Tuesday, April 29, 2014

သံချောင်းနိုင်ငံတော် ပုံပြင် . . .

ဟိုးရှေးရှေးတုန်းက သံချောင်းနိုင်ငံတော်ကြီးရှိသတဲ့ကွယ် ။ အဲ့ဒီသံချောင်းနိုင်ငံတော်ကြီးမှာ
မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့ သံချောင်းဘုရင်ကြီးရှိသတဲ့ ။ ဘုရင်းကြီးသံချောင်းရဲ့သက်
တော်ရှည်အမတ်ကြီးကတော့ ဘအုတ်လို့ခေါ်သတဲ့ ။ လွှတ်တော် လည်းရှိသလို ၊ တပ်မတော်
လည်းရှိသတဲ့ ၊ ဒါ့အပြင် ၀န်မင်းများလည်းရှိသတဲ့ ။

တတိုင်းပြည်လုံးကိုလည်း သံချောင်းတပ်မ
တော်ကြီး ဖြန့်ချထားသတဲ့ ။ တိုင်ပြည်ကိုယ်စားပြု သံချောင်းပရဟိတအဖွဲ့ကြီးကိုလည်း ဖွဲ့စည်း
ထားပြီး စွမ်းစွမ်းတမံ ပရဟိတလုပ်ဖို့ ပြင်ဆင်နေကြသတဲ့ ။ တိုင်းပြည်ကြီးထဲမှာနေထိုင်ကြတဲ့
သံချောင်းပြည်သူပြည်သားတွေဟာ အင်မတန်စိတ်ထားဖြူစင်ကြပြီး ခင်မင်နှစ်လိုဖွယ်ရာကောင်း
သတဲ့ ။ ပွင့်ပွင့်လင်းလင်းပြောတတ်ကြပြီး ဟန်ဆောင်ခြင်းလည်းကင်းသတဲ့ ။
ဒါပေမယ့် အရာရာတိုင်းမှာ အားနည်းချက်ရှိသလို ၊ သံချောင်းနိုင်ငံတော်ကြီးမှာလည်း အားနည်းချက်ရှိသတဲ့ ။ အဲ့ဒါကတော့ အရမ်းထိခိုက်ရှလွယ် ကြခြင်းပဲ ။ ဘာမဟုတ်တဲ့ ပြသနာသေးသေးလေးဖြစ်လိုက်တာနဲ့ သံချောင်းတိုင်းသူပြည်သားအနည်းစုဟာ ဆတ်ဆတ်ထိမခံဖြစ်ပြီး ပြသနာဖြစ်ကြရှာရောတဲ့ ။ ဒါပေမယ့် အဲ့ဒီ လူနည်းစုလေးဟာလည်း အင်မတန်ခင်မင်စရာကောင်းလွန်းလှတော့ ကျန်တဲ့
သံချောင်းပြည်သူပြည်သားများဟာ ဘာမှ မပြောသာဘူးတဲ့ကွယ် ။ နှစ်ဘက်စလုံးက ငါမှန်တယ် ၊
သူမှားတယ် ဆိုတဲ့မူကို ကိုင်စွဲကာ ပြသနာဖြစ်ကြရောတဲ့ ။ အမှန်တော့ ဘယ်ဘက်မှ မမှန်သလို
ဘယ်ဘက်မှလည်း မှားဟန်မတူဘူး ။ သံချောင်းနိုင်ငံတော်ကြီးဟာ တစ်ဦးတစ်ယောက်နဲ့တည်
ဆောက်ထားတာမဟုတ်ဘူးလေ ။ လူတိုင်းဟာ သံချောင်းဖြစ်သလို ၊ လူတစ်ယောက်ထည်းရှိနေ
ရင်တော့ သံချောင်းမဟုတ်တော့ဘူး ။
တစ်အိမ်ထဲမှာ သားအမိသားအဖ သုံးယောက်ရှိရင်တောင် သုံးပါတီကွဲကြသေးတာပဲ ။ လူအများ
ကြီးရှိတဲ့ သံချောင်းနိုင်ငံတော်ကြီးမှာ စိတ်သဘောထားကွဲလွဲတာ ကွဲလွဲလို့ရပါတယ် ။ ဒါပေမယ့်
ညှိနိုင်းရင် ၊ သည်းခံပြီး ဖြေသိမ့်ပေးရင် ၊ သံချောင်းအချင်းချင်းဆိုပြီး ပြေရာပြေကြောင်းပြောပြီး
ရှင်းပြရင် ကျေလည်မဲ့ကိစ္စတွေကို ငါ့ကိုလာမထိနဲ့ ဆိုတဲ့ ထိခိုက်ရှလွယ်တဲ့စိတ်ကိုအခြေခံကျ
တော့ နောက်ဆုံး အခြားတိုင်းသူပြည်သားတွေပါ စိတ်ညစ်ကြရတာပေါ့ ။ ဘာပဲဖြစ်ဖြစ်လေ ။
ကျန်တဲ့ သံချောင်းပြည်သူပြည်သားတွေကတော့ အခုဖြစ်နေတဲ့ ပြသနာလေးတွေ ပြေလည်ပြီး
အရင်လို ပျော်ပျော်ရွင်ရွင်ပြန်နေကြသွားဖို့ မျှော်လင့်နေကြဆဲ ဖြစ်သတဲ့ ။ ပြေလည်သွားမယ်လို့
လည်း ယုံကြည်ကြတယ် ။ ဒီလောက်စုစည်းမှု့ကောင်းတဲ့ တိုင်းပြည်အဖွဲ့အစည်းကြီးဟာ ကိုယ့်
ရဲ့အတ္တတစ်ခုတည်းအတွက်နဲ့ မပြိုလဲစေချင်ကြဘူးဆိုတာ ကျန်တဲ့ သံချောင်းနိုင်ငံသားတွေ
သိကြပါတယ် ။
သံချောင်း နိုင်ငံတော်ကြီးရဲ့ မူ အရ - ရဲရဲသောက် ၊ ရဲရဲပေါက် ၊ ရဲရဲမှောက် ရင်းသာရှေ့ဆက်
ချင်ပေမယ့် ၊ ရဲရဲကွဲ ရင်း ရဲရဲပြဲ ရင်း အကွဲအပြဲ ဇတ်ကြီးကိုတော့ မမြင်ချင်ဘူး ကွယ် ။
မနာလိုသူတွေ ပျော်ကြလိမ့်မယ် ။
ပုံပြောဆရာ ဦးဦးမာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...