" အမေအိုနဲ့ကားဂိတ် "
Cloud Cuckoo Land was tagged in Soemin Achitcho's photo.
ပင်ပန်းချင် ပင်ပန်းစမ်း
ဘယ်လောက် ကြမ်းကြမ်း
ဒီလမ်း ငါ...ဆက်လျှောက်မယ်ဆိုတဲ့
မိန်းမတစ်ယောက်ရဲ့ ခရီးလမ်းမှာ.......
ဘယ်လောက် ကြမ်းကြမ်း
ဒီလမ်း ငါ...ဆက်လျှောက်မယ်ဆိုတဲ့
မိန်းမတစ်ယောက်ရဲ့ ခရီးလမ်းမှာ.......
ကတ္တရာဟာ ပိုမည်းနေသလို
အမေအို မည်းညိုနေတယ်ဗျာ။
အဝေးပြေးလမ်းမပေါ်မှာ
သည်းသည်းလှုပ်နေတဲ့ သစ်ရွက်ခြောက်တွေ
လေယူရာတိမ်းနေတဲ့ ကျွတ်ကျွတ်အိတ်တွေ
မမတ်နိုင်ရှာတော့တဲ့ ရေသန့်ဘူးခွံတွေ
ထွေးထုတ်ခံထားတဲ့ ကွမ်းတံတွေးတွေ
ကြားခံအဖြစ်သုံးထားတဲ့ ဆေးလိပ်ဖင်စီခံတွေ
အသုံးမဖြစ်တော့တဲ့ ပစ္စည်းအချို့
တုန်တုန်ချည့်ချည့်နဲ့
နွမ်းရိရိ လုံချည်ကြမ်းကို
ကပိုကယို အအိုဟန်ဖြောက်ပြီးဝတ်
မိုးလင်းက မွန်းတည့်
မွန်းတည့်က မွန်းလွဲ
မွန်းလွဲက နေစောင်း
နေစောင်းလို့ မကောင်းတောင် ကျင့်နေရတဲ့
ဒုက္ကရစရိယာ ကျင့်နေရှာမဲ့
အို...
ဥပေက္ခာဒေဝီ အမေ။
သည်းသည်းလှုပ်နေတဲ့ သစ်ရွက်ခြောက်တွေ
လေယူရာတိမ်းနေတဲ့ ကျွတ်ကျွတ်အိတ်တွေ
မမတ်နိုင်ရှာတော့တဲ့ ရေသန့်ဘူးခွံတွေ
ထွေးထုတ်ခံထားတဲ့ ကွမ်းတံတွေးတွေ
ကြားခံအဖြစ်သုံးထားတဲ့ ဆေးလိပ်ဖင်စီခံတွေ
အသုံးမဖြစ်တော့တဲ့ ပစ္စည်းအချို့
တုန်တုန်ချည့်ချည့်နဲ့
နွမ်းရိရိ လုံချည်ကြမ်းကို
ကပိုကယို အအိုဟန်ဖြောက်ပြီးဝတ်
မိုးလင်းက မွန်းတည့်
မွန်းတည့်က မွန်းလွဲ
မွန်းလွဲက နေစောင်း
နေစောင်းလို့ မကောင်းတောင် ကျင့်နေရတဲ့
ဒုက္ကရစရိယာ ကျင့်နေရှာမဲ့
အို...
ဥပေက္ခာဒေဝီ အမေ။
ဘတ်စ်ကားတွေ ဆိုက်လာပါပေါ.့
ထိုအခိုက်
ဆိုပျော်တစ်သိုက်
အကို့ ကွမ်းယာ
အမ မြေပဲ
ဦးလေး ဆေးလိပ်
အန်တီ ချဉ်ပေါင်း
ညီမ ငုံးဥ
သံစုံ စုလို့ သီဖွဲ့ကြလေသလားဗျာ...
ထိုထို ကြားထဲမှာတော့
ပွဲစွဲရန်
နှဲကွဲအသံ ဆိုသလိုပါပဲ...
