Friday, April 25, 2014

Myanmar Youth Media Club 24 Apr 2014

MYMC - MYMHOT



Posted: 24 Apr 2014 03:20 AM PDT
The Elephant Man

ကမ္ဘာတစ်လွှားမှာ အဖြစ်အပျက် မျိုးစုံနဲ့ ဖြတ်သန်း ရပ်တည် ခဲ့တဲ့ လူတွေကို စံပြ အနေနဲ့ ရုပ်ရှင် ရိုက်ကူးထား တာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက အကောင်းဆုံး ဆိုတဲ့ ၁၀ ကားကို တင်ပြလိုက် ပါတယ်။
10. The Elephant Man (1980)
ဒီဇာတ်ကားဟာ ၁၉၈၀ ခုနှစ် အောက်တို ဘာလ ၃ ရက်နေ့မှာ ထွက်ရှိ ခဲ့ပြီး England နိုင်ငံက Joseph Merrick ဆိုတဲ့ လူတစ်ယောက် အကြောင်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

Joseph Merrick ဆိုသူဟာ ၁၉ ရာစု ခေတ်တုံးက သက်ရှိထင်ရှား ရှိခဲ့ပြီး သူရဲ့ ထူးခြားတဲ့ ခန္ဒာ ကိုယ်ကြောင့် ကမ္ဘာကျော် ခဲ့ပါတယ်။ အထူးသဖြင့် ဆင်လို မျက်နှာ ပိုင်ဆိုင် ထားပြီး ခြေတွေ လက်တွေကလည်း သာမန် အရွယ်အစား မ ဟုတ်တာကြောင့် ပတ်ဝန်းကျင်က မုန်းတီးခြင်း ခံခဲ့ ရပါတယ်။ ဒါပေမယ့် Joseph Merrick ဟာအဆိုပါ အမုန်းတရား တွေကို ကြံ့ကြံ့ခံပြီး ပတ် ၀န်းကျင်မှာ နာမည်ကောင်း ရအောင် ကြိုးစား နေထိုင် ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှန် Joseph Merrick အကြောင်း ရိုက်ထားတဲ့ The Elephant Man ဇာတ်ကားဟာ ၈ ခုသော အော်စကာ ဆုအတွက် ဇကာတင် စာရင်း ၀င်ခဲ့ပြီး အခြား သောဆု ၁၃ ခုအတွက် ဇကာတင် စာရင်းနဲ့ အခြား သော ဆု ၁၀ ခု ဆွတ်ခူး သည်အထိ အောင်မြင် ခဲ့ပါတယ်။ ရုပ်ရှင်တွေ အကြောင်း Website ဖြစ်တဲ့ IMDb မှာလည်း rating 8.3 တောင် ရှိတာမို့ စာဖတ် ပရိသတ်များ အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါပဲ။








9. Amadeus (1984)
ဒီ Amadeus ဇာတ်ကားဟာ ၁၉၈၄ ခုနှစ် စက်တင် ဘာလ ၁၉ ရက်နေ့မှာ ထွက်ရှိ ခဲ့ပါတယ်။ ဇာတ်ကြောင်း အနေနဲ့ ပြောရရင် နာမည်ကျော် ဂီတပညာရှင် ဖြစ်တဲ့ Wolfgang Amadeus Mozart အကြောင်းကို သူရဲ့ ပြိုင်ဘက် Antonio Salieri က ပြန်ပြောင်း ပြောပြ ထားသလို ရိုက်ကူထား တာဖြစ်ပါတယ်။ Antonio Salieri က Mozart ရဲ့ ပါရမီနဲ့ ဂီတအပေါ် မနာလို ၀န်တိုပြီး အမြဲတမ်း တိုက်ခိုက် ပြိုင်ဆိုင် ရခဲ့ပုံ တွေလည်း ပါဝင်ပါတယ်။ ခမ်းနားတဲ့ ပါရမီရှင် အကြောင်း ရိုက်ကူးထား တာဖြစ်တဲ့ နည်းတူ ကြီးကျယ်တဲ့ အောင်မြင်မှု တွေလည်း ရရှိခဲ့ပါ တယ်။ အော်စကာဆု ၈ ဆု ဆွတ်ခူးခဲ့ တဲ့အပြင် အခြားသောဆု ၃၃ ဆုနဲ့ ဆု ၁၃ ခုအတွက် ဇကာတင် စာရင်းဝင် ခဲ့ပါတယ်။ IMDb rating က တော့ 8.4 တောင် ရှိတာကြောင့် နောက်ထပ် လက်လွတ် မခံသင့်တဲ့ ကားပါပဲ။




