ရွာထဲကို ဂျပန်တွေ ၀င်လာပြီဟေ့
“သိမ်းကွာ . . အကုန်သိမ်း၊ လမ်းထဲကခုံတွေပါ ဝင်ဆွဲကြကွာ . . .”
“ ၀ူးးးးးးး ”ခနဲ ထိုးရပ်လာသည့် ကားပြာကြီး၏ ခေါင်းခန်းမှ ဆင်းလာသည့် လူဝကြီး၏
နှုတ်ဖျားမှ လျှံကျလာသည့် စကားသံအချို့ ဖြစ်၏။
နံနက်စောစော ၃၉လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးတွင် ကျွန်တော်နှင့် ရုံးကတစ်ယောက်
စကားစမြည်လေးပြောရင်း စားသောက်နေချိန် လက်ဖက်ရည်တစ်ဝက် မကုန်သေးခင် ဆိုင်ရှင်က
“ လာပြီ . . လာပြီ . . သိမ်းကြ . . သိမ်းကြ”ဟု ရုတ်တရက် ထိတ်ထိတ်ပျာပျာ အော်ဟစ်ရင်း
လက်ကလည်း ကျွန်တော်တို့ လက်ဖက်ရည်စားပွဲကို ဆွဲယူမတင်ပြီး ပလက်ဖောင်းပေါ်ကနေ
လမ်းထဲကို ပြေးသွင်းသွား၏။
စားသောက်နေကြသည့် လူအချို့ကို ဂရုမစိုက် ဝင်တိုက်ကာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေကြသည့် လူတစ်စုမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့် စည်ပင်ဝန်ထမ်းများသာဖြစ်ပြီး လမ်းဘေးတွင် ဖွင့်ထားသည့်
ဆိုင်များကို လိုက်လံဖမ်းဆီး သိမ်းဆည်းကာ စားပွဲများ၊ ခုံများကို အတင်းဆွဲ သိမ်းပြီး ကားပေါ်ကိုတင်ကြ
နေခြင်းဖြစ်၏။ လက်ဖက်ရည်ခွက်တွေ မှောက်၊ ရေနွေးကြမ်းပန်းကန်တွေကျ၊ ဓါတ်ဗူးတွေလဲ။ စားပွဲ ပေါ်
တင်ထား သည့် ဖုန်းနှင့် ပိုက်ဆံအိတ်တောင် ယူချိန် မရလိုက်။ ဆိုင်က ကျန်တဲ့သူတွေလည်း ထိုင်ခုံ၊
စားပွဲများကို အလုအယက် ၀ိုင်းသိမ်းလိုက်ကြ၏။
စားပွဲထိုးတွေနှင့် စည်ပင်ဝန်ထမ်းများ စားပွဲလုပွဲ၊ ထိုင်ခုံလုပွဲ ကျင်းပနေသလား ထင်ရ၏။ စောစောက
အေးအေးလူလူထိုင်နေသည့် စားသုံးသူ များလည်း လွတ်ရာကျွတ်ရာ ပြေးရပ်နေလိုက်ကြရ၏။ လမ်း၌ ဖြတ်သွားသည့် နိုင်ငံခြားသား ဧည့်သည်များဖြစ်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း
ထိတ်လန့်အံ့သြသည့် မျက်နှာထားများနှင့် ရပ်ကြည့်နေကြလေရဲ့။ ၎င်းတို့ အချင်းချင်းလည်း တီးတိုး
ပြောဆိုနေကြ သည်ကို တွေ့ရ၏။
အဲဒီလို စည်ပင်နှင့် စားပွဲထိုးတွေ လုလိုက်ကြတာ စည်ပင်က သုံးပုံတစ်ပုံလောက်ရသွားပြီး ကားနှင့်တင်၊
ဆက်မောင်း၊ နောက်တစ်ဆိုင် ထပ် လု ….. အဲ ….. ထပ်သိမ်းကြ၊ ရုတ်ရုတ်သဲသဲ ဖြစ်ကြပြန်ရော။ အများ