ကသီကရီ
အထုပ်ပိုးမနိုင့်တနိုင်နဲ့
ချုပ်ရိုး မခိုင့်တခိုင် အကျီင်္ကိုဝတ်ထားတဲ့
သစ်လုံးတွေကြားက ဖားသူငယ်ထွက်လာသလို
အမေအို လျိုထွက်လာပြီး
သား အကြော်လေးတွေလေ
သမီး အကြော်လေးတွေလေတဲ့ဗျာ။
ထိုအခိုက်
ဆိုပျော်တစ်သိုက်
အကို့ ကွမ်းယာ
အမ မြေပဲ
ဦးလေး ဆေးလိပ်
အန်တီ ချဉ်ပေါင်း
ညီမ ငုံးဥ
သံစုံ စုလို့ သီဖွဲ့ကြလေသလားဗျာ...
ထိုထို ကြားထဲမှာတော့
ပွဲစွဲရန်
နှဲကွဲအသံ ဆိုသလိုပါပဲ...
ကသီကရီ
အထုပ်ပိုးမနိုင့်တနိုင်နဲ့
ချုပ်ရိုး မခိုင့်တခိုင် အကျီင်္ကိုဝတ်ထားတဲ့
သစ်လုံးတွေကြားက ဖားသူငယ်ထွက်လာသလို
အမေအို လျိုထွက်လာပြီး
သား အကြော်လေးတွေလေ
သမီး အကြော်လေးတွေလေတဲ့ဗျာ။
အမေရောင်းနေတဲ့ အကြော်ဟာ
ညဦး ဒါမှမဟုတ် မနက်စောကအတိုင်း
ကြော်ထားတာပါ.....
အချိန်တွေ အတော်ကြာနေပါပြီ
အကြော်လေးတွေ ပူနေပါသေးတယ်.....
ပူမှာပေါ့ဗျာ
ပြင်းရှရှနေမင်းနဲ့
သားသမီးဝမ်းရေးအတွက်ပူပန်နေရတဲ့
အမေ့ဝမ်းတွင်းကြားမှာ ရှိနေတာလေ...
အကြော်တွေ ပူရုံတင်မကဘူး
ကျွမ်းကုန်သွားနိုင်လောက်ပါတယ်ဗျာ။
ညဦး ဒါမှမဟုတ် မနက်စောကအတိုင်း
ကြော်ထားတာပါ.....
အချိန်တွေ အတော်ကြာနေပါပြီ
အကြော်လေးတွေ ပူနေပါသေးတယ်.....
ပူမှာပေါ့ဗျာ
ပြင်းရှရှနေမင်းနဲ့
သားသမီးဝမ်းရေးအတွက်ပူပန်နေရတဲ့
အမေ့ဝမ်းတွင်းကြားမှာ ရှိနေတာလေ...
အကြော်တွေ ပူရုံတင်မကဘူး
ကျွမ်းကုန်သွားနိုင်လောက်ပါတယ်ဗျာ။
ဒါပေမဲ့လေ
သားလေး အကြော်တွေရမယ်
သမီးရေ.....အကြော်တွေရမယ်ဆိုတဲ့
အမေအိုရဲ့ စကားသံ
ရေခဲပြင်ထက်က
ပြောနေသလိုပါပဲလား.......
အေးမြလိုက်တာ
ချိုမြလိုက်တာ
သာယာလိုက်တာ
စွဲဆောင်မှုရှိလိုက်တာ
ခံစားမှုအပြည့်ရှိလိုက်တာဗျာ။
သားလေး အကြော်တွေရမယ်
သမီးရေ.....အကြော်တွေရမယ်ဆိုတဲ့
အမေအိုရဲ့ စကားသံ
ရေခဲပြင်ထက်က
ပြောနေသလိုပါပဲလား.......