Amadeus



8. Raging Bull (1980)
Raging Bull ဇာတ်ကားဟာ ၁၉၈၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ရုပ်ရှင်ကြည့် ပရိသတ် တွေကြား အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်လမ်း တစ်ခု ဖြစ်ခဲ့ပါတယ်။ နာမည်ပြောင် "The Bronx Bull" "The Raging Bull" တွေရရှိခဲ့တဲ့ Italian American Boxer Jake LaMotta အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ Jake LaMotta ဟာ နာမည်ပြောင်နဲ့ လိုက်အောင် ကြိုးဝိုင်း အတွင်း မှာရော၊ ပတ်ဝန်းကျင် မှာပါ ကြမ်းတမ်းခဲ့ပြီး နှိုင်းမရတဲ့ ဆုံးရှုံးမှုတွေ ရရှိခဲ့ပုံ တွေလည်း ပါဝင်ပြီး တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ရိုင်းကို မထိန်း ချုပ်ရင် ဆိုးရွားတဲ့ ဖြစ် ရပ်တွေ ကြုံဆုံရမယ့် အကြောင်း သင်ခန်းစာလည်း ဖြစ်ပါတယ်။ Raging Bull ဟာ ရိုက်ခဲ့သမျှ ဇာတ်လမ်း တွေထဲမှာ အကောင်းဆုံး ဇာတ် လမ်း လို့တောင် ညွှန်းခံခဲ့ ရအောင် အောင်မြင်ခဲ့ပြီး အော်စကာဆု ၂ ဆုနဲ့ အခြား သောဆု ၂၆ ဆုအပြင် ဆု ၁၉ ဆုအတွက် ဇကာတင် စာရင်း တင်သွင်းခံ ခဲ့ရပါတယ်။ IMDb rating ကတော့ 8.3 ရှိပြီး မလွဲမသွေ ကြည့်ရှု သင့်တဲ့ ဇာတ်ကားပါပဲ။




Raging Bull



7. Downfall (2004)
Downfall ဇာတ်ကား ကတော့"Inside Hitler's Bunker" ဆိုတဲ့ ၀တ္ထုကို အခြေခံကာ နာမည်ကျော် နာဇီခေါင်းဆောင် Adolf Hitler ရဲ့ နောက်ဆုံး ၁၀ရက် အကြောင်းကို ရိုက်ကူး ထားပြီး ၂၀၀၄ ခုနှစ် မှာ ထွက်ရှိခဲ့ ပါတယ်။ ကမ္ဘာ့ အရက်စက် ဆုံးသူ ဖြစ်ခဲ့တဲ့ Adolf Hitler ဟာ နောက်ဆုံး မှာတော့ မဟာမိတ် တွေရဲ့ ရန်ကြောင့် Bunker တစ်ခုထဲမှာ စိတ်ဆင်းရဲစွာ နေထိုင်ရပုံ တွေကို ရှုစားရမှာ ဖြစ်ပါတယ်။ အဆိုပါ Downfall ဇာတ်ကားဟာ ဂျာမန်ဇာတ်ကား ဖြစ်ပေမယ့် အော်စကာ ဆုတစ်ဆု အတွက် ဇကာတင် စာရင်းသွင်း ခံရပြီး အခြားသော ဆု ၁၈ခု အ ပါအ၀င် အခြားသော ဆု၁၇ ခုအတွက် ဇကာတင် စာရင်းသွင်း ခံရသည် အထိ အောင်မြင် ခဲ့ပါတယ်။ IMDb rating အနေနဲ့ 8.3 အထိ ရှိပြီး ကြည့်ရှုသင့်တဲ့ ကားကောင်း တစ်ခုပါပဲ။




