Saturday, April 19, 2014

ပန်းနုရောင် နှင်းဆီ၏ ဆန်းကြယ်သောအဓိပ္ပါယ်


ကျေးဇူးတင်ကြောင်းနှင့် အသိအမှတ်ပြုခြင်းကို ထုတ်ဖော်မှု၊ ကျက်သရေ မင်္ဂလာရှိမှု၊ ပြီးပြည့်စုံသော ပျော်ရွှင်မှု၊ မြတ်နိုးမှု၊ ခင်မင်ရင်းနှီးမှု၊ နူးညံ့ သိမ်မွေ့မှုတို့သည် ပန်းနုရောင် နှင်းဆီ၏ သဏ္ဍန်တွင် ထပ်ဟပ်နေသည်။ ပန်းနုရောင် နှင်းဆီက ကျေးဇူးပြု၍ “တို့ကိုယုံကြည်ပါ” ဟု ပြောသည်။

ချိုမြိန်သော စိတ်ကူးများ၏ နှင်းဆီသည် အမျိုးသမီးဆန်မှု၊ ယဉ်ကျေး သိမ်မွေ့သော အလှတရားကို ပိုင်ဆိုင်မှုနှင့် သန့်စင်မှုတို့အပြင် အခြားသော သတင်းစကားများကိုလည်း နှင်းဆီ၏ အသွေးအရောင်ပေါ် မူတည်၍ သယ်ဆောင်ပေးပို့နိုင်ပါသည်။
“အိပ်စက်နေသူကို လှုပ်နှိုးသကဲ့သို့ ချစ်ခင်ကြင်နာမှုကို သိမ်မွေ့စွာ အသိပေးသူ” ၊ “အံ့သြဖွယ် ဆက်ဆံရေးကို နူးညံ့စွာ အစပြုခြင်း”ဟု အဓိပ္ပါယ် သက်ရောက်ပါသည်။
သို့သော် ရှေးခေတ် ရောမနတ်ဘုရားတို့နှင့် ပတ်သက်နေသော ပုံပြင်များမှ တဆင့် ပန်းနုရောင်နှင်းဆီတွင် အပြုသဘော မဟုတ်သည့် အဓိပ္ပါယ် သက်ရောက်မှုများ ရှိနေသည်ဟု သိရသည်။
ရှေ့တော်ပြေး “ရိုအန်သာ” (Rhoanthe) သည် အမဲလိုက်ခြင်းနှင့် အမျိုးသမီးတို့ကို ကာကွယ်သော နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ရန် မတရားသော နည်းဖြင့် ကြိုးစားရာ “အပိုလိုနတ်မင်းကြီး” က သူ့ကို နှင်းဆီအဖြစ် အသွင်ပြောင်းစေခဲ့သည်။
အကယ်၍ ရောမဒဏ္ဍာရီ ပုံပြင်ဆိုင်ရာ အတတ်ပညာတို့ကို ယုံကြည် သက်ဝင်ရန် အကြောင်းအကျိုး မှန်ကန်ခဲ့ပါက ပန်းနုရောင် နှင်းဆီသည် နာကျင်ခြင်း၊ သောကဝေဒနာနှင့် သေခြင်းတို့၏ ပုံပမာပင် ဖြစ်တော့သည်။
ပန်းရောင်သည် ပျိုမေတို့အတွက် ရည်ညွှန်းသည့် လှပသော အရောင်အဆင်း တစ်ခုမျှသာ မဟုတ်ပေ။ ထိုနှင်းဆီကို ပို့ဆောင်ပေးယူရာတွင် အရေးကြီးပြီး နက်ရှိုင်းသော ချစ်ခင်ကြင်နာမှုတို့ ကပ်ငြိပါလာတတ်လေသည်။
ပန်းနုရောင် နှင်းဆီဆိုင်ရာ အနက်ဖွင့်ဆိုချက်တွင် ကျက်သရေမင်္ဂလာရှိမှုနှင့် သိမ်မွေ့နူးညံ့မှုကို ကျယ်ပြန့်စွာ လက်ခံထားကြောင်း တွေ့ရသည်။ အလှတရားကို မြတ်နိုးမှု၊ သန့်စင်မှုနှင့် မြဲမြံသော ဂုဏ်ရည်တို့သည် ပန်းနုရောင် နှင်းဆီမှ သက်ရောက်သော အဓိပ္ပါယ်ဖြစ်သည်။
ထိုပန်းကို လက်ခံရယူသူသည် အသေချာပင် တစ်စုံတစ်ဦး ၏ မြတ်နိုးခြင်းကို ခံရကြောင်း အတည်ပြုနိုင်သည်။
ယေဘုယျအားဖြင့် အခြားသူများ၌ မတွေ့ရသော ရည်မွန် သိမ်မွေ့မှုနှင့် လေးစားဖွယ် အရည်အချင်းများ ရှိနေခြင်းကြောင့် မြတ်နိုးခံရခြင်း ဖြစ်ကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။
ထို့ပြင် ပန်းနုရောင် နှင်းဆီသည် ၎င်းတို့၏ ချစ်စဖွယ် အသွေးအရောင်ကြောင့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်း၏ ပြယုဂ်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