အေးမြလိုက်တာ
ချိုမြလိုက်တာ
သာယာလိုက်တာ
စွဲဆောင်မှုရှိလိုက်တာ
ခံစားမှုအပြည့်ရှိလိုက်တာဗျာ။
အခုလိုမျိုး
မိမိအိမ်ရဲ့ အရိပ်အောက်မှာတင်
သား အကြော်လေးစားပါ့လား
သမီး အကြော်လေးစားပါ့လားလို့
ဒီလိုမျိုးလေး အမေပြောလိုက်ရင်
ကျွန်တော်တို့
ဘယ်လောက် ပျော်ကြမလဲ
ဘယ်လောက် ဝမ်းသာကြမလဲဗျာလို့
တွေးရင်း တွေးရင်း
ကောင်းကင်က ပြာ
တိမ်လည်း ပြာ
တောင်တန်းက ပြာ
ရေပြင် ပြာ
မြေပြင် ပြာနဲ့ သဘာဝကြား
ရမ္မက်အားကြီးနေတဲ့ အမေ
သား/သမီးတွေ အတွက်ပါ့လားလို့
စဉ်းစားရင်း စဉ်းစားရင်း
ဆန်ဈေး ကြံဈေး
ဆီဈေး ငါးပိဈေး
ဆားဈေး အသားဈေး
သခွားသီးဈေးနဲ့ သားသမီးဈေး
ယခုတစ်ပါတ်ဈေးနဲ့ တစ်ခုလပ်ဈေး
ဈေးပေါင်းစုံ အကြွေးပေါင်းစုံကို
အတွေးပေါင်းစုံနဲ့ ပြောကြရင်း
ငိုက်သူကငိုက်
နှိုက်သူကနှိုက်
ပိုက်သူကပိုက်
ရိုက်သူကရိုက်နဲ့
အမေအိုနဲ့ကားဂိတ်ကို ဖြတ်ကျော်ခဲ့ပါတော့တယ်
မိမိအိမ်ရဲ့ အရိပ်အောက်မှာတင်
သား အကြော်လေးစားပါ့လား
သမီး အကြော်လေးစားပါ့လားလို့
ဒီလိုမျိုးလေး အမေပြောလိုက်ရင်
ကျွန်တော်တို့
ဘယ်လောက် ပျော်ကြမလဲ
ဘယ်လောက် ဝမ်းသာကြမလဲဗျာလို့
တွေးရင်း တွေးရင်း
ကောင်းကင်က ပြာ
တိမ်လည်း ပြာ
တောင်တန်းက ပြာ
ရေပြင် ပြာ
မြေပြင် ပြာနဲ့ သဘာဝကြား
ရမ္မက်အားကြီးနေတဲ့ အမေ
သား/သမီးတွေ အတွက်ပါ့လားလို့
စဉ်းစားရင်း စဉ်းစားရင်း
ဆန်ဈေး ကြံဈေး
ဆီဈေး ငါးပိဈေး
ဆားဈေး အသားဈေး
သခွားသီးဈေးနဲ့ သားသမီးဈေး
ယခုတစ်ပါတ်ဈေးနဲ့ တစ်ခုလပ်ဈေး
ဈေးပေါင်းစုံ အကြွေးပေါင်းစုံကို
အတွေးပေါင်းစုံနဲ့ ပြောကြရင်း
ငိုက်သူကငိုက်
နှိုက်သူကနှိုက်
ပိုက်သူကပိုက်
ရိုက်သူကရိုက်နဲ့
အမေအိုနဲ့ကားဂိတ်ကို ဖြတ်ကျော်ခဲ့ပါတော့တယ်
သတိပဋ္ဌာန်လမ်း
အမေ့အတွက် မျှော်မှန်းကြည့်တော့
အမေနဲ့ ကားဂိတ်
မိတ်ဖြစ်နေသလား တွေးမိတယ်ဗျာ။
အမေ့အတွက် မျှော်မှန်းကြည့်တော့
အမေနဲ့ ကားဂိတ်
မိတ်ဖြစ်နေသလား တွေးမိတယ်ဗျာ။
လေးစားစွာဖြင့်
စိုးမင်း~အချစ်ချို
0 comments:
Post a Comment