Downfall



6. Braveheart (1995)
Braveheart ဇာတ်ကားဟာ ၁၉၉၅ ခုနှစ် မေလ ၂၄ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး Scottish warrior William Wallace အကြောင်း ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ နှိုင်းရရင် သူ့ဘ၀ဟာ လယ်သမား တို့ရဲ့ ခေါင်းဆောင် ဆရာစံရဲ့ဘ၀နဲ့ ဆင်တူပါတယ်။ ဒီဇာတ်လမ်းမှာ William Wal lace ရဲ့ အင်္ဂလိပ် လက်အောက် ကနေ ရုန်းထွက်ဖို့ Scott လူမျိုး တွေကို စည်းရုံးပြီး Scott တို့ရဲ့ မျိုးချစ် စိတ်ကို နယ်ချဲ့သိအောင် အစွမ်းပြ ခဲ့ပုံ တွေကို ရှုစားရမှာ ဖြစ်ပါတယ်။ အော်စကာဆု ၅ ဆုဆွတ်ခူး သည်အထိ အောင်မြင်မှု ရခဲ့ပြီး ဆု ၂၀ ဆုအတွက် ဇကာတင် စာရင်း ၀င်ခဲ့တဲ့ အပြင် အခြားသော ဆု ၁၉ ဆုလည်း ဆွတ်ခူး ခဲ့ပါတယ်။ IMDb rating က 8.4 တောင် ရှိတာမို့ မလွဲမသွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ် ပါတယ်။




Braveheart



5. The Intouchables (2011)
The Intouchables ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Philippe Pozzo di Borgo နဲ့ သူရဲ့ French-Algerian caregiver ဖြစ်သူ Abdel Sellou တိုရဲ့ အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ မီလျံနာ ဖြစ်သူ Philippe တစ်ခုဟာ မတော်တဆ တစ်ခုကြောင့် ခြေလက်တွေ လှုပ်မရ တော့ဘဲ အကြောဆိုင်း သွားပြီးနောက် သူရဲ့ Caretaker ဖြစ်သူနဲ့ အကြား ရင်းနှီးကာ ဖြစ်ပေါ်လာတဲ့ သူငယ်ချင်း သံယောဇဉ် အ ကြောင်းကို ရှုစားရမှာ ဖြစ်ပါတယ်။ French ဇာတ်ကား တစ်ခုဖြစ်ပြီး ပြင်သစ်မှာ အထူး အောင်မြင် ခဲ့ကာ Golden Globe ဆုတစ်ခု ဆွတ် ခူးခဲ့ပြီး အခြားဆု ၂၅ ဆုအပြင် ဆု ၃၁ ဆုအတွက် ဇကာတင် စာရင်း တင်သွင်းခံ ခဲ့ရပါတယ်။ IMDb rating က 8.6 တောင် ရှိတာမို့ ကြည့်ရှု သင့်တဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။




The Intouchable



4. The Queen (2006)
The Queen ဇာတ်ကားဟာ ၂၀၀၆ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့မှာ UK မှာ ထွက်ရှိခဲ့ ပါတယ်။ Queen Elizabeth II ရဲ့ ဘ၀အကြောင်း ရိုက်ကူးထားပြီး ရုံးကန်ရင်း ထိပ်ဆုံး ရောက်အောင် တက်ခဲ့ပုံ တွေကို ရှုစားရမှာပါ။ ထူးထူးခြားခြား အနေနဲ့ Princess Diana ရဲ့ ကွယ်လွန်တဲ့ အကြောင်းနဲ့ ပတ်သက်တာ တွေလည်း ပါဝင် ပါသေးတယ်။ UK ရဲ့ တော်ဝင် မိသားစု အကြောင်း ရောင်ပြန်ဟပ် ပြတဲ့ ကားကောင်း တစ်ကား ဖြစ်ပြီး ကြည့်ရှုသူ တော်တော်များများလည်း ကြိုက်နှစ်သက် ခဲ့ကြပါတယ်။ အော်စကာဆု ၁ ဆုအပြင် အခြားသောဆု ၆၄ ဆုနဲ့ ဆုပေါင်း ၅၉ ဆုအတွက် ဇကာတင်စာရင်း တင်သွင်း ခံခဲ့ရ သည်အထိ အောင်မြင် ခဲ့ပါတယ်။ IMDb rating ပြောရရင် 7.4 ဖြစ်လို့ အပေါ်ကကား တွေနဲ့ ယှဉ်ရင် နိမ့်ကျပေမယ့် ကားကောင်း တစ်ခု အဖြစ် မှတ်သား ထားရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။




