Saturday, April 19, 2014

Myanmar Youth Media Club 18 Apr 2014

MYMC - MYMHOT



Posted: 18 Apr 2014 06:17 AM PDT
Heartbleed Bug

ဒီတစ်ခေါက် MYMHOT ကတော့ ခုရက်ပိုင်း အတွင်းမှာ အင်တာနက် လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ HeartBleed bug အကြောင်းနဲ့ HeartBleed bug ရဲ့နောက်ဆုံးရ သတင်းများကို တင်ပြပေး သွားမှာပါ။
HeartBleed ဆိုတာဘာလဲ။
HeartBleed အကြောင်း မပြောသေးခင်မှာ အင်တာနက်မှာ ကျွန်တော်တို့ရဲ့ အကြောင်းအရာတွေ (information) တွေဘယ်လို အလုပ်လုပ်လဲ တစ်ချက် ကြည့်ပါမယ်။

အင်တာနက်ရဲ့ လုံခြုံစိတ်ချ ရတဲ့ နေရာကြီး တစ်ခုလုံးပာာ Secure Sockets Layer (SSL) လို့ခေါ်တဲ့ အစိတ်အပိုင်းနဲ့ သူ့ရဲ့ညီငယ် Transport Layer Security (TLS) တို့ပေါ်မှာ မှီခိုပါတယ်။ သူတို့ နှစ်ခုက ယေဘုံယျ အားဖြင့်တော့ တူတူပါပဲ။ TLS/SSL တို့ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ တစ်ချို့ website တွေရဲ့ web address/URL မှာ https:// ဆိုပြီး မြင်ရပါတယ်။ ဒါပာာ အဲဒီ websiteပာာ ကျွန်တော် တို့ရဲ့ အချက်အလက်တွေ အတွက် စိတ်ချရတယ် ဆိုတဲ့ သဘောပါ။ TLS/SSL ဆိုတာ တစ်ကယ်တော့ ပွဲစား သဘောပါ။ သူတို့က broswer နဲ့ server ကြားက ဝှက်စာတွေကို ဖလှယ်ပေး ပါတယ်။ ဒါပာာ ကျွန်တော်တို့ နေ့စဉ် သုံးနေတဲ့ စိတ်ချရတဲ့ website တွေအနောက် က အသုံးပြုသူ သင်နဲ့ အဲဒီ website ကြားကိုယ်ရေး အချက်အလက် တွေကို ဖလှယ်တဲ့ ဖြစ်ရပ်ပါ။



TLS/SSL ဆိုတာ ဒီနေ့ အင်တာနက်မှာ အတော် အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး တော်တော်လေးကို အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဒါနဲ့ ဘယ်မှာ အန္တရာယ် ဖြစ်စေလဲ ဆိုတော့ OpenSSL လို့ခေါ်တဲ့ software library တစ်ခုမှာပါ။ OpenSSL ဆိုတာ open source package တစ်ခုဖြစ်ပြီး လူတွေပာာ TLS/SSL encryption လုံခြုံရေး စနစ်ကို လွယ်လွယ်ကူကူ ရနိုင်တဲ့ နေရာပေါ့။ ပြဿနာက အဲဒီမှာ လုံခြုံရေး ယိုပေါက်တစ်ခု ကနှစ်အတော်ကြာ ရှိနေပြီး သူ့ကို Heartbleed လို့ခေါ်ပါတယ်။

Heartbleed Bug

ပိုပြီး နက်နက်နဲနဲ ကြည့်ကြည့်ရအောင်။
OpenSSL ကသီအိုရီ အားဖြင့်တော့ အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဒါပေမယ့် coding အမှား အသေးစားလေး တွေရှိပြီး အဲဒီကနေ စတာပါပဲ။ ဝင်ရောက် တိုက်ခိုက်တဲ့ လူတစ်စု (Attackers) ကဒါကို အသုံးချပြီး နာမည်ကြီးတဲ့ OpenSSL version တွေက  TLS/SSL codeက ထိန်းထား ပေးတဲ့ ကိုယ်ရေး အချက်အလက်တွေ (private data) တွေယူဖို့ ကြိုးစား ခဲ့ပါတယ်။ အဲဒီအခါ မှာတော့ တိုက်ခိုက်သူ တွေပာာ သင် နဲ့ website နှစ်ကိုယ်ကြား သိတဲ့ အကြောင်းအရာ တွေကို သိကုန်ပါ တော့တယ်။