ပြည်သူတွေ ထပ်ကာထပ်ကာ ထိတ်လန့်ကြရပြန်၏။ စည်ပင်ကားကြီး မြင်ကွင်းက ပျောက်သွားလျှင်
နောက်ကနေဈေးတွေ ပြန်ခင်းကြ။ ဒီလိုနှင့် မြို့တော်ရန်ကုန်၏ နေ့စဉ်ဘ၀တွင် စည်ပင်အဖွဲ့နှင့် ပျံကျ
ပလက်ဖောင်းဈေးသည်တွေ ၀ရုန်းသုန်းကား သံသရာ လည်နေတော့သည်။
စည်ပင်က ဒီလိုလုပ်နေခြင်းသည် ဖြေရှင်းနည်းမှန်သလား။ ဒီလိုလုပ်၍ ပြဿနာက ပြေလည်သွားသလား။ ဒီထက်ကောင်းသည့် ဖြေရှင်းနည်း၊ ဒီထက် ပိုထိရောက်သည့် အရေးယူမှုနည်းလမ်း မရှိဘူးလား။
ဈေးသည်များဘက်က မှန်သည်ဟု ဆိုလို ခြင်း မဟုတ်ချေ။ စည်ပင်ဥပဒေကို ဖောက်ဖျက်နေသည်ဆိုလျှင်
ဥပဒေအရထိရောက်ညင်သာသည့် အခြားဖြေရှင်းနည်းနှင့် နိုင်ငံတစ်ခု၏ အစိုးရဌာနပီပီ ဖြေရှင်းသင့်သည်။
သို့သော် ယခုဟာက ၎င်းတို့၏ အပြုအမူသည် အာဏာရှင်စနစ်၏ လက်ကျန် အငွေ့အသက်များအတိုင်း
ပြည်သူလူထုကို ဂရုမစိုက်အလေးမထားဘဲ မြို့လယ်ခေါင်တွင် သောင်းကျန်းနေခြင်းသာ ဖြစ်၏။
ကိုလိုနီခေတ်က ပြည်သူတွေ အထိတ်တလန့် ပြောဆိုခဲ့ကြသည့်အတိုင်း လမ်းပေါ်က စားပွဲထိုး၏
အော်သံကို ကြားလိုက်ရပြန်သည်။
“ ရွာထဲကို ဂျပန်တွေ .. ၀င်လာပြီဟေ့ . . . . .”
“ ၀ူးးးးးးး ”ခနဲ ထိုးရပ်လာသည့် ကားပြာကြီး၏ ခေါင်းခန်းမှ ဆင်းလာသည့် လူဝကြီး၏
နှုတ်ဖျားမှ လျှံကျလာသည့် စကားသံအချို့ ဖြစ်၏။
နံနက်စောစော ၃၉လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးတွင် ကျွန်တော်နှင့် ရုံးကတစ်ယောက်
စကားစမြည်လေးပြောရင်း စားသောက်နေချိန် လက်ဖက်ရည်တစ်ဝက် မကုန်သေးခင် ဆိုင်ရှင်က
“ လာပြီ . . လာပြီ . . သိမ်းကြ . . သိမ်းကြ”ဟု ရုတ်တရက် ထိတ်ထိတ်ပျာပျာ အော်ဟစ်ရင်း
လက်ကလည်း ကျွန်တော်တို့ လက်ဖက်ရည်စားပွဲကို ဆွဲယူမတင်ပြီး ပလက်ဖောင်းပေါ်ကနေ
လမ်းထဲကို ပြေးသွင်းသွား၏။
စားသောက်နေကြသည့် လူအချို့ကို ဂရုမစိုက် ဝင်တိုက်ကာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေကြသည့် လူတစ်စုမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့်
ဆိုင်များကို လိုက်လံဖမ်းဆီး သိမ်းဆည်းကာ စားပွဲများ၊ ခုံများကို အတင်းဆွဲ သိမ်းပြီး ကားပေါ်ကိုတင်ကြ
