Sunday, April 20, 2014

ယောက္ခမက သူဌေး

Kzw Khinzawwin feeling happy
ယောက္ခမက သူဌေး

ညက  ကမ်းစပ်မြက်ခင်းမှာ အဆောင်နေ သူငယ်ချင်းတွေနဲ့အတူ ခြေပစ်လက်ပစ် အနားယူရင်း တစ်ယောက်သော သူငယ်ချင်းမှ ပျော်ချင်လို့ရည်စားထားပါတယ် စိတ်ညစ်စရာ တွေနဲ့ဆုံရပုံ စတင် ရင်ဖွင့်ပါတော့တယ်။ယောက်က်ျား အချင်းချင်းပြောတော့လည်း အားမနာလျှာမကျိုးပေါ့။လှိုင်းတွေကလည်း ကမ်းစပ်ကှိုလျှာကြမ်းကြီးနဲ့တဗျမ်းဗျမ်း လျှက်နေသလို့ ညလေပြင်းတွေကလည်း တဝှီးဝှီးတိုက်နေတော့ ခြေပစ်လက်ပစ် ပက်လက်လှန့်နေရင်း ကိုယ့်ခါးက ညဝတ် ပုဆိုးစုတ် ကျွတ်ပါမသွားအောင်လည်း မနည်းဖမ်းစုပ်ထားရသေးသမို့ တကယ့်ကို နွေည တစ်ညရဲ့ခြေခင်းလက်ခင်းသာတဲ့ည တစ်ည ပါပဲ။အများဆုံးပြောဖြစ်တာ သူ့ဆော် ကိုယ့်ဆော်ူဆက်ဆံရေးတွေပါ။တချို့က ကောင်မလေးတွေနဲ့ သဟဇာတဖြစ်ပြီး တချို့က ရုန်းကန်နေကြရတယ်။မရိုးသားဘူးထင်တဲ့ ကောင်မလေးနဲ့တွဲနေသူဆိုလျင် ဖြတ်ဆိုတာချည်းပဲ အကြံပြုနေကြပြန်တယ်ဲ။
နောက်တစ်ယောက် ယူစရာမရှိရင်လညိး အတည်ယူမယ်ဆို ရွာက နှမ ထုတ်ပေးသူကထုတ်ပေး။တချို့ကလည်း
နွားနို့ဝယ်သောက်ရနေတာကို နွားမ မမွေးသင့်ကြောင်း အကြံပေးသူပေး /မလွဲသာ မရှောင်သာလို့ လက်ရှိ ရည်းစားနဲ့တွဲနေရပါတယ် အဆိုတင်သွင်းသူ တင်သွင်းနဲ့ ကမ်းနားမြက်ခင်းမှာ လှိမ့်ဟားနေကြပါတယ်။ကျနော်ကတော့ ချစ်မှုရေးရာတွေမှာ ဝင်မဆွေးနွေးဖြစ်တာ နှစ်ပေါင်း ၂၀ ကျော်လာပါပြီ။မှတ်မှတ်ရရ စစ်တပ်က တိုင်းပြည်အာဏာကို မလွဲသာမရှောင်သာဘဲ ဝင်သိမ်းပြီးကတည်းမှဆိုပါစို့။ခက်နေတာက သူငယ်ချင်းတစ်
်ယောက်က ရည်စားတစ်ယောက်လို ချင်တယ။်
လက်ရှိကောင်မလေးက တကယ်ရှုပ်ပါတယ်။သောကတွေ ပေးနေတယ်။ကျနော်ကောင် မရခင်ကတည်းက စိတ်ညစ်နေရပြီ။
သူ့ရည်ရွယ်ချက်ကို ဒဲ့အရောက် ဆွေးနွေးပေးတဲ့လူက ရှားပါတယ်။သူလိုချင်တဲ့ မိန်းကလေးပုံရိပ်ကို ကျနော်သိနေပါပြီ ရုပ်ပျံလန်နေအောင်လှဖို့မလိုဘူး။အေးချမ်း ရိုးသားရမယ်။မခက်ပါဘူး ကျနော့် သူငယ်ချင်း ဖူးစာဖက်ကို ကျနော်ချိတ်ပေးလို့ရပါတယ်ီ။ဒါကြောင့်မို့ ဝင်ဆွေးနွေးမိပါတော့တယ်။

