Wednesday, April 30, 2014

“အိုဘားမားဖုန်း ဆိုတာဘာလဲ”

“အိုဘားမားဖုန်း ဆိုတာဘာလဲ”  ဆိုပြီး  မိတ်ဆွေတဦးက မေးလာလို့ ကျနော် သိသမျှလေး ပြန်ရှယ်ချင်စိတ် ဖြစ်လာမိတယ် …

ဟိုတနေ့က ကိစ္စရှိလို့ သူ့ကိုဖုန်းခေါ်တဲ့အခါ ကျနော်သုံးနေကျဖုန်း  အပြင်ပါသွားလို့ တခြားဖုန်းတလုံးနဲ့ ခေါ်လိုက်ရတယ်။ အဲမှာ ကျနော်မှန်းသိအောင် မိတ်ဆက်ပြောရင်း ‘အိုဘားမားဖုန်း’ လို့ လွှတ်ခနဲ ပြောလိုက်မ တာနဲ့ အဲဒီအမေး ပေါ်ထွက်လာတာပါ။ 

တကယ်တော့ အိုဘားမားဖုန်းဆိုတာ  အမေရိကမှာ နေထိုင်တဲ့ ဝင်ငွေနည်း မိသားစုတွေ ဆက်သွယ်ရေး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု တခုလို့ ပြောရမှာပါ။ အလုပ်အကိုင် မရှိသေးလို့ အစိုးရထောက်ပံ့ကြေးပေါ် မှီခိုနေရသူတွေ .. အလုပ်အကိုင်ရှိသော်လည်း ဝင်ငွေနည်းလို့ အစိုးရ ထောက်ပံ့မှု မကင်းသူတွေ လျှောက်ထားခွင့် ရှိပါတယ်။ 

ဖုန်းလျှောက်ထားတဲ့အခါ  ထောက်ပံ့မှုခံစားနေတဲ့ အထောက်အထားအဖြစ် Medicaid (သို့) Food Stamp ကဒ် ပြသရပါတယ်။ လျှောက်ထားပုံမှာတော့ ပြည်နယ်တခုနဲ့ တခု မတူဘူး ထင်ပါတယ်။ ကျနော့် မိတ်ဆွေ တဦးပြောတာက သူတို့ပြည်နယ်မှာ လျှောက်လွှာတင်ရပြီး ရက်သတ္တ ၂ ပတ်လောက် စောင့်ရတယ်လို့ ဆိုပါတယ်။ ကျနော်တို့ မြို့မှာကျတော့ ချက်ချင်းလျှောက် ချက်ချင်းထုတ်ယူတဲ့ စနစ်ပါ။ ထုတ်ပေးတဲ့ နေရာတွေ ကတော့ ကားလမ်းဘေး လူသွားလူလာ စုံတဲ့နေရာမျိုး … ဆေးရုံဆေးခန်း နဲ့ ရုံးအဆောက်အဦး မျက်နှာစာလို နေရာမျိုးတွေမှာ အခါအားလျော်စွာ လာရောက်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ကျနော်တို့ စုံတွဲ ဆေးခန်းသွားပြပြီး ပြန်အထွက် ဆေးခန်းအဝမှာ  စားပွဲတလုံး နဲ့ အမျိုးသမီးတဦး ထိုင်နေတာ တွေ့ရတယ်။ သူ့ရှေ့က စားပွဲပေါ်မှာလည်း Free Phone လျှောက်ထားနိုင်တဲ့ အကြောင်း ဆိုင်းဘုတ်တွေ့တော့ အခန့်သင့်တာနဲ့ ဝင်မေးကြည့်မိတယ်။ သူက လိုအပ်တဲ့ အထောက်အထား မေးတော့ ကိုယ့်မှာ ပါတဲ့ Medicaid , State ID ထုတ်ပြလိုက်တဲ့အခါ လျှောက်လို့ရတယ် တဲ့။ တခါတည်း အဲဒီကဒ်တွေကို ကော်ပီကူးယူ … သူသိချင်တဲ့ အချက်အလက်တချို့ မေးမြန်းပြီး ဖုန်းအသစ်တလုံး ထုတ်ပေး လိုက်တာပါ။  

