီက မေးခွန်းထုတ်သည်။ ‘‘၀န်ကြီးဌာနရဲ့ပေါ်လစီကို လုံးဝ နားမလည်ြ
Posted: 30 Apr 2014 02:52 AM PDT
ရန်ကုန်၊ ဧပြီ ၂၉ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူ လယ်သမားရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့သည် လာမည့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဝင်းချိုက ပြောကြားသည်။ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ နှစ်ဦးမှာ ဧပြီလ ၁ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ကျခံနေရသူများ ဖြစ်ပြီး
Posted: 30 Apr 2014 02:49 AM PDT
ရန်ကုန်မြို့၏ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်ခြံမြေ အကျိုးဆောင်များကို အလုပ်ဖြစ်စေပြီး အနီး အနားတွင် ရှိနေသည့် မြေကွက်များ၏ ဈေးနှုန်းကိုလည်း မြင့်တက်လာစေသည့် အပြင် မြို့တွင်းနှင့် နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများပါ ဈေးတိုးမြင့်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။ အိမ်ရာ
Posted: 30 Apr 2014 02:46 AM PDT
မြို့နယ်စည်ပင်က အချိန်နှင့် ပေးဝေသော ရေက သူတို့ မိသားစု အတွက်မဖူလုံ။ သူတို့မိသားစု တစ်စု တည်းမဖူလုံသည်မဟုတ် ဟာခါးမြို့တွင် နေထိုင်သူ အားလုံးအတွက် မဖူလုံ။ ထမင်းချက်၊ ဟင်းချက်ရန်အတွက် ကြံရာမရသည့်အဆုံး ပြည်မကလာသော တစ်လီတာ ရေသန့်ဘူးများ ၀ယ်၍သုံး လိုက်သည်။ မိုးတွင်းကာလ စီးဆင်းနေ သော ချောင်းမှန်သမျှ ခန်းခြောက် ကုန်သည့် ပူပြင်းလှသော ရာသီ  ဥတုကြောင့် ရေထွက်ပေါက်စိမ့် နှင့် စမ်းချောင်း မှန်သမျှလည်း ရေ
Posted: 30 Apr 2014 02:30 AM PDT
အိမ်အကူကိုနှိပ်စက်ခဲ့သည့် ဇနီးဖြစ်သူ ၂နှစ်ကျော်ကြာ တိမ်းရှောင်နေဆဲ ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူမှာ မြို့နယ်တရားသူကြီး အဖြစ် ရာထူးတိုးမှု အပေါ် ဝေဖန်ခံနေရ အိမ်အကူ အမျိုးသမီးငယ်အား ထိခိုက်နာကျင်အောင် ပြုမူခဲ့ပြီး နှစ်နှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်သည့် ဒုတိယမြို့နယ်တရားသူကြီး၏ ဇနီးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ခင်ပွန်း ဖြစ်သူမှာမူ မြို့နယ် တရား သူကြီး အဆင့်သို့ ရာထူးတက်ခဲ့ ခြင်း
Posted: 30 Apr 2014 02:26 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေး ကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။” လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ
Posted: 30 Apr 2014 02:17 AM PDT
ရန်ကုန်၊ ဧပြီ ၂၉ အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း
Posted: 30 Apr 2014 02:16 AM PDT
ရန်ကုန်၊ ဧပြီ ၂၉ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ဖြေရှင်းနိုင်ရန် အတွက် မေလ ဒုတိယပတ်အတွင်း မြစ်ကြီးနားတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။ နှစ်ဖက်တိုက်ပွဲ များကြောင့် ယင်းသို့ေ
Posted: 30 Apr 2014 02:13 AM PDT
ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း သည်ဆိုသော သတင်းမှာ လုံးဝ မမှန်ကန်ကြောင်း သတင်းရရှိသည်။ ‘‘NCCT ကတော့ အဲဒီ သဘောမရှိပါဘူး။ ပထမသတ် မှတ်ထားတာကတော့ မေလဒုတိ ယအပတ်မှာ တွေ့ဖို့ပဲ။ အခုတော့ မေလ ၂၀ နောက်ပိုင်းရွှေ့လိုက် တယ်’’ဟု NCCT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...