၎င်းကို “ဝမ်းမြောက်ဖွယ် သင်္ကေတ” ဟု ဆိုရာတွင် ၎င်းတို့ ကိုယ်တိုင်က ရွှင်မြူးပြီး လူကို ပျော်ရွှင်စေတတ်သော သဘောရှိခြင်းကြောင့် ဖြစ်သည်။
လက်ခံသူကို ကျေနပ်အားရစေခြင်းနှင့် နှစ်သက်ဖွယ် ရသတို့ကို ခံစားရစေနိုင်သည်။ အသိုက်အ၀န်းအတွင်း သာယာမှုကို ပေးစွမ်းနိုင်သည်။
ထို့ကြောင့် “နက်ရှိုင်းသော ၀မ်းမြောက်မှု၏ သင်္ကေတ” ဟု သတ်မှတ်ခံ ရခြင်း ဖြစ်သည်။
ထို့ပြင် “ဂုဏ်ကျက်သရေရှိမှု” ကို ညွှန်းသည်။ ရင်နှင့်အမျှ အသိအမှတ်ပြုခြင်း အထိမ်းအမှတ်ကိုလည်း ပြသသည်။
ပန်းနုရောင် နှင်းဆီသည် “သိင်္ဂါရ ရသ”ကို ပေးစွမ်းနိုင်ခြင်းကြောင့် ထိမ်းမြားလက်ထပ်ပွဲတို့၌ ပန်းအလှဆင်ရာတွင် အထူးရေပန်းစားလျက် ရှိသည်။
ထိုမျှမက ဝမ်းမြောက်မှု၊ ဂုဏ်ကျက်သရေနှင့် နက်ရှိုင်းသော ချစ်ခင်ကြင်နာမှုတို့ကို ဖော်ဆောင်ပေးသောကြောင့် မွေးနေ့ပွဲများ၊ နှစ်ပတ်လည်နေ့များ (သို့မဟုတ်) အရေးကြီးသော အောင်မြင်ခြင်းဆိုင်ရာ အထိမ်းအမှတ်ပွဲများတွင် အသုံးပြုကြသည်လည်း ရှိ၏။
ပန်းရောင်၏ နူးညံ့သော အသွေးအရောင်ကြောင့် လိုက်လျောညီထွေ ရှိမှုနှင့် နွေးထွေးမှုတို့ကို ခံစားရစေသည်။
မင်္ဂလာဆောင် သတို့သမီး မျက်နှာပေါ်တွင် ရှက်သွေးလွှမ်းနေသကဲ့သို့ ပန်းနုရောင် နှင်းဆီ၏ အရောင်အဆင်းသည် ပျော်ရွှင်ခြင်းနှင့် စိတ်အားထက် သန်မှုကို ဖော်ဆောင်ပေးသည်။
ပန်းနုရောင် နှင်းဆီကို ချစ်ခြင်းမေတ္တာအား ရည်ညွှန်းရန် အသုံးပြုခြင်း မဟုတ်ပါက အရိုးရှင်းဆုံး နည်းဖြင့် ကျေးဇူးတင်ကြောင်းကို ဖော်ပြရာ၌ ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။
ထို့ပြင် အသိအမှတ်ပြုကြောင်းနှင့် ပြန်လည်သင့်မြတ်ဖို့ စေ့စပ်ညှိနှိုင်းသည့် အခါများတွင် ဝမ်းမြောက်ခြင်းနှင့် ပီတိကို ဆောင်ကြဉ်းပေးမည့် အရင်းအမြစ်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
ပန်းနုရောင် နှင်းဆီတွင် အပြုသဘော မဟုတ်သည့် အမြင်များ မည်သို့ပင် ရှိနေစေကာမူ ယေဘုယျအားဖြင့် ချိုမြိန်သော စိတ်ကူး၊ သိမ်မွေ့သော ခံစားချက်တို့ကို ထင်ဟပ်စေမည့် ပန်းတစ်ပွင့်ဟု ယူဆနိုင်မည် ဖြစ်သည်။
ခင်မင်ကြင်နာမှုမှ နက်ရှိုင်းသော မေတ္တာတရားသို့ ကူးပြောင်းနိုင်ခြေကို ဖော်ညွှန်းသည်။
ဖြူစင်သော ချစ်ခြင်းကို ခိုင်မြဲသော မေတ္တာတရားအဖြစ် ဖွင့်လှစ်ထုတ်ဖော်နိုင်ခြင်း မရှိသော အခြေအနေ၊ ခင်မင်ကြင်နာမှု အထွဋ်အထိပ်သို့ မရောက်နိုင်သေးသော အခြေအနေတို့သည် ၎င်း၏ ဆိုလိုရင်း အဓိပ္ပါယ်ပင် ဖြစ်သည်။
ပန်းများ၏ ဘာသာဗေဒ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
credit to - Aurther Long
မြန်မာ့ဇွဲမာန်သို့ - http://www.myanmarzweman.com/myanmar_news/1376

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...