ဟန်းဆက် နဲ့ ဆင်းကဒ် အခမဲ့ပေးတဲ့အပြင်  ပြည်တွင်းခေါ်မှုအတွက် တလကို မိနစ် ၂၅၀  အခမဲ့ သုံးခွင့်ပြုတာ ဖြစ်ပါတယ်။ တနှစ်စာ အဲဒီဝန်ဆောင်မှု ပေးပါတယ်။ ဖုန်းထုတ်ပေးတဲ့ အမျိုးသမီးက မေးပါသေးတယ် … ‘မင်း ဇနီးအတွက်ရော မယူတော့ဘူးလား’ တဲ့။ ကျနော် ခေါင်းခါပြရင်း ငြင်းလိုက်မိတယ် … ‘တလုံးရရင် လုံလောက်ပါပြီ’။ ဘာဖြစ်လို့ဆို ကျနော်ကလည်း ရောက်ခါစ မအူမလည် …. သူငယ်ချင်းတချို့က ပြောထားဖူးတာလည်း ရှိ …. ‘အဲဒီ အိုဘားမားဖုန်း ဆိုတာက ခုနေသာ အခမဲ့ပေးသလိုလိုနဲ့ နောက်ပိုင်းမှ Bill တွေ စုပြုံတက်လာရင် မလွယ်ကျော’ တဲ့။ In America, nothing is free.  ဆိုတဲ့ စကားကလည်း ရှိတယ် မို့လား။ အာ့ကြောင့် သူတို့ မိသားစု မသုံးကြဘူးလေ။ အဲတော့ ကိုယ်လည်း စိတ်ထဲက တထင့်ထင့်ရယ်။ ဒါပေမဲ့ လူအများစုတော့ သုံးနေကြတာပဲ ခုချိန်ထိ ဘာသံမှ မကြားရသေးပါဘူး။ 

ပြောရရင်တော့ အိုဘားမားဖုန်း  ဆိုတဲ့အမည်က ပြည်သူတွေက (အထူးသဖြင့် မြန်မာပြည်ဖွားတွေ) ပေးတဲ့အမည်  ဖြစ်မှာပါ။ သမ္မတ အိုဘားမားလက်ထက်မှာ ဖော်ဆောင်တဲ့ Obama Care လိုမျိုး နေမှာပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အခုချိန်မှာသာ အဲလို အစီအစဉ်မျိုး ရှိခဲ့ရင်  … ‘ဦးသိန်းစိန်ဖုန်း’ လို့ ခေါ်ကြမှာပဲ နော ….။ 

(မှတ်ချက်_ ဆေးထိုးခြင်းမဟုတ်ပါ။ အမှန်တကယ် မသိရှိသေးသော မိတ်ဆွေများအတွက် သုတလေးတခု ရှယ်ပေးခြင်းမျှသာ…။)

