တခါက (၅)
မြို့ ငယ်လေးတစ်မြို့ မှာ သူခိုးတွေအရမ်းပေါနေလို့  တစ်မြို့ လုံးစိတ်ညစ်နေရတဲ့ အချိန်မှာ လူကြီးတစ်ယောက်ဟာ သူ့ အိမ်ဘေးကကောင်လေးကိုမသင်ကာတာနဲ့  သူခိုးလို့ စွပ်စွဲပြီး
အနီးနားရှိခင်တဲ့သူတွေအကုန်လုံးကို အဲ့ဒီ့ကောင်လေးကသူခိုးဖြစ်ကြောင်းကောလဟာလ လိုက်ဖြန့် ကာ ရဲတွေကိုဖမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါနဲ့ ကောင်လေးကိုဖမ်းပြီးတော့ တရားစီရင်တဲ့နေ့ မှာ ကောင်လေးဟာရိုးသားပြီး
ယခင်ပြစ်မှုတွေလဲမရှိ ယခုလဲသူခိုးမဟုတ်ကြောင်းတွေ့ ရှိရတာကြောင့်
အပြစ်မှုလွတ်မြောက်ခွင့်ရခဲ့ပေမယ့် တရားသူကြီးကတော့ကောလဟာလဖြန့် တဲ့
လူကြီးကိုဆုံးမချင်တာနဲ့  ထိုလူကြီးကိုခေါ်ကာ
"ဆရာကြီး.....ဆရာကြီးလဲအသက်ကြီးနေပါပြီ။
ကောလဟာလဖြန့် တာတော့မကောင်းပါဘူး။
ယခုဆို ဒီလူငယ်လေးလဲမဟုတ်မမှန်ပဲအရှက်ရတယ်။
ဒါ့ကြောင့်ဆရာကြီးကို တစ်ခုလုပ်ခိုင်းစေချင်ပါတယ်။အဲ့ဒါကတော့ ဆရာကြီးပြောချင်တဲ့
ဒီကောင်လေးအကြောင်းတွေကို စက္ကူတွေပေါ်ချရေးပြီး မြို့ အနှံ့ လိုက်ပို့ လိုက်ပါ။
နောက်နေ့ ကျရင်အဲ့ဒီ့လူတွေဆီက ဒီကောင်လေးမကောင်းကြောင်းတွေ ပြန်ကြားရမှာပါ။
အဲ့လိုမကြားခင် သူတို့ ဆီက ဆရာကြီးလိုက်ဖြန့် ထားတဲ့
စာရွက်တွေကို ကုန်အောင် လိုက်သိမ်းလိုက်ပါ။" ဆိုတော့ လူကြီးကလည်း
"ဒီလောက်များတဲ့စာရွက်တွေကို ၂၄နာရီအတွင်း သူတို့ ဆီကစကားသံတွေမကြားခင်
ပြန်သိမ်းဖို့ ဆိုတာမဖြစ်နိုင်ပါဘူး" ဆိုတော့ တရားသူကြီးကလည်း
"ကောင်းပြီ။ဒီလို မဟုတ်မမှန်ဝါဒဖြန့် တဲ့စာရွက်တွေတောင်ပြန်မသိမ်းပေးနိုင်တာ။
ဆရာကြီး ပါးစပ်သတင်းအနေနဲ့ ဖြန့် ခဲ့တဲ့ မဟုတ်မမှန်တဲ့ဒီကောင်လေးအကြောင်းတွေကို
ဘယ်လိုနည်းနဲ့ ပြန်ရုပ်သိမ်းပေးမှာလဲ"ဆိုတော့
လူကြီးလည်းခေါင်းအောက်ချသွားပါတော့တယ်။
ဒ့ါကြောင့် ကိုယ့်စကားတွေကို မပြောခင် ပြောသင့်မပြောသင့်အရင်စဉ်းစားပါ။
သင့်စကားတွေကို သင်ကိုယ်တိုင်ပြန်ပြီး တာဝန်ယူနိုင်မှသာပြောသင့်ပါတယ်။
သင်ပြောတဲ့စကားတွေကို ပြန်ပြီးတာဝန်မယူနိုင်ရင်တော့ သင့်အကြောင့်သိတဲ့
သူတွေကြားမှာ သင်ဟာ သူများတွေရဲ့ ပြစ်တင်စကားမှာ
ကျေးကျွန်ဘ၀ရောက်သွားနိုင်ပါတယ်။
ZK
သင့်စကားတွေကို သင်ကိုယ်တိုင်ပြန်ပြီး တာဝန်ယူနိုင်မှသာပြောသင့်ပါတယ်။
သင်ပြောတဲ့စကားတွေကို ပြန်ပြီးတာဝန်မယူနိုင်ရင်တော့ သင့်အကြောင့်သိတဲ့
သူတွေကြားမှာ သင်ဟာ သူများတွေရဲ့ ပြစ်တင်စကားမှာ
ကျေးကျွန်ဘ၀ရောက်သွားနိုင်ပါတယ်။
ZK
0 comments:
Post a Comment