Heartbleed Bug

ဒါက သင့်ကို ဘယ်လို အကျိုးသက်ရောက် စေလဲ။
ကံကောင်းစွာပဲ OpenSSL ရဲ့ version အကုန်လုံးမှာ ဒါတွေပာာ ဖြစ်နေတာ မပာုတ်ပဲ ဒီယိုပေါက်ကို ပြင်ဆင်တဲ့ version ကလည်း ထွက် ပြီးပါပြီ။ ဒါပေမယ့်လည်း ဘယ်အချိန် ထဲက ပေါက်နေမှန်း မသိတာ တွေကြောင့် စိတ်မလုံမခြုံ ဖြစ်နေရ ဆဲပါ။ ထိုးဖောက်သူတွေ ရရှိထား တဲ့ package တွေပာာ အများအပြား ရှိနိုင်ပြီး ဘာခြေရာ လက်ရာမှ မပျက်တာကို တွေ့နေရပါတယ်။ ဒါကြောင့် ဘယ်လောက် တိုက်ခိုက် ပြီးပြီလဲ မသိနိုင် သေးပါဘူး။ ဒါ့အပြင် အောက်က website တစ်ခုခုကို သင်သုံးမယ် ဆိုရင်တော့ သင့် information တွေပာာ အပြင်ကို ရောက်နှင့်ပြီး ပါပြီ။


ဒီ website တွေပာာ ပေါက်နေတဲ့ ယိုပေါက်တွေကို ပြင်ဆင်ပြီးတာ တောင်မှ ပြဿနာပာာ ဖြေရှင်းနိုင်ဖို့ ဝေးနေဆဲပါ။ website တွေပာာ သူတို့ရဲ့ ဝှက်စာတွေကို ပြောင်းလိုက်ကြ ပါပြီ။ ဒါတောင်မှပဲ တိုက်ခိုက်သူ တွေလက်ထဲက မလွတ်နိုင် သေးဘူးလို့ ယူဆရပြီး မလုံခြုံမှု တွေက ရှိနေ ဆဲပါ။

Heartbleed Bug

နောက်ဆက်တွဲ သတင်းများ။
Canada နိုင်ငံမှာ online tax filing services ကို Heartbleed bug ထိထားတယ်လို့ သံသယ ရှိတာကြောင့် ခဏပိတ် ထားပါတယ်။ အခု အင်တာနက် ကုမ္ပဏီ တွေဘက်က သူတို့ရဲ့ server တွေကို update လုပ်နေပြီး ဖြေရှင်းထား တာကြောင့် သင့်ဘက်က password တွေကို ပြောင်းသင့် နေပါပြီ။ အခု Mashable က Heartbleed affected website တွေကို ကြေညာထား လိုက်ပါပြီ။ Password ကိုချက်ချင်း ပြောင်းပြီး သင့်ရဲ့ ကိုယ်ရေး အချက်အလက် တွေကို ကာကွယ်ဖို့ ဆော်သြထား ပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံမှာ လူသုံး အများဆုံး gmail, facebookတွေ လည်း ပါဝင်ပါတယ်။


Heartbleed Bug

Social Networks: facebook နဲ့ Tumblr တို့ကို pw တွေပြောင်းဖို့ လိုအပ်ပြီး LinkedIn ကတော့ မလိုအပ်ဘဲ twitter ကတော့ မသေချာ သေးပါဘူး။
Other Companies : Google နဲ့ Yahoo က pw ပြောင်းဖို့ လိုအပ်ပြီး Microsoft နဲ့ Amazon ကတော့ မလိုပါဘူးတဲ့။ Apple ကတော့ မသေချာ unclear ပါ။
Email : Google နဲ့ Yahoo ကိုပြောင်းဖို့ လိုအပ်ပြီး Hotmail / Outlook နဲ့ AOL တွေက OpenSSL ကိုမသုံးတာကြောင့် မထိပါဘူး။
Stores and Commerce : Amazon Web Services (for website operators) ကတော့ ပြောင်းဖို့ လိုအပ်ပြီး Amazon, Target, Paypal ကတော့ မလိုပါဘူး။ eBay ကတော့ unclear ပါ။
Banks and Brokerages : ဘဏ်တွေ တော်တော်များများက ချက်ချင်း ပြောင်းဖို့ မလိုအပ် ပေမယ့် တချို့ဘဏ် တွေကတော့ စစ်ဆေးဆဲပါ။
Government and Taxes : tax return လုပ်တဲ့ နေရာမှာ အသုံးများတဲ့ Intuit (TurboTax) ကတော့ ပြောင်းဖို့ လိုအပ်ပြီး IRS နဲ့ Healthcare .gov ကတော့ unclear ပါ။
တခြား အသုံးများတဲ့ dropbox, LastPass, OKCupid, SoundCloud နဲ့ Wunderlist တွေကို ပြောင်းဖို့ လိုအပ် ပါတယ်။


Heartbleed Bug

နောက်ဆုံး သတင်းကတော့ Bloomberg media ကပြောကြားချက် အရ အမေရိကက National Security Agency (NSA) Heartbleed bug ကိုသိရှိထားတာ နှစ်နှစ်ကျော် လောက်ရှိနေပြီး လို့ဆိုထားပါတယ်။ NSA ပာာ Heartbleed bug နဲ့သက်ဆိုင်နေတယ် လို့ယူဆထားပြီး အချက် အလက် တွေကို ယူဖို့ အသုံးချ နေလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ NSA ကတော့ ဒီသတင်းကို ငြင်းပယ် ထားပါတယ်။

Images from digitaltrends, universitypost, wpmedia, mediabistro, globalnews, mashable. Source: gizmodo.com, theverge.com


Author

Noel

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...