“အိုဘားမားဖုန်း ဆိုတာဘာလဲ” ဆိုပြီး မိတ်ဆွေတဦးက မေးလာလို့ ကျနော် သိသမျှလေး ပြန်ရှယ်ချင်စိတ် ဖြစ်လာမိတယ် …
ဟိုတနေ့က ကိစ္စရှိလို့ သူ့ကိုဖုန်းခေါ်တဲ့အခါ ကျနော်သုံးနေကျဖုန်း အပြင်ပါသွားလို့ တခြားဖုန်းတလုံးနဲ့ ခေါ်လိုက်ရတယ်။
အဲမှာ ကျနော်မှန်းသိအောင် မိတ်ဆက်ပြောရင်း ‘အိုဘားမားဖုန်း’ လို့ လွှတ်ခနဲ ပြောလိုက်မ တာနဲ့ အဲဒီအမေး ပေါ်ထွက်လာတာပါ။
တကယ်တော့ အိုဘားမားဖုန်းဆိုတာ အမေရိကမှာ နေထိုင်တဲ့ ဝင်ငွေနည်း မိသားစုတွေ ဆက်သွယ်ရေး အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု တခုလို့ ပြောရမှာပါ။ အလုပ်အကိုင် မရှိသေးလို့ အစိုးရထောက်ပံ့ကြေးပေါ် မှီခိုနေရသူတွေ .. အလုပ်အကိုင်ရှိသော်လည်း ဝင်ငွေနည်းလို့ အစိုးရ ထောက်ပံ့မှု မကင်းသူတွေ လျှောက်ထားခွင့် ရှိပါတယ်။
ဖုန်းလျှောက်ထားတဲ့အခါ ထောက်ပံ့မှုခံစားနေတဲ့ အထောက်အထားအဖြစ် Medicaid (သို့) Food Stamp ကဒ် ပြသရပါတယ်။ လျှောက်ထားပုံမှာတော့ ပြည်နယ်တခုနဲ့ တခု မတူဘူး ထင်ပါတယ်။ ကျနော့် မိတ်ဆွေ တဦးပြောတာက သူတို့ပြည်နယ်မှာ လျှောက်လွှာတင်ရပြီး ရက်သတ္တ ၂ ပတ်လောက် စောင့်ရတယ်လို့ ဆိုပါတယ်။ ကျနော်တို့ မြို့မှာကျတော့ ချက်ချင်းလျှောက် ချက်ချင်းထုတ်ယူတဲ့ စနစ်ပါ။ ထုတ်ပေးတဲ့ နေရာတွေ ကတော့ ကားလမ်းဘေး လူသွားလူလာ စုံတဲ့နေရာမျိုး … ဆေးရုံဆေးခန်း နဲ့ ရုံးအဆောက်အဦး မျက်နှာစာလို နေရာမျိုးတွေမှာ အခါအားလျော်စွာ လာရောက်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ကျနော်တို့ စုံတွဲ ဆေးခန်းသွားပြပြီး ပြန်အထွက် ဆေးခန်းအဝမှာ စားပွဲတလုံး နဲ့ အမျိုးသမီးတဦး ထိုင်နေတာ တွေ့ရတယ်။ သူ့ရှေ့က စားပွဲပေါ်မှာလည်း Free Phone လျှောက်ထားနိုင်တဲ့ အကြောင်း ဆိုင်းဘုတ်တွေ့တော့ အခန့်သင့်တာနဲ့ ဝင်မေးကြည့်မိတယ်။ သူက လိုအပ်တဲ့ အထောက်အထား မေးတော့ ကိုယ့်မှာ ပါတဲ့ Medicaid , State ID ထုတ်ပြလိုက်တဲ့အခါ လျှောက်လို့ရတယ် တဲ့။ တခါတည်း အဲဒီကဒ်တွေကို ကော်ပီကူးယူ … သူသိချင်တဲ့ အချက်အလက်တချို့ မေးမြန်းပြီး ဖုန်းအသစ်တလုံး ထုတ်ပေး လိုက်တာပါ။
ဟန်းဆက် နဲ့ ဆင်းကဒ် အခမဲ့ပေးတဲ့အပြင် ပြည်တွင်းခေါ်မှုအတွက် တလကို မိနစ် ၂၅၀ အခမဲ့ သုံးခွင့်ပြုတာ ဖြစ်ပါတယ်။ တနှစ်စာ အဲဒီဝန်ဆောင်မှု ပေးပါတယ်။ ဖုန်းထုတ်ပေးတဲ့ အမျိုးသမီးက မေးပါသေးတယ် … ‘မင်း ဇနီးအတွက်ရော မယူတော့ဘူးလား’ တဲ့။ ကျနော် ခေါင်းခါပြရင်း ငြင်းလိုက်မိတယ် … ‘တလုံးရရင် လုံလောက်ပါပြီ’။ ဘာဖြစ်လို့ဆို ကျနော်ကလည်း ရောက်ခါစ မအူမလည် …. သူငယ်ချင်းတချို့က ပြောထားဖူးတာလည်း ရှိ …. ‘အဲဒီ အိုဘားမားဖုန်း ဆိုတာက ခုနေသာ အခမဲ့ပေးသလိုလိုနဲ့ နောက်ပိုင်းမှ Bill တွေ စုပြုံတက်လာရင် မလွယ်ကျော’ တဲ့။ In America, nothing is free. ဆိုတဲ့ စကားကလည်း ရှိတယ် မို့လား။ အာ့ကြောင့် သူတို့ မိသားစု မသုံးကြဘူးလေ။ အဲတော့ ကိုယ်လည်း စိတ်ထဲက တထင့်ထင့်ရယ်။ ဒါပေမဲ့ လူအများစုတော့ သုံးနေကြတာပဲ ခုချိန်ထိ ဘာသံမှ မကြားရသေးပါဘူး။
ပြောရရင်တော့ အိုဘားမားဖုန်း ဆိုတဲ့အမည်က ပြည်သူတွေက (အထူးသဖြင့် မြန်မာပြည်ဖွားတွေ) ပေးတဲ့အမည် ဖြစ်မှာပါ။ သမ္မတ အိုဘားမားလက်ထက်မှာ ဖော်ဆောင်တဲ့ Obama Care လိုမျိုး နေမှာပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အခုချိန်မှာသာ အဲလို အစီအစဉ်မျိုး ရှိခဲ့ရင် … ‘ဦးသိန်းစိန်ဖုန်း’ လို့ ခေါ်ကြမှာပဲ နော ….။
(မှတ်ချက်_ ဆေးထိုးခြင်းမဟုတ်ပါ။ အမှန်တကယ် မသိရှိသေးသော မိတ်ဆွေများအတွက် သုတလေးတခု ရှယ်ပေးခြင်းမျှသာ…။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...