The Queen



3. Lawrence of Arabia (1962)
Lawrence of Arabia ဟာ British American ဇာတ်ကား တစ်ခု ဖြစ်ပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထွက်ရှိခဲ့ ပါတယ်။ ပထမ ကမ္ဘာစစ် အတွင်း Arab နိုင်ငံများ အကြား သြဇာ လွှမ်းမိုး နိုင်တဲ့ T.E. Lawrence အကြောင်း ရိုက်ကူးထား တာဖြစ်ပြီး the Arab National Council ဖွဲ့စည်း နိုင်ဖို့ ကြိုးစားခဲ့ပုံ၊ Damascus နဲ့ Aqaba တို့နဲ့ ယှဉ်ပြိုင် စစ်ဖက်ခဲ့ပုံ တွေကိုလည်း ရှုစား ရမှာ ဖြစ်ပါတယ်။ လူတော်တော် များများက Lawrence of Arabia ဟာ အကောင်းဆုံး ရုပ်ရှင် တစ်ခု အဖြစ် သတ်မှတ်ထား ခဲ့ရအောင် အောင်မြင် မှုတွေ ရခဲ့ပါတယ်။ အော် စကာဆု ၇ ဆုအပြင် အခြားသောဆု ၂၀ ဆုနဲ့ ဆု ၁၃ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရ ပါတယ်။ IMDb rating အနေနဲ့ 8.4 ထိ ရှိတာမို့ ကြည့်ရှုရမယ့် ဇာတ်ကား တစ်ခုဖြစ်မှာ သေချာပါတယ်။




Lawrence of Arabia



2. Goodfellas (1990)
Goodfellas ဇာတ်ကား ကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Crime Family တစ်ခုဖြစ်တဲ့ Lucchese Family အကြောင်း ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် Lucchese Family ထဲက "Goodfellas" လို့နာမည်ပြောင် ရထားတဲ့ Henry Hills နဲ့သူ့ သူငယ်ချင်း တွေရဲ့ ဘ၀ အကြောင်း ရှုစားရမှာ ဖြစ်ပါတယ်။ Goodfellas ဇာတ်ကားဟာ ကြည့်ရှုသူ တွေထံမှ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ သလို စီးပွားရေး အရ လည်း အောင်မြင်ခဲ့ ပါသေးတယ်။ အော်စကာ တစ်ဆုနဲ့ အခြားသော ဆု ၄၀ အပြင် ဆု ၂၃ ဆုအတွက် ဇကာတင် စာရင်း ၀င်ခဲ့ပါ တယ်။ IM Db rating ကတော့ ဇာတ်လမ်း ၁၀ ကားထဲမှာ ဒုတိယ အများဆုံး အဖြစ် 8.8 ရှိပြီး အချိန်ပေးရ ကျိုးနပ်မယ့် ကားကောင်း တစ်ခု ဖြစ်ပါ တယ်။




Goodfellas



1.  Schindler’s List (1993)
Schindler’s List ဇာတ်ကားဟာ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက် ခဲ့ပုံတွေကို ရှု စားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှု အနေနဲ့ များစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရ ပါတယ်။ IMDb rating က အ မြင့်ဆုံးအဖြစ် 8.9 တောင်ရှိပြီ မလွဲမသွေ အချိန်ပေး ကြည့်ရှုသင့်တဲ့ ကားကောင်း တစ်ခု ဖြစ်ပါတယ်။




Schindler's List



အခုတင်ပြ ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကား ၁၀ ကားအပြင် လက်ဆောင် အနေနဲ့ စာရေးသူ ညွှန်းချင်တဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တွေလည်း အကြောင်းအရာ အားလုံး မဟုတ်ရင်တောင် အမည်တော့ ညွှန်းချင် ပါသေးတယ်။ Action ရောစပ်ထားတဲ့ ဖြစ်ရပ်မှန် ကားတွေ အနေနဲ့ Valkyrie, Zero Dark Thirty, The Lone Ranger, Act of valor, The Fighter, Public Enemies ဇာတ်ကားများ။ Crime ဖြစ်ရပ်မှန် ဇာတ်ကားတွေ အနေနဲ့ United 93, Frozen Ground, Zodiac, Captain Phillips ဇာတ်ကားများ။ Drama ရောစပ် ထားတဲ့ ဖြစ်ရပ်မှန် ကားတွေ အနေနဲ့ Catch me if you can, Cast away, Lincoln, Dallas Buyer Club, Freedom Writer, Pirates of the silicon valley, The Vow ဇာတ်ကား များကို ညွှန်းချင်ပါတယ်။ Life of Pi, Forrest Gump နဲ့ The Words လို ဇာတ်ကားများ ဟာလည်း ဖြစ်ရပ်မှန် မ ဟုတ်ပေမယ့် ကြည့်ရှုသူကို ရသ ပေးစွမ်း နိုင်မယ့် ဇာတ်ကားတွေ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။



Images from listdose. Source: listdose.com




Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...