နေခြင်းဖြစ်၏။ လက်ဖက်ရည်ခွက်တွေ မှောက်၊ ရေနွေးကြမ်းပန်းကန်တွေကျ၊ ဓါတ်ဗူးတွေလဲ။ စားပွဲ ပေါ်
တင်ထား သည့် ဖုန်းနှင့် ပိုက်ဆံအိတ်တောင် ယူချိန် မရလိုက်။ ဆိုင်က ကျန်တဲ့သူတွေလည်း ထိုင်ခုံ၊
စားပွဲများကို အလုအယက် ၀ိုင်းသိမ်းလိုက်ကြ၏။
စားပွဲထိုးတွေနှင့် စည်ပင်ဝန်ထမ်းများ စားပွဲလုပွဲ၊ ထိုင်ခုံလုပွဲ ကျင်းပနေသလား ထင်ရ၏။ စောစောက
အေးအေးလူလူထိုင်နေသည့် စားသုံးသူ များလည်း လွတ်ရာကျွတ်ရာ ပြေးရပ်နေလိုက်ကြရ၏။ လမ်း၌ ဖြတ်သွားသည့် နိုင်ငံခြားသား ဧည့်သည်များဖြစ်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း
ထိတ်လန့်အံ့သြသည့် မျက်နှာထားများနှင့် ရပ်ကြည့်နေကြလေရဲ့။ ၎င်းတို့ အချင်းချင်းလည်း တီးတိုး
ပြောဆိုနေကြ သည်ကို တွေ့ရ၏။
အဲဒီလို စည်ပင်နှင့် စားပွဲထိုးတွေ လုလိုက်ကြတာ စည်ပင်က သုံးပုံတစ်ပုံလောက်ရသွားပြီး ကားနှင့်တင်၊
ဆက်မောင်း၊ နောက်တစ်ဆိုင် ထပ် လု ….. အဲ ….. ထပ်သိမ်းကြ၊ ရုတ်ရုတ်သဲသဲ ဖြစ်ကြပြန်ရော။ အများ
ပြည်သူတွေ ထပ်ကာထပ်ကာ ထိတ်လန့်ကြရပြန်၏။ စည်ပင်ကားကြီး မြင်ကွင်းက ပျောက်သွားလျှင်
နောက်ကနေဈေးတွေ ပြန်ခင်းကြ။ ဒီလိုနှင့် မြို့တော်ရန်ကုန်၏ နေ့စဉ်ဘ၀တွင် စည်ပင်အဖွဲ့နှင့် ပျံကျ
ပလက်ဖောင်းဈေးသည်တွေ ၀ရုန်းသုန်းကား သံသရာ လည်နေတော့သည်။
စည်ပင်က ဒီလိုလုပ်နေခြင်းသည် ဖြေရှင်းနည်းမှန်သလား။ ဒီလိုလုပ်၍ ပြဿနာက ပြေလည်သွားသလား။ ဒီထက်ကောင်းသည့် ဖြေရှင်းနည်း၊ ဒီထက် ပိုထိရောက်သည့် အရေးယူမှုနည်းလမ်း မရှိဘူးလား။
ဈေးသည်များဘက်က မှန်သည်ဟု ဆိုလို ခြင်း မဟုတ်ချေ။ စည်ပင်ဥပဒေကို ဖောက်ဖျက်နေသည်ဆိုလျှင်
ဥပဒေအရထိရောက်ညင်သာသည့် အခြားဖြေရှင်းနည်းနှင့် နိုင်ငံတစ်ခု၏ အစိုးရဌာနပီပီ ဖြေရှင်းသင့်သည်။
သို့သော် ယခုဟာက ၎င်းတို့၏ အပြုအမူသည် အာဏာရှင်စနစ်၏ လက်ကျန် အငွေ့အသက်များအတိုင်း
ပြည်သူလူထုကို ဂရုမစိုက်အလေးမထားဘဲ မြို့လယ်ခေါင်တွင် သောင်းကျန်းနေခြင်းသာ ဖြစ်၏။
ကိုလိုနီခေတ်က ပြည်သူတွေ အထိတ်တလန့် ပြောဆိုခဲ့ကြသည့်အတိုင်း လမ်းပေါ်က စားပွဲထိုး၏
အော်သံကို ကြားလိုက်ရပြန်သည်။
“ ရွာထဲကို ဂျပန်တွေ .. ၀င်လာပြီဟေ့ . . . . .”
0 comments:
Post a Comment