'' မင်းစိတ်ကြိုက်ဖြစ်မယ့် ကောင်မလေးကို ဒီအနီး အနားမှာ ငါတွေ့ထားတယ် ခက်နေတာက သူ့မိဘတွေက ချမ်းတာနေတယ်ကွ့ 
သူငယ်ချင်းနဲ့ဖြစ်ပါ့မလားလို့
ငါ အဲ့တစ်ခုပဲ ခေါင်းစားနေတာ ''

အဲမှာ သူငယ်ချင်း အားလုံးရဲ့အာရုံတွေဟာ ကျနော့်ဘက် လှည့်လာကြပေမယ့် ကျနော်ကတော့ တင်ပလိန်ချိတ်ပြီး ဆန်းကြယ်ရှုပ်ထွေးလွန်းတဲ့ ညကောင်းကင်ကို အငေးမပျက်ပါဘူး။
ပိုကောင်းတာပေါ့ဟ့... ပြောသူပြော ထောက်ခံတဲ့သူထောက်ခံ ဖြစ်နေတုန်း ကာယကံမြောက်ကျူးလွန်ပုံဖော်မယ့် ကျနော့်သူငယ်ချင်းက  လေသံတိုးတိုးလေးနဲ့ ကျနော်ကိုမေးရှာတယ်။
 ''သူ့မိဘတွေက ဘယ်လောက်ချမ်းသာလဲ ဟင် ''တဲ့။
 ''ဟကောင် ကျယ်ကျယ်မေးပါ ဟ့... လှိုင်းသံတွေနဲ့ ဘာမှ မကြားရဘူး ''
အမှန်တော့ ကျနော်ကြားတယ် ။ဒီကောင်
အမေးကို တခြား သူငယ်ချင်းတွေပါ ထပ်ကြားစေချင်လို့ ပနာယူနေတာပါ။

''သူ့မိဘ တွေ ဘယ် လောက် ချမ်း သာ လဲ လို့ ....''
သူငယ်ချင်းက ခပ်ကျယ်ကျယ် ထပ်မေးတော့မှ ကျနော်ဖြေလိုက်ပါတယ်။

'' မနက်က ကောင်မလေး အမေ လက်ထဲမှာတော့ ငွေသုံးထောင် ကိုင်ထားတာ တွေ့ခဲ့တယ် ''
 ပြောပြီး အဆောင်ထဲ ထပြေးလာခဲ့ မိတယ်။နောက်က မေတ္တာတွေ ပို့နေမှာ သေချာပါတယ်

ညက ကမ်းစပ်မြက်ခင်းမှာ အဆောင်နေ သူငယ်ချင်းတွေနဲ့အတူ ခြေပစ်လက်ပစ် အနားယူရင်း တစ်ယောက်သော သူငယ်ချင်းမှ ပျော်ချင်လို့ရည်စားထားပါတယ် စိတ်ညစ်စရာ တွေနဲ့ဆုံရပုံ စတင် ရင်ဖွင့်ပါတော့တယ်။ယောက်က်ျား အချင်းချင်းပြောတော့လည်း အားမနာလျှာမကျိုးပေါ့။
လှိုင်းတွေကလည်း ကမ်းစပ်ကှိုလျှာကြမ်းကြီးနဲ့တဗျမ်းဗျမ်း လျှက်နေသလို့ ညလေပြင်းတွေကလည်း တဝှီးဝှီးတိုက်နေတော့ ခြေပစ်လက်ပစ် ပက်လက်လှန့်နေရင်း ကိုယ့်ခါးက ညဝတ် ပုဆိုးစုတ် ကျွတ်ပါမသွားအောင်လည်း မနည်းဖမ်းစုပ်ထားရသေးသမို့ တကယ့်ကို နွေည တစ်ညရဲ့ခြေခင်းလက်ခင်းသာတဲ့ည တစ်ည ပါပဲ။ အများဆုံးပြောဖြစ်တာ သူ့ဆော် ကိုယ့်ဆော်ူဆက်ဆံရေးတွေပါ။တချို့က ကောင်မလေးတွေနဲ့ သဟဇာတဖြစ်ပြီး တချို့က ရုန်းကန်နေကြရတယ်။မရိုးသားဘူးထင်တဲ့ ကောင်မလေးနဲ့တွဲနေသူဆိုလျင် ဖြတ်ဆိုတာချည်းပဲ အကြံပြုနေကြပြန်တယ်ဲ။
နောက်တစ်ယောက် ယူစရာမရှိရင်လညိး အတည်ယူမယ်ဆို ရွာက နှမ ထုတ်ပေးသူကထုတ်ပေး။တချို့ကလည်း
နွားနို့ဝယ်သောက်ရနေတာကို နွားမ မမွေးသင့်ကြောင်း အကြံပေးသူပေး /မလွဲသာ မရှောင်သာလို့ လက်ရှိ ရည်းစားနဲ့တွဲနေရပါတယ် အဆိုတင်သွင်းသူ တင်သွင်းနဲ့ ကမ်းနားမြက်ခင်းမှာ လှိမ့်ဟားနေကြပါတယ်။ကျနော်ကတော့ ချစ်မှုရေးရာတွေမှာ ဝင်မဆွေးနွေးဖြစ်တာ နှစ်ပေါင်း ၂၀ ကျော်လာပါပြီ။မှတ်မှတ်ရရ စစ်တပ်က တိုင်းပြည်အာဏာကို မလွဲသာမရှောင်သာဘဲ ဝင်သိမ်းပြီးကတည်းမှဆိုပါစို့။ခက်နေတာက သူငယ်ချင်းတစ်
်ယောက်က ရည်စားတစ်ယောက်လို ချင်တယ။်
လက်ရှိကောင်မလေးက တကယ်ရှုပ်ပါတယ်။သောကတွေ ပေးနေတယ်။ကျနော်ကောင် မရခင်ကတည်းက စိတ်ညစ်နေရပြီ။
သူ့ရည်ရွယ်ချက်ကို ဒဲ့အရောက် ဆွေးနွေးပေးတဲ့လူက ရှားပါတယ်။သူလိုချင်တဲ့ မိန်းကလေးပုံရိပ်ကို ကျနော်သိနေပါပြီ ရုပ်ပျံလန်နေအောင်လှဖို့မလိုဘူး။အေးချမ်း ရိုးသားရမယ်။မခက်ပါဘူး ကျနော့် သူငယ်ချင်း ဖူးစာဖက်ကို ကျနော်ချိတ်ပေးလို့ရပါတယ်ီ။ဒါကြောင့်မို့ ဝင်ဆွေးနွေးမိပါတော့တယ်။

'' မင်းစိတ်ကြိုက်ဖြစ်မယ့် ကောင်မလေးကို ဒီအနီး အနားမှာ ငါတွေ့ထားတယ် ခက်နေတာက သူ့မိဘတွေက ချမ်းတာနေတယ်ကွ့
သူငယ်ချင်းနဲ့ဖြစ်ပါ့မလားလို့
ငါ အဲ့တစ်ခုပဲ ခေါင်းစားနေတာ ''
အဲမှာ သူငယ်ချင်း အားလုံးရဲ့အာရုံတွေဟာ ကျနော့်ဘက် လှည့်လာကြပေမယ့် ကျနော်ကတော့ တင်ပလိန်ချိတ်ပြီး ဆန်းကြယ်ရှုပ်ထွေးလွန်းတဲ့ ညကောင်းကင်ကို အငေးမပျက်ပါဘူး။
ပိုကောင်းတာပေါ့ဟ့... ပြောသူပြော ထောက်ခံတဲ့သူထောက်ခံ ဖြစ်နေတုန်း ကာယကံမြောက်ကျူးလွန်ပုံဖော်မယ့် ကျနော့်သူငယ်ချင်းက လေသံတိုးတိုးလေးနဲ့ ကျနော်ကိုမေးရှာတယ်။
''သူ့မိဘတွေက ဘယ်လောက်ချမ်းသာလဲ ဟင် ''တဲ့။
''ဟကောင် ကျယ်ကျယ်မေးပါ ဟ့... လှိုင်းသံတွေနဲ့ ဘာမှ မကြားရဘူး ''
အမှန်တော့ ကျနော်ကြားတယ် ။ဒီကောင်
အမေးကို တခြား သူငယ်ချင်းတွေပါ ထပ်ကြားစေချင်လို့ ပနာယူနေတာပါ။
''သူ့မိဘ တွေ ဘယ် လောက် ချမ်း သာ လဲ လို့ ....''
သူငယ်ချင်းက ခပ်ကျယ်ကျယ် ထပ်မေးတော့မှ ကျနော်ဖြေလိုက်ပါတယ်။
'' မနက်က ကောင်မလေး အမေ လက်ထဲမှာတော့ ငွေသုံးထောင် ကိုင်ထားတာ တွေ့ခဲ့တယ် ''
ပြောပြီး အဆောင်ထဲ ထပြေးလာခဲ့ မိတယ်။နောက်က မေတ္တာတွေ ပို့နေမှာ သေချာပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...